
(မဖတ်ဘဲနေရင် နောင်တရလိမ့်မယ်)
(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်း ချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံ ခန့်ခွဲသုံးစွဲပါ။
ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့ လိုသလို ထွက်တဲ့ လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။
မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။
နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။
ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အား မရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစား မဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။
သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီး မြတ်မယ်၊ ရှုံးရင် ကုန်သွားမယ် ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။
မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ – အိမ်ပိုင်ဖြစ်အောင် လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။
စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုး မဟုတ်ဘူး။ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)
Credit ဆရာဖေမြင့် (ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ်)
Zawgyi
(မဖတ္ဘဲေနရင္ ေနာင္တရလိမ့္မယ္)
(၁) ကိုယ့္ဆီ ဝင္လာတဲ့ေငြရဲ႕ ဆယ္ပုံတစ္ပုံကို အၿမဲတမ္း ခ်န္ထားပါ။
(၂) ကိုယ့္ဆီဝင္လာေသာ ေငြမ်ားကို စနစ္တက် စီမံ ခန႔္ခြဲသုံးစြဲပါ။
ေငြဝင္တဲ့ လမ္းေၾကာင္းေတြကို သိထားဖို႔ လိုသလို ထြက္တဲ့ လမ္းေၾကာင္းေတြကို ဂဃနဏ သိထားဖို႔လည္း လိုတယ္။
မလိုအပ္ဘဲ ထြက္ေနတဲ့ လမ္းေၾကာင္းေတြရွိရင္ အျမန္ဆုံး ပိတ္ပစ္ရန္ လိုသည္။ အဲဒီလို မလုပ္ရင္ အိတ္ေပါက္နဲ႔ ဖားေကာက္သလို ျဖစ္ေနမည္။
(၃) ေငြေတြကို သက္မဲ့လို သေဘာမထားရပါဘူး။ သူတို႔အခ်င္းခ်င္း ရင္းႏွီးၿပီး တိုးပြားမယ့္ ေနရာေတြကို ပို႔ရမယ္။
ႏြားေတြ၊ ၾကက္ေတြ အုပ္လိုက္ ေမြးသလိုပါပဲ။ သူတို႔အခ်င္းခ်င္း မိတ္ေတြလိုက္ၾက၊ ဥေတြဥၾက၊ အေကာင္ေတြ ထပ္ပြားၾကေပါ့။
ကိုယ္က ေငြမရွာဘဲ ေငြေငြခ်င္း ျပန္ရွာသြားတာေပါ့။ ေငြကို ေသတၱာထဲ ထည့္သိမ္းထားရင္ အေၾကာေသၿပီး ေလျဖတ္တဲ့လူလို ေငြေတြ ေလျဖတ္သြားလိမ့္မယ္။ အင္အား မရွိေတာ့ဘူး။
(၄) အလုပ္လုပ္ရာတြင္ ေလာင္းကစား မဆန္ရဘူး။ ျမတ္ခ်င္ျမတ္၊ ရႈံးခ်င္ရႈံး ဆိုတဲ့ သေဘာမ်ိဳး မလုပ္ရဘူး။
ေသခ်ာတာေလာက္ကိုပဲ လုပ္ရမယ္။ ျမတ္ရင္ေတာ့ အမ်ားႀကီး ျမတ္မယ္၊ ရႈံးရင္ ကုန္သြားမယ္ ဆိုတာမ်ိဳးကို ဘယ္သူက ဘယ္ေလာက္ အေျပာေကာင္းေကာင္း မလုပ္ရဘူး။
မပိုင္တဲ့အလုပ္၊ မကြၽမ္းက်င္တဲ့အလုပ္မွာ ဘာရင္းႏွီးျမႇဳပ္ႏွံမႈမွ မလုပ္ရဘူး။ ( သူမ်ားေျပာတာကို မယုံနဲ႔၊ ကိုယ့္မ်က္စိနဲ႔ ေတြ႕တာေတာင္ တစ္ဝက္ပဲယုံ )
(၅) အိမ္ငွားမေနနဲ႔ – အိမ္ပိုင္ျဖစ္ေအာင္ လုပ္၊ ႀကိဳးစား၊ ဆိုင္မငွားနဲ႔။ အပိုင္ျဖစ္ေအာင္ ႀကိဳးစား။ ငွားတာဟာ ၾကာေတာ့ စရိတ္ေထာင္းတယ္။
စိတ္လည္း ရႈပ္ရတယ္။ ေသးတာႀကီးတာ ပဓာန မဟုတ္ဘူး။ ကိုယ္ပိုင္ျဖစ္ေအာင္ ႀကိဳးစားဖို႔ပဲ။ အဲဒီ အေပါက္ဟာ ေငြအထြက္ဆုံးပဲ။
(၆) မေမွ်ာ္မွန္းႏိုင္တဲ့ အနာဂတ္အတြက္ ျပင္ဆင္မႈေတြ လုပ္ရမယ္။ (မတ္တတ္စာပဲ ရွိတယ္၊ တုံးလုံးစာ မရွိဘူး လို႔ မေျပာရေအာင္ ျပင္ဆင္ထားပါ)
(၇) ႀကိဳးစားမႈကို ဘယ္ေတာ့မွ မေလွ်ာ့နဲ႔။ (အားေပးတဲ့ ေဖာက္သည္တို႔၊ အားေပးတဲ့ ပရိသတ္တို႔ဆိုတာ စိတ္ခ်ရတာမ်ိဳး မဟုတ္ဘူး။ကိုယ့္ထက္ ေတာ္တဲ့၊ ေကာင္းတဲ့လူရွိရင္ အဲဒီကို သြားၾကမွာ)
Credit ဆရာေဖျမင့္ (ေဘဘီလုံမွ အခ်မ္းသာဆုံးပုဂၢိဳလ္)
Leave a Reply