ေတာင္းလို႔ရလာတဲ့ စားစရာေတြကို ညီမေလးအားခြံ႕ေကြၽးရင္း ၿပဳံးေပ်ာ္ေနတဲ့ေကာင္ေလး

ေတာင္းလို႔ရလာတဲ့ စားစရာေတြကို ညီမေလးအားခြံ႕ေကြၽးရင္း ၿပဳံးေပ်ာ္ေနတဲ့ေကာင္ေလး

ဆင္းရဲႏြမ္းပါးစြာ ႀကီးျပင္းလာတဲ့ ကေလးငယ္တစ္ဦးဟာ လမ္းေပၚမွာ အမ်ားျပည္သူေတြထံ ေတာင္းစားေနတာကို ေတြ႕ရျခင္းဟာ အဆန္းမဟုတ္ေတာ့ပါဘူး ။

လမ္းေပၚမွာ အဆိုပါကေလးငယ္ မ်ားစြာကို ေနရာတိုင္းမွာ ေတြ႕ႏိုင္ၿပီး ကေလးအခ်ိဳ႕ဟာ သူတို႔အား ေငြမ်ားေပးဖို႔ အတင္းအက်ပ္ ဖိအားေပးၿပီး လူအမ်ားကို ေႏွာက္ယွက္ျခင္းေၾကာင့္ ေမာင္းထုတ္ ခံရတတ္ပါတယ္ ။ လမ္းေပၚက ကေလးေတြဟာ ခိုးတာ လုတာေတြလည္း လုပ္တတ္ပါေသးတယ္ ။

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕က Geo Tolentino Ringor အမည္ရွိတဲ့ အမ်ိဳးသမီးႏွင့္ သူမရဲ႕ခင္ပြန္း John Benedict Ringor တို႔ကေတာ့ သူတို႔အား အေကာင္းဆုံးနည္းျဖင့္ အံ့အားသင့္သြားေစခဲ့တဲ့ လမ္းေပၚက ေကာင္ေလးတစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၾကရပါတယ္ ။

သူတို႔ ဇနီးေမာင္ႏွံဟာ မနီလာၿမိဳ႕ေတာ္ရဲ႕ ထင္ရွားတဲ့ Jollibee ဆိုတဲ့ အသင့္စား အစားအစာဆိုင္မွာ ရွိေနခဲ့ရင္း ဆိုင္အျပင္ဘက္မွာ ေကာင္ေလးတစ္ေယာက္ အစားအစာ ေတာင္းစားေနတာကို ခင္ပြန္း John Benedict က သတိ ျပဳမိခဲ့ပါတယ္ ။

John Benedictက အဆိုပါ ေကာင္ေလးကို ပိုက္ဆံေပးမယ့္အစား ဇနီးျဖစ္သူ Geo ကို ေကာင္ေလးအတြက္ Jollibee အစာဘူးတစ္ခု ဝယ္ေပးဖို႔ ေျပာၿပီး ေကာင္ေလးကို ေပးခဲ့ၿပီး အဆိုပါ ေကာင္ေလးကလည္း ယူၿပီးတာနဲ႔ ခ်က္ခ်င္းဘဲ အျမန္ ထြက္သြားခဲ့ပါတယ္ ။

သူတို႔ ဇနီးေမာင္ႏွံကလည္း ေကာင္ေလး ထြက္သြားတာကို အေထြအထူး မေတြးခဲ့ၾကပါဘူး ။ အဲ့ဒီေနာက္ Geo နဲ႔ John Benedict တို႔ဟာ အဆိုပါဆိုင္မွ အထြက္ သူတို႔ဆီ အစာ ေတာင္းစားခဲ့တဲ့ ေကာင္ေလးကို သူ႔ရဲ႕ ညီမေလးလို႔ ထင္ရတဲ့ ကေလးမေလး တစ္ေယာက္နဲ႔ အတူရွိေနတာကို ေတြ႕ခဲ့ၾကပါတယ္ ။

အဆိုပါ ကေလးႏွစ္ေယာက္ဟာ Jollibee ဆိုင္ ထြက္ေပါက္ အနီးရွိ ကြန္ကရစ္တုံးေပၚမွာ ထိုင္ေနၾကၿပီး ေကာင္ေလးက သူတို႔ ေပးတဲ့ အစားအစာကို ညီမေလးျဖစ္သူအား ခြံ႕ေကြၽးေနတာကို ျမင္ခဲ့ၾကပါတယ္ ။

Geo က အဆိုပါ ၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းကို ဓာတ္ပုံအခ်ိဳ႕ ႐ိုက္ယူခဲ့ၿပီး ဓာတ္ပုံတစ္ပုံမွာ အဆိုပါ ေကာင္ေလးက သူ႔ညီမေလးအား အစာခြဲ႕ေကြၽးၿပီးေနာက္ သူ႔မ်က္ႏွာေပၚမွာ ႐ႊင္လန္းမႈ အျပည့္နဲ႔ ပီတိအၿပဳံး ၿပဳံးေနတာကို ေတြ႕ခဲ့ရပါတယ္ ။

အဆိုပါ ေကာင္ေလးဟာ ကိုယ္တိုင္က ငယ္႐ြယ္ ေနေသးေပမဲ့လည္း ညီမေလးအတြက္ေတာ့ ကိုယ္က်ိဳးစြန႔္ဖို႔ အဆင္သင့္ ရွိေနၿပီးသား ျဖစ္ေနတာကို သူ႔ရဲ႕ပီတိျဖစ္ေနတဲ့ အၿပဳံးကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္ ။

ကမာၻေပၚမွာ ဒီလို ကေလးေလးေတြ ေနရာအႏွံ႔ ရွိေနတတ္ေပမဲ့ သူတို႔ကို ကူညီေပးႏိုင္မဲ့ လူေတြက အနည္းအက်ဥ္းသာ ရွိေနတတ္ပါတယ္ ။
credit

Unicode

တောင်းလို့ရလာတဲ့ စားစရာတွေကို ညီမလေးအားခွံ့ကျွေးရင်း ပြုံးပျော်နေတဲ့ကောင်လေး

ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး ။

လမ်းပေါ်မှာ အဆိုပါကလေးငယ် များစွာကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ကလေးအချို့ဟာ သူတို့အား ငွေများပေးဖို့ အတင်းအကျပ် ဖိအားပေးပြီး လူအများကို နှောက်ယှက်ခြင်းကြောင့် မောင်းထုတ် ခံရတတ်ပါတယ် ။ လမ်းပေါ်က ကလေးတွေဟာ ခိုးတာ လုတာတွေလည်း လုပ်တတ်ပါသေးတယ် ။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က Geo Tolentino Ringor အမည်ရှိတဲ့ အမျိုးသမီးနှင့် သူမရဲ့ခင်ပွန်း John Benedict Ringor တို့ကတော့ သူတို့အား အကောင်းဆုံးနည်းဖြင့် အံ့အားသင့်သွားစေခဲ့တဲ့ လမ်းပေါ်က ကောင်လေးတစ်ဦးနဲ့ တွေ့ဆုံခဲ့ကြရပါတယ် ။

သူတို့ ဇနီးမောင်နှံဟာ မနီလာမြို့တော်ရဲ့ ထင်ရှားတဲ့ Jollibee ဆိုတဲ့ အသင့်စား အစားအစာဆိုင်မှာ ရှိနေခဲ့ရင်း ဆိုင်အပြင်ဘက်မှာ ကောင်လေးတစ်ယောက် အစားအစာ တောင်းစားနေတာကို ခင်ပွန်း John Benedict က သတိ ပြုမိခဲ့ပါတယ် ။

John Benedictက အဆိုပါ ကောင်လေးကို ပိုက်ဆံပေးမယ့်အစား ဇနီးဖြစ်သူ Geo ကို ကောင်လေးအတွက် Jollibee အစာဘူးတစ်ခု ဝယ်ပေးဖို့ ပြောပြီး ကောင်လေးကို ပေးခဲ့ပြီး အဆိုပါ ကောင်လေးကလည်း ယူပြီးတာနဲ့ ချက်ချင်းဘဲ အမြန် ထွက်သွားခဲ့ပါတယ် ။

သူတို့ ဇနီးမောင်နှံကလည်း ကောင်လေး ထွက်သွားတာကို အထွေအထူး မတွေးခဲ့ကြပါဘူး ။ အဲ့ဒီနောက် Geo နဲ့ John Benedict တို့ဟာ အဆိုပါဆိုင်မှ အထွက် သူတို့ဆီ အစာ တောင်းစားခဲ့တဲ့ ကောင်လေးကို သူ့ရဲ့ ညီမလေးလို့ ထင်ရတဲ့ ကလေးမလေး တစ်ယောက်နဲ့ အတူရှိနေတာကို တွေ့ခဲ့ကြပါတယ် ။

အဆိုပါ ကလေးနှစ်ယောက်ဟာ Jollibee ဆိုင် ထွက်ပေါက် အနီးရှိ ကွန်ကရစ်တုံးပေါ်မှာ ထိုင်နေကြပြီး ကောင်လေးက သူတို့ ပေးတဲ့ အစားအစာကို ညီမလေးဖြစ်သူအား ခွံ့ကျွေးနေတာကို မြင်ခဲ့ကြပါတယ် ။

Geo က အဆိုပါ ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းကို ဓာတ်ပုံအချို့ ရိုက်ယူခဲ့ပြီး ဓာတ်ပုံတစ်ပုံမှာ အဆိုပါ ကောင်လေးက သူ့ညီမလေးအား အစာခွဲ့ကျွေးပြီးနောက် သူ့မျက်နှာပေါ်မှာ ရွှင်လန်းမှု အပြည့်နဲ့ ပီတိအပြုံး ပြုံးနေတာကို တွေ့ခဲ့ရပါတယ် ။

အဆိုပါ ကောင်လေးဟာ ကိုယ်တိုင်က ငယ်ရွယ် နေသေးပေမဲ့လည်း ညီမလေးအတွက်တော့ ကိုယ်ကျိုးစွန့်ဖို့ အဆင်သင့် ရှိနေပြီးသား ဖြစ်နေတာကို သူ့ရဲ့ပီတိဖြစ်နေတဲ့ အပြုံးကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ။

ကမ္ဘာပေါ်မှာ ဒီလို ကလေးလေးတွေ နေရာအနှံ့ ရှိနေတတ်ပေမဲ့ သူတို့ကို ကူညီပေးနိုင်မဲ့ လူတွေက အနည်းအကျဉ်းသာ ရှိနေတတ်ပါတယ် ။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*