ကလေးတွေရဲ့ လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် အရေးပေါ် လုပ်သင့်သော နည်းလမ်း

ကလေးတွေရဲ့ လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် အရေးပေါ် လုပ်သင့်သော နည်းလမ်း
ကလေးတွေရဲ့ လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် အရေးပေါ် လုပ်သင့်သော နည်းလမ်း

ကလေးတွေရဲ့ လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် အရေးပေါ် လုပ်သင့်သော နည်းလမ်း

ကလေးတွေရဲ့လည်ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် ကလေးအသက်ဆုံးရှုံးမှု မဖြစ်ရလေအောင် မိဘတွေအနေနဲ့ အချိန် ငါးမိနစ်အတွင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။

ရန်ကုန်ဆေးတက္ကသိုလ်(၁) ကလေးကျန်းမာ ပညာဌာနမှ ကထိက ဒေါက်တာ သက်ထားရွှေစင်ဝင်းက ‘ကလေးတစ် ယောက် choking ရပြီး ငါးမိနစ်အတွင်း ပစ္စည်းထွက်အောင် မကူညီနိုင်ဘူးဆိုရင် ကလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရဖို့ များပါတယ်’ လို့ ပြောပါတယ်။

ကလေးတွေရဲ့လေပြွန်ထဲကို တစ်ခုခု ပိတ်ဆို့သွားခဲ့မယ်ဆိုရင် အောက်ဆီဂျင်က လုံးဝပြတ်သွားပါမယ်။ သည်လိုပြတ်တဲ့ အချိန်က ငါးမိနစ်ကျော်သွားခဲ့ရင် ဦးနှောက်မှာရှိတဲ့ ဆဲလ်တွေက သေဆုံးသွားပါတယ်။

ဒါကြောင့် ကလေးတွေ လည်ချောင်းထဲမှာ တစ်ခုခုပိတ်ဆို့နေပြီ ဆိုရင် အကူအညီကို လှမ်းခေါ်ရပါမယ်။

ဘယ်လောက်ဖွံ့ဖြိုးတဲ့ နိုင်ငံမှာပဲဖြစ်ဖြစ် ကူညီမယ့်သူက ငါးမိနစ်အတွင်း ရောက်လာဖို့ သွားနိုင်ဖို့ဆိုတာ ခဲယဉ်းပါ တယ်။

အရမ်းမနှိုက်နဲ့

အရေးအကြီးဆုံးအချက်က ဝင်သွားတဲ့ပစ္စည်းကို မမြင်ဘဲနဲ့ လူကြီးကနေ ပါးစပ်ထဲကို ရမ်းပြီးတော့  နှိုက်ထုတ်ဖို့ မကြိုးစားသင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ပါးစပ်ရဲ့ခန္ဓာဗေဒ ဖွဲ့စည်းပုံအရ ပစ္စည်းတစ်ခုကို လက်နဲ့နှိုက်ထုတ်ရင် ထွက်လာဖို့ထက် တွန်းထည့်သလိုဖြစ်ပြီး တော့ အထဲကို ပိုဝင်ဖို့ များပါတယ်။

ဒါကြောင့် မမြင်ရဘဲနဲ့ သူ့ကိုဆွထုတ်ဖို့ သင့်တော်တဲ့ ကိရိယာမပါဘဲနဲ့ လက်နဲ့ မနှိုက်ဖို့ သတိထားရမှာဖြစ်ပါတယ်။

ပထမဆုံးကြည့်ရမှာကတော့ ကလေးက ချောင်းဆိုးနိုင်သလား။ လေပြွန်ထဲကို ပစ္စည်းတစ်ခုခုဝင်တာနဲ့ လေပြွန်မှာရှိတဲ့ နံရံတွေရဲ့ သဘာဝက တွန်းထုတ်ဖို့ ကြိုးစားပါတယ်။ သည်အခါမျိုးမှာ ကလေးက အားကောင်းကောင်းနဲ့ ချောင်းဆိုးပါတယ်။

သည်လို ချောင်းကောင်းကောင်းဆိုးနိုင်ရင် မိဘတွေအနေနဲ့ အနှောင့်အယှက် မပေးသင့်ပါဘူး။ ဒါကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သဘာဝက တွန်းထုတ်တဲ့အားက လူက ကူတာထက်ပိုပြီးတော့ အားကောင်းလို့ပါ။ အဲသည်လိုချောင်းဆိုးရင်းနဲ့ ပစ္စည်းထွက်သွားတဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။

အသံအားကောင်းရမယ်

ချောင်းကောင်းကောင်းဆိုးတယ်ဆိုတာ ဘယ်လိုလဲဆိုတော့  ကလေးက သတိကောင်းကောင်းရှိရမယ်။ နောက်အသံ ထွက်ရမယ်၊
မျက်လုံးဖွင့်နေရမယ်။ သူ ချောင်းဆိုးတဲ့အသံက အားကောင်းရမယ်။

အဲသည်လို မဟုတ်ဘဲနဲ့ ချောင်းဆိုးတဲ့အသံက တိမ်နေမယ်။ တအုအုနဲ့ဖြစ် နေမယ်၊ နှုတ်ခမ်းတွေ ပြာလာမယ်။ သတိ လစ်ချင်သလို ဖြစ်လာမယ်။ ဒါမျိုးဆိုရင် အားကောင်းတဲ့ ချောင်းဆိုးခြင်းမဟုတ်ပါဘူး။ ဒါဆိုရင်တော့ လူကြီးက ကူညီဖို့ လိုလာပါပြီ

ဘယ်လိုကူညီမလဲ

တချို့ကလေးတွေက ချောင်းကောင်း ကောင်းဆိုးနေပါလျက် ပစ္စည်းက ထွက်မလာဘဲ တိမ်ဝင်သွားမယ် ဆိုရင်တော့ ကူညီရပါမယ်။

ဘယ်လို ကူညီမလဲဆိုတော့ အသက်တစ်နှစ်အောက်က တစ်မျိုး ဖြစ်ပြီး အသက်တစ်နှစ်အထက် ကလေးကြီးတွေမှာ ကူညီတာကတော့ တစ်မျိုး ဖြစ်ပါတယ်။

အသက်တစ်နှစ်အောက်ကလေးတွေ ပစ္စည်းထွက်အောင်ဆိုရင် နောက်ကျောကို လှန်ပြီး ပုတ်ပေးလို့ရတယ်။ နောက်တစ်ခုက ပက်လက်လှန်ပြီးတော့ ရင်ဘတ်ကို နှိပ်ပြီးတော့လည်း ကူညီလို့ ရပါတယ်။

နောက်ကျောနှိပ်နည်း

ကလေးကို လက်ပေါ်မှာ ပွေ့လိုက်ပါ။ နောက်ကျောတစ်လျှောက်ကို ထိန်းထားရမယ်။ ကလေးကို အောက်ကလေး အနည်းငယ်ကို စိုက်ပြီးတော့ မှောက်ပါမယ်။

အဲသည်အချိန်မှာ ကလေးရဲ့ မေးရိုးကို ထိန်းထားဖို့ လိုပါတယ်။ မေးရိုးကိုထိန်းပြီး မှောက်လျားထိုးအနေအထားနဲ့ အောက်ကိုစိုက်စိုက်လေး ချထားပါမယ်။

ပြီးရင် ကလေးရဲ့နောက်ကျောမှာရှိတဲ့ တောင်ပံ ရိုးနှစ်ခုနေရာရဲ့အလယ်ကို ပုတ်ရပါမယ်။ ပုတ်တဲ့အခါ လက်ဖနောင့်ကို သုံးရပါမယ်။

လက်ဖနောင့်နဲ့ ရှေ့ကိုသွားတဲ့ ဒါရိုက်ရှင် အတိုင်း ပုတ်ရပါမယ်။ ပုတ်တဲ့အခါမှာ အားအတန်အသင့်ထည့်ဖို့ လိုပါတယ်။ ငါးချက် ခပ်ဆဆလေး တစ်စက္ကန့်ကို တစ်ချက်နှုန်းနဲ့ ငါးချက်ပုတ်ပါမယ်။

အဲသည်အခါမှာ ကလေးကို ကြည့်ပါ။ ပစ္စည်းထွက် သွားရင် ရပ်လို့ရပါပြီ။ မထွက်ဘူးဆိုရင်တော့ ကလေးကို ပက်လက်ပြန်လှန်ပါမယ်။

ပက်လက်နှိပ်နည်း

ပက်လက်လှန်တဲ့ အခါမှာလည်း ကလေးရဲ့မေးရိုးလေးကို ထိန်းထားမယ်။ ကလေးရဲ့နောက်စေ့လေးကို ကိုင်ထားမယ်။ ကိုင်ပြီးတော့မှ ကလေးကို လှန်ပါမယ်။

အဓိကကတော့ ကလေးရဲ့ဇက် ကလေးကို ဒဏ်ရာမရအောင် ညှပ်ပြီး ထိန်းတဲ့သဘောပါပဲ။ ကလေးကို ပက်လက်လှန်ပြီးရင် ရင်ဘတ်ကို ငါးချက်နှိပ်ပါမယ်။

နှိပ်တဲ့နေရာကတော့ ကလေးရဲ့ ရင်ညွန့်ရိုးအလယ် အောက်နားကို နှိပ်ပါမယ်။ (နို့သီးခေါင်းလေးနှစ်ဖက်ကို မျဉ်းဆွဲကြည့်လိုက်ပြီး အလယ်တည့်တည့်ရဲ့ အောက် လက်နှစ်လုံးလောက်အောက်ထားပြီး) အောက်ဘက်ကို အနည်းငယ်စိုက်ကာ ငါးချက် နှိပ်ပါမယ်။ အားအတန်အသင့်ပဲ ထည့်ပါ။

ဒါဆိုရင် ထွက်သွားနိုင်ပါတယ်။ အကယ်၍ မထွက်သေးဘူးဆိုရင်တော့ မှောက်လိုက် ငါးချက်ပုတ်၊ လှန်လိုက် ငါးချက်နှိပ်လိုက် တစ်လှည့်စီ လုပ်လို့ရပါတယ်။

အရေးကြီးတာတစ်ခုကတော့ သည်လိုလုပ်နေချိန်မှာ ကလေးက သတိကောင်းကောင်း ရှိနေရပါမယ်။ သတိလစ်သွားမယ်ဆိုရင်တော့ အရေးပေါ်အသက်ကယ်အနေအထားကို ပြောင်းကူညီရမှာ ဖြစ်ပါတယ်။

ဒေါက်တာသက်ထားရွှေစင်ဝင်းက ‘ဒီလိုမှန်ကန်အောင် လုပ်နိုင်မယ်ဆိုရင် ငဟုငကိနဂ ရသွားတဲ့ကလေးရဲ့အသက်ကို ၈၀ ရာခိုင်နှုန်းကယ်နိုင်မယ်လို့ သုသေသန တွေက ဆိုထားတယ်’လို့ ဆိုပါတယ်။

ကလေးကြီးတွေဆိုရင်

ကလေးကြီးတွေမှာတော့ ခန္ဓာကိုယ်က ကြီးသွားပြီဖြစ်လို့ မပွေ့နိုင်တော့ ဘူးဆိုရင် ကလေးရဲ့နောက်ကနေ နေရာယူပါမယ်။

ကလေးကို ကိုယ့်ရှေ့မှာ ထားပါမယ်။ ကလေးကို နောက်ကနေ လက်နဲ့ သိုင်းကိုင်ပါမယ်။ ကလေးငယ်တုန်းက နေရာကိုပဲ ငါးချက်ပုတ်ပါမယ်။ ပြီးရင်ဗိုက်ကို ညှစ်ပါတယ်။

ဗိုက်ကို ညှစ်တဲ့အခါ ကလေးရဲ့နောက်ကနေ  နေရာယူတယ်။ ကလေးကို လက်နှစ်ဖက်နဲ့ သိုင်းကိုင်ထား ပြီးရင် လက်တစ်ဖက်ကို လက်သီးဆုပ် ကျန်လက်တစ်ဖက်က လက်သီးဆုပ်ကို အုပ်ကိုင်ပြီးတော့ ကလေးရဲ့ ရင်ညွန့်မှာ လက်သီးဆုပ်ကို နေရာထား ပြီးတော့ အတွင်းအပေါ်ဘက်ကို မြှောက်ပေးရပါတယ်။ ဒါကို ငါးချက်လုပ်ရပါတယ်။

သည်လိုနည်းနဲ့ ကလေးတွေရဲ့လည် ချောင်းမှာပိတ်ဆို့နေတဲ့အရာဝတ္ထုတွေ ထွက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

Credit

Zawgyi

ကေလးေတြရဲ႕ လည္ေခ်ာင္းထဲမွာ ပစၥည္းတစ္ခုခု ပိတ္ဆို႔သြားခဲ့ရင္ အေရးေပၚ လုပ္သင့္ေသာ နည္းလမ္း

ကေလးေတြရဲ႕လည္ေခ်ာင္းထဲမွာ ပစၥည္းတစ္ခုခု ပိတ္ဆို႔သြားခဲ့ရင္ ကေလးအသက္ဆုံးရႈံးမႈ မျဖစ္ရေလေအာင္ မိဘေတြအေနနဲ႔ အခ်ိန္ ငါးမိနစ္အတြင္း အေရးေပၚ ဘာေတြလုပ္သင့္လဲ ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

ရန္ကုန္ေဆးတကၠသိုလ္(၁) ကေလးက်န္းမာ ပညာဌာနမွ ကထိက ေဒါက္တာ သက္ထားေ႐ႊစင္ဝင္းက ‘ကေလးတစ္ ေယာက္ choking ရၿပီး ငါးမိနစ္အတြင္း ပစၥည္းထြက္ေအာင္ မကူညီႏိုင္ဘူးဆိုရင္ ကေလးကို လက္လႊတ္ဆုံးရႈံးလိုက္ရဖို႔ မ်ားပါတယ္’ လို႔ ေျပာပါတယ္။

ကေလးေတြရဲ႕ေလႁပြန္ထဲကို တစ္ခုခု ပိတ္ဆို႔သြားခဲ့မယ္ဆိုရင္ ေအာက္ဆီဂ်င္က လုံးဝျပတ္သြားပါမယ္။ သည္လိုျပတ္တဲ့ အခ်ိန္က ငါးမိနစ္ေက်ာ္သြားခဲ့ရင္ ဦးေႏွာက္မွာရွိတဲ့ ဆဲလ္ေတြက ေသဆုံးသြားပါတယ္။

ဒါေၾကာင့္ ကေလးေတြ လည္ေခ်ာင္းထဲမွာ တစ္ခုခုပိတ္ဆို႔ေနၿပီ ဆိုရင္ အကူအညီကို လွမ္းေခၚရပါမယ္။

ဘယ္ေလာက္ဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံမွာပဲျဖစ္ျဖစ္ ကူညီမယ့္သူက ငါးမိနစ္အတြင္း ေရာက္လာဖို႔ သြားႏိုင္ဖို႔ဆိုတာ ခဲယဥ္းပါ တယ္။

အရမ္းမႏႈိက္နဲ႔

အေရးအႀကီးဆုံးအခ်က္က ဝင္သြားတဲ့ပစၥည္းကို မျမင္ဘဲနဲ႔ လူႀကီးကေန ပါးစပ္ထဲကို ရမ္းၿပီးေတာ့  ႏႈိက္ထုတ္ဖို႔ မႀကိဳးစားသင့္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ပါးစပ္ရဲ႕ခႏၶာေဗဒ ဖြဲ႕စည္းပုံအရ ပစၥည္းတစ္ခုကို လက္နဲ႔ႏႈိက္ထုတ္ရင္ ထြက္လာဖို႔ထက္ တြန္းထည့္သလိုျဖစ္ၿပီး ေတာ့ အထဲကို ပိုဝင္ဖို႔ မ်ားပါတယ္။

ဒါေၾကာင့္ မျမင္ရဘဲနဲ႔ သူ႔ကိုဆြထုတ္ဖို႔ သင့္ေတာ္တဲ့ ကိရိယာမပါဘဲနဲ႔ လက္နဲ႔ မႏႈိက္ဖို႔ သတိထားရမွာျဖစ္ပါတယ္။

ပထမဆုံးၾကည့္ရမွာကေတာ့ ကေလးက ေခ်ာင္းဆိုးႏိုင္သလား။ ေလႁပြန္ထဲကို ပစၥည္းတစ္ခုခုဝင္တာနဲ႔ ေလႁပြန္မွာရွိတဲ့ နံရံေတြရဲ႕ သဘာဝက တြန္းထုတ္ဖို႔ ႀကိဳးစားပါတယ္။ သည္အခါမ်ိဳးမွာ ကေလးက အားေကာင္းေကာင္းနဲ႔ ေခ်ာင္းဆိုးပါတယ္။

သည္လို ေခ်ာင္းေကာင္းေကာင္းဆိုးႏိုင္ရင္ မိဘေတြအေနနဲ႔ အေႏွာင့္အယွက္ မေပးသင့္ပါဘူး။ ဒါကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သဘာဝက တြန္းထုတ္တဲ့အားက လူက ကူတာထက္ပိုၿပီးေတာ့ အားေကာင္းလို႔ပါ။ အဲသည္လိုေခ်ာင္းဆိုးရင္းနဲ႔ ပစၥည္းထြက္သြားတဲ့ သာဓကေတြလည္း အမ်ားႀကီးရွိပါတယ္။

အသံအားေကာင္းရမယ္

ေခ်ာင္းေကာင္းေကာင္းဆိုးတယ္ဆိုတာ ဘယ္လိုလဲဆိုေတာ့  ကေလးက သတိေကာင္းေကာင္းရွိရမယ္။ ေနာက္အသံ ထြက္ရမယ္၊
မ်က္လုံးဖြင့္ေနရမယ္။ သူ ေခ်ာင္းဆိုးတဲ့အသံက အားေကာင္းရမယ္။

အဲသည္လို မဟုတ္ဘဲနဲ႔ ေခ်ာင္းဆိုးတဲ့အသံက တိမ္ေနမယ္။ တအုအုနဲ႔ျဖစ္ ေနမယ္၊ ႏႈတ္ခမ္းေတြ ျပာလာမယ္။ သတိ လစ္ခ်င္သလို ျဖစ္လာမယ္။ ဒါမ်ိဳးဆိုရင္ အားေကာင္းတဲ့ ေခ်ာင္းဆိုးျခင္းမဟုတ္ပါဘူး။ ဒါဆိုရင္ေတာ့ လူႀကီးက ကူညီဖို႔ လိုလာပါၿပီ

ဘယ္လိုကူညီမလဲ

တခ်ိဳ႕ကေလးေတြက ေခ်ာင္းေကာင္း ေကာင္းဆိုးေနပါလ်က္ ပစၥည္းက ထြက္မလာဘဲ တိမ္ဝင္သြားမယ္ ဆိုရင္ေတာ့ ကူညီရပါမယ္။

ဘယ္လို ကူညီမလဲဆိုေတာ့ အသက္တစ္ႏွစ္ေအာက္က တစ္မ်ိဳး ျဖစ္ၿပီး အသက္တစ္ႏွစ္အထက္ ကေလးႀကီးေတြမွာ ကူညီတာကေတာ့ တစ္မ်ိဳး ျဖစ္ပါတယ္။

အသက္တစ္ႏွစ္ေအာက္ကေလးေတြ ပစၥည္းထြက္ေအာင္ဆိုရင္ ေနာက္ေက်ာကို လွန္ၿပီး ပုတ္ေပးလို႔ရတယ္။ ေနာက္တစ္ခုက ပက္လက္လွန္ၿပီးေတာ့ ရင္ဘတ္ကို ႏွိပ္ၿပီးေတာ့လည္း ကူညီလို႔ ရပါတယ္။

ေနာက္ေက်ာႏွိပ္နည္း

ကေလးကို လက္ေပၚမွာ ေပြ႕လိုက္ပါ။ ေနာက္ေက်ာတစ္ေလွ်ာက္ကို ထိန္းထားရမယ္။ ကေလးကို ေအာက္ကေလး အနည္းငယ္ကို စိုက္ၿပီးေတာ့ ေမွာက္ပါမယ္။

အဲသည္အခ်ိန္မွာ ကေလးရဲ႕ ေမး႐ိုးကို ထိန္းထားဖို႔ လိုပါတယ္။ ေမး႐ိုးကိုထိန္းၿပီး ေမွာက္လ်ားထိုးအေနအထားနဲ႔ ေအာက္ကိုစိုက္စိုက္ေလး ခ်ထားပါမယ္။

ၿပီးရင္ ကေလးရဲ႕ေနာက္ေက်ာမွာရွိတဲ့ ေတာင္ပံ ႐ိုးႏွစ္ခုေနရာရဲ႕အလယ္ကို ပုတ္ရပါမယ္။ ပုတ္တဲ့အခါ လက္ဖေနာင့္ကို သုံးရပါမယ္။

လက္ဖေနာင့္နဲ႔ ေရွ႕ကိုသြားတဲ့ ဒါ႐ိုက္ရွင္ အတိုင္း ပုတ္ရပါမယ္။ ပုတ္တဲ့အခါမွာ အားအတန္အသင့္ထည့္ဖို႔ လိုပါတယ္။ ငါးခ်က္ ခပ္ဆဆေလး တစ္စကၠန႔္ကို တစ္ခ်က္ႏႈန္းနဲ႔ ငါးခ်က္ပုတ္ပါမယ္။

အဲသည္အခါမွာ ကေလးကို ၾကည့္ပါ။ ပစၥည္းထြက္ သြားရင္ ရပ္လို႔ရပါၿပီ။ မထြက္ဘူးဆိုရင္ေတာ့ ကေလးကို ပက္လက္ျပန္လွန္ပါမယ္။

ပက္လက္ႏွိပ္နည္း

ပက္လက္လွန္တဲ့ အခါမွာလည္း ကေလးရဲ႕ေမး႐ိုးေလးကို ထိန္းထားမယ္။ ကေလးရဲ႕ေနာက္ေစ့ေလးကို ကိုင္ထားမယ္။ ကိုင္ၿပီးေတာ့မွ ကေလးကို လွန္ပါမယ္။

အဓိကကေတာ့ ကေလးရဲ႕ဇက္ ကေလးကို ဒဏ္ရာမရေအာင္ ညႇပ္ၿပီး ထိန္းတဲ့သေဘာပါပဲ။ ကေလးကို ပက္လက္လွန္ၿပီးရင္ ရင္ဘတ္ကို ငါးခ်က္ႏွိပ္ပါမယ္။

ႏွိပ္တဲ့ေနရာကေတာ့ ကေလးရဲ႕ ရင္ၫြန႔္႐ိုးအလယ္ ေအာက္နားကို ႏွိပ္ပါမယ္။ (ႏို႔သီးေခါင္းေလးႏွစ္ဖက္ကို မ်ဥ္းဆြဲၾကည့္လိုက္ၿပီး အလယ္တည့္တည့္ရဲ႕ ေအာက္ လက္ႏွစ္လုံးေလာက္ေအာက္ထားၿပီး) ေအာက္ဘက္ကို အနည္းငယ္စိုက္ကာ ငါးခ်က္ ႏွိပ္ပါမယ္။ အားအတန္အသင့္ပဲ ထည့္ပါ။

ဒါဆိုရင္ ထြက္သြားႏိုင္ပါတယ္။ အကယ္၍ မထြက္ေသးဘူးဆိုရင္ေတာ့ ေမွာက္လိုက္ ငါးခ်က္ပုတ္၊ လွန္လိုက္ ငါးခ်က္ႏွိပ္လိုက္ တစ္လွည့္စီ လုပ္လို႔ရပါတယ္။

အေရးႀကီးတာတစ္ခုကေတာ့ သည္လိုလုပ္ေနခ်ိန္မွာ ကေလးက သတိေကာင္းေကာင္း ရွိေနရပါမယ္။ သတိလစ္သြားမယ္ဆိုရင္ေတာ့ အေရးေပၚအသက္ကယ္အေနအထားကို ေျပာင္းကူညီရမွာ ျဖစ္ပါတယ္။

ေဒါက္တာသက္ထားေ႐ႊစင္ဝင္းက ‘ဒီလိုမွန္ကန္ေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ငဟုငကိနဂ ရသြားတဲ့ကေလးရဲ႕အသက္ကို ၈၀ ရာခိုင္ႏႈန္းကယ္ႏိုင္မယ္လို႔ သုေသသန ေတြက ဆိုထားတယ္’လို႔ ဆိုပါတယ္။

ကေလးႀကီးေတြဆိုရင္

ကေလးႀကီးေတြမွာေတာ့ ခႏၶာကိုယ္က ႀကီးသြားၿပီျဖစ္လို႔ မေပြ႕ႏိုင္ေတာ့ ဘူးဆိုရင္ ကေလးရဲ႕ေနာက္ကေန ေနရာယူပါမယ္။

ကေလးကို ကိုယ့္ေရွ႕မွာ ထားပါမယ္။ ကေလးကို ေနာက္ကေန လက္နဲ႔ သိုင္းကိုင္ပါမယ္။ ကေလးငယ္တုန္းက ေနရာကိုပဲ ငါးခ်က္ပုတ္ပါမယ္။ ၿပီးရင္ဗိုက္ကို ညႇစ္ပါတယ္။

ဗိုက္ကို ညႇစ္တဲ့အခါ ကေလးရဲ႕ေနာက္ကေန  ေနရာယူတယ္။ ကေလးကို လက္ႏွစ္ဖက္နဲ႔ သိုင္းကိုင္ထား ၿပီးရင္ လက္တစ္ဖက္ကို လက္သီးဆုပ္ က်န္လက္တစ္ဖက္က လက္သီးဆုပ္ကို အုပ္ကိုင္ၿပီးေတာ့ ကေလးရဲ႕ ရင္ၫြန႔္မွာ လက္သီးဆုပ္ကို ေနရာထား ၿပီးေတာ့ အတြင္းအေပၚဘက္ကို ေျမႇာက္ေပးရပါတယ္။ ဒါကို ငါးခ်က္လုပ္ရပါတယ္။

သည္လိုနည္းနဲ႔ ကေလးေတြရဲ႕လည္ ေခ်ာင္းမွာပိတ္ဆို႔ေနတဲ့အရာဝတၳဳေတြ ထြက္လာေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*