“အရင္းႏွီးဆုံး သစၥာေဖာက္” ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူတိုင္း ကိုယ့္ရန္သူ မဟုတ္ပါဘူး။

Unicode ဖြင့် ဖတ်ရန်

“အရင်းနှီးဆုံး သစ္စာဖောက်” ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူတိုင်း ကိုယ့်ရန်သူ မဟုတ်ပါဘူး။

တစ်ခါတစ်လေမှာ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူဟာ ကိုယ်အယုံကြည်ရဆုံး ကိုယ်သံယောဇဉ် အရှိဆုံး ကိုယ်အလေးထားရဆုံးသူလည်း ဖြစ်နေတတ်တယ်။

ကိုယ်က ရန်သူလို့ သတ်မှတ်ထားတိုင်း ရန်သူဖြစ်ချင်မှ ဖြစ်နိုင်သလို ကိုယ်က မိတ်ဆွေလို့ သတ်မှတ်ထားသူကလဲ ကိုယ့်ရန်သူ ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။

ကိုယ်သိပ်မုန်းလို့ လှည့်မကြည့်မိတဲ့သူက ကိုယ့်အကျိုး လိုလားသူ ဖြစ်ချင်ဖြစ်နေနိုင်သလို ကိုယ်သိပ်ချစ်လွန်းလို့ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေမိသူက ကိုယ့်ပျက်စီးရာ ပျက်စီးကြောင်း အားထုတ် ကြံစည်နေသူလဲ ဖြစ်နေနိုင်တာပဲ။

တစ်ခါတစ်လေမှာ ကိုယ့်ကို မြှားနဲ့ပစ်လိုက်သူဟာ ကိုယ်ထင်မှတ်မထားတဲ့ ကိုယ်အချစ်ရဆုံး ယုံကြည်ရဆုံး သံယောဇဉ်အရှိဆုံးသူ ဖြစ်နေနိုင်သလို…

တစ်ခါတစ်ရံမှာ ကိုယ့်ကို ဒဏ်ရာရအောင် နာကျင်အောင်လုပ်သူဟာ တစ်ချိန်တစ်ခါက သူ့ကို ဒဏ်ရာမရအောင် ကိုယ်က ကာကွယ်ပေးဖူးသူ ဖြစ်နေတတ်သလို အဲဒီ ဒဏ်ရာတွေ လျော့ပါးသက်သာအောင် ကိုယ်က ဆေးကုပေးခဲ့သူလည်း ဖြစ်နေတတ်ပါတယ်။

တစ်ခါတစ်လေမှာ သူ့ကို သူများက မြှားနဲ့ပစ်တဲ့အချိန် ကိုယ်က ဝင်ကာပေးခဲ့ပေမဲ့ ကိုယ့်ကို သူများက ပစ်နေတဲ့အချိန် သူကပါ ဝင်ပြီး ကူပစ်ပေးသူ ဖြစ်နေတတ်ပါတယ်။

ကျေးဇူးရှိမှကျေးဇူးကန်းသူ ဖြစ်လာတတ်သလို အနစ်နာခံပေးသူကိုမှ ချနင်းသွားတတ်တာလဲ လူ့သဘာဝလို့ ဆိုရလေမလား မပြောတတ်တော့ပါဘူး။

အသေချာဆုံးကတော့ ကိုယ့်အပေါ် သေရာပါ ဝေဒနာတွေ ပေးနိုင်သူဟာ ကိုယ်က တစ်ချိန်တစ်ခါမှာ လေးနက်စွာတန်ဖိုးထားချစ်ခဲ့သူ ဖြစ်နေတတ်တာပါပဲ။

ကိုယ့်ကို လဲကျအောင် ခြေထိုးခံနိုင်သူဟာ ကိုယ့်ပြေးလမ်းကို သိနေတဲ့သူပါ။ ကိုယ့်ကို ဆုံးရှုံးအောင် လုပ်နိုင်သူဟာ ကိုယ့်အောင်မြင်မှုလမ်းကြောင်းကို သိနေသူပါ။

ကိုယ့်ကို မျက်ရည်ကျအောင် လုပ်နိုင်သူဟာ ကိုယ့်အတွင်းစိတ်ကို သေချာသိနေနိုင်သူပါ။ ဘာကြောင့်ဆို ကိုယ်က သူတို့ကို ယုံကြည်အားကိုးစွာ ဖွင့်ပြောပြခဲ့မိလို့ပါ။

လောကရဲ့အမှန်ဆုံး နိယာမတွေထဲ ပေးသော်လည်း ပေးတိုင်းပြန်မရတတ်တဲ့ အရာတွေထဲမှာ ” အချစ်” အပြင် ” အစစ်” ဆိုတာကိုလဲ ထည့်ထားရပါလိမ့်မယ်။

မိမိချစ်သူအပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဆုံးသတ်မရောက်ခင်ထိ အစစ်လို့ မထင်မိပါစေနဲ့ ကိုယ်အထင်မှားပြီး ပေါင်းသင်းမိလို့ သူ့အကြောင်းသိပြီး လမ်းခွဲရရင်လဲ ဝမ်းနည်းစရာမလိုပါဘူး။

အဲလိုလူမျိုးနဲ့ ကွေကွင်းပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်လိုက်ပါ။

Credit: #ပန်သုငယ်

Zawgyi

Unicode ျဖင့္ ဖတ္ရန္

“အရင္းႏွီးဆုံး သစၥာေဖာက္” ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူတိုင္း ကိုယ့္ရန္သူ မဟုတ္ပါဘူး။

တစ္ခါတစ္ေလမွာ ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူဟာ ကိုယ္အယုံၾကည္ရဆုံး ကိုယ္သံေယာဇဥ္ အရွိဆုံး ကိုယ္အေလးထားရဆုံးသူလည္း ျဖစ္ေနတတ္တယ္။

ကိုယ္က ရန္သူလို႔ သတ္မွတ္ထားတိုင္း ရန္သူျဖစ္ခ်င္မွ ျဖစ္ႏိုင္သလို ကိုယ္က မိတ္ေဆြလို႔ သတ္မွတ္ထားသူကလဲ ကိုယ့္ရန္သူ ျဖစ္ခ်င္ျဖစ္ေနႏိုင္တာပဲ။

ကိုယ္သိပ္မုန္းလို႔ လွည့္မၾကည့္မိတဲ့သူက ကိုယ့္အက်ိဳး လိုလားသူ ျဖစ္ခ်င္ျဖစ္ေနႏိုင္သလို ကိုယ္သိပ္ခ်စ္လြန္းလို႔ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ေနမိသူက ကိုယ့္ပ်က္စီးရာ ပ်က္စီးေၾကာင္း အားထုတ္ ႀကံစည္ေနသူလဲ ျဖစ္ေနႏိုင္တာပဲ။

တစ္ခါတစ္ေလမွာ ကိုယ့္ကို ျမႇားနဲ႔ပစ္လိုက္သူဟာ ကိုယ္ထင္မွတ္မထားတဲ့ ကိုယ္အခ်စ္ရဆုံး ယုံၾကည္ရဆုံး သံေယာဇဥ္အရွိဆုံးသူ ျဖစ္ေနႏိုင္သလို…

တစ္ခါတစ္ရံမွာ ကိုယ့္ကို ဒဏ္ရာရေအာင္ နာက်င္ေအာင္လုပ္သူဟာ တစ္ခ်ိန္တစ္ခါက သူ႔ကို ဒဏ္ရာမရေအာင္ ကိုယ္က ကာကြယ္ေပးဖူးသူ ျဖစ္ေနတတ္သလို အဲဒီ ဒဏ္ရာေတြ ေလ်ာ့ပါးသက္သာေအာင္ ကိုယ္က ေဆးကုေပးခဲ့သူလည္း ျဖစ္ေနတတ္ပါတယ္။

တစ္ခါတစ္ေလမွာ သူ႔ကို သူမ်ားက ျမႇားနဲ႔ပစ္တဲ့အခ်ိန္ ကိုယ္က ဝင္ကာေပးခဲ့ေပမဲ့ ကိုယ့္ကို သူမ်ားက ပစ္ေနတဲ့အခ်ိန္ သူကပါ ဝင္ၿပီး ကူပစ္ေပးသူ ျဖစ္ေနတတ္ပါတယ္။

ေက်းဇူးရွိမွေက်းဇူးကန္းသူ ျဖစ္လာတတ္သလို အနစ္နာခံေပးသူကိုမွ ခ်နင္းသြားတတ္တာလဲ လူ႔သဘာဝလို႔ ဆိုရေလမလား မေျပာတတ္ေတာ့ပါဘူး။

အေသခ်ာဆုံးကေတာ့ ကိုယ့္အေပၚ ေသရာပါ ေဝဒနာေတြ ေပးႏိုင္သူဟာ ကိုယ္က တစ္ခ်ိန္တစ္ခါမွာ ေလးနက္စြာတန္ဖိုးထားခ်စ္ခဲ့သူ ျဖစ္ေနတတ္တာပါပဲ။

ကိုယ့္ကို လဲက်ေအာင္ ေျခထိုးခံႏိုင္သူဟာ ကိုယ့္ေျပးလမ္းကို သိေနတဲ့သူပါ။ ကိုယ့္ကို ဆုံးရႈံးေအာင္ လုပ္ႏိုင္သူဟာ ကိုယ့္ေအာင္ျမင္မႈလမ္းေၾကာင္းကို သိေနသူပါ။

ကိုယ့္ကို မ်က္ရည္က်ေအာင္ လုပ္ႏိုင္သူဟာ ကိုယ့္အတြင္းစိတ္ကို ေသခ်ာသိေနႏိုင္သူပါ။ ဘာေၾကာင့္ဆို ကိုယ္က သူတို႔ကို ယုံၾကည္အားကိုးစြာ ဖြင့္ေျပာျပခဲ့မိလို႔ပါ။

ေလာကရဲ႕အမွန္ဆုံး နိယာမေတြထဲ ေပးေသာ္လည္း ေပးတိုင္းျပန္မရတတ္တဲ့ အရာေတြထဲမွာ ” အခ်စ္” အျပင္ ” အစစ္” ဆိုတာကိုလဲ ထည့္ထားရပါလိမ့္မယ္။

မိမိခ်စ္သူအပါအဝင္ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အဆုံးသတ္မေရာက္ခင္ထိ အစစ္လို႔ မထင္မိပါေစနဲ႔ ကိုယ္အထင္မွားၿပီး ေပါင္းသင္းမိလို႔ သူ႔အေၾကာင္းသိၿပီး လမ္းခြဲရရင္လဲ ဝမ္းနည္းစရာမလိုပါဘူး။

အဲလိုလူမ်ိဳးနဲ႔ ေကြကြင္းေပးခဲ့တဲ့ ကံၾကမၼာကို ေက်းဇူးတင္လိုက္ပါ။

Credit: #ပန္သုငယ္

Be the first to comment

Leave a Reply

Your email address will not be published.


*