
Zawgyi ဖြင့် ဖတ်ရန်
ဘေစင်ထဲမှာ ရေနွေးလည်းလာတဲ့အတွက် bacteria တွေ မျိုးပွားဖို့နဲ့ နေထိုင်ဖို့ ကောင်းတဲ့ နေရာဖြစ်တယ်။
Credit: Daily Hot News
မီးဖိုချောင်ထဲက ဘေစင်တွေကို မကြာခဏဆေးသင့်တဲ့ အကြောင်းအရင်း
Unicode ဖြင့် ဖတ်ရန်
မီးဖိုချောင်ထဲက ဘေစင်ထဲမှာ အိမ်သာထဲကထက် bacteria ပိုများတာသိပါသလား
ပန်းကန်တွေကို နေစဉ် ဘေစင်ထဲ ဆေးတဲ့အတွက် ဘေစင်တွေကို မကြာမကြာ ဆေးကြောပေးသင့်ပါတယ်။
ဘေစင်တွေကို ဆပ်ပြာနဲ့ ဆေးချရုံနဲ့ မဖြစ်ပါဘူး။ ဒါဟာ တကယ်တော့ ပိုညစ်ပတ်စေပါတယ်…
လူအများစုက ဘေစင်ထဲမှာ ပန်းကန် ဆေးကြောတဲ့အတွက် ဘေစင်တွေက သူ့ဟာနဲ့သူ သန့်ရှင်းနေပြီးသားလို့ ထင်ကြတယ်။
ဒါပေမဲ့ ဆပ်ပြာက ဘေစင်ထဲက bacteria တွေကို သေအောင် မလုပ်နိုင်ပါဘူး။
အသား၊ ငါးတွေ ခုတ်ထစ်ပြီး စဉ့်နီတုံး ဆေးတဲ့အခါ ၊ကြက်ဥအစိမ်းကို ရေဆေးတဲ့ အခါ၊ bacteria တွေက ဘေစင်ထဲမှာ ကျန်ခဲ့ပါတယ်။
ဘေစင်ထဲမှာ ရေနွေးလည်းလာတဲ့အတွက် bacteria တွေ မျိူးပွားဖို့နဲ့ နေထိုင်ဖို့ ကောင်းတဲ့ နေရာဖြစ်တယ်။
ဒါကြောင့် နေ့စဉ်ဘေစင်ထဲမှာ bacteria မရှိအောင် ထားဖို့လိုအပ်ပါတယ်။
” လိုအပ်သောပစ္စည်း ” မုန့်ဖုတ်ဆိုဒါ ၊ ရေ ၊ ပန်းကန်ဆေးဆပ်ပြာ ၊ ရော်ဘာလက်အိတ် ၊ ရေမြုပ် (သို့) အဝတ်စ ၊
ဘေစင်ထဲမှာ ဘာမှမရှိပါစေနဲ့ …
မုန့်ဖုတ်ဆိုဒါကို ဘေစင်ထဲ ဖြန်းပါ မုန့်ဖုတ်ဆိုဒါက အစာအကြွင်းကျန်တွေ ဖယ်ရှားပေးနိုင်တယ်။ ဒါပေမဲ့ ဘေစင်က material တွေကို မပျက်ဆီးပါစေနဲ့။
ရော်ဘာလက်အိတ်ဝတ်ပြီး ရေမြုပ် (သို့) အဝတ်စထဲမှာ ပန်းကန်ဆေး ဆပ်ပြာကို ထည့်ပါ။
ရေနွေးနဲနဲကို ဘေစင်ထဲ ထည့်ပြီး တိုက်ချွတ်ပါ ဘေစင်ရဲ့ နေရာတစ်ခုချင်းဆီကို စက္ကန့် ၂၀လောက် တိုက်ပါ။
ချွတ်ရခက်တဲ့ အညစ်အကြေးရှိတဲ့ နေရာတွေကို အချိန်ပိုပေးတိုက်ချွတ်ပါ သန့်ရှင်း စင်ကြယ်သွားပါလိမ့်မယ်။
Credit: Daily Hot News
Leave a Reply