ရိုးသားလြန္းသျဖင္႔႔ ကံေကာင္းခဲ႔႔သူ

႐ိုးသားျခင္းရဲ႕တန္ဖိုး

တစ္ခါတုန္းက တိုင္းျပည္တစ္ျပည္မွာ ဘုရင္တစ္ပါးအုပ္ခ်ဳပ္ေနထိုင္တယ္။ သူ႔ရဲ႕အ႐ိုက္အရာကို ဆက္ခံဖို႔ သားသၼီးမထြန္းကားခဲ့ဘူး။ အသက္ႀကီးလာေတာ့ ထီးနန္းအ႐ိုက္အရာ ဆက္ခံဖို႔ သူကိုယ္တိုင္ ေ႐ြးခ်ယ္မယ္ဆိုၿပီး ေၾကျငာတယ္။

တိုင္းျပည္မွာရွိတဲ့ လူငယ္ေတြကို နန္းရင္ျပင္မွာ စု႐ုံးေစၿပီး အမိန႔္ရွိတယ္။ ေမာင္မင္းတို႔အထဲက တိုင္းျပည္ကို အုပ္ခ်ဳပ္မဲ့သူကို ေ႐ြးခ်ယ္မယ္။ လိုအပ္တဲ့ အရည္အခ်င္းကေတာ့ အမွန္တရားကို ျမတ္ႏိုးသူ၊ သတၱိရွိသူ ၊စြန႔္လႊတ္အနစ္နာခံသူ ျဖစ္ဘို႔ဘဲ။ အဲဒီ အရည္အခ်င္းကိုစမ္းသပ္ဖို႔ သစ္ေစ့တစ္ေစ့နဲ႔ ပန္းအိုးတစ္လုံး ေပးလိုက္မယ္။

အိမ္ေရာက္ရင္ အပင္ေပါက္ေအာင္ လုပ္ၾက။ ေနာက္တစ္ႏွစ္ၾကာရင္ ျပန္လာခဲ့။ အပင္ကိုၾကည့္ၿပီး ဘယ္သူဟာ ဒီအရည္အခ်င္းရွိလဲ ဆုံးျဖတ္မယ္။ လူငယ္ေတြလဲ ဘုရင္ႀကီးေပးတဲ့ သစ္ေစ့နဲ႔ ပန္းအိုးကိုယူၿပီး အိမ္ျပန္ခဲ့ၾကတယ္။ အဲဒီအထဲမွာ အေမကို လုပ္ေကြၽးေနတဲ့ ေမာင္ရစ္ဆိုတဲ့ လူငယ္လဲပါဝင္တယ္။

ေမာင္ရစ္လဲ သစ္ေစ့ကို ပန္းအိုးထဲ ထည့္စိုက္ၿပီး အခ်ိန္မွန္မွန္ ေရေလာင္းေပးတယ္။ ပန္းအိုးကို အရိပ္တစ္ၾကည့္ၾကည့္ ၾကည့္ၿပီး ဂ႐ုစိုက္ေနေပမဲ့ တစ္ပါတ္လဲ အပင္က မေပါက္၊ ႏွစ္ပါတ္လဲ အပင္က မေပါက္၊ တစ္လလဲ အပင္က မေပါက္ျဖစ္ေနတယ္။

သူငယ္ခ်င္းေတြကေတာ့ သူတို႔အပင္ေတြ ဘယ္ေလာက္ႀကီးေၾကာင္း၊ အ႐ြက္ေတြ ဘယ္ေလာက္ထြက္ေနေၾကာင္း ေျပာသံၾကားေနေပမဲ့ သူ႔ရဲ႕အပင္ကေတာ့ ထြက္မလာေသးပါဘူး။

စိတ္ဓာတ္မက်ဘဲ ဆက္ၿပီးေရေလာင္းေနေပမဲ့ အပင္က ေျခာက္ေနၿမဲပါဘဲ။ အပင္က ထြက္မလာပါဘူး။ ဒီလိုနဲ႔ တစ္ႏွစ္ျပည့္လို႔ ဘုရင္ႀကီးခ်ိန္းထားတဲ့ ရက္ကိုသာ ေရာက္လာတယ္။ ေမာင္ရစ္ရဲ႕အပင္က ေပါက္မလာပါဘူး။ ေမာင္ရစ္က ဘုရင္ႀကီးဆီကို ျပန္မသြားခ်င္ေတာ့ဘူး။ ေမာင္ရစ္ရဲ႕အေမကေတာ့ ျပန္သြားဘို႔ တိုက္တြန္းတယ္။

ၿပိဳင္ပြဲမွာ ရႈံးနိမ့္လဲ အရႈံးကို လက္ခံႏိုင္ရဲတဲ့ သတၱိရွိသူဟာ ေယာက်ၤားေကာင္းတစ္ေယာက္ဘဲလို႔ အားေပးစကား ေျပာလိုက္တယ္။ ေမာင္ရစ္လဲ အပင္မေပါက္တဲ့ ပန္းအိုးကို ယူေဆာင္ၿပီး နန္းရင္ျပင္ကို ျပန္သြားတယ္။ ေမာင္ရစ္ရဲ႕ပန္းအိုးကလြဲလို႔ က်န္တဲ့လူငယ္ေတြရဲ႕ပန္းအိုးထဲမွာ အပင္ေတြနဲ႔ ေဝဆာေနတာကို ေတြ႕ရတယ္။

လူငယ္ေတြလဲ သတ္မွတ္ထားတဲ့ေနရာမွာ ပန္းအိုးကိုထားၿပီး ဘုရင္ႀကီးရဲ႕အဆုံးအျဖတ္ကို ေစာင့္ဆိုင္းေနၾကတယ္။ ဘုရင္ႀကီးက ပန္းအိုးေတြကို ေခါင္းတစ္ညိတ္ညိတ္နဲ႔ လိုက္ၿပီးၾကည့္ေနတယ္။ တစ္တန္းၿပီးတစ္တန္း ေက်ာ္သြားတယ္။ ဘုရင္ႀကီးစိတ္တိုင္းက် မေတြ႕ဘူး ျဖစ္ေနတယ္။

ေနာက္ဆုံးတန္းကို ေရာက္တဲ့အခါ အပင္မေပါက္တဲ့ ေမာင္ရစ္ရဲ႕ ပန္းအိုးကို ေတြ႕သြားၿပီး ဘုရင္ႀကီးမ်က္ႏွာ ဝင္းလက္သြားတယ္။ ေမာင္ရစ္ကို လူၾကားထဲက ဆြဲထုတ္ၿပီး ေမာင္ရစ္ရဲ႕လက္ကို ဆြဲေျမႇာက္ၿပီး မင္းေလာင္းအျဖစ္ ေ႐ြးခ်ယ္လိုက္ေၾကာင္း ေၾကညာလိုက္တယ္။

ပရိတ္သတ္ႀကီးက ႐ုတ္႐ုတ္သဲသဲျဖစ္ၿပီး နားမလယ္စြာနဲ႔ ဘုရင္ႀကီးကို ဝိုင္းၾကည့္ေနၾကတဲ့အခါမွာ ဘုရင္ႀကီးက အေၾကာင္းစုံကို ရွင္းျပတယ္။

ေမာင္မင္းတို႔ကို ေပးလိုက္တဲ့ မ်ိဳးေစ့ေတြအားလုံးကို ေရေႏြးထဲမွာ ထည့္ျပဳတ္ၿပီးမွ ေပးလိုက္တာ၊ ဘယ္လိုမွ အပင္ေပါက္စရာအေၾကာင္းမရွိဘူး။ ေမာင္ရစ္တစ္ေယာက္သာ ႐ိုး႐ိုးသားသားနဲ႔ အပင္မေပါက္တဲ့ ပန္းအိုးကို ျပန္ၿပီးယူလာခဲ့တယ္။ က်န္တဲ့သူေတြက မ်ိဳးေစ့ကို အစားထိုးၿပီး စိုက္ခဲ့လို႔သာ အပင္ေပါက္ခဲ့ျခင္းျဖစ္တယ္။

ကိုယ္တိုင္မွ မ႐ိုးသားသူတစ္ေယာက္ဟာ တိုင္းေရးျပည္ေရးကို ဘယ္လိုလုပ္ ေျဖာင့္ေျဖာင့္မွန္မွန္ ေဆာင္႐ြက္ႏိုင္မွာလဲ။ ႐ိုးသားသူတစ္ေယာက္ျဖစ္ဘို႔ဆိုတာ မလြယ္လွဘူး။ အမွန္တရားကို ျမတ္ႏိုး႐ုံသာမက ဒီအမွန္တရားကို လက္ခံႏိုင္ရဲတဲ့သတၱိနဲ႔ အနစ္နာခံႏိုင္တဲ့ စိတ္ဓာတ္လဲ ရွိဘို႔လိုတယ္။

အေၾကာင္းစုံကို သိသြားေတာ့ ဘုရင္ႀကီးရဲ႕ အဆုံးအျဖတ္ကို အားလုံးက လက္ခံ သေဘာတူလိုက္ၾကတယ္။ ႐ိုးသားပါ။ အမွန္ကို လက္ခံပါ။ စြန႔္လႊတ္ အနစ္နာခံပါ။ ကိုယ္ျပဳသည့္ဒါဏ္ကိုယ္၏ကံ ကိုယ့္ထံျပန္လာမည္။ ႐ိုးသားျခင္းသည္ အေကာင္းဆုံးေသာဝါဒပါ။

Credit: ေမာင္သုတ ဗဟုသုတ မွတ္စု

Unicode

ရိုးသားခြင်းရဲ့တန်ဖိုး

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကို ဆက်ခံဖို့ သားသ္မီးမထွန်းကားခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာ ဆက်ခံဖို့ သူကိုယ်တိုင် ရွေးချယ်မယ်ဆိုပြီး ကြေငြာတယ်။

တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာ စုရုံးစေပြီး အမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကို အုပ်ချုပ်မဲ့သူကို ရွေးချယ်မယ်။ လိုအပ်တဲ့ အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊ သတ္တိရှိသူ ၊စွန့်လွှတ်အနစ်နာခံသူ ဖြစ်ဘို့ဘဲ။ အဲဒီ အရည်အချင်းကိုစမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုးတစ်လုံး ပေးလိုက်မယ်။

အိမ်ရောက်ရင် အပင်ပေါက်အောင် လုပ်ကြ။ နောက်တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကို လုပ်ကျွေးနေတဲ့ မောင်ရစ်ဆိုတဲ့ လူငယ်လဲပါဝင်တယ်။

မောင်ရစ်လဲ သစ်စေ့ကို ပန်းအိုးထဲ ထည့်စိုက်ပြီး အချိန်မှန်မှန် ရေလောင်းပေးတယ်။ ပန်းအိုးကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တစ်ပါတ်လဲ အပင်က မပေါက်၊ နှစ်ပါတ်လဲ အပင်က မပေါက်၊ တစ်လလဲ အပင်က မပေါက်ဖြစ်နေတယ်။

သူငယ်ချင်းတွေကတော့ သူတို့အပင်တွေ ဘယ်လောက်ကြီးကြောင်း၊ အရွက်တွေ ဘယ်လောက်ထွက်နေကြောင်း ပြောသံကြားနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာသေးပါဘူး။

စိတ်ဓာတ်မကျဘဲ ဆက်ပြီးရေလောင်းနေပေမဲ့ အပင်က ခြောက်နေမြဲပါဘဲ။ အပင်က ထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ပြည့်လို့ ဘုရင်ကြီးချိန်းထားတဲ့ ရက်ကိုသာ ရောက်လာတယ်။ မောင်ရစ်ရဲ့အပင်က ပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။ မောင်ရစ်ရဲ့အမေကတော့ ပြန်သွားဘို့ တိုက်တွန်းတယ်။

ပြိုင်ပွဲမှာ ရှုံးနိမ့်လဲ အရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောင်္ကျားကောင်းတစ်ယောက်ဘဲလို့ အားပေးစကား ပြောလိုက်တယ်။ မောင်ရစ်လဲ အပင်မပေါက်တဲ့ ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကို ပြန်သွားတယ်။ မောင်ရစ်ရဲ့ပန်းအိုးကလွဲလို့ ကျန်တဲ့လူငယ်တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ ဝေဆာနေတာကို တွေ့ရတယ်။

လူငယ်တွေလဲ သတ်မှတ်ထားတဲ့နေရာမှာ ပန်းအိုးကိုထားပြီး ဘုရင်ကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။ ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတစ်ညိတ်ညိတ်နဲ့ လိုက်ပြီးကြည့်နေတယ်။ တစ်တန်းပြီးတစ်တန်း ကျော်သွားတယ်။ ဘုရင်ကြီးစိတ်တိုင်းကျ မတွေ့ဘူး ဖြစ်နေတယ်။

နောက်ဆုံးတန်းကို ရောက်တဲ့အခါ အပင်မပေါက်တဲ့ မောင်ရစ်ရဲ့ ပန်းအိုးကို တွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ဝင်းလက်သွားတယ်။ မောင်ရစ်ကို လူကြားထဲက ဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကို ဆွဲမြှောက်ပြီး မင်းလောင်းအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တယ်။

ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကို ဝိုင်းကြည့်နေကြတဲ့အခါမှာ ဘုရင်ကြီးက အကြောင်းစုံကို ရှင်းပြတယ်။

မောင်မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့တွေအားလုံးကို ရေနွေးထဲမှာ ထည့်ပြုတ်ပြီးမှ ပေးလိုက်တာ၊ ဘယ်လိုမှ အပင်ပေါက်စရာအကြောင်းမရှိဘူး။ မောင်ရစ်တစ်ယောက်သာ ရိုးရိုးသားသားနဲ့ အပင်မပေါက်တဲ့ ပန်းအိုးကို ပြန်ပြီးယူလာခဲ့တယ်။ ကျန်တဲ့သူတွေက မျိုးစေ့ကို အစားထိုးပြီး စိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်းဖြစ်တယ်။

ကိုယ်တိုင်မှ မရိုးသားသူတစ်ယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ် ဖြောင့်ဖြောင့်မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုးသားသူတစ်ယောက်ဖြစ်ဘို့ဆိုတာ မလွယ်လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့သတ္တိနဲ့ အနစ်နာခံနိုင်တဲ့ စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။

အကြောင်းစုံကို သိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးက လက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကို လက်ခံပါ။ စွန့်လွှတ် အနစ်နာခံပါ။ ကိုယ်ပြုသည့်ဒါဏ်ကိုယ်၏ကံ ကိုယ့်ထံပြန်လာမည်။ ရိုးသားခြင်းသည် အကောင်းဆုံးသောဝါဒပါ။

Credit: မောင်သုတ ဗဟုသုတ မှတ်စု

Be the first to comment

Leave a Reply

Your email address will not be published.


*