
ဝီလ်စမစ် ကို အော်စကာဘုတ်အဖွဲ့ က ပွဲတက်ခွင့် ၁၀နှစ်ပိတ်
မောင်ယဿ
ပြီးခဲ့တဲ့ အကယ်ဒမီဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ဟာသသရုပ်ဆောင် ခရစ္စရော့ခ် ပါးရိုက်ခံရပြီးနောက် စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တဲ့ ဝီလ်စမစ်ကို အော်စကာဆု သို့မဟုတ် အခြားသော အကယ်ဒမီပွဲသို့ တက်ရောက်ခြင်းအား ၁၀ နှစ်ပိတ် လိုက်ပါတယ်။
Smith ၏ လုပ်ရပ်အပေါ် တုံ့ပြန်ချက်တစ်ခု ဆွေးနွေးရန် အကယ်ဒမီ၏ အုပ်ချုပ်ရေးမှူးများ ဘုတ်အဖွဲ့ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ စမစ်ကို ပိတ်ပင်တာက ဖျော်ဖြေသူတွေနဲ့ ဧည်သည်တွေကို ကာကွယ်ဖို့နဲ့ အကယ်ဒမီအဖွဲ့အပေါ် ယုံကြည်မှု ပြန်လည်ရရှိဖို့ ဖြစ်တယ်လို့ အကယ်ဒမီအဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အဲ့လို ပွဲတက်ခွင့် ပိတ်တယ်ဆိုတာ ဝီလ်စမစ်ရဲ့ နောက်ရုပ်ရှင်ကားတွေ အော်စကာဆု အတွက်အမည်စာရင်းသွင်းခွင့် ပေးမယ် မပေးဘူး ဆိုတာကိုတော့ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး ။
“၉၄ ကြိမ်မြောက် အော်စကာဆုဟာ ပြီးခဲ့တဲ့နှစ်က မယုံနိုင်လောက်စရာ ထူးချွန်တဲ့ အလုပ်တွေကို လုပ်ခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ အသိုင်းအဝိုင်းထဲက လူများစွာရဲ့ ဂုဏ်ပြုပွဲတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမဲ့ စင်မြင့်ပေါ်တွင် မစ္စတာစမစ်ရဲ့ လုပ်ရပ်ကို ကျွန်ုပ်တို့ မြင်ခဲ့ရပြီး လက်ခံနိုင်ဖွယ် မရှိသော အန္တရာယ်ရှိသော အပြုအမူများကြောင့် ဒီလိုမျိုး တားမြစ်လိုက်ရတာပါ ”လို့ အကယ်ဒမီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အကယ်ဒမီ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လက်ခံပြီး လေးစားပါတယ်” ဟု စမစ်က တုံ့ပြန် ပြောကြားခဲ့သည်။ သူကိုယ်တိုင်ကလည်း ပြီးခဲ့သည့် သီတင်းပတ်က အကယ်ဒမီပေပွဲမှာ ၎င်း၏ လုပ်ရပ်များကို “ထိတ်လန့်စရာ၊ နာကျင်စရာ၊ ခွင့်မလွှတ်နိုင်စရာ” လို့ ပြောခဲ့ပါတယ်။ သူ့လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုလည်း လက်ခံသွားမယ်လို့လည်း ဆိုထားပါတယ်။
REF: euronews
Zawgyi
ဝီလ္စမစ္ ကို ေအာ္စကာဘုတ္အဖြဲ႕ က ပြဲတက္ခြင့္ ၁၀ႏွစ္ပိတ္
ေမာင္ယႆ
ၿပီးခဲ့တဲ့ အကယ္ဒမီဆုေပးပြဲမွာ အစီအစဥ္တင္ဆက္သူ ဟာသသ႐ုပ္ေဆာင္ ခရစၥေရာ့ခ္ ပါး႐ိုက္ခံရၿပီးေနာက္ စင္ေပၚတက္ၿပီး ပါး႐ိုက္ခဲ့တဲ့ ဝီလ္စမစ္ကို ေအာ္စကာဆု သို႔မဟုတ္ အျခားေသာ အကယ္ဒမီပြဲသို႔ တက္ေရာက္ျခင္းအား ၁၀ ႏွစ္ပိတ္ လိုက္ပါတယ္။
Smith ၏ လုပ္ရပ္အေပၚ တုံ႔ျပန္ခ်က္တစ္ခု ေဆြးေႏြးရန္ အကယ္ဒမီ၏ အုပ္ခ်ဳပ္ေရးမႉးမ်ား ဘုတ္အဖြဲ႕ အစည္းအေဝးအၿပီးတြင္ ယခုကဲ့သို႔ ထြက္ေပၚလာျခင္းျဖစ္သည္။ စမစ္ကို ပိတ္ပင္တာက ေဖ်ာ္ေျဖသူေတြနဲ႔ ဧည္သည္ေတြကို ကာကြယ္ဖို႔နဲ႔ အကယ္ဒမီအဖြဲ႕အေပၚ ယုံၾကည္မႈ ျပန္လည္ရရွိဖို႔ ျဖစ္တယ္လို႔ အကယ္ဒမီအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။
အဲ့လို ပြဲတက္ခြင့္ ပိတ္တယ္ဆိုတာ ဝီလ္စမစ္ရဲ႕ ေနာက္႐ုပ္ရွင္ကားေတြ ေအာ္စကာဆု အတြက္အမည္စာရင္းသြင္းခြင့္ ေပးမယ္ မေပးဘူး ဆိုတာကိုေတာ့ရွင္းရွင္းလင္းလင္း မေဖာ္ျပထားပါဘူး ။
“၉၄ ႀကိမ္ေျမာက္ ေအာ္စကာဆုဟာ ၿပီးခဲ့တဲ့ႏွစ္က မယုံႏိုင္ေလာက္စရာ ထူးခြၽန္တဲ့ အလုပ္ေတြကို လုပ္ခဲ့တဲ့ ကြၽႏ္ုပ္တို႔ရဲ႕ အသိုင္းအဝိုင္းထဲက လူမ်ားစြာရဲ႕ ဂုဏ္ျပဳပြဲတစ္ခု ျဖစ္လာဖို႔ ရည္႐ြယ္ထားတာပါ။
ဒါေပမဲ့ စင္ျမင့္ေပၚတြင္ မစၥတာစမစ္ရဲ႕ လုပ္ရပ္ကို ကြၽႏ္ုပ္တို႔ ျမင္ခဲ့ရၿပီး လက္ခံႏိုင္ဖြယ္ မရွိေသာ အႏၲရာယ္ရွိေသာ အျပဳအမူမ်ားေၾကာင့္ ဒီလိုမ်ိဳး တားျမစ္လိုက္ရတာပါ ”လို႔ အကယ္ဒမီ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“အကယ္ဒမီ ဘုတ္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္လက္ခံၿပီး ေလးစားပါတယ္” ဟု စမစ္က တုံ႔ျပန္ ေျပာၾကားခဲ့သည္။ သူကိုယ္တိုင္ကလည္း ၿပီးခဲ့သည့္ သီတင္းပတ္က အကယ္ဒမီေပပြဲမွာ ၎၏ လုပ္ရပ္မ်ားကို “ထိတ္လန႔္စရာ၊ နာက်င္စရာ၊ ခြင့္မလႊတ္ႏိုင္စရာ” လို႔ ေျပာခဲ့ပါတယ္။ သူ႔လုပ္ရပ္ရဲ႕ အက်ိဳးဆက္ေတြကိုလည္း လက္ခံသြားမယ္လို႔လည္း ဆိုထားပါတယ္။
REF: euronews
Leave a Reply