ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္ ဦးေအာင္ေျပာျပတဲ့ “ရည္းစားထားနည္း”

Zawgyiျဖင့္ဖတ္ရန္

ျမန္မာျပည္မွာ ကြမ္းယာေရာင္းသူဘဝကေန အပတ္တကုတ္ႀကိဳးစားရင္း ေအာင္ျမင္မႈေတြရလာၿပီး ေအာင္သမာဓိ ေ႐ႊဆိုင္ပိုင္ရွင္ႀကီးတစ္ေယာက္ ျဖစ္လာတဲ့ “ဦးေအာင္ (ဦးေအာင္ဆန္းဝင္း)” က သူ႔ရဲ႕႐ိုးရွင္းတဲ့ အိမ္ေထာင္ေရး ဘဝအေၾကာင္းကို “ကြမ္းယာသည္ရဲ႕ ရည္းစားထားနည္း” ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ ေဝမွ်ခဲ့ပါတယ္။

ကြမ္ယာသည္ရဲ႕ရည္းစားထားနည္း ဘာေန႔သမီး လဲ? မေမးလိုက္မိဘူး အရပ္အနိမ့္အျမင့္ မတိုင္းလိုက္ရသလို ေသြးလဲမစစ္လိုက္ရပါဘူး ျမင္တဲ့ေနက စႀကိဳက္တာဘဲ

စီးပြားပညာစစ္တမ္း သူ႔ေနာက္မွာ ဘာပကာသနမွ မရွိသလို ပညာအရည္ခ်င္း ၈ တန္း ေတာင္သူသားသမီး ကိုေတြေနာက္မွာေတာ့ ကြမ္ယာဆိုင္းဘုတ္သာရွိ မိဘေတာင္သူ ပညာအရည္ခ်င္း ၁၀ တန္း

မိဘမ်ိဴး႐ိုး စစ္ေဆးဖို႔ ေနေနသာသာ သူ႔မိဘတို႔သိမွာ ေၾကာက္လို႔ သိုသိုသိပ္သိပ္ ရည္းစားသက္တမ္း အေျဖေစာင့္ရတာ သုံးလ မဂၤလာေဆာင္ရဖို႔ ၅ႏွစ္ ေစာင့္ရတယ္

ေစ့စပ္ပြဲ ခ်ိန္ေတြ႕လို႔ လူမိတဲ့ သိတဲ့ည အဲဒါေစ့စပ္ပြဲလို႔ ထင္တာပါပဲ ဂုဏ္သေရရွိလူႀကီးေတြ အဲဒီည တေယာက္မွ မပါတာေတာ့ ေသခ်ာတာပဲ

မဂၤလာေဆာင္ခန္းမ ဘယ္ခန္းမွ မသြားႏိုင္ပါဘူး သူ႔အိမ္ ကိုယ့္အိမ္က ခန္းမပါဘဲ လက္ထပ္စာခ်ဳပ္ခန္း မပါသလိုဘဲ သတို႔သမီး သတို႔သားအရံ ေခၚဖို႔ ေနေနသာသာ ကိုယ္ေတြေတာင္ ဝတ္စုံဖိုး မေလာက္လို႔

မွတ္တမ္းတင္ VDO မွတ္တမ္း မေခၚႏိုင္ပါဘူး ဓါတ္ပုံဆရာက ခင္လို႔ ၃ ပုံဘဲ ႐ိုက္ေပးတယ္ ခုေတာ့ အမ်ိဳးေတြနဲ႔ပုံ တစ္ပုံဘဲ ရွိေတာ့တယ္ မဂၤလာေမာင္မယ္ ဆြမ္းကယ္တို႔ ကိတ္မုန႔္ခြန္တို႔ အလွပုံတို႔ မ႐ိုက္ႏိုင္ခဲ့ပါဘူး

မဂၤလာလက္ဖြဲ႕ ၈၀၀၀ ရပါတယ္ သိန္း၈၀၀၀ မဟုတ္ပါ ႐ိုး႐ိုး ရွစ္ေထာင္က်ပ္ပါ ခုေခတ္လိုဆိုရင္ တစ္ေထာင္တန္ ရွစ္႐ြက္ေပါ့ဗ်ာ ရတာနဲ႔ကုန္တာ အတူတူေလာက္ပါဘဲ ဒါေပမဲ့ အဲဒီေငြက လာသမွ်လူကို ထမင္းေကြၽးႏိုင္ပါတယ္ ေ႐ႊတစ္က်ပ္သား ၃၅၀၀

ဟန္းနီးမြန္းခရီး မဂၤလာေဆာင္ၿပီး ေနာက္ရက္ မိန္းမေခၚၿပီး ေ႐ႊေတာျပန္ၿပီး ကြမ္းယာယာ ေရာင္းေနလိုက္တာပါဘဲ.. ေခ်ာင္းသာ ငပလီသြားဖို႔ ေနေနသာသာ မဂၤလာေဆာင္အေႂကြးဆပ္ဖို႔ ေဈးေရာင္းရမယ္ေလ

နိဂုံးခ်ဳပ္ေတာ့ မဂၤလာဘယ္လိုေဆာင္တာ အေရးမႀကီပါဘူး မဂၤလာေဆာင္ၿပီးေနာက္ ဘယ္လိုေန ဘယ္လိုေသ သြားၾကတယ္ဆို ေအရးႀကီးတယ္ထင္တာပဲ

ခုထိ အိမ္ေထာင္သက္ (၃၅)ႏွစ္ ဘာအမွတ္တရပြဲမွ မလုပ္ဘူးေသးပါဘူး မလိုအပ္ဘဲ အပိုမကုန္ခ်င္လို႔ပါ အမွတ္တရမ်ား မ်ားလြန္းလို႔ မေရးေတာ့ပါဘူး

ထီးလိုတဖုံ ယပ္လိုတသြယ္ အေႏြးထည္လိုတမ်ိဳး ေစာင့္ေရွာက္ေနတာေၾကာင့္ သူမရွိရင္ေတာ့ မေနတတ္ေတာ့ဘူးဗ်

သံေဝဂ ဒါေပမဲ့လည္း တေန႔ေတာ့ ခြဲၾကရမွာေလ ဒါေၾကာင့္ တရားဘဲအားကိုးရမွာမို႔ စာတလုံးေၾကာင့္ အသိတခုရႏိုင္ၾကပါေစ စာတစ္လုံးေၾကာင့္ တခုခုေတာ့ရၾကပါေစလို႔

သူ႔ရဲ႕ လူမႈကြန္ယက္ Aung San Win အေကာင့္ကေန ေဖာ္ျပခဲ့ၿပီး ျပန္လည္မွ်ေဝသူ ၃ ေထာင္နီးပါး ရွိခဲ့ပါတယ္။ ပကာသနမဖက္ပဲ အရွိကို အရွိအတိုင္း ဘဝကို ႐ိုးသားႀကိဳးစားစြာ ျဖတ္သန္းေနတဲ့ “ဦးေအာင္” ကေတာ့ လူတိုင္း ေလးစားအားက်ရတဲ့ ပုဂၢိဳလ္ႀကီး တစ္ဦးျဖစ္ပါတယ္။

ဓါတ္ပုံ – Aung San Win (FB)

Credit: Popolay

Unicode ဖြင့်ဖတ်ရန်

မြန်မာပြည်မှာ ကွမ်းယာရောင်းသူဘဝကနေ အပတ်တကုတ်ကြိုးစားရင်း အောင်မြင်မှုတွေရလာပြီး အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကြီးတစ်ယောက် ဖြစ်လာတဲ့ “ဦးအောင် (ဦးအောင်ဆန်းဝင်း)” က သူ့ရဲ့ရိုးရှင်းတဲ့ အိမ်ထောင်ရေး ဘဝအကြောင်းကို “ကွမ်းယာသည်ရဲ့ ရည်းစားထားနည်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှခဲ့ပါတယ်။

ကွမ်ယာသည်ရဲ့ရည်းစားထားနည်း ဘာနေ့သမီး လဲ? မမေးလိုက်မိဘူး အရပ်အနိမ့်အမြင့် မတိုင်းလိုက်ရသလို သွေးလဲမစစ်လိုက်ရပါဘူး မြင်တဲ့နေက စကြိုက်တာဘဲ

စီးပွားပညာစစ်တမ်း သူ့နောက်မှာ ဘာပကာသနမှ မရှိသလို ပညာအရည်ချင်း ၈ တန်း တောင်သူသားသမီး ကိုတွေနောက်မှာတော့ ကွမ်ယာဆိုင်းဘုတ်သာရှိ မိဘတောင်သူ ပညာအရည်ချင်း ၁၀ တန်း

မိဘမျိူးရိုး စစ်ဆေးဖို့ နေနေသာသာ သူ့မိဘတို့သိမှာ ကြောက်လို့ သိုသိုသိပ်သိပ် ရည်းစားသက်တမ်း အဖြေစောင့်ရတာ သုံးလ မင်္ဂလာဆောင်ရဖို့ ၅နှစ် စောင့်ရတယ်

စေ့စပ်ပွဲ ချိန်တွေ့လို့ လူမိတဲ့ သိတဲ့ည အဲဒါစေ့စပ်ပွဲလို့ ထင်တာပါပဲ ဂုဏ်သရေရှိလူကြီးတွေ အဲဒီည တယောက်မှ မပါတာတော့ သေချာတာပဲ

မင်္ဂလာဆောင်ခန်းမ ဘယ်ခန်းမှ မသွားနိုင်ပါဘူး သူ့အိမ် ကိုယ့်အိမ်က ခန်းမပါဘဲ လက်ထပ်စာချုပ်ခန်း မပါသလိုဘဲ သတို့သမီး သတို့သားအရံ ခေါ်ဖို့ နေနေသာသာ ကိုယ်တွေတောင် ဝတ်စုံဖိုး မလောက်လို့

မှတ်တမ်းတင် VDO မှတ်တမ်း မခေါ်နိုင်ပါဘူး ဓါတ်ပုံဆရာက ခင်လို့ ၃ ပုံဘဲ ရိုက်ပေးတယ် ခုတော့ အမျိုးတွေနဲ့ပုံ တစ်ပုံဘဲ ရှိတော့တယ် မင်္ဂလာမောင်မယ် ဆွမ်းကယ်တို့ ကိတ်မုန့်ခွန်တို့ အလှပုံတို့ မရိုက်နိုင်ခဲ့ပါဘူး

မင်္ဂလာလက်ဖွဲ့ ၈၀၀၀ ရပါတယ် သိန်း၈၀၀၀ မဟုတ်ပါ ရိုးရိုး ရှစ်ထောင်ကျပ်ပါ ခုခေတ်လိုဆိုရင် တစ်ထောင်တန် ရှစ်ရွက်ပေါ့ဗျာ ရတာနဲ့ကုန်တာ အတူတူလောက်ပါဘဲ ဒါပေမဲ့ အဲဒီငွေက လာသမျှလူကို ထမင်းကျွေးနိုင်ပါတယ် ရွှေတစ်ကျပ်သား ၃၅၀၀

ဟန်းနီးမွန်းခရီး မင်္ဂလာဆောင်ပြီး နောက်ရက် မိန်းမခေါ်ပြီး ရွှေတောပြန်ပြီး ကွမ်းယာယာ ရောင်းနေလိုက်တာပါဘဲ.. ချောင်းသာ ငပလီသွားဖို့ နေနေသာသာ မင်္ဂလာဆောင်အကြွေးဆပ်ဖို့ ဈေးရောင်းရမယ်လေ

နိဂုံးချုပ်တော့ မင်္ဂလာဘယ်လိုဆောင်တာ အရေးမကြီပါဘူး မင်္ဂလာဆောင်ပြီးနောက် ဘယ်လိုနေ ဘယ်လိုသေ သွားကြတယ်ဆို အေရးကြီးတယ်ထင်တာပဲ

ခုထိ အိမ်ထောင်သက် (၃၅)နှစ် ဘာအမှတ်တရပွဲမှ မလုပ်ဘူးသေးပါဘူး မလိုအပ်ဘဲ အပိုမကုန်ချင်လို့ပါ အမှတ်တရများ များလွန်းလို့ မရေးတော့ပါဘူး

ထီးလိုတဖုံ ယပ်လိုတသွယ် အနွေးထည်လိုတမျိုး စောင့်ရှောက်နေတာကြောင့် သူမရှိရင်တော့ မနေတတ်တော့ဘူးဗျ

သံဝေဂ ဒါပေမဲ့လည်း တနေ့တော့ ခွဲကြရမှာလေ ဒါကြောင့် တရားဘဲအားကိုးရမှာမို့ စာတလုံးကြောင့် အသိတခုရနိုင်ကြပါစေ စာတစ်လုံးကြောင့် တခုခုတော့ရကြပါစေလို့

သူ့ရဲ့ လူမှုကွန်ယက် Aung San Win အကောင့်ကနေ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေသူ ၃ ထောင်နီးပါး ရှိခဲ့ပါတယ်။ ပကာသနမဖက်ပဲ အရှိကို အရှိအတိုင်း ဘဝကို ရိုးသားကြိုးစားစွာ ဖြတ်သန်းနေတဲ့ “ဦးအောင်” ကတော့ လူတိုင်း လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ပါတယ်။

ဓါတ်ပုံ – Aung San Win (FB)

Credit: Popolay

Be the first to comment

Leave a Reply

Your email address will not be published.


*