စုဗူးေလးေတြထဲက က်ခဲ့ရတဲ့ဝမ္းနည္းမ်က္ရည္

Zawgyiျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ၃ ရက္ကေပါ့ က်မ ေန႔စဥ္ေန႔တိုင္း သြားေနက် ျမတ္ေစာညီေနာင္ ဘုရားမွာ ကိုရင္ေလးေတြအုပ္စု စုဗူးေလးေတြ ေပြ႕လို႔ ေျပးလႊားၿပီးလာၾကတာ။ အထဲကို မ်က္စိေလးတစ္ဖက္မွိတ္ၿပီး ေခ်ာင္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္နဲ႔ ေခါင္းျပန္မေမာ့ႏိုင္ဘူး ရင္ထဲမွာ အလုံးႀကီးစို႔တက္ၿပီးမ်က္ရည္ေတြ ထိန္းလို႔မရေအာင္ က်မိတယ္…

ဘာလို႔က်မိလဲဆိုေတာ့ ျမင္လိုက္ရတဲ့ စုဗူးေလးထဲက ေဟာင္းႏြမ္းစုတ္ပ်က္ေနတဲ့ ၅၀ တန္ေလး တစ္႐ြက္ေၾကာင့္ပါဘဲ။ ဘယ္လိုလုပ္မ်ား ရီမု ကားေလးေတြ ဝယ္ၾကမွာလဲ ျမတ္ေစာညီေနာင္ဘုရား တေပါင္းပြဲေတာ္ႀကီးကလည္း နီးေနၿပီေလ။ ရင္ထဲမွာ ေျပာမျပတက္ေအာင္ ခံစားခဲ့ရပါတယ္။

အဲ့ဒါနဲ႔ဘဲ ကိုရင္ေလးေတြကိုေခၚၿပီး ကိုရင္တို႔ ေသာၾကာ ေန႔လည္ ၁၂ နာရီ က်ရင္ ဒီဆိုင္ေလးမွာ လာေစာင့္ေန တပည့္ေတာ္ ရီမုကားေတြဝယ္ပီး လာခဲ့မယ္လို႔ မွာခဲ့လိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ ေသာၾကာေန႔ ေန႔လည္မွာ အခမ္းနားတစ္ခု တက္ေရာက္ဖို႔ မေမွ်ာ္လင့္ဘဲ ေပၚလာပါတယ္။

က်မလည္း ကိုရင္ေလးေတြ ေစာင့္ေနမွာစိုးလို႔ ၁၀ နာရီေလာက္မွာ ႀကိဳၿပီး ဖုန္းဆက္လိုက္တယ္ ဒီေန႔ မႂကြလာဖို႔ မနက္ျဖန္ စေနေန႔မွ လာမယ္ ေျပာေတာ့ ကိုရင္ေလးေတြ မနက္ထဲက ေရာက္ေနၾကတာတဲ့ စိတ္ထဲလည္းမေကာင္းဘူး ဘယ္လိုမွလည္း သြားလို႔မရဘူးေပါ့။

ဒီေန႔ ေတာ့ စေနေန႔ ဖိတ္ထားတဲ့ သြားစရာရွိတဲ့ အခမ္းနားပြဲေတြ သြားၿပီး ဘုရားကို တန္းသြားတာေပါ့ ။ က်မ ကားကိုျမင္ေတာ့ အေဝးႀကီးကေန ေျပးလာၾကတာ ဒကာမႀကီး လာၿပီေဟးး ဆိုၿပီးေတာ့ သကၤန္းေလးေတြ ဖ႐ိုဖရဲနဲ႔ေပါ့။

မ်က္ႏွာေလးေတြေပၚမွာ ေခြၽးေလးေတြစို႔၊ ႏွပ္ခ်ီးေလးေတြထြက္ ၊ ဂ်ီးေၾကာင္း ေလးေတြ မဲတူးေနေပမယ့္ ခ်စ္စရာအၿပဳံးေလးေတြက ရင္ထဲကို ၾကည္ႏူးပီတိျဖစ္စြာနဲ႔ ဝင္ေရာက္လာခဲ့ပါတယ္။

ေမွ်ာ္လင့္ခ်က္ မ်က္လုံးေလးေတြကေနၿပီး ေပွ်ာ္႐ႊင္ၾကည္းႏူးသြားၾကတဲ့ မ်က္လုံးေတြ အျဖစ္ ေျပာင္းလဲသြားၾကတာေလ။ အဲ့ဒီလို ၾကည္ႏူးပီတိျဖစ္ေနၾကတဲ့ ခ်စ္စရာမ်က္လုံးေလးေတြကို က်မ တစ္သက္ဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး ။

ကိုရင္ေလးေတြ ၾကည္ႏူးပီတိျဖစ္ေနတာကို ၾကည့္ရင္း ရင္ထဲကေန တစ္ခုေတာ့ ဆုေတာင္းမိလိုက္ပါတယ္ ။ ရွင္သာမေဏ ကိုရင္ေလးေတြ ကစၿပီး ရဟန္း သံဃာ ဆရာေတာ္ႀကီးမ်ားအားလုံး သာသနာ့ေဘာင္မွာ ၾကည္ႏူးေပ်ာ္႐ႊင္မႈ႕မ်ားစြာနဲ႔ အစဥ္အၿမဲ ေပ်ာ္႐ႊင္စြာ သာသနာျပဳႏိုင္ၾကပါေစလို႔

#Credit- moe min

ေမတၱာျဖင့္ ျပန္လည္မွ်ေဝသည္

Unicodeဖြင့်ဖတ်ရန်

ပြီးခဲ့တဲ့ ၃ ရက်ကပေါ့ ကျမ နေ့စဉ်နေ့တိုင်း သွားနေကျ မြတ်စောညီနောင် ဘုရားမှာ ကိုရင်လေးတွေအုပ်စု စုဗူးလေးတွေ ပွေ့လို့ ပြေးလွှားပြီးလာကြတာ။ အထဲကို မျက်စိလေးတစ်ဖက်မှိတ်ပြီး ချောင်းကြည့်လိုက်တော့ တော်တော်နဲ့ ခေါင်းပြန်မမော့နိုင်ဘူး ရင်ထဲမှာ အလုံးကြီးစို့တက်ပြီးမျက်ရည်တွေ ထိန်းလို့မရအောင် ကျမိတယ်…

ဘာလို့ကျမိလဲဆိုတော့ မြင်လိုက်ရတဲ့ စုဗူးလေးထဲက ဟောင်းနွမ်းစုတ်ပျက်နေတဲ့ ၅၀ တန်လေး တစ်ရွက်ကြောင့်ပါဘဲ။ ဘယ်လိုလုပ်များ ရီမု ကားလေးတွေ ဝယ်ကြမှာလဲ မြတ်စောညီနောင်ဘုရား တပေါင်းပွဲတော်ကြီးကလည်း နီးနေပြီလေ။ ရင်ထဲမှာ ပြောမပြတက်အောင် ခံစားခဲ့ရပါတယ်။

အဲ့ဒါနဲ့ဘဲ ကိုရင်လေးတွေကိုခေါ်ပြီး ကိုရင်တို့ သောကြာ နေ့လည် ၁၂ နာရီ ကျရင် ဒီဆိုင်လေးမှာ လာစောင့်နေ တပည့်တော် ရီမုကားတွေဝယ်ပီး လာခဲ့မယ်လို့ မှာခဲ့လိုက်ပါတယ်။ ဖြစ်ချင်တော့ သောကြာနေ့ နေ့လည်မှာ အခမ်းနားတစ်ခု တက်ရောက်ဖို့ မမျှော်လင့်ဘဲ ပေါ်လာပါတယ်။

ကျမလည်း ကိုရင်လေးတွေ စောင့်နေမှာစိုးလို့ ၁၀ နာရီလောက်မှာ ကြိုပြီး ဖုန်းဆက်လိုက်တယ် ဒီနေ့ မကြွလာဖို့ မနက်ဖြန် စနေနေ့မှ လာမယ် ပြောတော့ ကိုရင်လေးတွေ မနက်ထဲက ရောက်နေကြတာတဲ့ စိတ်ထဲလည်းမကောင်းဘူး ဘယ်လိုမှလည်း သွားလို့မရဘူးပေါ့။

ဒီနေ့ တော့ စနေနေ့ ဖိတ်ထားတဲ့ သွားစရာရှိတဲ့ အခမ်းနားပွဲတွေ သွားပြီး ဘုရားကို တန်းသွားတာပေါ့ ။ ကျမ ကားကိုမြင်တော့ အဝေးကြီးကနေ ပြေးလာကြတာ ဒကာမကြီး လာပြီဟေးး ဆိုပြီးတော့ သင်္ကန်းလေးတွေ ဖရိုဖရဲနဲ့ပေါ့။

မျက်နှာလေးတွေပေါ်မှာ ချွေးလေးတွေစို့၊ နှပ်ချီးလေးတွေထွက် ၊ ဂျီးကြောင်း လေးတွေ မဲတူးနေပေမယ့် ချစ်စရာအပြုံးလေးတွေက ရင်ထဲကို ကြည်နူးပီတိဖြစ်စွာနဲ့ ဝင်ရောက်လာခဲ့ပါတယ်။

မျှော်လင့်ချက် မျက်လုံးလေးတွေကနေပြီး ပျှော်ရွှင်ကြည်းနူးသွားကြတဲ့ မျက်လုံးတွေ အဖြစ် ပြောင်းလဲသွားကြတာလေ။ အဲ့ဒီလို ကြည်နူးပီတိဖြစ်နေကြတဲ့ ချစ်စရာမျက်လုံးလေးတွေကို ကျမ တစ်သက်ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး ။

ကိုရင်လေးတွေ ကြည်နူးပီတိဖြစ်နေတာကို ကြည့်ရင်း ရင်ထဲကနေ တစ်ခုတော့ ဆုတောင်းမိလိုက်ပါတယ် ။ ရှင်သာမဏေ ကိုရင်လေးတွေ ကစပြီး ရဟန်း သံဃာ ဆရာတော်ကြီးများအားလုံး သာသနာ့ဘောင်မှာ ကြည်နူးပျော်ရွှင်မှု့များစွာနဲ့ အစဉ်အမြဲ ပျော်ရွှင်စွာ သာသနာပြုနိုင်ကြပါစေလို့

#Credit- moe min

မေတ္တာဖြင့် ပြန်လည်မျှဝေသည်

Be the first to comment

Leave a Reply

Your email address will not be published.


*