
Credit: O’ Chu
Unicode
တညလုံး ဖဲရိုက် ပြန်လာတာတောင် အိမ်က မိန်းမက ထိုင်ရှိခိုးရတဲ့ မောင်ခွေးရဲ့ အကြံ
အကြံပိုင်သော မောင်ခွေး
ည ၉ နာရီလောက် လင်မယား၂ ယောက် အိမ်ပြန်ကြတော့ လမ်းတစ်ဝက်မှာ မျက်နှာဖုံးစွတ်နဲ့ လူ ၄ယောက် ထွက်လာ ပါတယ်… ဓါးကိုယ်စီ ကိုင်ထားပြီးတော့.. ခေါင်းဆောင်ဖြစ်သူလို့ ထင်ရတဲ့သူက…
“လက်မြှောက်ထားပါ အော်မယ် မကြံနဲ့…. ဓါးက မျက်စိမပါဘူး… မင်းတို့ ၂ ယောက်ထဲက တစ်ယောက် နေခဲ့ရမယ်… ပြန်ပေးဆွဲတာပါ.. ရဲတိုင်ရင်တော့ အလောင်း လာကောက်ရမယ်… ဘယ်သူ နေခဲ့မလဲပြော…
“ယောင်္ကျားဖြစ်သူက ချက်ချင်း ရင်ကိုကော့ကာ….“ကျွန်တော် နေခဲ့မယ်…. မိန်းမကို ပြန်လွတ်ပေးပါ…. မိန်းမ မင်းအိမ်ပြန်နှင့် ရဲမတိုင်နဲ့နော်…. ငါသူတို့နဲ့ ညှိနိုင်းပြီး ဖုန်းပြန် ဆက်မယ်…”
မိန်းမဖြစ်သူ ပြန်သွားသောအခါ လူဆိုးလေးယောက်လုံး ခေါင်းစွတ်ကို ချွတ်ကာ… “ခွီးတဲ့မှပဲ…. မင်းကို ဖဲခေါ်ရိုက်ဖို့က လူကြမ်းတောင် လုပ်လိုက်ရသေးတယ်….. တစ်ဝိုင်းလိုနေလို့သာ ကြံဖန်ပြီး ခေါ်ရတာ”
နာရီဝက်လောက်နေတော့ ယောင်္ကျားဖြစ်သူက သူ့မိန်းမဖုန်းကို မက်ဆေ့ ပို့လိုက်ပါတယ်…။ သူ့ ATM ကဒ်ထဲကို ၅ သိန်း ချက်ချင်း လွဲပေးဖို့ နဲ့ ငွေရရင် သူတို့က နောက်နေ့မနက် အသက်ရှင်လျက် ပြန်လွတ်ပေးမယ် ဆိုတဲ့အကြောင်း ရေးပို့ လိုက်တာပါ။
ခဏနေတော့ ငွေရောက်လာတာနဲ့ ချက်ချင်းထုတ်က တစ်ညလုံး ဘော်ဒါတွေနဲ့ မိုးလင်ပေါက် ဖဲရိုက်ပါလေတော့သည်….။
နောက်နေ့မနက် အိမ်ပြန်ရောက်တာနဲ့ ဇနီးသည်က ငိုယိုပြီး ထိုင်ရှိခိုးကာ…. ယောက်င်္ကျားရယ်… အိမ်ဦးနတ် ပီသပါပေ့တယ်.. နောက်နောင် မပြစ်မှားတော့ပါဘူး… ယောင်္ကျား ပြောစကားကို အကုန် နားထောင်ပါ့မယ်… ဆိုပြီး ဝန်ချ တောင်းပန်လေသတဲ့…
Credit: O’ Chu
Leave a Reply