“မယားတစ္ရက္ ေက်းဇူးတစ္ရာ”

"မယားတစ္ရက္ ေက်းဇူးတစ္ရာ"
"မယားတစ္ရက္ ေက်းဇူးတစ္ရာ"

“မယားတစ္ရက္ ေက်းဇူးတစ္ရာ”

မယားတစ္ရက္

မိန္းမသားတစ္ေယာက္ကို ကိုယ့္မယားလို႔ သက္မွတ္လိုက္တဲ့ အဲဒီတစ္ရက္ကို တစ္သက္လုံး မွတ္ထားမိဖို႔ အလြန္အေရးႀကီးတယ္။ အခုယူ အခုကြဲၾကတာေတြ ေလာကမွာ ျမင္ရတာေတြက အမ်ားႀကီးပဲ ဒါေတြဟာ ခ်စ္လို႔လက္ထပ္တာ ဟုတ္ခဲ့ေပမယ့္ သံေယာဇဥ္ေတြေၾကာင့္ လက္ထပ္ခဲ့တာမ်ိဳး မဟုတ္ခဲ့ၾကလို႔ပါ။

သံေယာဇဥ္ဆိုတာမ်ိဳးက ျဖတ္ေတာက္ရတာ အလြန္ခက္တဲ့အရာမ်ိဳး ဘာနဲ႔တူသလဲဆိုရင္ ေမွ်ာ့သေရဖက္နဲ႔တူတယ္ သူ႔ကိုစြဲေလေလ သူဟာ ေရွလာေလပဲ။ အခ်စ္ဆိုတဲ့ အရာမ်ိဳးက ထန္းလွ်က္ခဲကို ဝါးစားေနရသလိုမ်ိဳးပါ စားေနတုန္းခဏတာပဲ စားေနသူခ်ိဳေစတာပါ။

မယားက မ်က္စိဆိုရင္ လင္ေယာက္်ားက လက္ျဖစ္ရပါမယ္ ဘာအေၾကာင္းကိစၥပဲျဖစ္ျဖစ္ မယားျဖစ္သူမွာ မ်က္ရည္က်တာျမင္ရင္ လင္ေယာက္်ားက လက္နဲ႔သုတ္ေပးတတ္ရတယ္ ဒါဟာ အခ်စ္လို႔ ေခၚမလား ? ဒါမွမဟုတ္ ယုယျခင္းေတြလို႔ ေခၚရမလား ?

တစ္ခုမွ မဟုတ္ပါဘူး ဒါဟာ ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ျခင္းလို႔ ေခၚပါတယ္။ ကာမဂုဏ္ခံစားဖို႔ တစ္ခုတည္းအတြက္နဲ႔ တစ္ခဏသာေပါင္းသင္းၿပီး လမ္းခြဲလိုက္ရင္ ဒါဟာ တိရစာၦန္ေတြနဲ႔ ဘာထူးေတာ့မွာလဲ မိန္းမသားတစ္ေယာက္ကို မယားအျဖစ္ သက္မွတ္တဲ့ အဲဒီတစ္ရက္ဟာ တစ္သက္လုံး ဒီမယားကို စံအတူ ခံအတူ ေပါင္းသင္းေနထိုင္ သြားရေတာ့မယ္ဆိုတဲ့ သေဘာတရားပါ ဒါကိုနားလည္ထားဖို႔လိုတယ္။

ေက်းဇူးတစ္ရာ

ေခြးတစ္ေကာင္ဟာ သူ႔ကိုထမင္းတစ္လုတ္ ေကြၽးတဲ့ လက္ကို အနည္းဆုံး [ ၅ ] ႏွစ္ထိ ေမ့မသြားဘူးတဲ့ ေခြးေတြကပဲ အမွတ္သားေကာင္းတာလား လူေတြကပဲ အသိဥာဏ္ နည္းတာလားေတာ့မသိ တစ္ခ်ိဳ႕လူေတြကေတာ့ သူတို႔ဗိုက္ဝသြားရင္ ေက်ာျပင္ပဲ ျမင္ရေတာ့တာမ်ားတယ္။

တေန႔ တေန႔ကိုယ့္ဆီ လာတဲ့သူေတြဟာ ဘယ္လိုလူေတြက အမ်ားဆုံးလို႔ ထင္ပါသလဲ ကူဖို႔လာတဲ့ သူေတြလား ? ပူဖို႔လာတဲ့ သူေတြလား ? ယူဖို႔လာတဲ့ သူေတြလား ? ပူဖို႔ပဲလာလာ ယူဖို႔ပဲလာလာ ပူၿပီးရင္ ယူၿပီးရင္ေတာ့ အဲဒီေက်းဇူးကို မေမ့ပါနဲ႔ ျပန္ဆက္ဖို႔လည္း မေမွ်ာ္လင့္ပါဘူး ေက်းဇူးပါေနာ္ …ဆိုတဲ့ စကားေလးတစ္ခြန္းေတာ့ ဆိုျပခဲ့ေပးပါ အသက္မဲ့ေနတဲ့ႏႈပ္ခမ္း တစ္ခါတေလ ၿပဳံးဘူးခ်င္လို႔ပါ။

တေန႔က စာေရးသူ ကြမ္းစားခ်င္လို႔ ေက်ာင္းသားေလးကို ကြမ္း႐ြက္ဝယ္ခိုင္းျဖစ္တယ္ သူ႔ခင္မ်ာ ထီးတစ္ေခ်ာင္းနဲ႔ မိုးေတာထဲသြားရတာ ျပန္လာေတာ့လည္း အဲဒီကြမ္း႐ြက္ေလးေတြ ေဆးေပးပါဦးကြာလို႔ ဆက္ခိုင္းျဖစ္တယ္ ေဆးၿပီးသားကြမ္း႐ြက္ေတြ လာေပးေတာ့ သူ႔ရဲ႕ေအာက္တစ္ပိုင္းလုံး မိုးေရေတြ႐ႊဲေနပီ။

ဒါေပမယ့္ စာေရးသူရဲ႕စကားေလးတစ္ခြန္းေၾကာင့္ မိုးစက္ေတြၾကားကသူ႔မ်က္နာေလးၿပဳံးသြားတယ္ သူ႔ကိုဘာေျပာလိုက္တာလည္းဆိုရင္ ေက်းဇူးေနာ္…… ညီေလးဆို တဲ့ စကားတစ္ခြန္းပါ။ ဟုတ္ပါတယ္ ဘယ္လိုေက်းဇူးမ်ိဳးျဖစ္ျဖစ္ ကိုယ့္အေပၚ တစ္ခါတင္တဲ့ ေက်းဇူး
အသက္တစ္ရာထိ မေမ့ရပါဘူး ေက်းဇူးမကန္းၾကပါနဲ႔ ။

တစ္ခ်ိဳ႕ေသာေက်းဇူးေတြက စကားေလးတစ္ခြန္းတည္းနဲ႔လည္း တစ္ဖက္သူကို ေက်နပ္ေအာင္ ေၾကေအာင္ဆပ္လို႔ ရႏိုင္ပါတယ္။
❝ဒါ့ေၾကာင့္ မယားအေပၚလည္း ေၾကေစ ေက်းဇူးကိုလည္းေျခေစ တဲ့ ❞ မယားတစ္ရက္ ေက်းဇူးတစ္ရာ
Credit

Unicode

“မယားတစ်ရက် ကျေးဇူးတစ်ရာ”

မယားတစ်ရက်

မိန်းမသားတစ်ယောက်ကို ကိုယ့်မယားလို့ သက်မှတ်လိုက်တဲ့ အဲဒီတစ်ရက်ကို တစ်သက်လုံး မှတ်ထားမိဖို့ အလွန်အရေးကြီးတယ်။ အခုယူ အခုကွဲကြတာတွေ လောကမှာ မြင်ရတာတွေက အများကြီးပဲ ဒါတွေဟာ ချစ်လို့လက်ထပ်တာ ဟုတ်ခဲ့ပေမယ့် သံယောဇဉ်တွေကြောင့် လက်ထပ်ခဲ့တာမျိုး မဟုတ်ခဲ့ကြလို့ပါ။

သံယောဇဉ်ဆိုတာမျိုးက ဖြတ်တောက်ရတာ အလွန်ခက်တဲ့အရာမျိုး ဘာနဲ့တူသလဲဆိုရင် မျှော့သရေဖက်နဲ့တူတယ် သူ့ကိုစွဲလေလေ သူဟာ ရှေလာလေပဲ။ အချစ်ဆိုတဲ့ အရာမျိုးက ထန်းလျှက်ခဲကို ဝါးစားနေရသလိုမျိုးပါ စားနေတုန်းခဏတာပဲ စားနေသူချိုစေတာပါ။

မယားက မျက်စိဆိုရင် လင်ယောက်ျားက လက်ဖြစ်ရပါမယ် ဘာအကြောင်းကိစ္စပဲဖြစ်ဖြစ် မယားဖြစ်သူမှာ မျက်ရည်ကျတာမြင်ရင် လင်ယောက်ျားက လက်နဲ့သုတ်ပေးတတ်ရတယ် ဒါဟာ အချစ်လို့ ခေါ်မလား ? ဒါမှမဟုတ် ယုယခြင်းတွေလို့ ခေါ်ရမလား ?

တစ်ခုမှ မဟုတ်ပါဘူး ဒါဟာ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းလို့ ခေါ်ပါတယ်။ ကာမဂုဏ်ခံစားဖို့ တစ်ခုတည်းအတွက်နဲ့ တစ်ခဏသာပေါင်းသင်းပြီး လမ်းခွဲလိုက်ရင် ဒါဟာ တိရစ္ဆာန်တွေနဲ့ ဘာထူးတော့မှာလဲ မိန်းမသားတစ်ယောက်ကို မယားအဖြစ် သက်မှတ်တဲ့ အဲဒီတစ်ရက်ဟာ တစ်သက်လုံး ဒီမယားကို စံအတူ ခံအတူ ပေါင်းသင်းနေထိုင် သွားရတော့မယ်ဆိုတဲ့ သဘောတရားပါ ဒါကိုနားလည်ထားဖို့လိုတယ်။

ကျေးဇူးတစ်ရာ

ခွေးတစ်ကောင်ဟာ သူ့ကိုထမင်းတစ်လုတ် ကျွေးတဲ့ လက်ကို အနည်းဆုံး [ ၅ ] နှစ်ထိ မေ့မသွားဘူးတဲ့ ခွေးတွေကပဲ အမှတ်သားကောင်းတာလား လူတွေကပဲ အသိဥာဏ် နည်းတာလားတော့မသိ တစ်ချို့လူတွေကတော့ သူတို့ဗိုက်ဝသွားရင် ကျောပြင်ပဲ မြင်ရတော့တာများတယ်။

တနေ့ တနေ့ကိုယ့်ဆီ လာတဲ့သူတွေဟာ ဘယ်လိုလူတွေက အများဆုံးလို့ ထင်ပါသလဲ ကူဖို့လာတဲ့ သူတွေလား ? ပူဖို့လာတဲ့ သူတွေလား ? ယူဖို့လာတဲ့ သူတွေလား ? ပူဖို့ပဲလာလာ ယူဖို့ပဲလာလာ ပူပြီးရင် ယူပြီးရင်တော့ အဲဒီကျေးဇူးကို မမေ့ပါနဲ့ ပြန်ဆက်ဖို့လည်း မမျှော်လင့်ပါဘူး ကျေးဇူးပါနော် …ဆိုတဲ့ စကားလေးတစ်ခွန်းတော့ ဆိုပြခဲ့ပေးပါ အသက်မဲ့နေတဲ့နှုပ်ခမ်း တစ်ခါတလေ ပြုံးဘူးချင်လို့ပါ။

တနေ့က စာရေးသူ ကွမ်းစားချင်လို့ ကျောင်းသားလေးကို ကွမ်းရွက်ဝယ်ခိုင်းဖြစ်တယ် သူ့ခင်မျာ ထီးတစ်ချောင်းနဲ့ မိုးတောထဲသွားရတာ ပြန်လာတော့လည်း အဲဒီကွမ်းရွက်လေးတွေ ဆေးပေးပါဦးကွာလို့ ဆက်ခိုင်းဖြစ်တယ် ဆေးပြီးသားကွမ်းရွက်တွေ လာပေးတော့ သူ့ရဲ့အောက်တစ်ပိုင်းလုံး မိုးရေတွေရွှဲနေပီ။

ဒါပေမယ့် စာရေးသူရဲ့စကားလေးတစ်ခွန်းကြောင့် မိုးစက်တွေကြားကသူ့မျက်နာလေးပြုံးသွားတယ် သူ့ကိုဘာပြောလိုက်တာလည်းဆိုရင် ကျေးဇူးနော်…… ညီလေးဆို တဲ့ စကားတစ်ခွန်းပါ။ ဟုတ်ပါတယ် ဘယ်လိုကျေးဇူးမျိုးဖြစ်ဖြစ် ကိုယ့်အပေါ် တစ်ခါတင်တဲ့ ကျေးဇူး
အသက်တစ်ရာထိ မမေ့ရပါဘူး ကျေးဇူးမကန်းကြပါနဲ့ ။

တစ်ချို့သောကျေးဇူးတွေက စကားလေးတစ်ခွန်းတည်းနဲ့လည်း တစ်ဖက်သူကို ကျေနပ်အောင် ကြေအောင်ဆပ်လို့ ရနိုင်ပါတယ်။
❝ဒါ့ကြောင့် မယားအပေါ်လည်း ကြေစေ ကျေးဇူးကိုလည်းခြေစေ တဲ့ ❞ မယားတစ်ရက် ကျေးဇူးတစ်ရာ
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*