

Zawgyi ဖြင့် ဖတ်ရန်


သား ယောက်ျားလေး မွေးရင် သာသနာဘောင် သွတ်သွင်းခွင့် ရမယ်ဆိုပြီး မြင့်မြတ်တဲ့ မိခင်တွေလို့ သတ်မှတ်ကြတာပါ။

တကယ်လက်တွေ့ဘဝမှာ မြင့်မြတ်တယ် မမြင့်မြတ်ဘူး ဆိုတာထက် သားယောက်ျားလေးထက် မိခင်ကို ပိုစာနာတတ်တာ မိခင် အနားမှာအချိန်များများ ရှိနေတာဟာ သမီး မိန်းခလေး တွေပါ…






သားမွေးတိုင်း မိန်းမမြတ် မဟုတ်သလို သမီးမွေးတိုင်းလည်း မိန်းမယုတ် မဟုတ်ပါဘူး

Unicode ဖြင့် ဖတ်ရန်

တချို့က ပြောကြတယ် ဘုန်းကံ မရှိလို့ သမီး မိန်းခလေး မွေးတာတဲ့ ကျွန်မတော့ အဲ့ဒါကို လက်မခံပါဘူး ပေတေလေလွင့်ပြီး ဆိုးသွမ်းနေတဲ့ သားတွေကို မွေးထားမိတဲ့ မိခင်တွေဆို ငါဟာမိန်းမမြတ်လို့ ဂုဏ်ယူနိုင်မယ် မထင်ပါဘူး …

သား ယောကျ်ားလေး မွေးရင် သာသနာဘောင် သွတ်သွင်းခွင့် ရမယ်ဆိုပြီး မြင့်မြတ်တဲ့ မိခင်တွေလို့ သတ်မှတ်ကြတာပါ။

တကယ်လက်တွေ့ဘဝမှာ မြင့်မြတ်တယ် မမြင့်မြတ်ဘူး ဆိုတာထက် သားယောကျ်ားလေးထက် မိခင်ကို ပိုစာနာတတ်တာ မိခင် အနားမှာအချိန်များများ ရှိနေတာဟာ သမီး မိန်းခလေး တွေပါ…

လောကမှာ သားဆိုး တွေရှိသလို သမီးဆိုး တွေလည်း ရှိကြပါတယ်… သားမွေးတိုင်း မိန်းမမြတိ မဟုတ်သလို သမီးမွေးတိုင်း မိန်းမယုတ် မဟုတ်ကြပါဘူး

အကျင့်သီလနဲ့ ပြည့်စုံအောင် ပြုစု ပျိုးထောင် စောင့်ရှောက်ခဲ့ပြီး လူတွေအတွက် လောကအတွက် အကျိုးပြုတဲ့ လူသားလေးတွေ အကျင့်သီလပြည့်စုံတဲ့ သူတော်ကောင်းလေးတွေ မွေးထုတ်ပေးနိုင်တဲ့ မိခင်တိုင်း မြင့်မြတ်ကြပါတယ်…

(Ps: သူများတော့မသိဘူး ကျွန်မတော့ အမေကို စိတ်ညစ်အောင် လုပ်တဲ့သူမှန်သမျှ အရမ်း မုန်းပါတယ် ပုံထဲကလို ကျွန်မ အမေကိုမျက်ရည် ကျအောင် လုပ်တဲ့သူဆိုရင် ကျွန်မ ပိုပြီး မုန်းပါတယ်)

ကျွန်မ အမေကို လက်ညှိုးထိုးဖို့ မပြောနဲ့ မျက်စောင်း ထိုးတာတောင် မကြိုက်ပါဘူး။

Credit: မိခင်လောင်းများနှင့် မေမေများ ဆွေးနွေးဆုံစည်းရာ

Be the first to comment

Leave a Reply

Your email address will not be published.


*