ဟန်းဖုန်းတွေက အိမ်သာထိုင်ခုံထက် ၁၀ဆ ပိုညစ်ပတ်တယ်ဆိုတာ သင်သိပါသလား

ဟန်းဖုန်းတွေက အိမ်သာထိုင်ခုံထက် ၁၀ဆ ပိုညစ်ပတ်တယ်ဆိုတာ သင်သိပါသလား
ဟန်းဖုန်းတွေက အိမ်သာထိုင်ခုံထက် ၁၀ဆ ပိုညစ်ပတ်တယ်ဆိုတာ သင်သိပါသလား

ဟန်းဖုန်းတွေက အိမ်သာထိုင်ခုံထက် ၁၀ဆ ပိုညစ်ပတ်တယ်ဆိုတာ သင်သိပါသလား

မြို့ထဲကို လိုင်းကားစီးလာရင် မက်စ်တပ်ထားတဲ့ သူတွေ တစ်နေ့တခြား ပိုများလာတာကို တွေ့ရပါတယ်။ လူတွေက ကျန်မာရေးနဲ့ ပတ်သက် လာရင် ပိုပြီး သတိထားလာကြတယ် ပိုပြီး ဂရုစိုက်လာကြတယ် ဆိုတာကို ပြနေတာပါပဲ။

အခုလို နိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ဝူဟန်ထူးဆန်း တုတ်ကွေး ရောဂါရော ပုံမှန်ဖြစ်လေ့ရှိတဲ့ တုတ်ကွေးရောဂါတွေရော ကာကွယ်ဖို့အတွက် မက်စ်တွေ တပ်ထားကြတာ ကောင်းပါတယ်။ အသက်ရှုလမ်းကြောင်းကနေ တစ်ဆင့် ကူးနိုင်တဲ့ ရောဂါပိုးတွေကို တတ်နိုင်သလောက် တားဆီးထားတာပါ။

ရောဂါပိုးတွေ ကိုယ်တွင်းကို မဝင်ရောက်ဖို့ အခြေခံ နည်းလမ်းတွေ ကတော့ လက် ဆေးတာ ပါပဲ ။ လက်ကို မကြာခဏ ဆေးပေးတာက ပတ်ဝန်းကျင်က မျက်နှာပြင်တွေကို ထိတွေ့ ကိုင်တွယ်နေတဲ့ လက်မှာ ရောဂါပိုးတွေ ကပ်ညှိ နေနိုင်တဲ့အတွက် မကြာခဏ ဆေးခိုင်းတာပါ။

ရောဂါပိုးတွေက အသက်ရှု လမ်းကြောင်း ထဲကို လေထဲကနေ တိုက်ရိုက် ဝင်လာနိုင်လို့ မက်စ်ကို တပ်ရတာပါ။ ဟိုကိုင် ဒီကိုင် ကိုင်နေတဲ့ လက်ကို မဆေးပဲ မျက်နှာကို မကိုင်တွယ်ပါနဲ့ ဆိုတာတွေက ကာကွယ်ရေး အခြေခံ နည်းလမ်းတွေပါ။

ဟိုကိုင်ဒီကိုင်ဆိုလို့ ကျနော်တို့ တစ်ချိန်လုံး ကိုင်နေတာက ဟန်းဖုန်းပါ။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးဖြစ်တဲ့ ကဲနတ်မားက ကျနော်တို့ ကိုင်နေတဲ့ ဖုန်းမျက်နှာပြင် တွေကို သန့်ရှင်းရေး ပုံမှန်လုပ်ပါလို့ အကြံပြုလာပါတယ်။ ရောဂါကူးစပ်ဖို့ရာ အနီးစပ်ဆုံး ပစ္စည်း ဖြစ်နေလို့ ပါတဲ့ ။

စထရိတ်တိုင်းမ် သတင်းစာက ကဲနတ်မားရဲ့ စကားကို ကိုးကားပြီး မက်စ်တပ်တာထက် ဖုန်းကို သန်းရှင်းရေးလုပ်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုတယ်။ ကျနော်တို့က ဖုန်းကို သုံးတယ် အားကုန်သွားရင် တွေ့တဲ့နေရာမှာ အားသွင်းတယ်။ လူက ရောက်ရာပေါက်ရာ သွားရင် ဖုန်းကိုလည်း ရောက်ရာပေါက်ရာမှာ အားသွင်းတာပါပဲ။

နေရာစုံ ရောက်တဲ့ဖုန်းက ပတ်ဝန်းကျင် အစုံနဲ့ ထိတွေ့နေတော့ သူ့ရဲ့မျက်နှာပြင်က ရောဂါပိုးတွေနဲ့ မပြတ်ထိတွေ့ နေရပါတယ်။ အရီဇိုးနားတက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဆိုရင် ဟန်းဖုန်းတွေက အိမ်သာထိုင်ခုံတွေထက် ၁၀ ပိုပြီးတော့ ရောဂါပိုးတွေ ကပ်ညှိ နေနိုင်တယ်လို့ ပြောတယ် ။

ဒါကြောင်မိုလို့် လက်ကလေးကို ပုံမှန်ဆေးသလို ဖုန်းလေးကိုလည်း မကြာခဏ သန့်ရှင်းရေး လုပ်ပေးပါဦးလို့ အကြံပြု ပါရစေခင်ဗျား။

မောင်ယဿ REF: world of buzz, photo credit ; mothership sg

Zawgyi

ဟန္းဖုန္းေတြက အိမ္သာထိုင္ခုံထက္ ၁၀ဆ ပိုညစ္ပတ္တယ္ဆိုတာ သင္သိပါသလား

ၿမိဳ႕ထဲကို လိုင္းကားစီးလာရင္ မက္စ္တပ္ထားတဲ့ သူေတြ တစ္ေန႔တျခား ပိုမ်ားလာတာကို ေတြ႕ရပါတယ္။ လူေတြက က်န္မာေရးနဲ႔ ပတ္သက္ လာရင္ ပိုၿပီး သတိထားလာၾကတယ္ ပိုၿပီး ဂ႐ုစိုက္လာၾကတယ္ ဆိုတာကို ျပေနတာပါပဲ။

အခုလို ႏိုင္ငံတိုင္းမွာ ျဖစ္ေနတဲ့ ဝူဟန္ထူးဆန္း တုတ္ေကြး ေရာဂါေရာ ပုံမွန္ျဖစ္ေလ့ရွိတဲ့ တုတ္ေကြးေရာဂါေတြေရာ ကာကြယ္ဖို႔အတြက္ မက္စ္ေတြ တပ္ထားၾကတာ ေကာင္းပါတယ္။ အသက္ရႈလမ္းေၾကာင္းကေန တစ္ဆင့္ ကူးႏိုင္တဲ့ ေရာဂါပိုးေတြကို တတ္ႏိုင္သေလာက္ တားဆီးထားတာပါ။

ေရာဂါပိုးေတြ ကိုယ္တြင္းကို မဝင္ေရာက္ဖို႔ အေျခခံ နည္းလမ္းေတြ ကေတာ့ လက္ ေဆးတာ ပါပဲ ။ လက္ကို မၾကာခဏ ေဆးေပးတာက ပတ္ဝန္းက်င္က မ်က္ႏွာျပင္ေတြကို ထိေတြ႕ ကိုင္တြယ္ေနတဲ့ လက္မွာ ေရာဂါပိုးေတြ ကပ္ညႇိ ေနႏိုင္တဲ့အတြက္ မၾကာခဏ ေဆးခိုင္းတာပါ။

ေရာဂါပိုးေတြက အသက္ရႈ လမ္းေၾကာင္း ထဲကို ေလထဲကေန တိုက္႐ိုက္ ဝင္လာႏိုင္လို႔ မက္စ္ကို တပ္ရတာပါ။ ဟိုကိုင္ ဒီကိုင္ ကိုင္ေနတဲ့ လက္ကို မေဆးပဲ မ်က္ႏွာကို မကိုင္တြယ္ပါနဲ႔ ဆိုတာေတြက ကာကြယ္ေရး အေျခခံ နည္းလမ္းေတြပါ။

ဟိုကိုင္ဒီကိုင္ဆိုလို႔ က်ေနာ္တို႔ တစ္ခ်ိန္လုံး ကိုင္ေနတာက ဟန္းဖုန္းပါ။ စင္ကာပူ က်န္းမာေရးဝန္ႀကီးဌာနက အဆင့္ျမင့္ အရာရွိတစ္ဦးျဖစ္တဲ့ ကဲနတ္မားက က်ေနာ္တို႔ ကိုင္ေနတဲ့ ဖုန္းမ်က္ႏွာျပင္ ေတြကို သန႔္ရွင္းေရး ပုံမွန္လုပ္ပါလို႔ အႀကံျပဳလာပါတယ္။

ေရာဂါကူးစပ္ဖို႔ရာ အနီးစပ္ဆုံး ပစၥည္း ျဖစ္ေနလို႔ ပါတဲ့ ။ စထရိတ္တိုင္းမ္ သတင္းစာက ကဲနတ္မားရဲ႕ စကားကို ကိုးကားၿပီး မက္စ္တပ္တာထက္ ဖုန္းကို သန္းရွင္းေရးလုပ္ဖို႔က ပိုအေရးႀကီးတယ္လို႔ ဆိုတယ္။

က်ေနာ္တို႔က ဖုန္းကို သုံးတယ္ အားကုန္သြားရင္ ေတြ႕တဲ့ေနရာမွာ အားသြင္းတယ္။ လူက ေရာက္ရာေပါက္ရာ သြားရင္ ဖုန္းကိုလည္း ေရာက္ရာေပါက္ရာမွာ အားသြင္းတာပါပဲ။

ေနရာစုံ ေရာက္တဲ့ဖုန္းက ပတ္ဝန္းက်င္ အစုံနဲ႔ ထိေတြ႕ေနေတာ့ သူ႔ရဲ႕မ်က္ႏွာျပင္က ေရာဂါပိုးေတြနဲ႔ မျပတ္ထိေတြ႕ ေနရပါတယ္။ အရီဇိုးနားတကၠသိုလ္က သိပၸံပညာရွင္ေတြက ဆိုရင္ ဟန္းဖုန္းေတြက အိမ္သာထိုင္ခုံေတြထက္ ၁၀ ပိုၿပီးေတာ့ ေရာဂါပိုးေတြ ကပ္ညႇိ ေနႏိုင္တယ္လို႔ ေျပာတယ္ ။

ဒါေၾကာင္မိုလို႔္ လက္ကေလးကို ပုံမွန္ေဆးသလို ဖုန္းေလးကိုလည္း မၾကာခဏ သန႔္ရွင္းေရး လုပ္ေပးပါဦးလို႔ အႀကံျပဳ ပါရေစခင္ဗ်ား။

ေမာင္ယႆ REF: world of buzz, photo credit ; mothership sg

Be the first to comment

Leave a Reply

Your email address will not be published.


*