
တစ္ေယာက္ယူ တစ္ေယာက္လက္ေဆာင္ရမယ့္ ကမၻာ့ကံအေကာင္းဆံုး အမ်ိဳးသား
Zawgyi ျဖင့္ ဖတ္ရန္
အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အန္နာနဲ႔ လူစီတို႔ အႁမႊာညီအစ္မ ဟာ ဘန္ဘရိန္းလို႔ အမည္ရတဲ့ အမ်ိဳးသား နဲ႔ ၆ ႏွစ္ၾကာ ဒိတ္လုပ္ခဲ့ၾကၿပီး ၃ ဦးဆက္ဆံေရးကို ထူေထာင္ထားၾကသူေတြ ျဖစ္ပါတယ္။
အန္နာ နဲ႔လူစီတို႔ အႁမြာညီအစ္မဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းတဲ့အေနနဲ႔ ဘန္ဘရိန္းနဲ႔ လက္ထပ္ လိုၾကေပမယ့္ တစ္ခ်ိန္တည္းမွာ မိန္းမ ၂ ေယာက္ ယူလို႔မရတဲ့ ဥပေဒေၾကာင့္ အခက္ေတြ႕ေနၾကပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ လူစီနဲ႔အန္နာတို႔ဟာ တီဗြီ အစီအစဥ္မွာ ၎တို႔ေနထိုင္ရာ ၾသစေၾတးလ်ႏိုင္ငံရဲ႕ ဥပေဒကို ေျပာင္းလဲႏိုင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။
ၾသစေၾတးလ်အေနာက္ပိုင္း ပါ့သ္မွာ ေနထိုင္တဲ့ အန္နာနဲ႔ လူစီတို႔ အႁမႊာညီအစ္မဟာ ၁၀၀ ရာခိုင္ႏႈန္း ခြဲမရေအာင္ ခြၽတ္စြပ္တူၿပီး အလြန္လွပတဲ့ မိန္းကေလးေတြျဖစ္တာေၾကာင့္ အင္စတာဂရမ္မွာလည္း ပရိသတ္ ၂၇၀၀၀ ေက်ာ္ရရွိထားပါတယ္။
ၾသစေၾတးလ်ဟာသစီးရီးတစ္ခုျဖစ္ၿပီး Hughesy လို႔ အမည္ေပးထားတဲ့ ကြၽန္ေတာ္/ ကြၽန္မတို႔မွာ ျပႆနာရွိေနတယ္ အစီအစဥ္မွာ အန္နာနဲ႔ လူစီတို႔က အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။
“ေကာင္းၿပီေလ။ အဲဒီေတာ့ ကြၽန္မတို႔ ဘန္ကို ေဝမွ်ၾကတာေပါ့”
“ကြၽန္မတို႔ သူ႔ကို တစ္ေန႔တည္းမွာပဲ လက္ထပ္ခ်င္ပါတယ္။ ဒါေပမယ့္ ၾသစေၾတးလ်မွာရွိတဲ့ ဥပေဒက အဲဒီလိုလုပ္လို႔ မရဘူးေျပာေနတယ္။ အဲဒီေတာ့ ကြၽန္မတို႔ ဘယ္လိုလုပ္ၾကမလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
အန္နာနဲ႔ လူစီတို႔ဟာ ယင္းတီဗီအစီအစဥ္က ႐ုပ္သံဖိုင္ကို ၎တို႔ရဲ႕ အင္စတာဂရမ္မွာ ‘အထူးဆန္းဆုံး ျပႆနာတစ္ခုကို မွ်ေဝလိုက္ပါၿပီ။ အမ်ိဳးသားတစ္ဦးတည္းကိုပဲ ကြၽန္မတို႔ လက္ထပ္ခ်င္ပါတယ္’ဆိုတဲ့ စာသားနဲ႔ မွ်ေဝခဲ့ပါတယ္။
Credit : Shweinlay
Unicode ဖြင့် ဖတ်ရန်
တစ်ယောက်ယူ တစ်ယောက်လက်ဆောင်ရမယ့် ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသား
အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်နာနဲ့ လူစီတို့ အမြွှာညီအစ်မ ဟာ ဘန်ဘရိန်းလို့ အမည်ရတဲ့ အမျိုးသား နဲ့ ၆ နှစ်ကြာ ဒိတ်လုပ်ခဲ့ကြပြီး ၃ ဦးဆက်ဆံရေးကို ထူထောင်ထားကြသူတွေ ဖြစ်ပါတယ်။
အန်နာ နဲ့လူစီတို့ အမြွာညီအစ်မဟာ နောက်တစ်ဆင့်ကို တက်လှမ်းတဲ့အနေနဲ့ ဘန်ဘရိန်းနဲ့ လက်ထပ် လိုကြပေမယ့် တစ်ချိန်တည်းမှာ မိန်းမ ၂ ယောက် ယူလို့မရတဲ့ ဥပဒေကြောင့် အခက်တွေ့နေကြပါတယ်။
လက်ရှိအချိန်မှာတော့ လူစီနဲ့အန်နာတို့ဟာ တီဗွီ အစီအစဉ်မှာ ၎င်းတို့နေထိုင်ရာ သြစတြေးလျနိုင်ငံရဲ့ ဥပဒေကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
သြစတြေးလျအနောက်ပိုင်း ပါ့သ်မှာ နေထိုင်တဲ့ အန်နာနဲ့ လူစီတို့ အမြွှာညီအစ်မဟာ ၁၀၀ ရာခိုင်နှုန်း ခွဲမရအောင် ချွတ်စွပ်တူပြီး အလွန်လှပတဲ့ မိန်းကလေးတွေဖြစ်တာကြောင့် အင်စတာဂရမ်မှာလည်း ပရိသတ် ၂၇၀၀၀ ကျော်ရရှိထားပါတယ်။
သြစတြေးလျဟာသစီးရီးတစ်ခုဖြစ်ပြီး Hughesy လို့ အမည်ပေးထားတဲ့ ကျွန်တော်/ ကျွန်မတို့မှာ ပြဿနာရှိနေတယ် အစီအစဉ်မှာ အန်နာနဲ့ လူစီတို့က အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ကောင်းပြီလေ။ အဲဒီတော့ ကျွန်မတို့ ဘန်ကို ဝေမျှကြတာပေါ့”
“ကျွန်မတို့ သူ့ကို တစ်နေ့တည်းမှာပဲ လက်ထပ်ချင်ပါတယ်။ ဒါပေမယ့် သြစတြေးလျမှာရှိတဲ့ ဥပဒေက အဲဒီလိုလုပ်လို့ မရဘူးပြောနေတယ်။ အဲဒီတော့ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”လို့ ပြောကြားခဲ့ပါတယ်။
အန်နာနဲ့ လူစီတို့ဟာ ယင်းတီဗီအစီအစဉ်က ရုပ်သံဖိုင်ကို ၎င်းတို့ရဲ့ အင်စတာဂရမ်မှာ ‘အထူးဆန်းဆုံး ပြဿနာတစ်ခုကို မျှဝေလိုက်ပါပြီ။ အမျိုးသားတစ်ဦးတည်းကိုပဲ ကျွန်မတို့ လက်ထပ်ချင်ပါတယ်’ဆိုတဲ့ စာသားနဲ့ မျှဝေခဲ့ပါတယ်။
Credit : Shweinlay
Leave a Reply