
ကျွန်တော်တို့တွေ လူသားအဖြစ်မွေးဖွားလာတဲ့အခါမှာ ကိုယ်တိုင်မရွေးချယ်နိုင်ဘဲ ဖြစ်လာရတဲ့အခြေအနေတချို့ရှိပါတယ်။ အဲဒီ့အခြေအနေတွေက ကျွန်တော်တို့မှမဟုတ်ဘဲ အခြားဘယ်သူကမှလည်း တရားသေမှတ်ထားလို့ မရဘဲ ၊ ကိုယ်အတွက်ကောင်းခြင်းအဖြာဖြာဖြစ်လာအောင်ဆိုပြီး မရွေးချယ်နိုင်ပါဘူး။
ဒါပေမယ့် အဲဒီ့လို မရွေးချယ်နိုင်တဲ့အခြေအနေတွေကို သိရှိပြီး ကိုယ်ပြုပြင်နိုင်တာ၊ ကိုယ်ရွေးချယ်နိုင်တာကို ပြန်ပြီးအားစိုက်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အကောင်းဆုံးကိုမရွေးချယ်နိုင်ခဲ့ဘူးဆိုရင်တောင် အကောင်းဆုံးဖြစ်လာအောင် အားထုတ်ကြိုးစားလို့တော့ရနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။
၁) မိဘ
ဘယ်လိုမိဘမျိုးထံမှာမှ သားသမီးအဖြစ်မွေးဖွားမယ်လို့ ရွေးချယ်ခွင့် ဘယ်သူ့မှာမှမရှိပါဘူး။ ကျွန်တော်တို့မရွေးချယ်နိုင်တဲ့အခြေအနေမျိုးပါပဲ။ မိဘက ဆိုးလို့၊ မိဘက အသိဉာဏ်ပညာနဲ့မပြည့်ဝခဲ့လို့ ၊ မိဘက ငွေကြေးချို့တဲ့လို့၊ မိဘမဲ့ဖြစ်နေတာမို့ စတဲ့အကြောင်းတရားတွေက ကျွန်တော်တို့ပယောဂကြောင့်ဖြစ်လာတာမဟုတ်ပါဘူး။
အဲဒါအပြင် အဲဒီ့အကြောင်းတရားတွေကြောင့်ပဲ ကျွန်တော်တို့ရဲ့ဖြတ်တည်မှုကို အဆိုးဝါးဆုံးဖြစ်အောင် မဖြစ်ဖို့လည်း ကျွန်တော်တို့ကိုယ်တိုင်ပဲအဖတ်ဆယ်ရမှာဖြစ်ပါတယ်။
၂) ကံကြမ္ပာဆိုးတွေ
ဘယ်သူမှ ကံကြမ္ပာဆိုးတွေကို မလိုချင်ပါဘူး။ ဘယ်သူကမှလည်း မရွေးချယ်ချင်ပါဘူး။ ဒါပေမယ့် လူတိုင်းလိုလို ကြုံရတတ်ပါတယ်။ အဲဒါကြောင့် ကံကြမ္ပာဆိုးတွေကြုံရတဲ့အခါမှာလည်း ကိုယ့်မှကံဆိုးတယ်လို့တွေးပြီးစိတ်ဓာတ်မကျပါနဲ့။
ကံကြမ္ပာဆိုးကနေသာ ဘယ်လိုလွတ်အောင်ရုန်းမလဲ၊ ကြိုးစားမလဲဆိုတာကို တွေးပြီး ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ ကံကြမ္ပာဆိုးတွေကိုမရှောင်နိုင်ပေမယ့် ကံကြမ္ပာကောင်းဖြစ်လာအောင်တော့ ကျွန်တော်တို့ကြိုးစားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၃) ဘဝအနိမ့်အမြင့်
ဘဝက အမြဲတမ်းအနိမ့်အမြင့်နဲ့ပါ၊ ခုနေ ရှင်ဘုရင်နေရာရောက်နေပေမယ့် နောင်တစ်ချိန် သူဆင်းရဲနေရာရောက်နိုင်ပါသေးတယ်။ အမြဲတမ်းတည်မြဲတဲ့အခြေအနေဆိုတာမရှိနိုင်ပါဘူး။
အဲဒါကြောင့် အရင်က ဘယ်လိုရွှေထီးဆောင်းခဲ့ပါစေ၊ ပြန်မတမ်းတနေပါနဲ့။ အရင်က ဘယ်လောက်စုတ်ပြတ်သတ်ခဲ့ပါစေ၊ ပြန်ပြီးနာကျင်မနေပါနဲ့။ အချိန်အလကားကုန်ပါတယ်။ နိမ့်နေရင် မြင့်လာအောင်ကြိုးစားပါ။ မြင့်နေရင်လည်း နိမ့်ကျသွားတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ကြိုတင်ပြင်ဆင်ထားပါ။
၄) မျိုးရိုးအဆင့်အတန်း
အချို့တွေက ဘယ်မိဘကဆင်းသက်လာတယ်တို့၊ ကိုယ်တွေမျိုးရိုးကဘယ်လို၊ အဆင့်အတန်းကဘယ်လိုဆိုပြီး ခွဲခြားတတ်ကြပါသေးတယ်။ တကယ်တော့ လောကမှာ ဘယ်အဆင့်အတန်းထဲကဖြစ်ဖြစ် သေမျိုးကြီးပါပဲ။ အဲဒီ့အခြေအနေကို မေ့ထားပြီး အချင်းချင်းခွဲခြားဆက်ဆံနေတတ်ကြတာဖြစ်ပါတယ်။
အဲဒီ့တော့ ကိုယ့်ကိုခွဲခြားလာတဲ့သူတွေတွေ့ရင်လည်း သေမျိုးချည်းပါပဲလို့တွေးပြီး ပြုံးပြလိုက်ပါ။ ကိုယ်က နိမ့်ကျတယ်လို့ အများကသတ်မှတ်တဲ့မျိုးရိုးကဖြစ်နေခဲ့ရင်လည်း ဝမ်းနည်းအားငယ်စရာမလိုပါဘူး။ လူတွေရဲ့နိမ့်ကျတယ်၊ မြင့်မားတယ်ဆိုတာ လူတွေရဲ့သတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး သင့်ကိုသင်စိတ်ဓာတ်အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်ဖြစ်ဖို့သာ အားထုတ်ပါ။ စိတ်ဓာတ်ကောင်းတဲ့သူ၊ မှန်ကန်တဲ့သူ၊ ရိုးသားတဲ့သူဆိုတာ အဆင့်အတန်းမြင့်တဲ့လူပါပဲ။
Bill Gates ပြောခဲ့တဲ့စကားကိုမမေ့ပါနဲ့နော်။ “If You Are Born Poor It’s Not Your Mistake, But If You Die Poor It’s Your Mistake”ဆိုတဲ့စကားလိုပါပဲ။ ဆင်းရဲတဲ့မိဘဆီမှာမွေးဖွားလာတာ သင့်အပြစ်မဟုတ်ပါဘူး။
ဒါပေမယ့် ဆင်းရဲတဲ့ဘဝနဲ့ပဲသေဆုံးသွားရမယ်ဆိုရင်တော့ သင့်အပြစ်ပါပဲတဲ့။ အဲဒီလိုပါပဲ၊ သင့်ဘဝက ဆိုးဝါးတယ်ဆိုရင် အဲဒီ့ဆိုးဝါးတဲ့ဘဝကို မကျော်ဖြတ်နိုင်ဘဲ ပိုကောင်းတဲ့ဘဝဖြစ်လာအောင် မစွမ်းဆောင်ရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီနော်။
Zawgyi
ဘဝမွာ ကိုယ္တိုင္ေ႐ြးခ်ယ္ခြင့္မရွိေသာအရာမ်ား
ကြၽန္ေတာ္တို႔ေတြ လူသားအျဖစ္ေမြးဖြားလာတဲ့အခါမွာ ကိုယ္တိုင္မေ႐ြးခ်ယ္ႏိုင္ဘဲ ျဖစ္လာရတဲ့အေျခအေနတခ်ိဳ႕ရွိပါတယ္။ အဲဒီ့အေျခအေနေတြက ကြၽန္ေတာ္တို႔မွမဟုတ္ဘဲ အျခားဘယ္သူကမွလည္း တရားေသမွတ္ထားလို႔ မရဘဲ ၊ ကိုယ္အတြက္ေကာင္းျခင္းအျဖာျဖာျဖစ္လာေအာင္ဆိုၿပီး မေ႐ြးခ်ယ္ႏိုင္ပါဘူး။
ဒါေပမယ့္ အဲဒီ့လို မေ႐ြးခ်ယ္ႏိုင္တဲ့အေျခအေနေတြကို သိရွိၿပီး ကိုယ္ျပဳျပင္ႏိုင္တာ၊ ကိုယ္ေ႐ြးခ်ယ္ႏိုင္တာကို ျပန္ၿပီးအားစိုက္လုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ အေကာင္းဆုံးကိုမေ႐ြးခ်ယ္ႏိုင္ခဲ့ဘူးဆိုရင္ေတာင္ အေကာင္းဆုံးျဖစ္လာေအာင္ အားထုတ္ႀကိဳးစားလို႔ေတာ့ရႏိုင္တယ္ဆိုတာ မေမ့လိုက္ပါနဲ႔ေနာ္။
၁) မိဘ
ဘယ္လိုမိဘမ်ိဳးထံမွာမွ သားသမီးအျဖစ္ေမြးဖြားမယ္လို႔ ေ႐ြးခ်ယ္ခြင့္ ဘယ္သူ႔မွာမွမရွိပါဘူး။ ကြၽန္ေတာ္တို႔မေ႐ြးခ်ယ္ႏိုင္တဲ့အေျခအေနမ်ိဳးပါပဲ။ မိဘက ဆိုးလို႔၊ မိဘက အသိဉာဏ္ပညာနဲ႔မျပည့္ဝခဲ့လို႔ ၊ မိဘက ေငြေၾကးခ်ိဳ႕တဲ့လို႔၊ မိဘမဲ့ျဖစ္ေနတာမို႔ စတဲ့အေၾကာင္းတရားေတြက ကြၽန္ေတာ္တို႔ပေယာဂေၾကာင့္ျဖစ္လာတာမဟုတ္ပါဘူး။
အဲဒါအျပင္ အဲဒီ့အေၾကာင္းတရားေတြေၾကာင့္ပဲ ကြၽန္ေတာ္တို႔ရဲ႕ျဖတ္တည္မႈကို အဆိုးဝါးဆုံးျဖစ္ေအာင္ မျဖစ္ဖို႔လည္း ကြၽန္ေတာ္တို႔ကိုယ္တိုင္ပဲအဖတ္ဆယ္ရမွာျဖစ္ပါတယ္။
၂) ကံၾကမၸာဆိုးေတြ
ဘယ္သူမွ ကံၾကမၸာဆိုးေတြကို မလိုခ်င္ပါဘူး။ ဘယ္သူကမွလည္း မေ႐ြးခ်ယ္ခ်င္ပါဘူး။ ဒါေပမယ့္ လူတိုင္းလိုလို ႀကဳံရတတ္ပါတယ္။ အဲဒါေၾကာင့္ ကံၾကမၸာဆိုးေတြႀကဳံရတဲ့အခါမွာလည္း ကိုယ့္မွကံဆိုးတယ္လို႔ေတြးၿပီးစိတ္ဓာတ္မက်ပါနဲ႔။
ကံၾကမၸာဆိုးကေနသာ ဘယ္လိုလြတ္ေအာင္႐ုန္းမလဲ၊ ႀကိဳးစားမလဲဆိုတာကို ေတြးၿပီး ႐ုန္းထြက္ႏိုင္ေအာင္ႀကိဳးစားပါ။ ကံၾကမၸာဆိုးေတြကိုမေရွာင္ႏိုင္ေပမယ့္ ကံၾကမၸာေကာင္းျဖစ္လာေအာင္ေတာ့ ကြၽန္ေတာ္တို႔ႀကိဳးစားႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။
၃) ဘဝအနိမ့္အျမင့္
ဘဝက အၿမဲတမ္းအနိမ့္အျမင့္နဲ႔ပါ၊ ခုေန ရွင္ဘုရင္ေနရာေရာက္ေနေပမယ့္ ေနာင္တစ္ခ်ိန္ သူဆင္းရဲေနရာေရာက္ႏိုင္ပါေသးတယ္။ အၿမဲတမ္းတည္ၿမဲတဲ့အေျခအေနဆိုတာမရွိႏိုင္ပါဘူး။
အဲဒါေၾကာင့္ အရင္က ဘယ္လိုေ႐ႊထီးေဆာင္းခဲ့ပါေစ၊ ျပန္မတမ္းတေနပါနဲ႔။ အရင္က ဘယ္ေလာက္စုတ္ျပတ္သတ္ခဲ့ပါေစ၊ ျပန္ၿပီးနာက်င္မေနပါနဲ႔။ အခ်ိန္အလကားကုန္ပါတယ္။ နိမ့္ေနရင္ ျမင့္လာေအာင္ႀကိဳးစားပါ။ ျမင့္ေနရင္လည္း နိမ့္က်သြားတဲ့အခါ အဆင္သင့္ျဖစ္ေနဖို႔ႀကိဳတင္ျပင္ဆင္ထားပါ။
၄) မ်ိဳး႐ိုးအဆင့္အတန္း
အခ်ိဳ႕ေတြက ဘယ္မိဘကဆင္းသက္လာတယ္တို႔၊ ကိုယ္ေတြမ်ိဳး႐ိုးကဘယ္လို၊ အဆင့္အတန္းကဘယ္လိုဆိုၿပီး ခြဲျခားတတ္ၾကပါေသးတယ္။ တကယ္ေတာ့ ေလာကမွာ ဘယ္အဆင့္အတန္းထဲကျဖစ္ျဖစ္ ေသမ်ိဳးႀကီးပါပဲ။ အဲဒီ့အေျခအေနကို ေမ့ထားၿပီး အခ်င္းခ်င္းခြဲျခားဆက္ဆံေနတတ္ၾကတာျဖစ္ပါတယ္။
အဲဒီ့ေတာ့ ကိုယ့္ကိုခြဲျခားလာတဲ့သူေတြေတြ႕ရင္လည္း ေသမ်ိဳးခ်ည္းပါပဲလို႔ေတြးၿပီး ၿပဳံးျပလိုက္ပါ။ ကိုယ္က နိမ့္က်တယ္လို႔ အမ်ားကသတ္မွတ္တဲ့မ်ိဳး႐ိုးကျဖစ္ေနခဲ့ရင္လည္း ဝမ္းနည္းအားငယ္စရာမလိုပါဘူး။ လူေတြရဲ႕နိမ့္က်တယ္၊ ျမင့္မားတယ္ဆိုတာ လူေတြရဲ႕သတ္မွတ္ခ်က္တစ္ခုသာျဖစ္ၿပီး သင့္ကိုသင္စိတ္ဓာတ္အဆင့္အတန္းျမင့္တဲ့လူတစ္ေယာက္ျဖစ္ဖို႔သာ အားထုတ္ပါ။ စိတ္ဓာတ္ေကာင္းတဲ့သူ၊ မွန္ကန္တဲ့သူ၊ ႐ိုးသားတဲ့သူဆိုတာ အဆင့္အတန္းျမင့္တဲ့လူပါပဲ။
Bill Gates ေျပာခဲ့တဲ့စကားကိုမေမ့ပါနဲ႔ေနာ္။ “If You Are Born Poor It’s Not Your Mistake, But If You Die Poor It’s Your Mistake”ဆိုတဲ့စကားလိုပါပဲ။ ဆင္းရဲတဲ့မိဘဆီမွာေမြးဖြားလာတာ သင့္အျပစ္မဟုတ္ပါဘူး။
ဒါေပမယ့္ ဆင္းရဲတဲ့ဘဝနဲ႔ပဲေသဆုံးသြားရမယ္ဆိုရင္ေတာ့ သင့္အျပစ္ပါပဲတဲ့။ အဲဒီလိုပါပဲ၊ သင့္ဘဝက ဆိုးဝါးတယ္ဆိုရင္ အဲဒီ့ဆိုးဝါးတဲ့ဘဝကို မေက်ာ္ျဖတ္ႏိုင္ဘဲ ပိုေကာင္းတဲ့ဘဝျဖစ္လာေအာင္ မစြမ္းေဆာင္ရင္ေတာ့ သင့္အျပစ္ျဖစ္သြားပါၿပီေနာ္။
credit
Leave a Reply