

မသုံးဖြစ်တာကြာတဲ့ ကားဆိုရင် ဒီအချက်တွေ စစ်ဆေးပြီးမှ စက်နှိုးပါ

ကိုဗစ်ကာလအတွင်း ကားကိုမသုံးပဲ ကြာကြာထားသော မိတ်ဆွေများ အထူးသတိထားရန် သူငယ်ချင်းမိတ်ဆွေများအတွက် မျှဝေ ပေးလိုက်ပါတယ်။

လောလောဆယ်အတွင်း ကားလေးစီး ရှိသွားပါပြီ အဲယာကွန်းဖန်ထဲမှာ ကြွက်သေနေပြီး အပုပ်နံ့ ထွက်နေ၍ လာပြသော ကားတွေပါ…

ကြွက်ပေါသော နေရာများတွင် ကြာကြာထားမိပါက အရင်ဦးဆုံး အဲယားကွန်းကို တိုက်ရိုက် အကြာကြီး မဖွင့်မိပါစေနှင့်…

ပထမဦးဆုံး စက်မနှိုးသေးပဲ သော့ကို ဒုတိယအချက်မှာ ဖွင့်ထားပြီး အဲယားကွန်းဖန်ကို တစ်ချက်ဖွင့်လိုက်ပြီး ချက်ချင်း ပြန်ပိတ်လိုက်ပါ။

ကားဒက်စ်ဘုတ်ကို နှစ်ချက် သုံးချက်လောက် ပုတ်လိုက်ပါ တကယ်လို့များ ကြွက်ရှိနေပါက ထွက်ပြေးသွားအောင်ပါ

ကြွက်ဝင်တာ မခံရသေးလျှင် အပြင်လေပေါက်ကို လုံးဝဖွင့်မထားပါနှင့် အောက်မှာ ပုံတွေ ပြပေးထားပါတယ်

မသုံးဖြစ်တာကြာတဲ့ ကားဆိုရင် ဒီအချက်တွေ စစ်ဆေးပြီးမှ စက်နှိုးပါ1

အပြင်လေပေါက်ကို ဖြစ်နိုင်လျှင် လုံးဝ မသုံးတာ အကောင်းဆုံးပါ အပြင်လေပေါက် သုံးမိပါကလည်း ကားရပ်ထားလျှင် ပြန်ပိတ်ထားတာ အကောင်း ဆုံးပါ

ဖွင့်ပြီးလျှင်လည်း ပြန်ပိတ်ဖို့ မေ့တက်ပါသည် မသုံးတာ အကောင်းဆုံးပါ…

တချို့ကား တွေမှာ သံစကာလိုပုံစံ အပိတ်ပါပေမဲ့ ကားတော်တော်များများသည် သံစကာ မပါပါ။

မသုံးဖြစ်တာကြာတဲ့ ကားဆိုရင် ဒီအချက်တွေ စစ်ဆေးပြီးမှ စက်နှိုးပါ2

တစ်စီးဆိုလျှင် ဇီးရိုး ကီလို 2R Nissan Sunny ပါ… Probox တစ်စီး, နွားကြီးတစ်စီး, Passo တစ်စီး လေးစီးရှိပါပြီ သတိထားကြပါ…

ဒါလည်း ကားစတင် ထုတ်လုပ်စဉ်က အားနည်းချက်တွေပါ တစ်ချို့ ကားတွေဆိုရင် အဲယားကွန်းဖန် လေစစ်တောင် မခံပေးထားပါဘူး။

တစ်ချို့ ကားတွေကြတော့ ဖန်လေစစ်ကို အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ နေရာမှာ မထားပေးပါဘူး လိုအပ်ချက်တွေကတော့ အများကြီးပါ

အဆင်ပြေအောင် စဉ်းစားပြီး ကြည့်သုံးကြပါလို့ မေတ္တာစေတနာဖြင့် သတိပေးလိုက်ပါတယ် “ရွှင်လန်းချမ်းမြေ့ကြပါစေ”…။
Credit

Zawgyi














Credit

Be the first to comment

Leave a Reply

Your email address will not be published.


*