သမီးေတာ္အျဖစ္နဲ႔ အႏွစ္၂ဝ- မိဖုရားအျဖစ္ ၁ရက္- ေတာ္ဝင္ မင္းသမီးအျဖစ္ ၁ဝလ- အထိန္းေတာ္အျဖစ္ တစ္သက္…

မိန္းမေတြဟာ ဒီလိုနဲ႔ အ႐ြယ္အိုမင္းသြားခဲ့တယ္
မိန္းမေတြဟာ ဒီလိုနဲ႔ အ႐ြယ္အိုမင္းသြားခဲ့တယ္

သမီးေတာ္အျဖစ္နဲ႔ အႏွစ္၂ဝ- မိဖုရားအျဖစ္ ၁ရက္- ေတာ္ဝင္ မင္းသမီးအျဖစ္ ၁ဝလ- အထိန္းေတာ္အျဖစ္ တစ္သက္…

မိန္းမေတြဟာ ဒီလိုနဲ႔ အ႐ြယ္အိုမင္းသြားခဲ့တယ္… ကိုယ္က ဘယ္ေတာ့မွ ကေလး မေမြးဘူး။ ဘယ္သူ႔ကိုမွလည္း ေပးဆပ္ခ်င္တာ မဟုတ္ဘူး။ ကိုယ္က အတၱႀကီးတယ္။ အဲဒီ အမ်ိဳးသမီးဟာ ဒီလိုနဲ႔ပဲ အိုမင္းသြား ခဲ့တယ္..။ မိန္းမရဲ႕ တသက္က ခက္ခဲတဲ့ တသက္ျဖစ္တယ္။

သမီးေတာ္အျဖစ္နဲ႔ အႏွစ္ ၂ဝ ၊ မိဖုရားအျဖစ္ ၁ ရက္ ၊ ေတာ္ဝင္ မင္းသမီးအျဖစ္ ၁ဝ လ ၊ အထိန္းေတာ္ အျဖစ္ တသက္။ ဒါဟာ မိန္းမ တေယာက္ရဲ႕ တစ္သက္တာျဖစ္တယ္။ မိန္းမ အမ်ားစုဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့ပါတယ္။ မိန္းမဟာ ကေလးငယ္ကို ေပြ႕ခ်ီထားၿပီး ႏြားႏို႔ က်ိဳေနတယ္ ၊ အဝတ္ ေလွ်ာ္ေနတယ္။

ဆပ္ျပာေတြ ေပေနတဲ့ လက္နဲ႔ နဖူးထက္က ေခြၽးေတြကို သုတ္ရင္း “ အင္း အခု အခ်ိန္မွာ ကေလး ငယ္ေသးတယ္ ၊ ကေလးႀကီးလာရင္ ငါလည္း အားလပ္ခ်ိန္ေလးေတာ့ ရွိလာမွာပါ ” လို႔ ေတြးတယ္။ ကေလး တျဖည္းျဖည္း ႀကီးလို႔ မူႀကိဳတက္တဲ့အ႐ြယ္ ေရာက္လာခဲ့တယ္။

မိန္းမဟာ ကေလး တစ္ဖက္နဲ႔ ေဈးသြားတယ္ ၊ ခ်က္ျပဳတ္တယ္၊ အလုပ္မွာလည္း မလစ္ဟင္းေအာင္ ႀကိဳးစားတယ္။ ေန႔ေန႔ ညည အိမ္မႈကိစၥ၊ လူမႈေရး ကိစၥေတြနဲ႔ ေနမင္း ၊ ၾကယ္နဲ႔လ တို႔ကို သူေမ့သြား ခဲ့တယ္။ ကိစၥမရွိဘူး။ ကေလး ေက်ာင္းသြားတဲ့ အခါ အားလပ္ခ်ိန္တခ်ိဳ႕ ရွိလာႏိုင္ပါတယ္။

မိန္းမေတြက ဒီလိုပဲေျပာၾကတယ္။ သူတို႔ မ်က္ႏွာေပၚ အရစ္အေၾကာင္းရာေတြ တျဖည္းျဖည္း တြားတတ္လာတာကို သူတို႔ ဥပကၡာျပဳထားခဲ့ မိၾကတယ္။

ကေလး ေက်ာင္းတက္တဲ့အ႐ြယ္ ေရာက္လာခဲ့ၿပီ။ မိန္းမဟာ ပို အလုပ္မ်ားရေတာ့တယ္။ ကေလးကို လူေတာ္ လူေကာင္း ထူးခြၽန္ ထက္ျမက္သူ ျဖစ္ေအာင္ ျပဳစု ပ်ိဳးေထာင္ရတယ္။ မိန္းမဟာ အိမ္မႈကိစၥ၊ လူမႈေရး ကိစၥ၊ အလုပ္၊ သားေရးသမီးေရး၊ လင္ဝတၱရား စတာေတြမွာ တဝဲဝဲလည္ေနေတာ့တယ္ ။

သားသမီးနဲ႔ လင္ေယာက္်ားက နဂါးေငြ႕တန္းပါ ၊ မိန္းမဟာ ၿဂိဳလ္ပါလို႔ မိန္းမ အမ်ားက ဒီလိုေတြးခဲ့ ၾကတယ္။ မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္း သြားခဲ့တယ္။ ေငြေရာင္ ဆံႏႊယ္တခ်ိဳ႕က မိန္းမရဲ႕ ႏြမ္းနယ္တဲ့ နဖူးထက္ကေန ေလဟာနယ္ထဲ ေလ်ာက်သြားခဲ့တယ္။

“ ဘယ္အခ်ိန္ခါမွမ်ား စိတ္လြတ္ ကိုယ္လြတ္နဲ႔ ငါ ခဏေလာက္ အနားရႏိုင္မလဲ ” လေရာင္ မရွိတဲ့ ညနက္မွာ မိန္းမဟာ နာက်င္ေညာင္းကိုက္ေနတဲ့ အေၾကာေတြကို အားစိုက္ ဆြဲဆန႔္ရင္း ကိုယ့္ကိုယ္ကို ေမးတယ္။

အာ.. ေတာင့္ခံ လိုက္ပါဦး။ ကေလးႀကီးလာလို႔ တကၠသိုလ္တက္ခ်ိန္ ေရာက္ရင္ ဒါမွမဟုတ္ သူတို႔ အလုပ္ ရသြားတဲ့အခါ အရာအားလုံး ေကာင္းသြား မွာပါ ၊ အဆင္ေျပသြားမွာပါ။

အဲဒီအခ်ိန္ ေရာက္ရင္ ငါလည္း အားလပ္ခ်ိန္ ရွိလာမွာပါ ။ မိန္းမက အဲဒီလို ကိုယ့္ကိုယ္ကို ကတိေပးတယ္။ အခ်ိန္က မိန္းမရဲ႕ လွပမႈနဲ႔ အားအင္ေတြကို စုပ္ယူသြားခဲ့တယ္ ။

မ်က္ႏွာေပၚက အရစ္ေၾကာင္းနဲ႔ လႈပ္ရွားသြားလာမႈ တုံ႔ေႏွးျခင္းေတြကို တြင္းမည္းႀကီးပမာ ခ်န္ထားရစ္ခဲ့တယ္။ ဒီလိုနဲ႔ပဲ မိန္းမဟာ အိုမင္းသြားခဲ့တယ္..

ကေလးက အေတာင္ပံ စုံလင္ၿပီး မိခင္ အသိုက္ကေန ခြာသြားခဲ့တယ္။ မိခင္ကို အေဖာ္ျပဳဖို႔ အေမြးအေတာင္ေဟာင္း တခ်ိဳ႕သာ ခ်န္ထားရစ္ခဲ့တယ္။ မိန္းမဟာ သက္ျပင္းခ်ရင္း အခုမွ နားနား ေနေန ေနဖို႔ အခ်ိန္ရၿပီလို႔ေတြးတယ္ ။

ဒါေပမယ့္ ႏွေျမာစရာ ေကာင္းတာက သူ႔သြားေတြ ခ်ိနဲ႔ ကုန္ၿပီ၊ မာတဲ့အစာေတြကို မဝါးႏိုင္ေတာ့ဘူး။ သူ႔မ်က္လုံးေတြ မြဲကုန္ၿပီ ။

လွပတဲ့အေရာင္ေတြကို မခြဲျခားတတ္ေတာ့ဘူး။ သူရဲ႕နားစည္ေတြ မၾကည္လင္ေတာ့ဘူး သာယာနာ ေပ်ာ္ဖြယ္ ေတးသံေတြကို မခံစားတတ္ေတာ့ဘူး။ သူ႔လႈပ္ရွား သြားလာမႈေတြ တုံ႔ေႏွးခဲ့ၿပီ ေဝးေဝးလံလံ မသြားႏိုင္ေတာ့ဘူး။

ထြက္သြားတဲ့ ကေလး ျပန္ေရာက္လာခဲ့တယ္ ။ အဲဒီကေလးက သူ႔ထက္ငယ္တဲ့ ကေလး ေသးေသးေလးတေယာက္ ေခၚျပန္လာခဲ့တယ္။ အခ်ိန္ေတြ ျပန္ေျပာင္း စီးဆင္း သြားျပန္ၿပီ လို႔ မိန္းမထင္တယ္ ။ အဲဒီလိုနဲ႔ ကေလးရဲ႕ ကေလးအတြက္ မိန္းမ အလုပ္ စမ်ားရေတာ့တယ္။

အဲဒီ့ ကေလးေလးက စကားစသင္ေနၿပီး သူ႔ကိုေခၚတာ “ ေမေမ ” မဟုတ္ဘဲ “ ဘြားဘြား ” ျဖစ္သြားခဲ့တယ္။ မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့တယ္.. ဒီလိုနဲ႔ တေန႔မွာ မိန္းမဟာ ဘာ အားလပ္ရက္ အနားယူဖို႔မွ မလိုအပ္ခဲ့ေတာ့ဘူး။

ေနာက္ဆုံး အခ်ိန္ ေရာက္မွ ဟိုး အရင္ အရင္ အခ်ိန္တုန္းက သူ႔ကိုယ္သူ ေပးခဲ့တဲ့ ကတိကို သူျပန္သတိရလိုက္မိတယ္။

အဲဒီ ကတိကေတာ့ ေႏြဦးရာသီ ေန႔ရက္ တေန႔မွာ ပဝါအနီေရာင္ကို လႊမ္းၿခဳံၿပီး ျမက္ခင္း စိမ္းစိမ္း တေနရာမွာ ဆိတ္ဆိတ္ၿငိမ္ၿငိမ္ ေနပူစာ ခံမယ္ ၊

ေက်ာက္တုံးေပၚတြားသြားတဲ့ ပု႐ြက္ဆိတ္ေတြရဲ႕ ေျခသံကို နားေထာင္မယ္ ။ အာ.. အဲတာမွ တကယ့္ ဇိမ္ခံ အနားယူတာပဲ.. မိန္းမဟာ အဲဒီလို ေတြးရင္း ေတြးရင္း ထာဝရ အိပ္စက္ အနားယူသြား ခဲ့ပါတယ္ ။

မိန္းမတေယာက္ ထာဝရ အိပ္စက္ အနားယူသြားတာကို ဒီလို ပုံေဖာ္ ေရးသားရတာ ဝမ္းနည္းစရာေကာင္းပါတယ္။ ခြင့္လႊတ္ပါ။

မိန္းမဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့တယ္။ မိန္းမေတာ္ေတာ္ မ်ားမ်ားဟာ စိတ္သေဘာထားႀကီးစြာ တျခားသူအတြက္ ခ်စ္ျခင္းေမတၱာေတြ ေပးဆပ္ေနခ်ိန္မွာ လူတေယာက္ကို ခ်စ္ဖို႔ သူတို႔ ေမ့သြားခဲ့ပါတယ္ ။ အဲဒီလူက သူတို႔ကိုယ္တိုင္ပဲ ျဖစ္တယ္။

မိန္းမတို႔ေရ.. ကိုယ့္ကိုယ္ကို ေျဖေဖ်ာ္ဖို႔ အခ်ိန္ နည္းနည္းေလာက္၊ ေနရာလပ္ နည္းနည္းေလာက္ ခ်န္ထားေပးဖို႔ မေမ့ၾကပါနဲ႔။ အခ်ိန္မဆြဲပါနဲ႔ ။

အခ်ိန္ကို မေစာင့္ပါနဲ႔လို႔ အႀကံေပးခ်င္ပါတယ္။ အခုအခ်ိန္ကစ ၊ ဒီကေန႔ကစၿပီး ပန္းကန္ထဲက အသားေတြကို ကေလးရဲ႕ ပါးစပ္ေရွ႕ပဲ ေရာက္ေအာင္ မပို႔ပါနဲ႔ေတာ့။

အိမ္မွာရွိတဲ့ ပိုက္ဆံေတြကို အိမ္ျပင္ဖို႔၊ ေယာက္်ားဖို႔ပဲ ခ်န္မထားပါနဲ႔ေတာ့။ ရွိသမွ် ခြန္အားေတြ အားလုံးကို အလုပ္ထဲမွာပဲ ထည့္ျမႇဳပ္ မထားပါနဲ႔ေတာ့။ အခါႀကီး ရက္ျမတ္ေတြမွာ လက္ေဆာင္ေပးတဲ့ စာရင္းထဲမွာ ကိုယ့္နာမည္ကို ေမ့မထားပါနဲ႔ေတာ့။

ကိုယ့္မိသားစု၊ ကိုယ္အိမ္သားကို ခ်စ္တဲ့ နည္းတူ ကိုယ့္ကိုယ္ကို ခ်စ္ဖို႔လည္း မေမ့ပါနဲ႔ ။ မိန္းမေတြဟာ ဒီလိုနဲ႔ပဲ အိုမင္းသြားခဲ့ရင္ ရင္နာစရာ ၊ ႏွေျမာစရာ ေကာင္းလြန္း လို႔ပါ။

Credit.

Unicode

သမီးတော်အဖြစ်နဲ့ အနှစ်၂ဝ- မိဖုရားအဖြစ် ၁ရက်- တော်ဝင် မင်းသမီးအဖြစ် ၁ဝလ- အထိန်းတော်အဖြစ် တစ်သက်…

မိန်းမတွေဟာ ဒီလိုနဲ့ အရွယ်အိုမင်းသွားခဲ့တယ်… ကိုယ်က ဘယ်တော့မှ ကလေး မမွေးဘူး။ ဘယ်သူ့ကိုမှလည်း ပေးဆပ်ချင်တာ မဟုတ်ဘူး။ ကိုယ်က အတ္တကြီးတယ်။ အဲဒီ အမျိုးသမီးဟာ ဒီလိုနဲ့ပဲ အိုမင်းသွား ခဲ့တယ်..။ မိန်းမရဲ့ တသက်က ခက်ခဲတဲ့ တသက်ဖြစ်တယ်။

သမီးတော်အဖြစ်နဲ့ အနှစ် ၂ဝ ၊ မိဖုရားအဖြစ် ၁ ရက် ၊ တော်ဝင် မင်းသမီးအဖြစ် ၁ဝ လ ၊ အထိန်းတော် အဖြစ် တသက်။ ဒါဟာ မိန်းမ တယောက်ရဲ့ တစ်သက်တာဖြစ်တယ်။ မိန်းမ အများစုဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ပါတယ်။ မိန်းမဟာ ကလေးငယ်ကို ပွေ့ချီထားပြီး နွားနို့ ကျိုနေတယ် ၊ အဝတ် လျှော်နေတယ်။

ဆပ်ပြာတွေ ပေနေတဲ့ လက်နဲ့ နဖူးထက်က ချွေးတွေကို သုတ်ရင်း “ အင်း အခု အချိန်မှာ ကလေး ငယ်သေးတယ် ၊ ကလေးကြီးလာရင် ငါလည်း အားလပ်ချိန်လေးတော့ ရှိလာမှာပါ ” လို့ တွေးတယ်။ ကလေး တဖြည်းဖြည်း ကြီးလို့ မူကြိုတက်တဲ့အရွယ် ရောက်လာခဲ့တယ်။

မိန်းမဟာ ကလေး တစ်ဖက်နဲ့ ဈေးသွားတယ် ၊ ချက်ပြုတ်တယ်၊ အလုပ်မှာလည်း မလစ်ဟင်းအောင် ကြိုးစားတယ်။ နေ့နေ့ ညည အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စတွေနဲ့ နေမင်း ၊ ကြယ်နဲ့လ တို့ကို သူမေ့သွား ခဲ့တယ်။ ကိစ္စမရှိဘူး။ ကလေး ကျောင်းသွားတဲ့ အခါ အားလပ်ချိန်တချို့ ရှိလာနိုင်ပါတယ်။

မိန်းမတွေက ဒီလိုပဲပြောကြတယ်။ သူတို့ မျက်နှာပေါ် အရစ်အကြောင်းရာတွေ တဖြည်းဖြည်း တွားတတ်လာတာကို သူတို့ ဥပက္ခာပြုထားခဲ့ မိကြတယ်။

ကလေး ကျောင်းတက်တဲ့အရွယ် ရောက်လာခဲ့ပြီ။ မိန်းမဟာ ပို အလုပ်များရတော့တယ်။ ကလေးကို လူတော် လူကောင်း ထူးချွန် ထက်မြက်သူ ဖြစ်အောင် ပြုစု ပျိုးထောင်ရတယ်။ မိန်းမဟာ အိမ်မှုကိစ္စ၊ လူမှုရေး ကိစ္စ၊ အလုပ်၊ သားရေးသမီးရေး၊ လင်ဝတ္တရား စတာတွေမှာ တဝဲဝဲလည်နေတော့တယ် ။

သားသမီးနဲ့ လင်ယောက်ျားက နဂါးငွေ့တန်းပါ ၊ မိန်းမဟာ ဂြိုလ်ပါလို့ မိန်းမ အများက ဒီလိုတွေးခဲ့ ကြတယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်း သွားခဲ့တယ်။ ငွေရောင် ဆံနွှယ်တချို့က မိန်းမရဲ့ နွမ်းနယ်တဲ့ နဖူးထက်ကနေ လေဟာနယ်ထဲ လျောကျသွားခဲ့တယ်။

“ ဘယ်အချိန်ခါမှများ စိတ်လွတ် ကိုယ်လွတ်နဲ့ ငါ ခဏလောက် အနားရနိုင်မလဲ ” လရောင် မရှိတဲ့ ညနက်မှာ မိန်းမဟာ နာကျင်ညောင်းကိုက်နေတဲ့ အကြောတွေကို အားစိုက် ဆွဲဆန့်ရင်း ကိုယ့်ကိုယ်ကို မေးတယ်။

အာ.. တောင့်ခံ လိုက်ပါဦး။ ကလေးကြီးလာလို့ တက္ကသိုလ်တက်ချိန် ရောက်ရင် ဒါမှမဟုတ် သူတို့ အလုပ် ရသွားတဲ့အခါ အရာအားလုံး ကောင်းသွား မှာပါ ၊ အဆင်ပြေသွားမှာပါ။

အဲဒီအချိန် ရောက်ရင် ငါလည်း အားလပ်ချိန် ရှိလာမှာပါ ။ မိန်းမက အဲဒီလို ကိုယ့်ကိုယ်ကို ကတိပေးတယ်။ အချိန်က မိန်းမရဲ့ လှပမှုနဲ့ အားအင်တွေကို စုပ်ယူသွားခဲ့တယ် ။

မျက်နှာပေါ်က အရစ်ကြောင်းနဲ့ လှုပ်ရှားသွားလာမှု တုံ့နှေးခြင်းတွေကို တွင်းမည်းကြီးပမာ ချန်ထားရစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ မိန်းမဟာ အိုမင်းသွားခဲ့တယ်..

ကလေးက အတောင်ပံ စုံလင်ပြီး မိခင် အသိုက်ကနေ ခွာသွားခဲ့တယ်။ မိခင်ကို အဖော်ပြုဖို့ အမွေးအတောင်ဟောင်း တချို့သာ ချန်ထားရစ်ခဲ့တယ်။ မိန်းမဟာ သက်ပြင်းချရင်း အခုမှ နားနား နေနေ နေဖို့ အချိန်ရပြီလို့တွေးတယ် ။

ဒါပေမယ့် နှမြောစရာ ကောင်းတာက သူ့သွားတွေ ချိနဲ့ ကုန်ပြီ၊ မာတဲ့အစာတွေကို မဝါးနိုင်တော့ဘူး။ သူ့မျက်လုံးတွေ မွဲကုန်ပြီ ။

လှပတဲ့အရောင်တွေကို မခွဲခြားတတ်တော့ဘူး။ သူရဲ့နားစည်တွေ မကြည်လင်တော့ဘူး သာယာနာ ပျော်ဖွယ် တေးသံတွေကို မခံစားတတ်တော့ဘူး။ သူ့လှုပ်ရှား သွားလာမှုတွေ တုံ့နှေးခဲ့ပြီ ဝေးဝေးလံလံ မသွားနိုင်တော့ဘူး။

ထွက်သွားတဲ့ ကလေး ပြန်ရောက်လာခဲ့တယ် ။ အဲဒီကလေးက သူ့ထက်ငယ်တဲ့ ကလေး သေးသေးလေးတယောက် ခေါ်ပြန်လာခဲ့တယ်။ အချိန်တွေ ပြန်ပြောင်း စီးဆင်း သွားပြန်ပြီ လို့ မိန်းမထင်တယ် ။ အဲဒီလိုနဲ့ ကလေးရဲ့ ကလေးအတွက် မိန်းမ အလုပ် စများရတော့တယ်။

အဲဒီ့ ကလေးလေးက စကားစသင်နေပြီး သူ့ကိုခေါ်တာ “ မေမေ ” မဟုတ်ဘဲ “ ဘွားဘွား ” ဖြစ်သွားခဲ့တယ်။ မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်.. ဒီလိုနဲ့ တနေ့မှာ မိန်းမဟာ ဘာ အားလပ်ရက် အနားယူဖို့မှ မလိုအပ်ခဲ့တော့ဘူး။

နောက်ဆုံး အချိန် ရောက်မှ ဟိုး အရင် အရင် အချိန်တုန်းက သူ့ကိုယ်သူ ပေးခဲ့တဲ့ ကတိကို သူပြန်သတိရလိုက်မိတယ်။

အဲဒီ ကတိကတော့ နွေဦးရာသီ နေ့ရက် တနေ့မှာ ပဝါအနီရောင်ကို လွှမ်းခြုံပြီး မြက်ခင်း စိမ်းစိမ်း တနေရာမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် နေပူစာ ခံမယ် ၊

ကျောက်တုံးပေါ်တွားသွားတဲ့ ပုရွက်ဆိတ်တွေရဲ့ ခြေသံကို နားထောင်မယ် ။ အာ.. အဲတာမှ တကယ့် ဇိမ်ခံ အနားယူတာပဲ.. မိန်းမဟာ အဲဒီလို တွေးရင်း တွေးရင်း ထာဝရ အိပ်စက် အနားယူသွား ခဲ့ပါတယ် ။

မိန်းမတယောက် ထာဝရ အိပ်စက် အနားယူသွားတာကို ဒီလို ပုံဖော် ရေးသားရတာ ဝမ်းနည်းစရာကောင်းပါတယ်။ ခွင့်လွှတ်ပါ။

မိန်းမဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့တယ်။ မိန်းမတော်တော် များများဟာ စိတ်သဘောထားကြီးစွာ တခြားသူအတွက် ချစ်ခြင်းမေတ္တာတွေ ပေးဆပ်နေချိန်မှာ လူတယောက်ကို ချစ်ဖို့ သူတို့ မေ့သွားခဲ့ပါတယ် ။ အဲဒီလူက သူတို့ကိုယ်တိုင်ပဲ ဖြစ်တယ်။

မိန်းမတို့ရေ.. ကိုယ့်ကိုယ်ကို ဖြေဖျော်ဖို့ အချိန် နည်းနည်းလောက်၊ နေရာလပ် နည်းနည်းလောက် ချန်ထားပေးဖို့ မမေ့ကြပါနဲ့။ အချိန်မဆွဲပါနဲ့ ။

အချိန်ကို မစောင့်ပါနဲ့လို့ အကြံပေးချင်ပါတယ်။ အခုအချိန်ကစ ၊ ဒီကနေ့ကစပြီး ပန်းကန်ထဲက အသားတွေကို ကလေးရဲ့ ပါးစပ်ရှေ့ပဲ ရောက်အောင် မပို့ပါနဲ့တော့။

အိမ်မှာရှိတဲ့ ပိုက်ဆံတွေကို အိမ်ပြင်ဖို့၊ ယောက်ျားဖို့ပဲ ချန်မထားပါနဲ့တော့။ ရှိသမျှ ခွန်အားတွေ အားလုံးကို အလုပ်ထဲမှာပဲ ထည့်မြှုပ် မထားပါနဲ့တော့။ အခါကြီး ရက်မြတ်တွေမှာ လက်ဆောင်ပေးတဲ့ စာရင်းထဲမှာ ကိုယ့်နာမည်ကို မေ့မထားပါနဲ့တော့။

ကိုယ့်မိသားစု၊ ကိုယ်အိမ်သားကို ချစ်တဲ့ နည်းတူ ကိုယ့်ကိုယ်ကို ချစ်ဖို့လည်း မမေ့ပါနဲ့ ။ မိန်းမတွေဟာ ဒီလိုနဲ့ပဲ အိုမင်းသွားခဲ့ရင် ရင်နာစရာ ၊ နှမြောစရာ ကောင်းလွန်း လို့ပါ။

Credit.

Be the first to comment

Leave a Reply

Your email address will not be published.


*