

အမျိုးသားတစ်ဦးလို နှစ်ပေါင်း ၄၀ ကြာအောင် ဟန်ဆောင်ပြီးနေခဲ့သော မိခင်တစ်ဦးရဲ့ ရင်နာဖွယ်ရာ အဖြစ်အပျက်

အီဂျစ်နိုင်ငံ Luxorမြို့တွင် နေထိုင်သော အသက် ၆၀အရွယ် မိခင်တစ်ဦးသည် သမီးလေး မွေးပြီးစမှာပဲ ခင်ပွန်းဖြစ်သူက ကွယ်လွန်သွား၍ ရွာပြန်ပြီးတော့ သမီးလေးကို အဖိုးအဖွားဆီမှာ အပ်နှံခဲ့ပြီး သူမကတော့ အခြားမြို့တစ်ခုမှာ အလုပ်ရှာရန် ထွက်ခဲ့သည်။

အမျိုးသားတစ်ဦးလို နှစ်ပေါင်း ၄၀ ကြာအောင် ဟန်ဆောင်ပြီးနေခဲ့သော မိခင်တစ်ဦးရဲ့ ရင်နာဖွယ်ရာ အဖြစ်အပျက်၁

ထိုအချိန်တွင် သူတို့နိုင်ငံတွင် အမျိုးသမီးတွေအတွက် အလုပ်ရှားပါးလွန်းပြီး မည်သူကမှ ခေါ်မည့်သူ မရှိသည့်အပြင် ကျောင်းမတက်ခဲ့ရ၍ စာပါမတတ်ဖြစ်ခဲ့ရာ ကုမ္ပဏီတွေမှာလည်း အလုပ်ဝင်လျှောက်မရတာကြောင့် အမျိုးသားတစ်ဦးလို ဟန်ဆောင်ပြီး အလုပ်ဝင်ခဲ့သည်။

မိခင်ဖြစ်သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အမျိုးသားများနှင့်အတူ ရင်ဘောင်တန်းလုပ်ကိုင်ခဲ့ရာ နှစ်ပေါင်း ၄၀ ကြာသည်ထိကို မိန်းကလေးတစ်ယောက်မှန်း ဘယ်သူကမှ မရိပ်မိကြ၍ အဆင်ပြေခဲ့သည်။

အမျိုးသားတစ်ဦးလို နှစ်ပေါင်း ၄၀ ကြာအောင် ဟန်ဆောင်ပြီးနေခဲ့သော မိခင်တစ်ဦးရဲ့ ရင်နာဖွယ်ရာ အဖြစ်အပျက်၂

မိခင်ဖြစ်သူသည် အလုပ်မျိုးစုံလုပ်ကာ လမ်းမပေါ်တွင် ဖိနပ်တိုက်ချွတ်ပေးပြီး ဝင်ငွေရှာရသမျှကိုတော့ သမီးလေး လူလားမြောက်သည်ထိ ထောက်ပံ့ပေးခဲ့သည်။

နောက်ဆုံးတွင် အိမ်နီးနားချင်းတွေက သူမရဲ့ဘဝမှန်ကို သိရှိသွား၍ လှောင်ပြောင်ခြင်းများစွာ ခံရပြီး အာဏာပိုင်တွေထိ ပျံ့နှံ့သွားပေမယ့် သူမအားအပြစ်မယူပဲ စံပြမိခင်ဆုကိုပါ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

အမျိုးသားတစ်ဦးလို နှစ်ပေါင်း ၄၀ ကြာအောင် ဟန်ဆောင်ပြီးနေခဲ့သော မိခင်တစ်ဦးရဲ့ ရင်နာဖွယ်ရာ အဖြစ်အပျက်၁

Rain forialink
#credit







Rain forialink
#credit

Be the first to comment

Leave a Reply

Your email address will not be published.


*