အႏႈိင္းမဲ့အၾကင္နာပရဟိတသမား ကိုေအာင္၏ အခ်စ္ေတာ္ မိေကာင္းမအပါဝင္ ဝက္ဝံေလး(၅)ေကာင္ကို ယေန႔ ေနျပည္ေတာ္တိရစာၦန္ဥယ်ာဥ္သို႔ ပို႔ေဆာင္

မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်
မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်

အနှိုင်းမဲ့အကြင်နာပရဟိတသမား ကိုအောင်၏ အချစ်တော် မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်

တောင်ငူမြို့၌ ကွယ်လွန်သူ ကိုအောင်(မြင့်မိုရ်နန်း)၏ ကျန်ရစ်သော ဝက်ဝံများဖြစ်ကြသည့် ကွယ်လွန်သူ၏ အချစ်တော် ဝက်ဝံမိကောင်းမ အပါဝင် ဝက်ဝံလေး (၅) ကောင်ကို ဧပြီ ၁၂ ရက်နေ့ (အင်္ဂါနေ့)မှာ နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်ကြောင်း သိရပါသည်။

 မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်1

ဝက်ဝံလေးတွေကို တောထဲပြန်မလွှတ်ဘဲ အထူးအခွင့်‌ရေးပေး၍ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်အတွင်း ထားခွင့်ပြုပေးခြင်းဖြစ်ကြောင်းကို ကွယ်လွန်သူ အနှိုင်းမဲ့အကြင်နာပရဟိတသမား ကိုအောင် (မြင့်မိုရ်နန်း)၏ ဝက်ဝံလေးများအရေးကို ကူညီဆောင်ရွက်ပေးနေသူ ကိုဇော် -၁၁၅ မိုင် ( Zaw Hla Myint ဖေ့စ်ဘုတ်ခ် အကောင်ပိုင်ရှင်) ၏ အကောင့် ဖေ့စ်ဘုတ်ခ်စာမျက်နှာ၌ ရေးသားထားခြင်းကြောင့် သိရပါသည်။

 မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်2

နုတ်ဆက်ခြင်း

ကိုအောင်ရေ… ခင်ဗျားအိမ်မှာကျန်ခဲ့တဲ့ ခင်ဗျားအချစ်တော် မိကောင်းမ အပါဝင် ဝက်ဝံလေး (၅)ကောင်ကို မနက်ဖန် (၁၂.၄.၂၀၂၂) အင်္ဂါနေ့မှာ စနစ်တကျနဲ့ နေရာသစ်ဖြစ်တဲ့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို အဆင်ပြေစွာ ရောက်ရှိရေးနဲ့ ကောင်းမွန်စွာ နေထိုင်နိုင်ဖို့အတွက် ပြောင်းရွှေ့ကုန်ကျစရိတ်အားလုံး ကျုပ်တာဝန်ယူ ပေးထားတယ်။

 မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်3

ကျုပ်အခုလို စိတ်အားထက်သန်စွာကူညီပေးနေတာက ခင်ဗျားရဲ့အနှိုင်းမဲ့အကြင်နာတရားကြောင့်ပဲ….

ကလေးတွေကို တောထဲပြန်မလွှတ်ပဲ အထူးအခွင့်‌ရေးပေးပြီး နေပြည်တော် တိရစ္ဆာန်ဥယျာဉ်အတွင်း ထားခွင့်ပြုပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးအထူးပါ။

 မိကောင်းမအပါဝင် ဝက်ဝံလေး(၅)ကောင်ကို ယနေ့ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပို့ဆောင်4

အကြောင်းအမျိုးမျိုးကြောင့် ကျုပ် ကလေးတွေကို ပြန်ခေါ်ခွင့် မရခဲ့ပေမဲ့ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့ နေပြည်တော် တိရစ္ဆာန် ဥယျာဉ်ကြီးထဲမှာ သူတို့လေးတွေ လွတ်လွတ် လပ်လပ် ပျော်ရွှင်နေကြမှာတော့ အမှန်ပဲဗျ။

ခင်ဗျားတမလွန်ကနေ ကြည့်ပြီး ကြည်နူးနိုင်ပါစေဗျာ။
ကိုဇော်(၁၁၅)

Credit photo and content

Zawgyi

အႏႈိင္းမဲ့အၾကင္နာပရဟိတသမား ကိုေအာင္၏ အခ်စ္ေတာ္ မိေကာင္းမအပါဝင္ ဝက္ဝံေလး(၅)ေကာင္ကို ယေန႔ ေနျပည္ေတာ္တိရစာၦန္ဥယ်ာဥ္သို႔ ပို႔ေဆာင္

ေတာင္ငူၿမိဳ႕၌ ကြယ္လြန္သူ ကိုေအာင္(ျမင့္မိုရ္နန္း)၏ က်န္ရစ္ေသာ ဝက္ဝံမ်ားျဖစ္ၾကသည့္ ကြယ္လြန္သူ၏ အခ်စ္ေတာ္ ဝက္ဝံမိေကာင္းမ အပါဝင္ ဝက္ဝံေလး (၅) ေကာင္ကို ဧၿပီ ၁၂ ရက္ေန႔ (အဂၤါေန႔)မွာ ေနျပည္ေတာ္ရွိ တိရစာၦန္ဥယ်ာဥ္သို႔ ပို႔ေဆာင္ေၾကာင္း သိရပါသည္။

ဝက္ဝံေလးေတြကို ေတာထဲျပန္မလႊတ္ဘဲ အထူးအခြင့္‌ေရးေပး၍ ေနျပည္ေတာ္ တိရစာၦန္ဥယ်ာဥ္အတြင္း ထားခြင့္ျပဳေပးျခင္းျဖစ္ေၾကာင္းကို ကြယ္လြန္သူ အႏႈိင္းမဲ့အၾကင္နာပရဟိတသမား ကိုေအာင္ (ျမင့္မိုရ္နန္း)၏ ဝက္ဝံေလးမ်ားအေရးကို ကူညီေဆာင္႐ြက္ေပးေနသူ ကိုေဇာ္ -၁၁၅ မိုင္ ( Zaw Hla Myint ေဖ့စ္ဘုတ္ခ္ အေကာင္ပိုင္ရွင္) ၏ အေကာင့္ ေဖ့စ္ဘုတ္ခ္စာမ်က္ႏွာ၌ ေရးသားထားျခင္းေၾကာင့္ သိရပါသည္။

ႏုတ္ဆက္ျခင္း

ကိုေအာင္ေရ… ခင္ဗ်ားအိမ္မွာက်န္ခဲ့တဲ့ ခင္ဗ်ားအခ်စ္ေတာ္ မိေကာင္းမ အပါဝင္ ဝက္ဝံေလး (၅)ေကာင္ကို မနက္ဖန္ (၁၂.၄.၂၀၂၂) အဂၤါေန႔မွာ စနစ္တက်နဲ႔ ေနရာသစ္ျဖစ္တဲ့ ေနျပည္ေတာ္ တိရစာၦန္ဥယ်ာဥ္ကို အဆင္ေျပစြာ ေရာက္ရွိေရးနဲ႔ ေကာင္းမြန္စြာ ေနထိုင္ႏိုင္ဖို႔အတြက္ ေျပာင္းေ႐ႊ႕ကုန္က်စရိတ္အားလုံး က်ဳပ္တာဝန္ယူ ေပးထားတယ္။

က်ဳပ္အခုလို စိတ္အားထက္သန္စြာကူညီေပးေနတာက ခင္ဗ်ားရဲ႕အႏႈိင္းမဲ့အၾကင္နာတရားေၾကာင့္ပဲ….

ကေလးေတြကို ေတာထဲျပန္မလႊတ္ပဲ အထူးအခြင့္‌ေရးေပးၿပီး ေနျပည္ေတာ္ တိရစာၦန္ဥယ်ာဥ္အတြင္း ထားခြင့္ျပဳေပးတဲ့ တာဝန္ရွိသူအားလုံးကိုလည္း ေက်းဇူးအထူးပါ။

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ က်ဳပ္ ကေလးေတြကို ျပန္ေခၚခြင့္ မရခဲ့ေပမဲ့ က်ယ္က်ယ္ ဝန္းဝန္းရွိတဲ့ ေနျပည္ေတာ္ တိရစာၦန္ ဥယ်ာဥ္ႀကီးထဲမွာ သူတို႔ေလးေတြ လြတ္လြတ္ လပ္လပ္ ေပ်ာ္႐ႊင္ေနၾကမွာေတာ့ အမွန္ပဲဗ်။

ခင္ဗ်ားတမလြန္ကေန ၾကည့္ၿပီး ၾကည္ႏူးႏိုင္ပါေစဗ်ာ။
ကိုေဇာ္(၁၁၅)

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*