

ဆစ်ပတ်ထက် ဗိုက်ပူတဲ့ ကိုကိုတွေကို မိန်းကလေးတွေ ပိုစိတ်ဝင်စားတယ် ဆိုပဲ

၂၀၂၁ ကတော့ ကုန်လွန်ခဲ့ပါပြီ ။ နှစ်သစ်က ဘာတွေ ဘယ်လို ပြောင်းလဲမယ် ဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ် ။

လောလောဆယ် မှာတော့ ဘောဒီဝိတ် ချတာကို ကောင်မလေးတွေရော ကောင်းလေးတွေပါ စိတ်ဝင်စား နေကြတယ် ။ အရင် ခေတ်တွေလို မဟုတ်ဘဲ ကောင်လေးတွေက ဂျင်သွား ကစားတာ ပိုလာတယ် ။

ဗိုက်သား ဘယ်လီ ဆစ်ပတ်ဖြစ်ဖို့ အရေးကို ပိုအားသန် လာကြတယ်။ မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ ကိုယ်ခန္တာ အချိုးအစား ကျအောင် ဂျင်ကစားတာရယ် ကျန်းမာရေးကြောင့်ရယ် အကြောင်းပြချက် တွေနဲ့ပေါ့ ။

ဒါပေမဲ့ ပလန်းနတ် ကာယ လေ့ကျင့်ရုံက ပြုလုပ်တဲ့ သုတေသန ရလဒ်ကို ဖတ်ပြီး သွားရင်တော့ သင် အံ့အော သွားပါမယ် ။ မိန်းကလေးတွေက ကြွက်သားတွေ အပြိုင်းပြိုင်းနဲ့ အမျိုးသားတွေထက် ဗိုက်စူ ဗိုက်ပူ နေတဲ့ အမျိုးသားတွေကို ပိုစိတ်ဝင်စား တယ်တဲ့ ။

အွန်လိုင်း ပေါ်ကနေ အမျိုးသမီး ၂၀၀၀ကို ကောက်ယူတဲ့ စစ်တမ်းမှာ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ပုံမှန် ကိုယ်အလေးချိန်ထက် ၁၀ ကီလိုဂရမ် ပိုလေးတဲ့ အမျိုးသားတွေကို ပိုကြိုက်တယ်လို့ ဖော်ပြ ပါရှိတယ် ။ ဒါတင် မကပါဘူး ဗိုက်စူ ဗိုက်ပူ နေတဲ့ အမျိုးသားတွေကို လက်ထပ်ချင်တဲ့ အမျိုးသမီးက ၈၀ ရာခိုင်နှုန်းတောင် ရှိတယ်ဆိုပဲ ။

ဆင်ချူး နေ့စဉ် သတင်းစာ အဆိုအရ ဝတဲ့ အမျိုးသားတွေက ဘောင်းဘီကို လျော့လျော့ရဲရဲ ဝတ်တဲ့ အတွက်ကြောင့် သူတို့ရဲ့အင်္ဂါက လွတ်လပ်စွာ ရှိနေတဲ့အတွက် အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ဖန်တီးပေး နိုင်မယ်လို့ အမျိုးသမီးတွေက ယုံကြည်ကြ တယ်လို့ ဖော်ပြတယ် ။

ဒီ ဖော်ပြချက်တွေကတော့ လိုင်းပေါ်က အမျိုးသမီး အုပ်စုတစ်ခုရဲ့ ဖော်ပြချက်တွေ ဖြစ်ပြီး အမျိုးသမီး အားလုံးနဲ့ မသက်ဆိုင် ပါလို့ သတင်းစာက သူတို့ ကောက်ယူ ရရှိတဲ့ စစ်တမ်း အရဆိုပါတယ် ။

မောင်ယဿ REF; world of buzz

Zawgyi











Be the first to comment

Leave a Reply

Your email address will not be published.


*