
တံတားတစ္စင္းလုံး ျဖဳတ္ခိုးတဲ့ သူခိုးအဖြဲ႕ကို ဖမ္းဆီးရမိ
အိႏၵိယႏိုင္ငံ ဘီဟာ ျပည္နယ္ ႐ိုတာ့စ္ ေဒသရွိ ေပေျခာက္ဆယ္ ရွည္တဲ့ သံတံတား တစ္ခုလုံး ျဖဳတ္ခိုးယူမႈအတြက္ ဖမ္းဆီး ခံထားရသူမ်ား ရွစ္ဦးအနက္ ေရအရင္းအျမစ္ ဌာနက လက္ေထာက္ အင္ဂ်င္နီယာတစ္ဦး ပါဝင္ေၾကာင္း ရဲတပ္ဖြဲ႕ က ေျပာၾကားပါတယ္။
တံတားကို ျဖဳတ္ၿပီး ခိုးယူသြားတဲ့ သံထည္ တန္ခ်ိန္ ၅၀၀ အနက္ ကီလို ရာနဲ႔ခ်ီ တဲ့ သံထည္မ်ားကို ျပန္ရွာေတြ႕ထားေၾကာင္း ရဲတပ္ဖြဲ႕ က ေျပာၾကားသည္။
ခိုးမႈအတြင္း အသုံးျပဳခဲ့တဲ့ ဂတ္စ္နဲ႔ သံျဖတ္တဲ့ ကိရိယာမ်ား နဲ႔ ဗန္ကားတစ္စီးကိုလည္း သိမ္းဆည္း ရမိ ထားေၾကာင္း ရဲ တပ္ဖြဲ႕ က ေျပာၾကားပါတယ္။
သူခိုးေတြဟာ ဆည္ေျမာင္း ဌာနက အရာရွိမ်ား ပုံစံ ဟန္ေဆာင္ၿပီး တံတားကို ျဖဳတ္ၿပီး ခိုးယူသြားတာ ျဖစ္ေၾကာင္း ရဲ တပ္ဖြဲ႕က ေျပာၾကားပါတယ္။
အိႏၵိယမွာ လူေျပာမ်ားခဲ့တဲ့ ဒီခိုးမႈ အတြက္ သံသယရွိသူေတြကို ဖမ္းဆီးႏိုင္ခဲ့တဲ့အတြက္ လူအမ်ား ေက်နပ္ေနၾကၿပီး မဖမ္းဆီးႏိုင္ရင္ ဒီသူခိုးေတြဟာ တာ့ခ်္မဟာကိုေတာင္ ခိုးယူ ၾကလိမ့္မယ္လို႔ ေျပာဆိုေနၾကပါတယ္။
လက္က်န္ တရားခံေတြကို ဖမ္းဆီးႏိုင္ေရး စီးနင္းမႈမ်ား ျပဳလုပ္ေနေၾကာင္း ရဲတပ္ဖြဲ႕ အႀကီးအကဲ အာရွိ ဘာရက္တီ က ေျပာၾကားပါတယ္။
ဘီဟာ ျပည္နယ္က ေရအရင္းအျမစ္ ဌာန လက္ေထာက္ အင္ဂ်င္နီယာ တစ္ဦးဟာ ခိုးမႈ ျဖစ္ခ်ိန္က အဆိုပါ တံတားအနီးမွာ ရွိေနခဲ့ၿပီး ေဒသခံမ်ားကို တံတားအား တရားဝင္ ျဖဳတ္ယူသလို ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။
၁၉၇၆ ခုႏွစ္ က အာရာ ဆိုနီ တူးေျမာင္းမွာ ေဖာက္လုပ္ခဲ့တဲ့ အဆိုပါ တံတား ေဘးမွာ ကြန္ကရစ္တံတား တစ္စင္း အၿပိဳင္ေဆာက္လုပ္ခဲ့ၿပီးေနာက္ အဆိုပါ သံတံတားကို လြန္ခဲ့တဲ့ ငါးႏွစ္က အသုံးမျပဳေတာ့ဘူးလို႔ ေၾကညာခဲ့ပါတယ္။
Credit to Myanma Platform
Unicode
တံတားတစ်စင်းလုံး ဖြုတ်ခိုးတဲ့ သူခိုးအဖွဲ့ကို ဖမ်းဆီးရမိ
အိန္ဒိယနိုင်ငံ ဘီဟာ ပြည်နယ် ရိုတာ့စ် ဒေသရှိ ပေခြောက်ဆယ် ရှည်တဲ့ သံတံတား တစ်ခုလုံး ဖြုတ်ခိုးယူမှုအတွက် ဖမ်းဆီး ခံထားရသူများ ရှစ်ဦးအနက် ရေအရင်းအမြစ် ဌာနက လက်ထောက် အင်ဂျင်နီယာတစ်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ က ပြောကြားပါတယ်။
တံတားကို ဖြုတ်ပြီး ခိုးယူသွားတဲ့ သံထည် တန်ချိန် ၅၀၀ အနက် ကီလို ရာနဲ့ချီ တဲ့ သံထည်များကို ပြန်ရှာတွေ့ထားကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။
ခိုးမှုအတွင်း အသုံးပြုခဲ့တဲ့ ဂတ်စ်နဲ့ သံဖြတ်တဲ့ ကိရိယာများ နဲ့ ဗန်ကားတစ်စီးကိုလည်း သိမ်းဆည်း ရမိ ထားကြောင်း ရဲ တပ်ဖွဲ့ က ပြောကြားပါတယ်။
သူခိုးတွေဟာ ဆည်မြောင်း ဌာနက အရာရှိများ ပုံစံ ဟန်ဆောင်ပြီး တံတားကို ဖြုတ်ပြီး ခိုးယူသွားတာ ဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားပါတယ်။
အိန္ဒိယမှာ လူပြောများခဲ့တဲ့ ဒီခိုးမှု အတွက် သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့တဲ့အတွက် လူအများ ကျေနပ်နေကြပြီး မဖမ်းဆီးနိုင်ရင် ဒီသူခိုးတွေဟာ တာ့ချ်မဟာကိုတောင် ခိုးယူ ကြလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။
လက်ကျန် တရားခံတွေကို ဖမ်းဆီးနိုင်ရေး စီးနင်းမှုများ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ အာရှိ ဘာရက်တီ က ပြောကြားပါတယ်။
ဘီဟာ ပြည်နယ်က ရေအရင်းအမြစ် ဌာန လက်ထောက် အင်ဂျင်နီယာ တစ်ဦးဟာ ခိုးမှု ဖြစ်ချိန်က အဆိုပါ တံတားအနီးမှာ ရှိနေခဲ့ပြီး ဒေသခံများကို တံတားအား တရားဝင် ဖြုတ်ယူသလို ပြောကြားခဲ့ကြောင်း သိရပါတယ်။
၁၉၇၆ ခုနှစ် က အာရာ ဆိုနီ တူးမြောင်းမှာ ဖောက်လုပ်ခဲ့တဲ့ အဆိုပါ တံတား ဘေးမှာ ကွန်ကရစ်တံတား တစ်စင်း အပြိုင်ဆောက်လုပ်ခဲ့ပြီးနောက် အဆိုပါ သံတံတားကို လွန်ခဲ့တဲ့ ငါးနှစ်က အသုံးမပြုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။
Credit to Myanma Platform
Leave a Reply