ဦးေခါင္း ခြဲစိတ္ေနစဥ္အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

ဦးေခါင္း ခြဲစိတ္ေနစဥ္အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး
ဦးေခါင္း ခြဲစိတ္ေနစဥ္အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

ဦးခေါင်း ခွဲစိတ်နေစဉ်အတွင်း တယောထိုးနေတဲ့ အမျိုးသမီး

ဦးနှောက်ထဲမှာ အကြိတ်တည်နေလို့ ခွဲစိတ်မှု လုပ်နေစဉ်အတွင်း ၅၃နှစ်အရွယ် ဝေဒနာရှင်က သူမရဲ့ တယောကို အထိုးမပျက်ခဲ့ပါဘူးလို့ CNN သတင်းတစ်ရပ်မှာ ပါလာခဲ့ပါတယ်။ ဒရက်မာတာနာဆိုတဲ့ တယောပညာရှင် အမျိုးသမီးက သူမဦးနှောက်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ အကြိတ် တည်နေပါတယ် ။

အဲ့ဒီ အကြိတ်ကို ခွဲစိတ်တဲ့ အခါမှာ ဘယ်ဘက်လက်ရဲ့ နှုးညံ့တဲ့ အထိအတွေ့ကို ထိတွေ့မှု အာရုံခံစွမ်းအား ဆုံးရှုံးသွားနိုင်တတ်လို့ ခွဲစိတ်နေစဉ် ကာလအတွင်း ထိခိုက်မှု ရှိမရှိ ဂီတသံကို ထုတ်လွှတ် ခိုင်းထားတာပါ ။

ခွဲစိတ်ရမဲ့ အကြိတ်နဲ့ အာရုံခံစားနိုင်မှု နေရာက အရမ်းနီးကပ် နေတာကြောင့် မတော်တဆ ထိခိုက်မှုမျိုး မဖြစ်အောင် လုပ်တာပါ ။ “ ကျမက တယောကို အရူးအမူး စွဲလမ်း နေတာပါ ။ ၁၀နှစ်သမီး အရွယ်ကတည်းက တယော ထိုးလာတာ ။

ဒီ အသက်အရွယ် ရောက်တဲ့အထိ တယောမထိုးတဲ့ရက် တစ်ရက်မှကို မရှိခဲ့ပါဘူး ။ တကယ်လို့များ မတော်တဆ တစ်ခုခုကြောင့် ကျမ တယောထိုးခွင့် ဆုံးရှုံးသွားမယ် ဆိုရင် ဘဝမှာ ဒီထက် ကြေကွဲစရာ မရှိတော့ပါဘူး ” လို့ ဒရက်မာတာနာက ဆိုတယ် ။

လန်ဒန်ဘုရင့် တက္ကသိုလ် ဆေးရုံက အာရုံကြော ခွဲစိတ် ဆရာဝန် ဒေါက်တာ အက်ရှ်ခန်က သူ့အနေနဲ့ ခွဲစိတ်မှု ကာလအတွင်း ဘာဆိုဘာမှ ထိခိုက်မှု မရှိဘူးဆိုတာ သက်သေပြဖို့အတွက် သူမကို တယောထိုးခိုင်းတာက အကောင်းဆုံး သက်သေ ပြချက်ပါပဲ ။

“ကျနော်တို့က တစ်နှစ်ကို ဦးခေါင်း ခွဲစိတ်မှု ၄၀၀ လောက် လုပ်ရပါတယ်။ ခွဲစိတ်မှု ပြီးသွားရင် အမြဲလို ဘာသာစကား စစ်ဆေးမှု လုပ်ရပါတယ်။ သူ ဘယ်လောက် မေ့သွားလဲ ဆိုတာကိုပါ။ ဦးနှာက် ခွဲစိတ်မှုတိုင်းမှာ မှတ်ဉာဏ် ထိခိုက်မှု ရှိတတ်လို့ပါ ။

ဒီတခါတော့ သူ့မှတ်ဉာဏ် မထိခိုက်ဘဲ ခွဲစိတ်လို့ ရအောင် သူ့ကို တယောထိုးခိုင်း ထားတာပါ ။ ကျနော်တို့ ဆေးရုံရဲ့ ပထမဆုံး ခွဲစိတ်မှုပါပဲ ” လို့ သူက ဆိုတယ် ။

ခွဲစိတ်မှု မလုပ်ခင် ၂နာရီလောက် ကတည်းက သူမကို တယော ထိုင်းခိုင်းပြီး ဦးနှောက်ရဲ့ တုံ့ပြန်မှုတွေကို တွက်ချက်ပြီးမှ ခွဲခဲ့တာပါ ။

သူမရဲ့ ခန္တာကိုယ် လှုပ်ရှားမှု ထိန်းချုပ်ခန်းကို မထိဘဲ ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ် ။ ခွဲစိတ်ပြီး ၃ရက် အကြာမှာ ဒရက်မာက ဆေးရုံက ဆင်းနိုင်ခဲ့ပြီး အိမ်မှာ ကောင်းစွာ အနားယူကာ တယောကို ထိုးနေခဲ့ပါတယ် ။

မောင်ယဿ REF: world of buzz, photo credit; inside edition

Zawgyi

ဦးေခါင္း ခြဲစိတ္ေနစဥ္အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

ဦးေႏွာက္ထဲမွာ အႀကိတ္တည္ေနလို႔ ခြဲစိတ္မႈ လုပ္ေနစဥ္အတြင္း ၅၃ႏွစ္အ႐ြယ္ ေဝဒနာရွင္က သူမရဲ႕ တေယာကို အထိုးမပ်က္ခဲ့ပါဘူးလို႔ CNN သတင္းတစ္ရပ္မွာ ပါလာခဲ့ပါတယ္။ ဒရက္မာတာနာဆိုတဲ့ တေယာပညာရွင္ အမ်ိဳးသမီးက သူမဦးေႏွာက္ရဲ႕ အေရွ႕ညာဘက္ျခမ္းမွာ အႀကိတ္ တည္ေနပါတယ္ ။

အဲ့ဒီ အႀကိတ္ကို ခြဲစိတ္တဲ့ အခါမွာ ဘယ္ဘက္လက္ရဲ႕ ႏႈးညံ့တဲ့ အထိအေတြ႕ကို ထိေတြ႕မႈ အာ႐ုံခံစြမ္းအား ဆုံးရႈံးသြားႏိုင္တတ္လို႔ ခြဲစိတ္ေနစဥ္ ကာလအတြင္း ထိခိုက္မႈ ရွိမရွိ ဂီတသံကို ထုတ္လႊတ္ ခိုင္းထားတာပါ ။

ခြဲစိတ္ရမဲ့ အႀကိတ္နဲ႔ အာ႐ုံခံစားႏိုင္မႈ ေနရာက အရမ္းနီးကပ္ ေနတာေၾကာင့္ မေတာ္တဆ ထိခိုက္မႈမ်ိဳး မျဖစ္ေအာင္ လုပ္တာပါ ။ “ က်မက တေယာကို အ႐ူးအမူး စြဲလမ္း ေနတာပါ ။ ၁၀ႏွစ္သမီး အ႐ြယ္ကတည္းက တေယာ ထိုးလာတာ ။

ဒီ အသက္အ႐ြယ္ ေရာက္တဲ့အထိ တေယာမထိုးတဲ့ရက္ တစ္ရက္မွကို မရွိခဲ့ပါဘူး ။

တကယ္လို႔မ်ား မေတာ္တဆ တစ္ခုခုေၾကာင့္ က်မ တေယာထိုးခြင့္ ဆုံးရႈံးသြားမယ္ ဆိုရင္ ဘဝမွာ ဒီထက္ ေၾကကြဲစရာ မရွိေတာ့ပါဘူး ” လို႔ ဒရက္မာတာနာက ဆိုတယ္ ။

လန္ဒန္ဘုရင့္ တကၠသိုလ္ ေဆး႐ုံက အာ႐ုံေၾကာ ခြဲစိတ္ ဆရာဝန္ ေဒါက္တာ အက္ရွ္ခန္က သူ႔အေနနဲ႔ ခြဲစိတ္မႈ ကာလအတြင္း ဘာဆိုဘာမွ ထိခိုက္မႈ မရွိဘူးဆိုတာ သက္ေသျပဖို႔အတြက္ သူမကို တေယာထိုးခိုင္းတာက အေကာင္းဆုံး သက္ေသ ျပခ်က္ပါပဲ ။

“က်ေနာ္တို႔က တစ္ႏွစ္ကို ဦးေခါင္း ခြဲစိတ္မႈ ၄၀၀ ေလာက္ လုပ္ရပါတယ္။ ခြဲစိတ္မႈ ၿပီးသြားရင္ အၿမဲလို ဘာသာစကား စစ္ေဆးမႈ လုပ္ရပါတယ္။

သူ ဘယ္ေလာက္ ေမ့သြားလဲ ဆိုတာကိုပါ။ ဦးႏွာက္ ခြဲစိတ္မႈတိုင္းမွာ မွတ္ဉာဏ္ ထိခိုက္မႈ ရွိတတ္လို႔ပါ ။

ဒီတခါေတာ့ သူ႔မွတ္ဉာဏ္ မထိခိုက္ဘဲ ခြဲစိတ္လို႔ ရေအာင္ သူ႔ကို တေယာထိုးခိုင္း ထားတာပါ ။ က်ေနာ္တို႔ ေဆး႐ုံရဲ႕ ပထမဆုံး ခြဲစိတ္မႈပါပဲ ” လို႔ သူက ဆိုတယ္ ။

ခြဲစိတ္မႈ မလုပ္ခင္ ၂နာရီေလာက္ ကတည္းက သူမကို တေယာ ထိုင္းခိုင္းၿပီး ဦးေႏွာက္ရဲ႕ တုံ႔ျပန္မႈေတြကို တြက္ခ်က္ၿပီးမွ ခြဲခဲ့တာပါ ။

သူမရဲ႕ ခႏၲာကိုယ္ လႈပ္ရွားမႈ ထိန္းခ်ဳပ္ခန္းကို မထိဘဲ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ပါတယ္ ။ ခြဲစိတ္ၿပီး ၃ရက္ အၾကာမွာ ဒရက္မာက ေဆး႐ုံက ဆင္းႏိုင္ခဲ့ၿပီး အိမ္မွာ ေကာင္းစြာ အနားယူကာ တေယာကို ထိုးေနခဲ့ပါတယ္ ။

ေမာင္ယႆ REF: world of buzz, photo credit; inside edition

Be the first to comment

Leave a Reply

Your email address will not be published.


*