ေက်း႐ြာေျမတစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ဘယ္လိုလုပ္ထားရမလဲ…

ေက်း႐ြာေျမတစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ဘယ္လိုလုပ္ထားရမလဲ…
ေက်း႐ြာေျမတစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ဘယ္လိုလုပ္ထားရမလဲ…

ကျေးရွာမြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လိုလုပ်ထားရမလဲ…

ကျေးရွာမြေ တစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို လုပ်ထားရမလဲဆိုတာ သိပါရစေတဲ့…။ ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ်လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါ။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်းမရှိပါဘူး၊ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။

ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံနဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇဝင် မှတ်တမ်း (၁- က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း (၁-ခ) လည်း မရှိပါဘူး။

မြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ “အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။

အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှု ရှိလျှင် နှစ်စဉ် မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ”..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။

သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။

ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ

တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။

အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ ခေါ်ပါတယ်။

၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အဝန်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ

အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့်

ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ် ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DVB မေး // ဆရာဦးဇော်မင်းဖြေမှ ရယူပါသည်။ ခရက်ဒစ် ဆရာဦးဇော်မင်း#ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Zawgyi

ေက်း႐ြာေျမတစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ဘယ္လိုလုပ္ထားရမလဲ…

ေက်း႐ြာေျမ တစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ဘယ္လို လုပ္ထားရမလဲဆိုတာ သိပါရေစတဲ့…။ ေက်း႐ြာအတြင္းမွ အိမ္ကြက္မ်ားကို တစ္ကြက္ခ်င္း နယ္နိမိတ္ခြဲျခား၍ တိုင္းတာ ပုံထုတ္ထားျခင္း၊ မွတ္တမ္းထားျခင္း ေျမစာရင္းဌာနမွာ မရွိပါဘူး။

ဆိုလိုတာက ၿမိဳ႕ေျမလို ကြက္စိတ္ ကြက္ႀကဲ တိုင္းတာၿပီး ေျမပုံထုတ္ မွတ္တမ္းတင္ထားျခင္း မရွိတာပါ။ ဒါကလဲ ေခတ္အဆက္ဆက္ ေက်း႐ြာေျမေတြကို အခြန္ကင္းလြတ္ ေပးထားၿပီး ႐ြာနယ္နိမိတ္ေလာက္ကိုသာ ေျမပုံေရးဆြဲ ထားၾကလို႔ပါ။

႐ြာအတြင္း တစ္ကြက္ျခင္း ေျမတည္ေနရာ ေျမရာဇဝင္ ကြင္းအမွတ္ အကြက္အမွတ္ ေျမအက်ယ္ အေသးစိတ္ ေျမပုံနဲ႔ စာရင္းမရွိပါဘူး၊ ပိုင္ဆိုင္မႈ ခိုင္မာဖို႔ ဆိုတာ ဂရန္ခ်ထားေပးတဲ့ သေဘာပါ။

ဂရန္ခ်ထား ေပးဖို႔ကလဲ အဲဒီလို ေျမပုံနဲ႔ စာရင္းေတြ အတိအက် အေသးစိတ္ရွိမွသာ ေပးႏိုင္တာပါ။ ေက်း႐ြာအတြင္းက ေျမမ်ားသည္ သာမန္အားျဖင့္ ဦးပိုင္ခြဲ မထားသလို ဦးပိုင္လိုက္ ေျမရာဇဝင္ မွတ္တမ္း (၁- က) မထားပါဘူး။ ေျမတစ္ကြက္ခ်င္းအတြက္ ဧရိယာစာရင္း (၁-ခ) လည္း မရွိပါဘူး။

ေျမစာရင္း လက္စြဲဥပေဒ အပိုဒ္ ၆၇၁ မွာ “ေအာက္ျမန္မာႏိုင္ငံရွိ ႐ြာေျမမ်ားအတြက္ အခြန္စည္းၾကပ္မႈ မွတ္ပုံစာရင္း၊ သို႔မဟုတ္ ေျမကြက္မ်ား မွတ္ပုံစာရင္းမ်ားကို ျပဳလုပ္ရန္ မလိုေခ်။

အထက္ျမန္မာႏိုင္ငံရွိ ႐ြာေျမမ်ားတြင္ စိုက္ပ်ိဳး လုပ္ကိုင္မႈ ရွိလွ်င္ ႏွစ္စဥ္ ေျမခြန္စည္းၾကပ္မႈ မွတ္ပုံစာရင္းတခု ျပဳလုပ္ထားရွိရမည္။ သို႔ေသာ္ ဦးပိုင္မွတ္ပုံစာရင္း သို႔မဟုတ္ ေျမကြက္မ်ား မွတ္ပုံစာရင္း ထားရွိရန္ မလိုေခ်”..ဟု ျပဌာန္း ထားခ်က္အရ ျဖစ္ပါတယ္။

သို႔ျဖစ္၍ ေက်း႐ြာ ေျမတစ္ခုကို ပိုင္ဆိုင္မႈ ခိုင္မာေအာင္ ပိုင္ဆိုင္မႈ မွတ္တမ္း ရရွိရန္ မည္သို႔ လုပ္ထားသင့္သလဲ ဆိုပါက ေဆာင္႐ြက္ႏိုင္သည့္ အခ်က္ ၂ ခ်က္ ရွိေနတာ ေတြ႕ရပါတယ္။

ပထမအခ်က္က ေက်း႐ြာဂရန္ ရရွိေရး ျဖစ္ပါတယ္။ ဥပေဒမွာေတာ့ ႐ြာေျမတိုးခ်ဲ႕ျခင္း၊ ႐ြာသစ္တည္ျခင္းမ်ား အတြက္သာ ဂရန္ေပးရန္ ျပဌာန္းထားေပမဲ့ ဒီဘက္ေခတ္မွာ

တစ္ၿမိဳ႕မွာ တစ္႐ြာ ဂရန္ေပးေရး Village Grant လုပ္ငန္းစီမံခ်က္အရ တစ္႐ြာလုံးရွိ အိမ္ကြက္မ်ားကို ေက်း႐ြာ ဂရန္ေပးသည့္ စီမံခ်က္ ရွိပါက ပိုင္ဆိုင္မႈ မွတ္တမ္းဂရန္ တစ္ခုကို ရရွိႏိုင္ပါတယ္။

ဂရန္ရရင္ ေျမပိုင္ဆိုင္မႈ တိက်ၿပီး ခိုင္မာတယ္၊ ဘဏ္မွာ အေပါင္ထားလို႔ ရတယ္၊ သို႔ေသာ္ အရင္က ေျမခြန္လြတ္ေပမဲ့ ဂရန္နဲ႔ ဆိုရင္ ေျမခြန္ေဆာင္ရပါမယ္၊ စီမံခ်က္မရွိေသးရင္ ဂရန္ရဖို႔ မလြယ္ေသးပါဘူး။

အထက္မွာ တင္ျပခဲ့တဲ့ ေျမရာဇဝင္၊ ေျမပုံ စာရင္းေတြ အေသးစိတ္ တိုင္းတာ တြက္ခ်က္ ေရးဆြဲဖို႔ အခ်ိန္ေပးရတာနဲ႔ ႐ြာမ်ားအားလုံးအတြက္ တိုင္းတာဖို႔ မလြယ္ေသးတာပါ။

ဒုတိယ အခ်က္က လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ဝန္ခံခ်က္ လက္မွတ္ ရယူျခင္း ျဖစ္ပါတယ္။ ဒါကလဲ လယ္ယာေျမ မဟုတ္ဘူး အျခားနည္း သုံးေနတဲ့ေျမ၊ အိမ္ေဆာက္ေနတဲ့ ေျမလို႔ပဲ ဆိုလိုတာပါ၊ အရင္ကေတာ့ 3 B Certificate လို႔ ေခၚပါတယ္။

၁၉၅၃ လယ္ယာေျမ ႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ ၃(ခ)တြင္ လယ္ယာေျမဟု သတ္မွတ္ထားေသာ ေျမအမ်ိဳးအစားတြင္ ႐ြာေျမ အဝန္းအပိုင္းထဲမွ ေဖၚျပပါ အလားေလးရပ္အတြင္း ယင္းဥပေဒ မျပဌာန္းမီကပင္ မိမိ စိုက္ပ်ိဳးမႈ လုပ္ငန္း မဟုတ္ဘဲ

အိမ္ရာ အေဆာက္အဦး စက္႐ုံအျဖစ္ လက္ရွိထား အသုံးျပဳ ေနေသာ ေျမကြက္ မပါေၾကာင္းဟု ေျမစာရင္းဌာနမွ ထုတ္ေပးသည့္ လယ္ယာေျမ မဟုတ္ေၾကာင္း သက္ေသခံ လက္မွတ္ ေလွ်ာက္ထားရယူျခင္း ျဖစ္ပါတယ္။

ယခု ၂၀၁၂ လယ္ယာေျမဥပေဒ ပုဒ္မ ၃(က) ပါ (ပုဒ္မ ၃၊ (က)။ လယ္ယာေျမဟူေသာ စကားရပ္တြင္ ၿမိဳ႕နယ္နိမိတ္၊ ေက်း႐ြာနယ္နိမိတ္ အတြင္းရွိ လူေနအိမ္ရာမ်ား၊ ဘာသာေရးအေဆာက္အအုံႏွင့္

ပရဝဏ္မ်ား၊ အမ်ားပိုင္ဆိုင္၍ စိုက္ပ်ိဳးေရးအတြက္ အသုံးမျပဳေသာေျမမ်ား မပါဝင္) ဟူေသာ စကားရပ္အရ ဆိုပါက လယ္ယာေျမမွ ကင္းလြတ္ေၾကာင္း ဝန္ခံခ်က္ လက္မွတ္ ကို 3 A လို႔သုံးရမွာ ျဖစ္ပါတယ္။

သို႔ေသာ္ 3 A Certificate ထုတ္ေပးရန္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ယာေရးေကာ္မတီမွ လုပ္ထုံးလုပ္နည္း ထုတ္ျပန္ ေဆာင္႐ြက္ေနေသာ္လည္း က်န္ေဒသမ်ားအတြက္ ဗဟိုလယ္စီအဖြဲ႕မွ ယေန႔ထိ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားျခင္း မရွိေသးပါဘူး။ ဒါေၾကာင့္ ၫႊန္ၾကားခ်က္ရမွသာ ရရွိႏိုင္မွာ ျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

DVB ေမး // ဆရာဦးေဇာ္မင္းေျဖမွ ရယူပါသည္။ ခရက္ဒစ္ ဆရာဦးေဇာ္မင္း#ျပန္လည္ မွ်ေဝျခင္းျဖစ္ပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*