ဝက္ၿခံ နဲ႔ အမာ႐ြတ္မ်ားေတြ ကင္းတဲ့ မ်က္ႏွာလွလွေလး ပိုင္ဆိုင္ခ်င္တယ္ဆိုရင္

ဝက္ၿခံ နဲ႔ အမာ႐ြတ္မ်ားေတြ ကင္းတဲ့ မ်က္ႏွာလွလွေလး ပိုင္ဆိုင္ခ်င္တယ္ဆိုရင္
ဝက္ၿခံ နဲ႔ အမာ႐ြတ္မ်ားေတြ ကင္းတဲ့ မ်က္ႏွာလွလွေလး ပိုင္ဆိုင္ခ်င္တယ္ဆိုရင္

ဝက်ခြံ နဲ့ အမာရွတ်များတွေ ကင်းတဲ့ မျက်နှာလှလှလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်

သင့် မျက်နှာပြင်မှာ ဘယ်လို အကြောင်းကြောင့်ပင် ဖြစ်စေ ဝက်ခြံများ ထွက်လာတဲ့အခါ သင်ဟာ မညှစ်ရ မနေနိုင်အောင်ကို ဖြစ်နေလေ့ ရှိတယ် မဟုတ်လား။ ဘယ်သို့ပင် ထိန်းချုပ်ထိန်းချုပ် ဆိပ်ဆွဲ ညှစ်ထုတ်ရမှကို နေသာ ထိုင်သာ ရှိလေ့ ရှိကြတာကြောင့် မျက်နှာပြင်အရေပြား နုနုပေါ်မှာ အမဲကွက်နဲ့ အမာရွတ်များ ထင်ကျန်နေတော့တာကို စိတ်ပျက်ဖွယ်ရာ တွေ့ရှိရ ပါတော့တယ်။

အမှန်ကတော့ ဝက်ခြံထွက်လာရင် မညှစ်မိအောင် သတိထားဖို့ လိုပါတယ်။ အကယ်၍များ မျက်နှာပြင်ပေါ်က ဝက်ခြံတို့ကို ညှစ်မိ ဆိပ်ဆွမိလို့ အမာရွတ်တွေ ဖြစ်နေလို့ သိပ်စိတ်မညစ်ပါနဲ့ ။ သင့် မျက်နှာပြင်ပေါ်မှာ ကြည့်ရဆိုးနေတဲ့ အမာရွတ်များ သက်သာပျောက်ကင်းစေဖို့ အိမ်တွင်း နည်းလမ်းကောင်း အချို့ ဖော်ပြ ပေးပါ့မယ်။

အခု ဖော်ပြပေးမဲ့ အိမ်တွင်းနည်းလမ်းကောင်း လေးတွေဟာ သင်ရဲ့ အနီးအနား လက်တစ်ကမ်းမှာပင် ရှိနေတဲ့ ပစ္စည်းများသာ ဖြစ်တာမို့ သင့် အတွက် မခက်ခဲစေပါ။

လိုအပ်တဲ့ ပါဝင် ပစ္စည်းအချို့

သင့် မျက်နှာပြင်က အမာရွတ်တွေ သက်သာပျောက်ကင်းဖို့ ပြုလုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့….

မုန့်ဖုတ်ဆော်ဒါ လက်ဘက်ရည်းဇွန်း နှစ်ဇွန်း သံပရိုသီးအရည် လက်ဘက်ရည်ဇွန်း နှစ်ဇွန်း သံလွင်ဆီ အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများကို ပေါင်းစပ်နည်း

မုန့်ဖုတ်ဆော်ဒါ လက်ဘက်ရည်ဇွန်း နှစ်ဇွန်းစာကို ပန်းကန်လုံးသန့်သန့် တစ်ခုတွင် ထည့်ပါ။ ထိုအထဲသို့ သံပရိုရည် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းအား ပေါင်းထည့်ပါ။ သံလွင်ဆီကို မထည့်ရပါ။ ထိုပစ္စည်း နှစ်မျိုးကို ရောသမ သွားစေရန် နာနာခေါက် မွှေပေးပါ။

အသုံးပြုပုံ

အခုနက ရောမွှေထားတဲ့ အရောအစပ် ပစ္စည်းကို ဝက်ခြံကြောင့် ဖြစ်ပေါ်လာရတဲ့ အမာရွတ်များ ပေါ်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ် ပထမဦးစွာ မျက်နှာပြင်ကို ဆေးကျောသန့်စင်ပြီး မျက်နှာသုတ်ပုဝါနုနုဖြင့် ခြောက်သွေ့အောင် သုတ်ပါ။ ပြီးရင် အခုနက ရောဖျော်ထားတဲ့အနှစ်များကို မျက်နှာပြင်ပေါ်ရှိ ဝက်ခြံကြောင့် ဖြစ်နေတဲ့ အမာရွတ်တွေပေါ်မှာ သုတ်လိမ်းပေးပါ။

မိနစ် အနည်းငယ် ကြာအောင် ခြောက်သွေ့သည်အထိ ထားပါ။ ပြီးလျှင် မျက်နှာကို ရေအေးနှင့် သန့်စင်ပေးပါ။ မျက်နှာသုတ်ပုဝါနုနုဖြင့် ရေများကို ခြောက်သွေ့အောင် ပြန်သုတ်ပါ။

အခုနက ရှိနေတဲ့ သံလွင်ဆီကို အနည်းငယ် အပူပေးပါ။ ပူနွေးလာတဲ့ သံလွင်ဆီ နွေးနွေးကို မျက်နှာပြင်ပေါ်မှာ အနှံသုတ်လိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန် လှည့်၍ ခပ်ဖွဖွ နှိပ်ပေးပါ။ သုတ်လိမ်းထါးသည့် သံလွင်ဆီကို တစ်နာရီခန့် ကြာအောင် ထားပါ။

ပြီးနောက် ရေကြက်သီးနွေး ကလေးဖြင့် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ဝီရိယစိုက်ကာ ပြုလုပ်ပေးပါက သင့်မျက်နှာပြင်ပေါ်က ဝက်ခြံကြောင့် အကြည့်ရဆိုးလှတဲ့ အမာရွတ်တွေ သိသိသာသာ သက်သာပါးလျ လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လှပနုညံ့တဲ့ မျက်နှာလှလှလေးမှာ ဝက်ခြံနဲ့ အမာရွတ် ကင်းစင်စေဖို့ ဝီရိယ စိုက်ကြပါစို့။

စန္ဒီမြင့်မိုရ်

Zawgyi

ဝက္ၿခံ နဲ႔ အမာ႐ြတ္မ်ားေတြ ကင္းတဲ့ မ်က္ႏွာလွလွေလး ပိုင္ဆိုင္ခ်င္တယ္ဆိုရင္

သင့္ မ်က္ႏွာျပင္မွာ ဘယ္လို အေၾကာင္းေၾကာင့္ပင္ ျဖစ္ေစ ဝက္ၿခံမ်ား ထြက္လာတဲ့အခါ သင္ဟာ မညႇစ္ရ မေနႏိုင္ေအာင္ကို ျဖစ္ေနေလ့ ရွိတယ္ မဟုတ္လား။ ဘယ္သို႔ပင္ ထိန္းခ်ဳပ္ထိန္းခ်ဳပ္ ဆိပ္ဆြဲ ညႇစ္ထုတ္ရမွကို ေနသာ ထိုင္သာ ရွိေလ့ ရွိၾကတာေၾကာင့္ မ်က္ႏွာျပင္အေရျပား ႏုႏုေပၚမွာ အမဲကြက္နဲ႔ အမာ႐ြတ္မ်ား ထင္က်န္ေနေတာ့တာကို စိတ္ပ်က္ဖြယ္ရာ ေတြ႕ရွိရ ပါေတာ့တယ္။

အမွန္ကေတာ့ ဝက္ၿခံထြက္လာရင္ မညႇစ္မိေအာင္ သတိထားဖို႔ လိုပါတယ္။ အကယ္၍မ်ား မ်က္ႏွာျပင္ေပၚက ဝက္ၿခံတို႔ကို ညႇစ္မိ ဆိပ္ဆြမိလို႔ အမာ႐ြတ္ေတြ ျဖစ္ေနလို႔ သိပ္စိတ္မညစ္ပါနဲ႔ ။ သင့္ မ်က္ႏွာျပင္ေပၚမွာ ၾကည့္ရဆိုးေနတဲ့ အမာ႐ြတ္မ်ား သက္သာေပ်ာက္ကင္းေစဖို႔ အိမ္တြင္း နည္းလမ္းေကာင္း အခ်ိဳ႕ ေဖာ္ျပ ေပးပါ့မယ္။

အခု ေဖာ္ျပေပးမဲ့ အိမ္တြင္းနည္းလမ္းေကာင္း ေလးေတြဟာ သင္ရဲ႕ အနီးအနား လက္တစ္ကမ္းမွာပင္ ရွိေနတဲ့ ပစၥည္းမ်ားသာ ျဖစ္တာမို႔ သင့္ အတြက္ မခက္ခဲေစပါ။

လိုအပ္တဲ့ ပါဝင္ ပစၥည္းအခ်ိဳ႕

သင့္ မ်က္ႏွာျပင္က အမာ႐ြတ္ေတြ သက္သာေပ်ာက္ကင္းဖို႔ ျပဳလုပ္ရန္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့….

မုန႔္ဖုတ္ေဆာ္ဒါ လက္ဘက္ရည္းဇြန္း ႏွစ္ဇြန္း သံပ႐ိုသီးအရည္ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္း သံလြင္ဆီ အနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။

ပါဝင္ပစၥည္းမ်ားကို ေပါင္းစပ္နည္း

မုန႔္ဖုတ္ေဆာ္ဒါ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္းစာကို ပန္းကန္လုံးသန႔္သန႔္ တစ္ခုတြင္ ထည့္ပါ။ ထိုအထဲသို႔ သံပ႐ိုရည္ လက္ဘက္ရည္ဇြန္း ႏွစ္ဇြန္းအား ေပါင္းထည့္ပါ။ သံလြင္ဆီကို မထည့္ရပါ။ ထိုပစၥည္း ႏွစ္မ်ိဳးကို ေရာသမ သြားေစရန္ နာနာေခါက္ ေမႊေပးပါ။

အသုံးျပဳပုံ

အခုနက ေရာေမႊထားတဲ့ အေရာအစပ္ ပစၥည္းကို ဝက္ၿခံေၾကာင့္ ျဖစ္ေပၚလာရတဲ့ အမာ႐ြတ္မ်ား ေပၚမွာ လိမ္းေပးရမွာ ျဖစ္ပါတယ္ ပထမဦးစြာ မ်က္ႏွာျပင္ကို ေဆးေက်ာသန႔္စင္ၿပီး မ်က္ႏွာသုတ္ပုဝါႏုႏုျဖင့္ ေျခာက္ေသြ႕ေအာင္ သုတ္ပါ။ ၿပီးရင္ အခုနက ေရာေဖ်ာ္ထားတဲ့အႏွစ္မ်ားကို မ်က္ႏွာျပင္ေပၚရွိ ဝက္ၿခံေၾကာင့္ ျဖစ္ေနတဲ့ အမာ႐ြတ္ေတြေပၚမွာ သုတ္လိမ္းေပးပါ။

မိနစ္ အနည္းငယ္ ၾကာေအာင္ ေျခာက္ေသြ႕သည္အထိ ထားပါ။ ၿပီးလွ်င္ မ်က္ႏွာကို ေရေအးႏွင့္ သန႔္စင္ေပးပါ။ မ်က္ႏွာသုတ္ပုဝါႏုႏုျဖင့္ ေရမ်ားကို ေျခာက္ေသြ႕ေအာင္ ျပန္သုတ္ပါ။

အခုနက ရွိေနတဲ့ သံလြင္ဆီကို အနည္းငယ္ အပူေပးပါ။ ပူေႏြးလာတဲ့ သံလြင္ဆီ ေႏြးေႏြးကို မ်က္ႏွာျပင္ေပၚမွာ အႏွံသုတ္လိမ္းၿပီး စက္ဝိုင္းပုံသ႑ာန္ လွည့္၍ ခပ္ဖြဖြ ႏွိပ္ေပးပါ။ သုတ္လိမ္းထါးသည့္ သံလြင္ဆီကို တစ္နာရီခန႔္ ၾကာေအာင္ ထားပါ။

ၿပီးေနာက္ ေရၾကက္သီးေႏြး ကေလးျဖင့္ ေဆးေၾကာလိုက္ပါ။ တစ္ပတ္ကို ႏွစ္ႀကိမ္ခန႔္ ဝီရိယစိုက္ကာ ျပဳလုပ္ေပးပါက သင့္မ်က္ႏွာျပင္ေပၚက ဝက္ၿခံေၾကာင့္ အၾကည့္ရဆိုးလွတဲ့ အမာ႐ြတ္ေတြ သိသိသာသာ သက္သာပါးလ် လာတာကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

လွပႏုညံ့တဲ့ မ်က္ႏွာလွလွေလးမွာ ၀က္ျခံနဲ႕ အမာ႐ြတ္ ကင္းစင္ေစဖို႔ ဝီရိယ စိုက္ၾကပါစို႔။

စႏၵီျမင့္မိုရ္

Be the first to comment

Leave a Reply

Your email address will not be published.


*