တန္ေဆး လြန္ေဘး

တန္ေဆး လြန္ေဘး
တန္ေဆး လြန္ေဘး

တန်ဆေး လွန်ဘေး

အစာလည်းဆေး ဆေးလည်းအစာဟု ဆိုသော်ငြားလည်း အချို့ အစားအစာတို့မှာ တော်တန်ရုံ စားသောက်ပါက ဆေးဖြစ်စေနိုင်ပါသော်လည်း အချို့ အစားအသောက်တို့မှာ လွန်ကဲစွာ စားသောက်မိခြင်းကြောင့် ဘေးဖြစ်နိုင်သည်ကို သိထား သင့်ပေသည် ။

သစ်သီးများ စားသုံးခြင်းနှင့် သစ်သီး ဖျော်ရည်များ သောက်သုံးခြင်းမှာ လူတို့အတွက် ကျန်းမာမှုကို အကျိုး ပြု နိုင်ပါသော်လည်း အသီး ဖျော်ရည်များအား အလွန်အကျွံ သောက်သုံးမိပါက အသက်ကိုပင် တိုစေနိုင်ပေသည်ဟု သုတေသန ပညာရှင်များက ဆိုထားပါတယ်။

အသီး ဖျော်ရည်များအား အလွန်အကျွံ သောက်ခြင်းသည် အချိုရည်များ အလွန်အကျွံ သောက်သကဲ့သို့ အလားတူ အသက်တိုနိုင်သည်ဟု ဆိုထားပါတယ် ။ လေ့လာ တွေ့ရှိချက်များအရ အသီး ဖျော်ရည်များ အပါအဝင် သကြားများစွာ ပါဝင်တဲ့ ဘယ်လို အချိုရည်မျိုးကို မဆို အလွန်အကျွံ များစွာ သောက်သုံးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ချေ များပါတယ် ။

ပညာရှင်များက ပထမဦးဆုံး အချိန် လေ့လာ တွေ့ရှိမှုအရ အသီး ဖျော်ရည် စစ်စစ် သောက်တာနဲ့ အချိုရည်တွေ သောက်တာ ဘာကွာသလဲလို့ နှိုင်းယှဉ်ကြည့်တဲ့အခါ တွေ့ရှိခဲ့မှုပဲ ဖြစ်ပါတယ် ။ လူပေါင်း ၁၃၄၄၀ကို လေ့လာအပြီးတွင် တိကျသော အဖြေကို ထုတ်ပြန်လိုက်ခြင်းမှာ တစ်ရက်တွင် အသီးဖျော်ရည်ကို တစ်ခွက်သာ သောက်လျှင် မည်သည့်ဆိုးကျိုးကိုမျှ မခံစားရပါဟု ဆိုထားပါတယ်။

ဒီလူအများကိုပင် နောက်ထပ် ခြောက်နှစ်အကြာ ထပ်မံ လေ့လာတွေ့ရှိမှုအရ အသီးဖျော်ရည်အပါအဝင် သကြားပါဝင်တဲ့အချိုရည်များကို များစွာသောက်သုံးသူများမှာလည်း ထိုကဲ့သို့ သေဆုံးနိုင်ချေ များတယ်လို့ ဆိုပါတယ်။

အသီးဖျော်ရည်တွေမှာ ပါဝင်တဲ့ အာဟာရနဲ့ သကြားအချိုရည်တွေမှာ ပါဝင်တဲ့ အာဟာရဟာ အတော်ဆင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ပညာရှင်များရဲ့ ပြောချက်အရ နှစ်မျိုးလုံးမှာ ပါဝင်တဲ့ အဓိက အာနိသင်ကတော့ ရေနဲ့ သကြားပဲလို့ ဆိုထားပါတယ်။

အခုလိုအကျိုးမပြုတဲ့ အသီးဖျော်ရည်တွေအကြောင်း ပြောပြီးတဲ့အခါမှာ နောက်ထပ် အကျိုးပြုတဲ့ အသီးရဲ့အကြောင်းကို ပြောချင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးစားခြင်းဟာ ခန္ဓာကိုယ်သွယ်လျ လှပစေပြီး ဆီးချိုဖြစ်နိုင်ချေကို လျော့နည်းစေတယ်လို့ ဆိုထားပါတယ်။ ဒါကတော့ ဆီလီနွိုက်စ်နည်းပညာစင်တာရဲ့အာဟာရလေ့လာရေး သုတေသနအဖွဲ့ရဲ့ လေ့လာ တွေ့ရှိထားတာပဲ ဖြစ်ပါတယ်။

အဝလွန်သူ လူ ၃၁ ဦးကို ထောပတ်သီးပုံမှန်စားသုံးစေပြီး လေ့လာခဲ့ကြရာတွင် ကိုယ်အလေးချိန် တစ်ဖြည်းဖြည်း လျော့ကျလာပြီး ဆီးချိုဖြစ်နိုင်သည့်လက္ခဏာ မရှိတော့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ထောပတ်နေရာမှာ ထောပတ်သီးကို အစားထိုးအသုံးပြုပြီး ပေါင်မုန့်မှာ သုတ်စားနိုင်သော်လည်း သဘာဝအတိုင်း သီးနှံကဲ့သို့ စားတာမျိုးက ကျန်းမာရေးအတွက် ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးကို အကျိုးပြုခြင်း မပြုခြင်းများကို သိရှိရပြီမို့ တန်ဆေး လွန်ဘေး စကားအတိုင်း လိုက်နာကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်….။ စာဖတ်ပရိတ်သတ်ကြီးလည်း ကျန်းမာသန်စွမ်းသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

စန္ဒီမြင့်မိုရ်#

Zawgyi

တန္ေဆး လြန္ေဘး

အစာလည္းေဆး ေဆးလည္းအစာဟု ဆိုေသာ္ျငားလည္း အခ်ိဳ႕ အစားအစာတို႔မွာ ေတာ္တန္႐ုံ စားေသာက္ပါက ေဆးျဖစ္ေစႏိုင္ပါေသာ္လည္း အခ်ိဳ႕ အစားအေသာက္တို႔မွာ လြန္ကဲစြာ စားေသာက္မိျခင္းေၾကာင့္ ေဘးျဖစ္ႏိုင္သည္ကို သိထား သင့္ေပသည္ ။

သစ္သီးမ်ား စားသုံးျခင္းႏွင့္ သစ္သီး ေဖ်ာ္ရည္မ်ား ေသာက္သုံးျခင္းမွာ လူတို႔အတြက္ က်န္းမာမႈကို အက်ိဳး ျပဳ ႏိုင္ပါေသာ္လည္း အသီး ေဖ်ာ္ရည္မ်ားအား အလြန္အကြၽံ ေသာက္သုံးမိပါက အသက္ကိုပင္ တိုေစႏိုင္ေပသည္ဟု သုေတသန ပညာရွင္မ်ားက ဆိုထားပါတယ္။

အသီး ေဖ်ာ္ရည္မ်ားအား အလြန္အကြၽံ ေသာက္ျခင္းသည္ အခ်ိဳရည္မ်ား အလြန္အကြၽံ ေသာက္သကဲ့သို႔ အလားတူ အသက္တိုႏိုင္သည္ဟု ဆိုထားပါတယ္ ။ ေလ့လာ ေတြ႕ရွိခ်က္မ်ားအရ အသီး ေဖ်ာ္ရည္မ်ား အပါအဝင္ သၾကားမ်ားစြာ ပါဝင္တဲ့ ဘယ္လို အခ်ိဳရည္မ်ိဳးကို မဆို အလြန္အကြၽံ မ်ားစြာ ေသာက္သုံးမယ္ဆိုရင္ အ႐ြယ္မတိုင္ခင္ ေသဆုံးႏိုင္ေခ် မ်ားပါတယ္ ။

ပညာရွင္မ်ားက ပထမဦးဆုံး အခ်ိန္ ေလ့လာ ေတြ႕ရွိမႈအရ အသီး ေဖ်ာ္ရည္ စစ္စစ္ ေသာက္တာနဲ႔ အခ်ိဳရည္ေတြ ေသာက္တာ ဘာကြာသလဲလို႔ ႏႈိင္းယွဥ္ၾကည့္တဲ့အခါ ေတြ႕ရွိခဲ့မႈပဲ ျဖစ္ပါတယ္ ။ လူေပါင္း ၁၃၄၄၀ကို ေလ့လာအၿပီးတြင္ တိက်ေသာ အေျဖကို ထုတ္ျပန္လိုက္ျခင္းမွာ တစ္ရက္တြင္ အသီးေဖ်ာ္ရည္ကို တစ္ခြက္သာ ေသာက္လွ်င္ မည္သည့္ဆိုးက်ိဳးကိုမွ် မခံစားရပါဟု ဆိုထားပါတယ္။

ဒီလူအမ်ားကိုပင္ ေနာက္ထပ္ ေျခာက္ႏွစ္အၾကာ ထပ္မံ ေလ့လာေတြ႕ရွိမႈအရ အသီးေဖ်ာ္ရည္အပါအဝင္ သၾကားပါဝင္တဲ့အခ်ိဳရည္မ်ားကို မ်ားစြာေသာက္သုံးသူမ်ားမွာလည္း ထိုကဲ့သို႔ ေသဆုံးႏိုင္ေခ် မ်ားတယ္လို႔ ဆိုပါတယ္။

အသီးေဖ်ာ္ရည္ေတြမွာ ပါဝင္တဲ့ အာဟာရနဲ႔ သၾကားအခ်ိဳရည္ေတြမွာ ပါဝင္တဲ့ အာဟာရဟာ အေတာ္ဆင္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ပညာရွင္မ်ားရဲ႕ ေျပာခ်က္အရ ႏွစ္မ်ိဳးလုံးမွာ ပါဝင္တဲ့ အဓိက အာနိသင္ကေတာ့ ေရနဲ႔ သၾကားပဲလို႔ ဆိုထားပါတယ္။

အခုလိုအက်ိဳးမျပဳတဲ့ အသီးေဖ်ာ္ရည္ေတြအေၾကာင္း ေျပာၿပီးတဲ့အခါမွာ ေနာက္ထပ္ အက်ိဳးျပဳတဲ့ အသီးရဲ႕အေၾကာင္းကို ေျပာခ်င္ပါတယ္။

ေထာပတ္သီး

ေထာပတ္သီးစားျခင္းဟာ ခႏၶာကိုယ္သြယ္လ် လွပေစၿပီး ဆီးခ်ိဳျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစတယ္လို႔ ဆိုထားပါတယ္။ ဒါကေတာ့ ဆီလီႏြိဳက္စ္နည္းပညာစင္တာရဲ႕အာဟာရေလ့လာေရး သုေတသနအဖြဲ႕ရဲ႕ ေလ့လာ ေတြ႕ရွိထားတာပဲ ျဖစ္ပါတယ္။

အဝလြန္သူ လူ ၃၁ ဦးကို ေထာပတ္သီးပုံမွန္စားသုံးေစၿပီး ေလ့လာခဲ့ၾကရာတြင္ ကိုယ္အေလးခ်ိန္ တစ္ျဖည္းျဖည္း ေလ်ာ့က်လာၿပီး ဆီးခ်ိဳျဖစ္ႏိုင္သည့္လကၡဏာ မရွိေတာ့ေၾကာင္း ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ ေထာပတ္ေနရာမွာ ေထာပတ္သီးကို အစားထိုးအသုံးျပဳၿပီး ေပါင္မုန႔္မွာ သုတ္စားႏိုင္ေသာ္လည္း သဘာဝအတိုင္း သီးႏွံကဲ့သို႔ စားတာမ်ိဳးက က်န္းမာေရးအတြက္ ပိုမိုထိေရာက္တယ္လို႔ ဆိုပါတယ္။

က်န္းမာေရးကို အက်ိဳးျပဳျခင္း မျပဳျခင္းမ်ားကို သိရွိရၿပီမို႔ တန္ေဆး လြန္ေဘး စကားအတိုင္း လိုက္နာၾကပါစို႔လို႔ တိုက္တြန္းလိုက္ရပါတယ္….။ စာဖတ္ပရိတ္သတ္ႀကီးလည္း က်န္းမာသန္စြမ္းေသာ ဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳလိုက္ရပါတယ္။

စႏၵီျမင့္မိုရ္#

Be the first to comment

Leave a Reply

Your email address will not be published.


*