ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )

ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )
ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )

ရင်သွေးအတွက် ဒူးထောက် တောင်းပန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် နွားမကြီး ( ရုပ်သံ )

တိရစ္ဆာန်တွေမှာလည်း သူတို့ အသိနဲ့ သူတို့ ရှိတယ် ဆိုတာကို ကျနော်တို့ သိပြီးသားပါ ။ သူတို့ပြောချင်တဲ့ စကားတွေကို အမူအယာတွေ ကို ကြည့်ပြီး ကျနော်တို့က လိုက်နားလည်ရပေမဲ့ တစ်ခါတစ်လေ သူတို့က လူတွေသုံးတဲ့ အပြုအမူတွေကို လိုက်လုပ်တဲ့ အခါမှာတော့ အံ့အားသင့် ရတာပေါ့ ။

ငဲ့ညှာပါ သနားပါတို့ စာနာပါတို့ ဆိုတာတွေကတော့ ခံစား သိနားလည်ဖို့ အလွယ်ဆုံး ဘာသာစကား ပါပဲ ။ အခုလည်း တရုတ်နိုင်ငံ ဂွမ်ဒေါင်း ပြည်နယ် ရှန်တူး မြို့က အဖြစ်လေးဟာ သိပ် သနားစရာ ကောင်းတဲ့ အဖြစ်လေးပါ ။

စိတ်မကောင်း လွန်းလို့ နွားသတ်သမား ကိုယ်တိုင် ဗီဒီယို ရိုက်ပြီး လိုင်းပေါ် တင်လိုက်တာ တိချစ် လောကမှာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တယ် ။ ဗီဒီယိုထဲမှာ နွားမက ရွံ့ထဲမှာ သူမကို ဆွဲခေါ် နေတာကို ငြင်းဆန် နေတယ် ။

ခေါင်း တစ်ခါခါနဲ့ အပြင်ကို မျက်ရည်တွေပါ စီးကျနေပါတယ် ။ အဲ့နောက်တော့ သူမက ဒူးပါထောက်ပြီး တောင်းပန် ပါလေရောလား ။ သူမရဲ့ အသက်ကို ချမ်းသာပေးဖို့အတွက် တောင်းပန်နေပါတယ် ။ ဖြစ်နေတာက နွားသတ်သမားရဲ့ အိမ်ရှေ့မှာ ဖြစ်နေတာပါ ။

နွားသတ်သမားက နဖားကြိုးကို အတင်းဆွဲတော့ နွားမ ခမျာ ဒူးထောက်ရက် တရွတ်တိုက် ပါနေတယ် ။ နွားမက ဗိုက်ကြီးနဲ့ပါ ။ သူမက သူမရဲ့ အသက်ထက် သူမရဲ့ ရင်သွေးလေး အသက်ကို တောင်းဆိုနေပုံ ရပါတယ် ။

မျက်ရည်တွေကျ နှာရည်တွေ ရွဲစို တဘဲဘဲ အော်ရင် ဒူးထောက် တောင်းပန်နေလို့ လင်ဝမ်းဘောင် ဆိုတဲ့ ဒေသခံ တစ်ဦးက နွားကို ဝယ်မယ်လို့ ပြောလိုက်ရတယ် ။ သူက အဲ့ဒိ ဗီဒီယိုကို လိုင်းပေါ်တင်လိုက်တော့ တိချစ်သူတွေ ဝိုင်းလှူတာ ဝမ် ၂ သောင်းခွဲ လောက် ရလိုက်တယ် ။

နွားကို အနီးအနားက ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ သွားထားပြီး ပိုတဲ့ ပိုက်ဆံတွေကို ဘုန်းကြီးကျောင်းကို လှူလိုက်တယ် ။ တိရစ္ဆာန်တွေရဲ့ စိတ်ခံစားချက်က တစ်ခါ တစ်လေ လူနဲ့ တော်တော် တူပါတယ် ။

ရုပ်သံ ကြည့်ရှုရန်

Credit video
မောင်ယဿ REF: world of buzz

Zawgyi

ရင္ေသြးအတြက္ ဒူးေထာက္ ေတာင္းပန္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ႏြားမႀကီး ( ႐ုပ္သံ )

တိရစာၦန္ေတြမွာလည္း သူတို႔ အသိနဲ႔ သူတို႔ ရွိတယ္ ဆိုတာကို က်ေနာ္တို႔ သိၿပီးသားပါ ။

သူတို႔ေျပာခ်င္တဲ့ စကားေတြကို အမူအယာေတြ ကို ၾကည့္ၿပီး က်ေနာ္တို႔က လိုက္နားလည္ရေပမဲ့ တစ္ခါတစ္ေလ သူတို႔က လူေတြသုံးတဲ့ အျပဳအမူေတြကို လိုက္လုပ္တဲ့ အခါမွာေတာ့ အံ့အားသင့္ ရတာေပါ့ ။

ငဲ့ညႇာပါ သနားပါတို႔ စာနာပါတို႔ ဆိုတာေတြကေတာ့ ခံစား သိနားလည္ဖို႔ အလြယ္ဆုံး ဘာသာစကား ပါပဲ ။

အခုလည္း တ႐ုတ္ႏိုင္ငံ ဂြမ္ေဒါင္း ျပည္နယ္ ရွန္တူး ၿမိဳ႕က အျဖစ္ေလးဟာ သိပ္ သနားစရာ ေကာင္းတဲ့ အျဖစ္ေလးပါ ။

စိတ္မေကာင္း လြန္းလို႔ ႏြားသတ္သမား ကိုယ္တိုင္ ဗီဒီယို ႐ိုက္ၿပီး လိုင္းေပၚ တင္လိုက္တာ တိခ်စ္ ေလာကမွာ လႈပ္လႈပ္ရွားရွား ျဖစ္ကုန္တယ္ ။

ဗီဒီယိုထဲမွာ ႏြားမက ႐ြံ႕ထဲမွာ သူမကို ဆြဲေခၚ ေနတာကို ျငင္းဆန္ ေနတယ္ ။

ေခါင္း တစ္ခါခါနဲ႔ အျပင္ကို မ်က္ရည္ေတြပါ စီးက်ေနပါတယ္ ။ အဲ့ေနာက္ေတာ့ သူမက ဒူးပါေထာက္ၿပီး ေတာင္းပန္ ပါေလေရာလား ။

သူမရဲ႕ အသက္ကို ခ်မ္းသာေပးဖို႔အတြက္ ေတာင္းပန္ေနပါတယ္ ။ ျဖစ္ေနတာက ႏြားသတ္သမားရဲ႕ အိမ္ေရွ႕မွာ ျဖစ္ေနတာပါ ။

ႏြားသတ္သမားက နဖားႀကိဳးကို အတင္းဆြဲေတာ့ ႏြားမ ခမ်ာ ဒူးေထာက္ရက္ တ႐ြတ္တိုက္ ပါေနတယ္ ။ ႏြားမက ဗိုက္ႀကီးနဲ႔ပါ ။

သူမက သူမရဲ႕ အသက္ထက္ သူမရဲ႕ ရင္ေသြးေလး အသက္ကို ေတာင္းဆိုေနပုံ ရပါတယ္ ။

မ်က္ရည္ေတြက် ႏွာရည္ေတြ ႐ြဲစို တဘဲဘဲ ေအာ္ရင္ ဒူးေထာက္ ေတာင္းပန္ေနလို႔ လင္ဝမ္းေဘာင္ ဆိုတဲ့ ေဒသခံ တစ္ဦးက ႏြားကို ဝယ္မယ္လို႔ ေျပာလိုက္ရတယ္ ။

သူက အဲ့ဒိ ဗီဒီယိုကို လိုင္းေပၚတင္လိုက္ေတာ့ တိခ်စ္သူေတြ ဝိုင္းလႉတာ ဝမ္ ၂ ေသာင္းခြဲ ေလာက္ ရလိုက္တယ္ ။

ႏြားကို အနီးအနားက ဘုန္းေတာ္ႀကီးေက်ာင္း တစ္ေက်ာင္းမွာ သြားထားၿပီး ပိုတဲ့ ပိုက္ဆံေတြကို ဘုန္းႀကီးေက်ာင္းကို လႉလိုက္တယ္ ။ တိရစာၦန္ေတြရဲ႕ စိတ္ခံစားခ်က္က တစ္ခါ တစ္ေလ လူနဲ႔ ေတာ္ေတာ္ တူပါတယ္ ။

Credit video
ေမာင္ယႆ REF: world of buzz,

Be the first to comment

Leave a Reply

Your email address will not be published.


*