



အဆိပ်ပြင်းမြွေတွေ ဖယ်ရှားနေတဲ့အမျိုးသားကို ကူညီဖို့ ကြိုးစားခဲ့တဲ့ တောရိုင်းမျောက်ဝံ1



အဆိပ်ပြင်းမြွေတွေ ဖယ်ရှားနေတဲ့အမျိုးသားကို ကူညီဖို့ ကြိုးစားခဲ့တဲ့ တောရိုင်းမျောက်ဝံ2


အဆိပ်ပြင်းမြွေတွေ ဖယ်ရှားနေတဲ့အမျိုးသားကို ကူညီဖို့ ကြိုးစားခဲ့တဲ့ တောရိုင်းမျောက်ဝံ3

credit

Unicode

အဆိပ်ပြင်းမြွေတွေ ဖယ်ရှားနေတဲ့အမျိုးသားကို ကူညီဖို့ ကြိုးစားခဲ့တဲ့ တောရိုင်းမျောက်ဝံ

ရေအိုင်ထဲက အဆိပ်ပြင်း မြွေတွေကို ဖယ်ရှားတဲ့ လူကို စိုရိမ်ပူပန်တာကြောင့် သူ့ရဲ့လက်ကို ကမ်းခဲ့တဲ့ တောရိုင်းမျောက်ဝံတစ်ကောင်ရဲ့ ဓာတ်ပုံကြောင့် တောရိုင်းတိရိစ္ဆာန်တစ်ကောင်က ဒီလိုပြုမှုတတ်တယ် ဆိုတာကို လူအများ အံ့အားသင့်စေခဲ့ပါတယ် ။

ထိုမြင်ကွင်းမှ ရိုက်ထားတဲ့ ပုံတွေက အင်ဒိုနီးရှားနိုင်ငံမှ အပျော်တမ်းဓာတ်ပုံဆရာ Anil Prabhakar က Safari ရေကြောင်းခရီးသည် အမျိုးသားနဲ့ မျောက်ဝံတို့ရဲ့ အဖြစ်ကို ရိုက်မိခဲ့တာပါ ။

ရေထဲကအမျိုးသားဟာ အန္တရာယ်ရှိတဲ့ မျိုးစိတ်များကို ကာကွယ်ရန် ရည်ရွယ်တဲ့ အကျိုးအမြတ်မယူတဲ့ Borneo Orangutan Survival Foundation အဖွဲ့အစည်းမှတစ်ဦး ဖြစ်ပါတယ် ။ထိုနေရာမှာ မြွေတွေတွေ့တယ်ဆိုတဲ့ သတင်းထွက်နေတာကြောင့် ထိုလူက ၎င်းကို ဖယ်ရှားပစ်ရန် ထိုနေရာကို သွားခဲ့ပါတယ် ။

ဒါပေမယ့် အဲဒီနေရာကို စူးစမ်းကြည့်ပြီး ထိုလူရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေပုံရတဲ့ မျောက်ဝံတစ်ကောင်ကို တွေ့ခဲ့ပါတယ် ။ မျောက်ဝံက ထိုလူဘာလုပ်နေလဲ ဆိုတာကို စုံစမ်းရန် သွားပြီး အဆိပ်ပြင်းတဲ့ မြွေကိုက်ခံရမှာကို စိုးရိမ်တာကြောင့် ထိုလူကို ကယ်ဆယ်ရန် သူ့ရဲ့အကူအညီ လိုလိမ့်မယ်လို့ ထင်ပုံရပါတယ် ။

ဒါ့ကြောင့် သူ့ရဲ့လက်တွေကို ကမ်းလမ်းခဲ့လိုက်ပါတယ် ။ ဒါပေမယ့် Safari ခရီးသည်ယောက်ျားက မျောက်ဝံရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေမဲ့ သူက ရိုးရိုးရှင်းရှင်းပဲ ထွက်သွားခဲ့ပါတယ် ။ ချစ်စရာကောင်းတဲ့ မျောက်ဝံလို့ဆိုရမှာပါဘဲ ။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*