ဘယ္အရာကိုမွ အထင္မေသးပါနဲ႔

ဘယ္အရာကိုမွ အထင္မေသးပါနဲ႔
ဘယ္အရာကိုမွ အထင္မေသးပါနဲ႔

ဘယ္အရာကိုမွ အထင္မေသးပါနဲ႔

မူလီတစ္ေခ်ာင္းဟာ လမ္းမေပၚက်ေနရင္ အမႈိက္တစ္ခု ျဖစ္ေနေပမယ့္ ေဒၚလာ သန္းခ်ီတန္တဲ့ ေလယာဥ္တစ္စီ းအတြက္ေတာ့ အေရးႀကီးဆုံး အစိတ္အပိုင္း တစ္ခု ျဖစ္ေနႏိုင္ပါတယ္။

ခႏၶာကိုယ္ကိုရင္းၿပီး လုပ္ကိုင္ စားေသာက္ေနရတဲ့ မိန္းကေလးဆိုၿပီး အထင္မေသးပါနဲ႔ သူ႔ကို လက္ဖ်ားနဲ႔ေတာင္ မထိရက္ေလာက္ေအာင္ တန္ဖိုးထားတဲ့ ေယာက္်ားတစ္ေယာက္ေတာ့ ရွိေနႏိုင္တာပဲေလ။

စားပြဲထိုး လုပ္ေနရတဲ့ ေကာင္ေလးပါ ဆိုၿပီး အထင္မေသးလိုက္ပါနဲ႔ သူ႔အတြက္ ေဘးမသီ ရန္မခဖို႔ ဘုရားမွာ ဆုေတာင္းေပးေနတဲ့ အေမတစ္ေယာက္ေတာ့ ရွိေနႏိုင္တာပဲေလ။

သူမ်ားအိမ္မွာ အိမ္အကူလုပ္ေနရတဲ့ မိန္းကေလးပါ ဆိုၿပီး အထင္မေသးလိုက္ပါနဲ႔ သူ႔ျပန္ပို႔တဲ့ လုပ္အားခနဲ႔ ပညာသင္ၿပီး တစ္ေန႔မွာ တိုင္းျပည္ေခါင္းေဆာင္ ျဖစ္လာႏိုင္တဲ့ ေမာင္ႏွမေတြ သူ႔အနားမွာ ရွိေနႏိုင္တယ္ေလ။

လမ္းေဘးမွာ အမႈိက္ေကာက္ေနတဲ့ ေယာက္်ားပါဆိုၿပီး အထင္မေသးလိုက္ပါနဲ႔ သူ အလုပ္က ျပန္လာရင္ ဝမ္းသာအားရ ေျပးဖက္ၿပီး ခရီးဦး ႀကိဳဆိုမယ့္ ဇနီးသည္တစ္ေယာက္နဲ႔ သားသမီးေတြ သူ႔မွာ ရွိေနႏိုင္တာပဲေလ။ သူေဌးတစ္ေယာက္အတြက္ မန္ေနဂ်ာ ဘုတ္အဖြဲ႕ေတြ ရွယ္ယာရွင္ေတြပဲ တန္ဖိုးရွိတာ မဟုတ္ပါဘူး။

ကားေမာင္းေပးမယ့္ ဒ႐ိုင္ဘာေတြ တံခါးဖြင့္ေပးမယ့္ လုံၿခဳံေရးေတြ ဖိနပ္တိုက္ေပးမယ့္ အိမ္အကူေတြလည္း သူေဌးတစ္ေယာက္အတြက္ မရွိမျဖစ္ တန္ဖိုးရွိၾကပါတယ္။

မိမိတို႔ အဖက္လုပ္ၿပီး စကားမေျပာခ်င္တဲ့ ေအာက္ေျခသိမ္း အလုပ္သမား တစ္ေယာက္ဟာ သူ႔မိသားစုအတြက္ေတာ့ အားကိုးအားထားျပဳရာ ေက်းဇူးရွင္ စံျပပုဂၢိဳလ္တစ္ေယာက္ ျဖစ္ေနႏိုင္တာပဲေလ။

တန်ဳဖိုးဆိုတာ ႀကီးႀကီးေသးေသး ပညာတတ္တတ္ မတတ္တတ္ အထက္တန္းက်က် ေအာက္ေျချဖစ္ျဖစ္ သူ႔ေနရာနဲ႔သူ သူတို႔ကို အစဥ္ၿမဲခ်စ္ခင္ တန်ဳဖိုးထားသူဆိုတာ ရွိစၿမဲပါ။

ဒါေၾကာင့္ ဘယ္အရာကိုပဲျဖစ္ျဖစ္ တန္ဖိုးမထားရင္ ေနပါ ေလးစားတတ္ဖို႔ေတာ့လိုပါတယ္။ ေလာကမွာ လူတုိင္း လူတုိင္းဟာ သူေနရာနဲ႕သူ ထူးခၽြန္ထက္ျမတ္သူ အစြမ္းထက္သူေတြ ျဖစ္ပါတယ္ တနည္းအားျဖင့္ အစြမ္းတခုခုေတာ့ ပါလာစျမဲပါ။ ပါလာတဲ႕ အစြမ္းအစကို ေဖာ္ထုတ္ အသုံးခ်တတ္ေသာသူနဲ႕ အသုံးမခ်တတ္ေသးသူပဲ ကြာပါတယ္။
မူရင္းေရးသားသူကိုေလးစားစြာCredit ေပးပါတယ္

Unicode

ဘယ်အရာကိုမှ အထင်မသေးပါနဲ့

မူလီတစ်ချောင်းဟာ လမ်းမပေါ်ကျနေရင် အမှိုက်တစ်ခု ဖြစ်နေပေမယ့် ဒေါ်လာ သန်းချီတန်တဲ့ လေယာဉ်တစ်စီ းအတွက်တော့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်နေနိုင်ပါတယ်။

ခန္ဓာကိုယ်ကိုရင်းပြီး လုပ်ကိုင် စားသောက်နေရတဲ့ မိန်းကလေးဆိုပြီး အထင်မသေးပါနဲ့ သူ့ကို လက်ဖျားနဲ့တောင် မထိရက်လောက်အောင် တန်ဖိုးထားတဲ့ ယောက်ျားတစ်ယောက်တော့ ရှိနေနိုင်တာပဲလေ။

စားပွဲထိုး လုပ်နေရတဲ့ ကောင်လေးပါ ဆိုပြီး အထင်မသေးလိုက်ပါနဲ့ သူ့အတွက် ဘေးမသီ ရန်မခဖို့ ဘုရားမှာ ဆုတောင်းပေးနေတဲ့ အမေတစ်ယောက်တော့ ရှိနေနိုင်တာပဲလေ။

သူများအိမ်မှာ အိမ်အကူလုပ်နေရတဲ့ မိန်းကလေးပါ ဆိုပြီး အထင်မသေးလိုက်ပါနဲ့ သူ့ပြန်ပို့တဲ့ လုပ်အားခနဲ့ ပညာသင်ပြီး တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ မောင်နှမတွေ သူ့အနားမှာ ရှိနေနိုင်တယ်လေ။

လမ်းဘေးမှာ အမှိုက်ကောက်နေတဲ့ ယောက်ျားပါဆိုပြီး အထင်မသေးလိုက်ပါနဲ့ သူ အလုပ်က ပြန်လာရင် ဝမ်းသာအားရ ပြေးဖက်ပြီး ခရီးဦး ကြိုဆိုမယ့် ဇနီးသည်တစ်ယောက်နဲ့ သားသမီးတွေ သူ့မှာ ရှိနေနိုင်တာပဲလေ။ သူဌေးတစ်ယောက်အတွက် မန်နေဂျာ ဘုတ်အဖွဲ့တွေ ရှယ်ယာရှင်တွေပဲ တန်ဖိုးရှိတာ မဟုတ်ပါဘူး။

ကားမောင်းပေးမယ့် ဒရိုင်ဘာတွေ တံခါးဖွင့်ပေးမယ့် လုံခြုံရေးတွေ ဖိနပ်တိုက်ပေးမယ့် အိမ်အကူတွေလည်း သူဌေးတစ်ယောက်အတွက် မရှိမဖြစ် တန်ဖိုးရှိကြပါတယ်။

မိမိတို့ အဖက်လုပ်ပြီး စကားမပြောချင်တဲ့ အောက်ခြေသိမ်း အလုပ်သမား တစ်ယောက်ဟာ သူ့မိသားစုအတွက်တော့ အားကိုးအားထားပြုရာ ကျေးဇူးရှင် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်တာပဲလေ။

တနျုဖိုးဆိုတာ ကြီးကြီးသေးသေး ပညာတတ်တတ် မတတ်တတ် အထက်တန်းကျကျ အောက်ခြေဖြစ်ဖြစ် သူ့နေရာနဲ့သူ သူတို့ကို အစဉ်မြဲချစ်ခင် တနျုဖိုးထားသူဆိုတာ ရှိစမြဲပါ။

ဒါကြောင့် ဘယ်အရာကိုပဲဖြစ်ဖြစ် တန်ဖိုးမထားရင် နေပါ လေးစားတတ်ဖို့တော့လိုပါတယ်။ လောကမှာ လူတိုင်း လူတိုင်းဟာ သူနေရာနဲ့သူ ထူးချွန်ထက်မြတ်သူ အစွမ်းထက်သူတွေ ဖြစ်ပါတယ် တနည်းအားဖြင့် အစွမ်းတခုခုတော့ ပါလာစမြဲပါ။ ပါလာတဲ့ အစွမ်းအစကို ဖော်ထုတ် အသုံးချတတ်သောသူနဲ့ အသုံးမချတတ်သေးသူပဲ ကွာပါတယ်။
မူရင်းရေးသားသူကိုလေးစားစွာCredit ပေးပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*