





သတိထားဖို့အရမ်းအရေးကြီးပါတယ်1




သတိထားဖို့အရမ်းအရေးကြီးပါတယ်2





သတိထားဖို့အရမ်းအရေးကြီးပါတယ်3

credit

Unicode

သတိထားဖို့အရမ်းအရေးကြီးပါတယ်

သင်္ကြန်ပိတ်ရက် ပုဂံသို့ ဘုရားဖူးလာရင်း မမျှော်လင့်ပဲ အသက် ဆုံးပါးသွားရတဲ့ ၁၁ နှစ်အရွယ် သမီးငယ်လေးရဲ့ အကြောင်းပါ 😥😥😥😥

အကြိုနေ့ ညဘက် ၉ ခွဲ ၁၀ နာရီလောက် ကျွန်တော့ထံ ဖုန်းဝင်လာတယ် ညောင်ဦး အထူးကုဆေးရုံတခုမှ တက်ရောက် ဆေးကုသရင်း လူနာအား မန္တလေးဆေးရုံကြီးသို့ ချက်ချင်း လွဲပြောင်းပေးဖို့ပါ…

အောက်စီဂျင်လည်း တော်တော်ကျနေတယ်တဲ့ ဒါနဲ့ပဲ အောက်စီဂျင်အိုးတွေနဲ့ လိုအပ်မယ်ထင်တဲ့ အရာတွေ ချက်ချင်း ပြင်ဆင်ပြီး အသင်းမှ ချက်ချင်း ထွက်ခွာခဲ့လိုက်တယ်…

ညောင်ဦးဆေးခန်း ရောက်လို့ လူနာအကြောင်း မေးမြန်းကြည့်တော့မှ စိတ်မကောင်းစရာ အကြောင်းစုံ သိလိုက်ရတယ်… ဖြစ်စဉ်က ပုဂံကို မိသားစု ဘုရားဖူးလာကြတယ် မော်ဒယ်မြင့် ကားနှစ်စီးနဲ့ပါ…

ဟိုတယ်ကိုတော့ အခန်း ကြိုတင်ဘွတ်ကင် လုပ်ထားပြီးသား ၄ ခန်း ဒီလိုနဲ့ ပုဂံရောက် အခန်းတန်းမဝင်သေးပဲ ဘုရားဖူး လည်လိုက်ကြသေးတာ …

ညနေ ၃ နာရီလောက်မှ ဟိုတယ် ပြန်နားကြတယ်တဲ့ ဖြစ်ချင်တော့ ခုဆုံးသွားတဲ့ သမီးလေးက မှန်အလုံပိတ် ကားတစ်စီးထဲမှာ အိပ်ပျော်ပြီး ကျန်နေခဲ့လိုက်တာ ဘယ်သူမှ မသိလိုက်ကြဘူးတဲ့ ဒီကလေးကို ထိန်းဖို့ ခေါ်လာတဲ့ တယောက်ကလည်း မသိလိုက်ဘူး ယူထားတာလည်း အခန်းက ၄ ခန်းဆိုတော့ အခန်းတခုခု ထဲမှာတော့ ရှိမှာပဲပေါ့ …

ရေမိုးချိုး တရေးတမောအိပ်ကြပြီး ညနေ ၆ နာရီမှာ ပြန်ထွက်ကြမယ် လုပ်တော့မှ ကလေးပျောက်နေတာကို သိလိုက်ကြရတာပါတဲ့ သိလိုက်ကြတဲ့အချိန်မှာ ကလေးက သတိလစ်ပြီး တကိုယ်လုံး ခြေတွေလက်တွေပါ ကွေးကောက်နေပါပြီ

သိသိချင်း ဆေးခန်းပို့ ၁၃ ရက်ညနေ ထိုမှ မန္တလေးဆက်ပို့ ၁၅ ရက်နေ့ မနက် ၃ နာရီလောက်မှာမှ ဆုံးသွားပါပြီတဲ့ ကံဆိုးလိုက်တာ သမီးလေးရယ် 😢😢😢

ပြုခဲ့သမျှ ကောင်းမှုကုသိုလ်များနဲ့ အမျှအတမ်း ပေးဝေပါတယ် အမျှ အမျှ အမျှပါ သမီးလေးရေ…

သမီးကလေး ကောင်းရာဘုံဘဝသို့ အမြန်ဆုံးရောက်ရှိပါစေ ဖြစ်လေရာဘဝတိုင်း ယခုလို အဖြစ်ဆိုးမျိုး ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့လို့လည်း ဆုတောင်းပေးလိုက်ပါတယ်…

တောက်တိုမယ်ရ ပုဂံကကိုကို, ပုဂံဒေသ ကူမှုကူညီကယ်ဆယ်ရေး အဖွဲ့, 09450038543
credit

Be the first to comment

Leave a Reply

Your email address will not be published.


*