




အမျိုးသမီးတွေရဲ့ အဆင်သင့် အစာတွေ စားသုံးတဲ့ အကျင့်ဟာ သူတို့ ကလေး မြေးနဲ့ မြစ်တွေအထိ အဝလွန်ခြင်း ၊ ဆီးချိုဖြစ်ခြင်း ၊သွေးချိုဖြစ်ခြင်း နဲ့ အရက် မူးယစ်ဆေးဝါးများ စွဲခြင်းတွေအထိအောင် ဖြစ်စေနိုင်ပါတယ် ။







စန္ဒီမြင့်မိုရ်#

Unicode

“မျိုးဆက် သုံးဆက်စာ အန္တရာယ်” (ကျန်းမာရေးကို အလေးထားတယ်ဆိုရင် ဖတ်ကြည့်ကြပါနော်…)

သင်ဟာ အဆင်သင့် အစားအသောက်များနဲ့ အဆီအဆိမ့်များကို စားသုံးတဲ့ အကျင့် ရှိခဲ့ပါရင် သင့်ရဲ့ မျိုးဆက် သုံးဆက်တိုင် အန္တရာယ် ဖြစ်နိုင်တယ်ဆိုတာ သင် သိပါရဲ့လား ။

အဆင်သင့် အစားအစာ အဆီအဆိမ့်များကို စားသုံးလေ့ ရှိတဲ့ အမျိုးသမီးများမှာ သူတို့မိသားစုရဲ့ နောက်မျိုးဆက် သုံးဆက်တိုင် အထိ ကျန်းမာရေး ထိခိုက် နိုင်ပါတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ် ။

အမျိုုးသမီးတွေရဲ့ အဆင်သင့် အစာတွေ စားသုံးတဲ့ အကျင့်ဟာ သူတို့ ကလေး မြေးနဲ့ မြစ်တွေအထိ အဝလွန်ခြင်း ၊ ဆီးချိုဖြစ်ခြင်း ၊သွေးချိုဖြစ်ခြင်း နဲ့ အရက် မူးယစ်ဆေးဝါးများ စွဲခြင်းတွေအထိအောင် ဖြစ်စေနိုင်ပါတယ် ။

ပညာရှင်တို့ဟာ ကြွက်မများနဲ့ စမ်းသပ်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။

စမ်းသပ်မှုအရ ကိုယ်ဝန် မဆောင်ခင် ဆောင်ပြီးနဲ့ ဆောင်နေစဉ် မှာ အဆီများတဲ့ အစာကို စားသောက်တဲ့ ကြွက်မတွေမှာ သူတို့သွေးကြောက တစ်ဆင့် ဇီဝကမ္မဆိုင်ရာ ပြဿနာနဲ့ အဆင်သင့် အစားအသောက်ကို စွဲလန်းသွားမှုတွေကို တွေ့ရှိ ရတယ်လို့ ဆိုပါတယ် ။

ဇူးရစ် တက္ကသိုလ်ရဲ့လေ့လာမှု အသစ်တစ်ရပ်အရ အဆီ အဆိမ့်စာကို အစားများတဲ့ ကြွက်မတွေရဲ့ သားသမီးတွေဟာ အဝလွန် ရောဂါ ဖြစ်နှုန်း မြင့်မားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ် ။

အဆီများတဲ့ အစာနဲ့ ပြုပြင်ထားတဲ့ အစာတွေက သားသမီးတွေ မှာသာမက မြေးမြစ်အထိ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း တွေ့ရှိရပါတယ် ။

ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာတို့ကို အပြောင်းအလဲ ဖြစ်စေနိုင်တယ်လို့ သိရပါတယ် ။

အဆီများတဲ့ အစာတွေက မျိုးဗီဇကို ပြောင်းလဲပစ်ပြီး ဇီဝကမ္မဆိုင်ရာ ဖောက်ပြန်မှုတွေနဲ့ ဦးနှောက်မှာ အဆင်သင့် အစားအစာများ စွဲလမ်းမှုဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာစေတယ်လို့ ဆိုပါတယ် ။

မိခင်များဟာ မျိုးဆက် သယ်ဆောင်သူတွေ ဖြစ်တာမို့ ဟမ်ဘာဂါ ၊ ကြက်ကြော် ၊ အာလူးချောင်းကြော် စတဲ့ အစာတွေကို အလွန်အမင်း စားသောက်တာဟာ မျိုးဗီဇကို သက်ရောက် စေတယ်လို့ ဆိုပါတယ် ။

နောက်ထပ် တွေ့ရှိမှု အရ ဒီလို ဖြစ်စဉ် တွေဟာ မိခင်တွေပါမက ဖခင်များမှာပါ ဖြစ်နိုင်ပါတယ်လို့ ဆိုထားပါတယ် ။ သင့်ရဲ့ မဆင်မခြင် စားသုံးမှုဟာ သင့်ရဲ့ မျိုးဆက် သုံးဆက်စာ ကျန်းမာရေး အန္တရာယ်ကို ခြိမ်းခြောက် နေပြီဆိုတာ သိလိုက်ပါ ။

စန္ဒီမြင့်မိုရ်#

Be the first to comment

Leave a Reply

Your email address will not be published.


*