အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္တဲ့ လက္မခံႏိုင္တဲ့ သူေတြကေတာ့ ျငင္းေနၾကေလရဲ႕

အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္တဲ့ လက္မခံႏိုင္တဲ့ သူေတြကေတာ့ ျငင္းေနၾကေလရဲ႕
အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္တဲ့ လက္မခံႏိုင္တဲ့ သူေတြကေတာ့ ျငင္းေနၾကေလရဲ႕

အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္တဲ့ လက္မခံႏိုင္တဲ့ သူေတြကေတာ့ ျငင္းေနၾကေလရဲ႕

အင္ဒိုနီးရွားက ဆစ္တီဟစ္ခ္မဝတီ ဆိုတဲ့ က်န္းမာေရဝန္ႀကီးဌာန အႀကံေပး ပါေမာကၡက အမ်ိဳးသမီးေတြ ေရကူးကန္မွာ ေရသြားကူးတဲ့ အခါ အမ်ိဳးသားေတြနဲ႔ တစ္ကန္တည္း ကူးမိတယ္ဆိုရင္ သတိထားပါတဲ့ ။

အခ်ိဳ႕အမ်ိဳးသားေတြရဲ႕ သုတ္ေကာင္ေတြက အံမခန္း အစြမ္းရွိလို႔ ေနရင္းထိုင္ရင္း ကိုယ္ဝန္ ရသြားႏိုင္ပါတယ္လို႔ ဆိုလာပါတယ္။ သူမက ဇီဝေဗဒ ဆိုင္ရာ သုေတသနစာတမ္းနဲ႔ ပါေမာကၡဘြဲ႕ကို ယူထားတာပါ။

သေႏၶေအာင္ျဖစ္စဥ္ဆိုင္ရာ အခ်က္အလက္ေတြကို ေကာင္းစြာသိကြၽမ္းၿပီး ကေလးတစ္ေယာက္ရလာႏိုင္တဲ့ ကိစၥကိုလည္း စာတမ္းေပါင္းမ်ားစြာ ေရးထားခဲ့သူပါ။ သူမကို ထ႐ိုင္ဘန္းဂ်ာကာတာ သတင္းဌာနက အင္ဗ်ဴးလုပ္ေတာ့ အထက္ပါ အဆိုကို ေျပာခဲ့တာပါ။

အင္တာဗ်ဴးမွာသူမက အမ်ိဳးသမီးေတြအေနနဲ႔ အမ်ိဳးသားေတြနဲ႔တြဲၿပီ ေရကူးတဲ့အခါ အကာအကြယ္ကို လုံၿခဳံစြာ ဝတ္ထားဖို႔လိုေၾကာင္း သတိေပးပါတယ္။ အကယ္၍ အကာအကြယ္ မလုံၿခဳံပါက မ်ိဳးသားေတြရဲ႕ သုတ္ေကာင္ေတြက ထိုးေဖာက္ဝင္ေရာက္ လာႏိုင္ပါတယ္လို႔လည္း ဆိုပါတယ္။ အဲ့ဒိလိုကိုယ္ဝန္ေဆာင္ျခင္းကို သြယ္ဝိုက္ ကိုယ္ဝန္ေဆာင္တယ္လို႔ ေခၚပါတယ္။

သုတ္ေကာင္ေတြက ၾကားခံနယ္ ေရကူးကန္ထဲက ေရထဲကေနတစ္ဆင့္ ကူးခတ္လာၿပီး သေႏၶေအာင္သြားလို႔ပါပဲ။ “အခ်ိဳ႕ သုတ္ေကာင္ေတြက အရမ္းကိုသန္မာလြန္း အားႀကီးတယ္။

အကာအကြယ္ အပိုမပါတဲ့ ေတာ္႐ုံ ေရကူးဝတ္စုံေလာက္ကို ေဖာက္ဝင္ႏိုင္တယ္။ အမ်ိဳးသား အခ်ိဳ႕က ေရကူးကန္ထဲမွာ ေရကူးရင္း သုတ္ထြက္က်တာ ရွိတတ္တယ္။ အဲ့လိုအေျခအေနမ်ိဳးမွာ အမ်ိဳးသမီးကလည္း သေႏၶေအာင္ကာလ ေရာက္ေနရင္ ကိုယ္ဝန္ေဆာင္ဖို႔ ျဖစ္သြားတတ္ပါတယ္။

ရာဂ အားႀကီးတဲ့ အမ်ိဳးသားေတြက ေရကူးကန္ထဲမွာ အမ်ိဳးသမီးေတြနဲ႔ တြဲၿပီး ေရကူးခ်ိန္မွာ အလိုလိုေနရင္ သုတ္ထြက္က်တာေတြ ရွိတတ္ပါတယ္။ အမ်ိဳးသားေတြရဲ႕ အေနအထားေပၚမူတည္ၿပီး အဲ့ဒိကိစၥက ျဖစ္သြားႏိုင္ပါတယ္”လို႔ သူမကဆိုတယ္။

အမ်ာစုကေတာ့ သူမေျပာတာကို လက္မခံၾကပါဘူး။ ေရကူးဝတ္စုံရဲ႕ အထူအပါး အခုအခံနဲ႔ အမ်ားႀကီးဆိုင္ပါတယ္လို႔ လည္း ဆိုတဲ့သူကလည္း ဆိုၾကပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ တတ္အပ္ေျပာလို႔ မရတာကိုလည္း ဝန္ခံၾကပါတယ္။

အင္ဒိုနီးရွားဆရာဝန္မ်ားအသင္းကေတာ့ လုံဝျငင္းဆန္ပါတယ္။ ေရကူးကန္ထဲမွာ ကလိုရင္လိုပိုးသတ္ေဆးေတြ ထည့္ထားလို႔ သုတ္ေကာင္ ေတြက မရွင္သန္ႏိုင္ပါဘူးလို႔ ဆိုၾကတယ္။ လိုင္းေပၚမွာက ဆရာဝန္ေတြကေတာ့ “ခင္ဗ်ားက်န္းမာေရးနဲ႔ ပတ္သက္ၿပီး နားမလည္ရင္ ရာထူးက ထြက္လိုက္ပါ။

မဟုတ္တမ္းတရာေတြနဲ႔ လူေတြကို ဝါဒမျဖန႔္ပါနဲ႔”လို႔ ေရးသား အျပစ္တင္ၾကတယ္။ သူတို႔က သုတ္ေကာင္ေတြက ေမြးလမ္းေၾကာင္းထဲမွာပဲ ကူးခတ္ႏိုင္တယ္။ ကလိုရင္ပါတဲ့ ေရထဲမွာ မကူးႏိုင္ဘူးလို႔ အေၾကာက္အကန္ ျငင္းၾကပါတယ္။

ေမာင္ယႆ REF; world of buzz, Photo ; kompas

Unicode

အမျိုးသမီးတွေ ရေကူးကန်သွားရင်သတိထား ကိုယ်ဝန်ရတတ်တယ်တဲ့ လက်မခံနိုင်တဲ့ သူတွေကတော့ ငြင်းနေကြလေရဲ့

အင်ဒိုနီးရှားက ဆစ်တီဟစ်ခ်မဝတီ ဆိုတဲ့ ကျန်းမာရေဝန်ကြီးဌာန အကြံပေး ပါမောက္ခက အမျိုးသမီးတွေ ရေကူးကန်မှာ ရေသွားကူးတဲ့ အခါ အမျိုးသားတွေနဲ့ တစ်ကန်တည်း ကူးမိတယ်ဆိုရင် သတိထားပါတဲ့ ။

အချို့အမျိုးသားတွေရဲ့ သုတ်ကောင်တွေက အံမခန်း အစွမ်းရှိလို့ နေရင်းထိုင်ရင်း ကိုယ်ဝန် ရသွားနိုင်ပါတယ်လို့ ဆိုလာပါတယ်။ သူမက ဇီဝဗေဒ ဆိုင်ရာ သုတေသနစာတမ်းနဲ့ ပါမောက္ခဘွဲ့ကို ယူထားတာပါ။

သန္ဓေအောင်ဖြစ်စဉ်ဆိုင်ရာ အချက်အလက်တွေကို ကောင်းစွာသိကျွမ်းပြီး ကလေးတစ်ယောက်ရလာနိုင်တဲ့ ကိစ္စကိုလည်း စာတမ်းပေါင်းများစွာ ရေးထားခဲ့သူပါ။ သူမကို ထရိုင်ဘန်းဂျာကာတာ သတင်းဌာနက အင်ဗျူးလုပ်တော့ အထက်ပါ အဆိုကို ပြောခဲ့တာပါ။

အင်တာဗျူးမှာသူမက အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့တွဲပြီ ရေကူးတဲ့အခါ အကာအကွယ်ကို လုံခြုံစွာ ဝတ်ထားဖို့လိုကြောင်း သတိပေးပါတယ်။ အကယ်၍ အကာအကွယ် မလုံခြုံပါက မျိုးသားတွေရဲ့ သုတ်ကောင်တွေက ထိုးဖောက်ဝင်ရောက် လာနိုင်ပါတယ်လို့လည်း ဆိုပါတယ်။ အဲ့ဒိလိုကိုယ်ဝန်ဆောင်ခြင်းကို သွယ်ဝိုက် ကိုယ်ဝန်ဆောင်တယ်လို့ ခေါ်ပါတယ်။

သုတ်ကောင်တွေက ကြားခံနယ် ရေကူးကန်ထဲက ရေထဲကနေတစ်ဆင့် ကူးခတ်လာပြီး သန္ဓေအောင်သွားလို့ပါပဲ။ “အချို့ သုတ်ကောင်တွေက အရမ်းကိုသန်မာလွန်း အားကြီးတယ်။

အကာအကွယ် အပိုမပါတဲ့ တော်ရုံ ရေကူးဝတ်စုံလောက်ကို ဖောက်ဝင်နိုင်တယ်။ အမျိုးသား အချို့က ရေကူးကန်ထဲမှာ ရေကူးရင်း သုတ်ထွက်ကျတာ ရှိတတ်တယ်။ အဲ့လိုအခြေအနေမျိုးမှာ အမျိုးသမီးကလည်း သန္ဓေအောင်ကာလ ရောက်နေရင် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်သွားတတ်ပါတယ်။

ရာဂ အားကြီးတဲ့ အမျိုးသားတွေက ရေကူးကန်ထဲမှာ အမျိုးသမီးတွေနဲ့ တွဲပြီး ရေကူးချိန်မှာ အလိုလိုနေရင် သုတ်ထွက်ကျတာတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေရဲ့ အနေအထားပေါ်မူတည်ပြီး အဲ့ဒိကိစ္စက ဖြစ်သွားနိုင်ပါတယ်”လို့ သူမကဆိုတယ်။

အမျာစုကတော့ သူမပြောတာကို လက်မခံကြပါဘူး။ ရေကူးဝတ်စုံရဲ့ အထူအပါး အခုအခံနဲ့ အများကြီးဆိုင်ပါတယ်လို့ လည်း ဆိုတဲ့သူကလည်း ဆိုကြပါတယ်။ မဖြစ်နိုင်ဘူးလို့ တတ်အပ်ပြောလို့ မရတာကိုလည်း ဝန်ခံကြပါတယ်။

အင်ဒိုနီးရှားဆရာဝန်များအသင်းကတော့ လုံဝငြင်းဆန်ပါတယ်။ ရေကူးကန်ထဲမှာ ကလိုရင်လိုပိုးသတ်ဆေးတွေ ထည့်ထားလို့ သုတ်ကောင် တွေက မရှင်သန်နိုင်ပါဘူးလို့ ဆိုကြတယ်။ လိုင်းပေါ်မှာက ဆရာဝန်တွေကတော့ “ခင်ဗျားကျန်းမာရေးနဲ့ ပတ်သက်ပြီး နားမလည်ရင် ရာထူးက ထွက်လိုက်ပါ။

မဟုတ်တမ်းတရာတွေနဲ့ လူတွေကို ဝါဒမဖြန့်ပါနဲ့”လို့ ရေးသား အပြစ်တင်ကြတယ်။ သူတို့က သုတ်ကောင်တွေက မွေးလမ်းကြောင်းထဲမှာပဲ ကူးခတ်နိုင်တယ်။ ကလိုရင်ပါတဲ့ ရေထဲမှာ မကူးနိုင်ဘူးလို့ အကြောက်အကန် ငြင်းကြပါတယ်။

မောင်ယဿ REF; world of buzz, Photo ; kompas

Be the first to comment

Leave a Reply

Your email address will not be published.


*