လာဘ္ေတြကတိတ္ ေငြကမဝင္ စိတ္ညစ္ေနလွ်င္ ေငြေၾကးကံံေတြ ပြင့္ေအာင္ ယုံၾကည္စြာနဲ႔ လုပ္ၾကည့္ပါ..

ေငြေၾကးကံံေတြ ပြင့္ေအာင္
ေငြေၾကးကံံေတြ ပြင့္ေအာင္

လာဘ္ေတြကတိတ္ ေငြကမဝင္ စိတ္ညစ္ေနလွ်င္ ေငြေၾကးကံံေတြ ပြင့္ေအာင္ ယုံၾကည္စြာနဲ႔ လုပ္ၾကည့္ပါ..

ဒီလိုပါ တခ်ိဳ႕ေသာသူေတြမွာ ေငြေၾကးေတြက အဆင္မေျပ ဘာလုပ္လုပ္ေပါ့ ။ လာဘ္ေတြကတိတ္ ေငြကမဝင္ စိတ္ေတြညစ္ ရစရာရွိတာေလးေတြကလည္းမရ ျဖစ္ေနသူေတြ ၊ ႀကဳံၾကတဲ့သူေတြ ရွိတယ္ဗ် ။

တခါက ကြၽန္ေတာ္ဆီကို အမ်ိဳးသမီးတဦး ေရာက္လာတယ္ ။ ကြၽန္ေတာ္လည္း ျပည္ေ႐ႊဆံေတာ္က ေဗာဓိေညာင္းပင္ေအာက္မွာ အဓိဌာန္ဝင္တဲ့အခ်ိန္ ” ဘိုးေတာ္ေလးကိုရွာေနတာ …… အိမ္ကိုသြားေတာ့ ေ႐ႊဆံေတာ္မွာ အဓိဌာန္ဝင္ေနတယ္ …. ေညာင္ပင္ေအာက္မွာ ဆိုလို႔ လိုက္လာတာ ဘိုးေတာ္ေလးေရ …. ” ဆိုၿပီး အေရးတႀကီး ……

” ေအးေအး ဘာကိစၥရွိလို႔လည္း ေျပာပါ ” ” ဒီလိုပါ ကြၽန္မလာဘ္ေတြ တိတ္ၿပီး ဘာဆိုဘာမွ ေငြမဝင္ဘူးျဖစ္ေနတယ္ ရစရာရွိတာ မရဘူးျဖစ္ေနတယ္ ဘိုးေတာ္ေလးေရ ……. ကူညီေပးပါအုန္း…. ”

” ေအာ္လူရယ္လို႔ ျဖစ္လာေတာ့ ပူမႈရယ္တဲ့ ဆယ္ကုေဋ ဆိုသလိုပါပဲဗ်ာ….. ကူညီေပးရမွာေပါ့…. ေအးေအး ေရာ့ ေဘာပင္နဲ႔စာအုပ္ ေသခ်ာလိုက္မွတ္ထားပါ….. လင္ဗန္းတခ်ပ္ရွာလိုက္ ေၾကးလင္ပန္း စတီးလင္းပန္းရတယ္ ေကာ္လင္ပန္းေတာ့ မရဘူးေနာ္……”

”ၿပီးရင္ ကြမ္း ၉႐ြက္ရွာ လက္ဘက္ရွာ ဖေယာင္းတိုင္အစိမ္း ဆီးမီးခြက္ရွာပါ…… ရၿပီဆိုတာနဲ႔ မနက္၉နာရီမွာ စၿပီး လင္ပန္းေပၚမွာ ကြမ္း႐ြက္၉႐ြက္ ကို အညႇာျဖတ္ၿပီး အဝိုင္းပုံစံ ၉႐ြက္လုပ္ထား ၿပီးတာနဲ႔ ကြမ္း႐ြက္ေပၚမွာ လက္ဘက္ ၉ ပုံတင္လိုက္ေဟ့ ….. ”

” လက္ဘက္ကိုေတာ့ ဆီဆားမထည့္နဲ႔ေနာ္ ….. ၿပီးတာနဲ႔ အလည္တည့္တည့္မွာ ဖေယာင္းတိုင္းအစိမ္းထြန္း ဆီးမီးခြက္ေပၚမွာ မီးထြန္းပူေဇာ္ၾကည့္လိုက္ ပါ ….. တလတိတိ လုပ္ၾကည့္ ေနာ္ ….. အရင္းဦးဆုံး ငါးပါးသီလခံ ပရိတ္ပဌာန္း ႀကိဳက္တာ႐ြတ္ၿပီးရင္ေတာ့ ဒိဝါတပတိဂါထာေတာ္ကို ၁၈ေခါက္ပူေဇာ္ပါ…… ”

” ေမတၱာပို႔အမွ်ေဝၿပီး မိမိအခက္အခဲ အၾကပ္အတည္း ေငြနံေတြ ပြင့္ပါေစဆိုၿပီ ဆုေတာင္းၾကည့္လိုက္ပါ …. တလနဲ႔မသိသာရင္ ႏွစ္လတိတိေတာ့လုပ္ၾကည့္ သိသာထူးျခားရလိမ့္မယ္…… ခုလုပ္ခုရေတာ့ ဘယ္အရာမွ မရဘူးေနာ္ ….. ”

” စိတ္ရွည္ရွည္ ဇြဲသန္သန္ေလးလုပ္ၾကည့္ သိသာလိမ့္မယ္ ေသခ်ာလုပ္ၾကည့္ ကြမ္း႐ြက္နဲ႔လက္ဘက္ကိုေတာ့ ၃ရက္တခါေလာက္ အသစ္ျပဳလုပ္ေပးပါ …. ကြမ္းဆိုတာ တနလၤာနံ ေငြနံ ၊လက္ဖက္ဆိုတာ နဝင္း ဓာတ္ဖေယာင္းတိုင္အစိမ္း ဆိုတာ ေအးခ်မ္းမႈ အပြင့္လန္းဓာတ္ကို ယူၿပီး လုပ္ခိုင္းတာေနာ္ ….. ”

” လုပ္ၾကည့္လိုက္ ေျပာတာေလး ေသခ်ာကူးယူသြားေနာ္ ” ဆိုၿပီး ” ဟုတ္ကဲ့ပါ ဘိုးေတာ္ေလး မွတ္ထားပါမယ့္ ဒါကဘိုးေတာ္ေလးအတြက္ ” ေရသန႔္ အခ်ိဳရည္ ရိကၡာေထာက္ေငြေလးကို စာအိတ္ထဲထည့္ၿပီး အဓိဌာန္းဝင္တဲ့ ေနရာမွာပဲ ထားခဲ့ၿပီး ျပန္သြားေလရဲ႕…..

ေအာ္ ……သတၱဝါတခု ကံတခု ပါပဲ…… ကိုယ္ကူညီလိုက္တဲ့ အရာေလးေတြ အဆင္ေျပၾကပါေစလို႔ ေမတၱာပို႔ရင္း ကိုယ္လုပ္လက္စ အဓိဌာန္းပုတီးျပန္စိတ္ေပါ့…. ။ ေနာက္သုံးလေလာက္ၾကာေတာ့ ျပန္လာေလရဲ႕အိမ္ဓာတ္နန္းကို

” ဘိုးေတာ္ေလးေရ အဆင္ေျပပါတယ္ ဆိုင္လည္းေရာင္းေကာင္းလာတယ္ ….. မရေတာ့ဘူး ဆုံးပါၿပီဆိုတဲ့ ေငြေတြကလည္း ျပန္ရလို႔ အဘကိုလာကန္ေတာ့ရင္း ဘိုးေတာ္ေလးကိုလည္း ကြၽန္မလာကန္တာ့တာပါ ” ဆိုၿပီး

ကဲထူးျခားမႈေတြကေတာ့ ဒါပါပဲ …….. ။ ယုံၾကည္မႈနဲ႔ လိုက္လုပ္ၾကည့္ပါ….. ။ ။

credit to က်န္းမာခ်မ္းသာျပည္ဘိုးေတာ္ေလးကိုအာကာ

Unicode

လာဘ်တွေကတိတ် ငွေကမဝင် စိတ်ညစ်နေလျှင် ငွေကြေးကံံတွေ ပွင့်အောင် ယုံကြည်စွာနဲ့ လုပ်ကြည့်ပါ..

ဒီလိုပါ တချို့သောသူတွေမှာ ငွေကြေးတွေက အဆင်မပြေ ဘာလုပ်လုပ်ပေါ့ ။ လာဘ်တွေကတိတ် ငွေကမဝင် စိတ်တွေညစ် ရစရာရှိတာလေးတွေကလည်းမရ ဖြစ်နေသူတွေ ၊ ကြုံကြတဲ့သူတွေ ရှိတယ်ဗျ ။

တခါက ကျွန်တော်ဆီကို အမျိုးသမီးတဦး ရောက်လာတယ် ။ ကျွန်တော်လည်း ပြည်ရွှေဆံတော်က ဗောဓိညောင်းပင်အောက်မှာ အဓိဌာန်ဝင်တဲ့အချိန် ” ဘိုးတော်လေးကိုရှာနေတာ …… အိမ်ကိုသွားတော့ ရွှေဆံတော်မှာ အဓိဌာန်ဝင်နေတယ် …. ညောင်ပင်အောက်မှာ ဆိုလို့ လိုက်လာတာ ဘိုးတော်လေးရေ …. ” ဆိုပြီး အရေးတကြီး ……

” အေးအေး ဘာကိစ္စရှိလို့လည်း ပြောပါ ” ” ဒီလိုပါ ကျွန်မလာဘ်တွေ တိတ်ပြီး ဘာဆိုဘာမှ ငွေမဝင်ဘူးဖြစ်နေတယ် ရစရာရှိတာ မရဘူးဖြစ်နေတယ် ဘိုးတော်လေးရေ ……. ကူညီပေးပါအုန်း…. ”

” အော်လူရယ်လို့ ဖြစ်လာတော့ ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုသလိုပါပဲဗျာ….. ကူညီပေးရမှာပေါ့…. အေးအေး ရော့ ဘောပင်နဲ့စာအုပ် သေချာလိုက်မှတ်ထားပါ….. လင်ဗန်းတချပ်ရှာလိုက် ကြေးလင်ပန်း စတီးလင်းပန်းရတယ် ကော်လင်ပန်းတော့ မရဘူးနော်……”

”ပြီးရင် ကွမ်း ၉ရွက်ရှာ လက်ဘက်ရှာ ဖယောင်းတိုင်အစိမ်း ဆီးမီးခွက်ရှာပါ…… ရပြီဆိုတာနဲ့ မနက်၉နာရီမှာ စပြီး လင်ပန်းပေါ်မှာ ကွမ်းရွက်၉ရွက် ကို အညှာဖြတ်ပြီး အဝိုင်းပုံစံ ၉ရွက်လုပ်ထား ပြီးတာနဲ့ ကွမ်းရွက်ပေါ်မှာ လက်ဘက် ၉ ပုံတင်လိုက်ဟေ့ ….. ”

” လက်ဘက်ကိုတော့ ဆီဆားမထည့်နဲ့နော် ….. ပြီးတာနဲ့ အလည်တည့်တည့်မှာ ဖယောင်းတိုင်းအစိမ်းထွန်း ဆီးမီးခွက်ပေါ်မှာ မီးထွန်းပူဇော်ကြည့်လိုက် ပါ ….. တလတိတိ လုပ်ကြည့် နော် ….. အရင်းဦးဆုံး ငါးပါးသီလခံ ပရိတ်ပဌာန်း ကြိုက်တာရွတ်ပြီးရင်တော့ ဒိဝါတပတိဂါထာတော်ကို ၁၈ခေါက်ပူဇော်ပါ…… ”

” မေတ္တာပို့အမျှဝေပြီး မိမိအခက်အခဲ အကြပ်အတည်း ငွေနံတွေ ပွင့်ပါစေဆိုပြီ ဆုတောင်းကြည့်လိုက်ပါ …. တလနဲ့မသိသာရင် နှစ်လတိတိတော့လုပ်ကြည့် သိသာထူးခြားရလိမ့်မယ်…… ခုလုပ်ခုရတော့ ဘယ်အရာမှ မရဘူးနော် ….. ”

” စိတ်ရှည်ရှည် ဇွဲသန်သန်လေးလုပ်ကြည့် သိသာလိမ့်မယ် သေချာလုပ်ကြည့် ကွမ်းရွက်နဲ့လက်ဘက်ကိုတော့ ၃ရက်တခါလောက် အသစ်ပြုလုပ်ပေးပါ …. ကွမ်းဆိုတာ တနင်္လာနံ ငွေနံ ၊လက်ဖက်ဆိုတာ နဝင်း ဓာတ်ဖယောင်းတိုင်အစိမ်း ဆိုတာ အေးချမ်းမှု အပွင့်လန်းဓာတ်ကို ယူပြီး လုပ်ခိုင်းတာနော် ….. ”

” လုပ်ကြည့်လိုက် ပြောတာလေး သေချာကူးယူသွားနော် ” ဆိုပြီး ” ဟုတ်ကဲ့ပါ ဘိုးတော်လေး မှတ်ထားပါမယ့် ဒါကဘိုးတော်လေးအတွက် ” ရေသန့် အချိုရည် ရိက္ခာထောက်ငွေလေးကို စာအိတ်ထဲထည့်ပြီး အဓိဌာန်းဝင်တဲ့ နေရာမှာပဲ ထားခဲ့ပြီး ပြန်သွားလေရဲ့…..

အော် ……သတ္တဝါတခု ကံတခု ပါပဲ…… ကိုယ်ကူညီလိုက်တဲ့ အရာလေးတွေ အဆင်ပြေကြပါစေလို့ မေတ္တာပို့ရင်း ကိုယ်လုပ်လက်စ အဓိဌာန်းပုတီးပြန်စိတ်ပေါ့…. ။ နောက်သုံးလလောက်ကြာတော့ ပြန်လာလေရဲ့အိမ်ဓာတ်နန်းကို

” ဘိုးတော်လေးရေ အဆင်ပြေပါတယ် ဆိုင်လည်းရောင်းကောင်းလာတယ် ….. မရတော့ဘူး ဆုံးပါပြီဆိုတဲ့ ငွေတွေကလည်း ပြန်ရလို့ အဘကိုလာကန်တော့ရင်း ဘိုးတော်လေးကိုလည်း ကျွန်မလာကန်တာ့တာပါ ” ဆိုပြီး

ကဲထူးခြားမှုတွေကတော့ ဒါပါပဲ …….. ။ ယုံကြည်မှုနဲ့ လိုက်လုပ်ကြည့်ပါ….. ။ ။

credit to ကျန်းမာချမ်းသာပြည်ဘိုးတော်လေးကိုအာကာ

Be the first to comment

Leave a Reply

Your email address will not be published.


*