
ဆီးခ်ိဳေရာဂါသမားတို႔အတြက္ သတင္းေကာင္း ခေရရွိလွ်င္ ဆီးခ်ိဳမေၾကာက္ရဘူး…
ဦးဇင္း ရဟန္းအစ္မတစ္ေယာက္က အသံတိတ္ လူသတ္ေရာဂါလို႔ နာမည္ႀကီးတဲ့ ဆီးခ်ိဳေရာဂါ ရွိပါတယ္ ။ ေငြေၾကးလည္း ျပည့္စုံေတာ့ အဂၤလိပ္ေဆးေတြ ေသာက္ေနရပါတယ္ ။ တစ္ခါဝယ္ရင္ ေသာင္းဂဏန္း သိန္းဂဏန္းထိ ကုန္က်ပါတယ္ ။
အသက္ကို ေငြနဲ႔ဝယ္ထားရတယ္ ဆိုရင္လည္း မမွားပါဘူး ။ ဒီေဝဒနာကို ခံစားေနရတာ ဦးဇင္းကို သိကၡာမထပ္ခင္က ဆိုပါေတာ့ အခုဆို ၆ ႏွစ္မကေတာ့ပါဘူး ။
ဦးဇင္းလည္း ဒီေဝဒနာခံစားေနရတာ မၾကည့္ရက္ လို႔ ေငြေၾကးလည္း သက္သာ ဆိုးက်ိဳးလည္း မျဖစ္မယ့္ ေဆးနည္းေတြ ရွာေပးပါတယ္ ။
႐ုံးပေတသီး ေရစိမ္ေသာက္နည္း ၊ သေဘၤာသီးအစိမ္းကို ေရေႏြးျဖင့္ ေသာက္နည္းေတြကို လမ္းၫြန္ေပးပါတယ္ ။ သေဘၤာသီးကို ေရေႏြးစိမ္ ေသာက္တာ တစ္ပတ္ ႏွစ္ပတ္ေလာက္ ၾကာပါတယ္ ။ မသက္သာပါဘူး ။
ဆီးခ်ိဳ တစ္ခါတက္ရင္ ၅၀၀ထိ တက္ပါတယ္ ။ ဒီေလာက္ ဆီးခ်ိဳတက္ရင္ ေခါင္းမထူ ႏိုင္ေတာ့ပါဘူး။ သာမန္ လူတစ္ေယာက္ ဆိုရင္ ေလျဖတ္႐ုံ တင္မက အသက္ပါသြားႏိုင္တဲ့ အေျခေနပါပဲ ။
သူကေတာ့ ကုသိုလ္ေကာင္းမႈေတြ မ်ားေနလို႔လား …. ဒါမွမဟုတ္ ဒီေရာဂါကို ခံႏိုင္ရွိသြားလို႔လား ….. မေျပာတတ္ပါဘူး ။ အဂၤလိပ္ ဆရာဝန္ ႏွင့္ ျပလိုက္လွ်င္ သက္သာ သြားပါတယ္… ၃၀၀ထိ ျပန္က်သြား ပါတယ္ ။
လြန္ခဲ့တဲ့ ၂၀၁၄ , ၁၂ ပိုင္းက ရဟန္းအစ္မ ႏွင့္အတူ ပဲခူး ေက်ာက္တန္း မဟာေဗာဓိေတာရေက်ာင္း ဆယ္ရက္တရားစခန္းပြဲမွာ တစ္ညအိပ္ အခ်ိဳပြဲ သြားလႉၾကပါတယ္ ။
ေတာရေက်ာင္းမွာ ဦးဇင္းကို ပထမဦးဆုံး ရဟန္းခံေပးတဲ့ ရဟန္းအစ္မနဲ႔ ေတြလို႔ ရဟန္းအစ္မႏွစ္ေယာက္ စကားေကာင္း ေနၾကပါတယ္ ။ စကားေျပာရင္း စပ္မိလို႔ ဆီးခ်ိဳေရာဂါဘက္ ေရာက္သြားပါတယ္ ။
ပဲခူးက ရဟန္းအစ္မက သူဆီမွာ ဆီးခ်ိဳေရာဂါရွိေနေၾကာင့္ အခ်ိဳမွန္သမွ် ဘာမွ မစားရေၾကာင့္ စားခ်င္ေသာ္လည္း မစားရတာ ေရွးဘဝက သူမ်ားစားတာကို မနာလိုခဲ့လို႔ ျဖစ္မည္ထင္ေၾကာင္း ဆီးခ်ိဳတစ္ခါ တက္ရင္ အနည္းဆုံး ၃၅၀ထိ ရွိေၾကာင့္ အသက္ကို ေငြနဲ႔ဝယ္ထားရေၾကာင့္း စသည္ျဖင့္ ေျပာျပပါတယ္ ။
ေက်ာက္တန္းက ရဟန္းအစ္မလည္း သူ႔ရဲအျဖစ္ပ်က္ လက္ေတြ႕တစ္ခုကို ေျပာျပပါတယ္ ။
သူေျပာျပပုံက သူေမာင္ေလး ဂ်ပန္မွာ ေနစဥ္ ဦးေဏွာက္ပိုးဝင္ေၾကာင့္ ခြဲစိတ္ဖို႔ဆရာဝန္အား ျပၾကည့္ရာ ဆီးခ်ိဳရွိေနသျဖင့္ ခြဲမရျဖစ္ေနေၾကာင့္ ဂ်ပန္ဆရာဝန္က ခေရ႐ြက္ကို သုံးခြက္တစ္ခြက္ က်ိဳေသာက္ရန္ တပတ္ျပည့္လွ်င္ ျပန္လာရန္ မွာလိုက္ပါတယ္ ။
သူ႔ေမာင္လည္း ဂ်ပန္ႏိုင္ငံမွာ ခေရပင္ လိုက္ရွာကာ ဆရာဝန္မွာထားသည့္အတိုင္း ျပဳလုပ္လိုက္ရာ အံ့ၾသဖြယ္ရာ ဆီးခ်ိဳေရာဂါ မရွိေတာ့သျဖင့္ ဦးေဏွာက္ခြဲစိတ္မွဳ ေအာင္ျမင္သြားေၾကာင္း ေျပာျပပါသည္ ။
ပဲခူးက ရဟန္းအစ္မလည္း ခေရ႐ြက္ကို သုံးခြက္တစ္ခြက္ က်ိဳေသာက္လိုက္ရာ အခုဆိုရင္ အေတာ္သက္သာသြားသည္ ။ ဆီးခ်ိဳျပန္တိုင္းလိုက္ရင္ ၁၅၀ ထိပဲ က်န္ေတာ့သည္ ။
ပိုက္ဆံ အကုန္လည္းသက္သာ ေဘးထြက္ဆိုးက်ိဳးလည္းမျဖစ္ ဘယ္ေလာက္ေကာင္းလိုက္သနည္း ။ ခေရပင္က ၿမိဳ႕တိုင္း ႐ြာတိုင္း အပိုင္းတိုင္းမွာ ရွိပါတယ္။ လိုက္ရွာစရာ လိုမယ္မထင္ပါဘူး ။
ဒါေပမယ့္ ဆီးခ်ိဳေရာေပ်ာက္တယ္လို႔ေတာ့ လူတိုင္းသိမယ္ မထင္ပါဘူး။ ဦးဇင္းတို႔ေက်ာင္းမွာလည္း တန္စီၿပီး စိုက္ထားပါတယ္ အရိပ္ရေအာင္ရယ္ ပန္းေမႊးတာေၾကာင့္ရယ္ ဆိုၿပီး စိုက္ထားတာပါ ဦးဇင္းလည္း ေဆးဖက္ဝင္တယ္ဆိုတာကို လက္ေတြ႕မွဘဲ သိေတာ့တယ္ဗ်ာ ။
တန္ဖိုးမရွိေပါမ်ားတယ္ ဆိုရင္ လူေတြက အထင္မႀကီးတာ မဆန္းပါဘူး ။ ေဈးႀကီးၿပီး တန္ဖိုးမရွိတာကို အထင္ႀကီးတတ္တာလည္းမဆန္းပါဘူး ။ အထင္မႀကီးလို႔ မလိုက္နာလည္း မလိုက္နာသူရဲ႕ တာဝန္ပါပဲေနာ္ ။
ေဆးသမားေတာ္ႀကီး ဆရာဇီဝက.က သူ႔ဆရာရဲ႕အေမးကို ျပန္ေျဖသလိုပဲ သစ္ပင္တိုင္းက ေဆးဖက္ဝင္ပါတယ္ ။ သိသူေဖာ္စား မသိသူေက်ာ္သြားေပါ့ေနာ္ ….. ။ ။
ကဲမိတ္ေဆြတို႔လည္း သိသြားၿပီ ျပန္လည္းမွ်ွေဝ လိုက္ၾကအုံးေနာ္ ကုသိုလ္ရပါတယ္ ။
credit to original writer
Unicode
ဆီးချိုရောဂါသမားတို့အတွက် သတင်းကောင်း ခရေရှိလျှင် ဆီးချိုမကြောက်ရဘူး…
ဦးဇင်း ရဟန်းအစ်မတစ်ယောက်က အသံတိတ် လူသတ်ရောဂါလို့ နာမည်ကြီးတဲ့ ဆီးချိုရောဂါ ရှိပါတယ် ။ ငွေကြေးလည်း ပြည့်စုံတော့ အင်္ဂလိပ်ဆေးတွေ သောက်နေရပါတယ် ။ တစ်ခါဝယ်ရင် သောင်းဂဏန်း သိန်းဂဏန်းထိ ကုန်ကျပါတယ် ။
အသက်ကို ငွေနဲ့ဝယ်ထားရတယ် ဆိုရင်လည်း မမှားပါဘူး ။ ဒီဝေဒနာကို ခံစားနေရတာ ဦးဇင်းကို သိက္ခာမထပ်ခင်က ဆိုပါတော့ အခုဆို ၆ နှစ်မကတော့ပါဘူး ။
ဦးဇင်းလည်း ဒီဝေဒနာခံစားနေရတာ မကြည့်ရက် လို့ ငွေကြေးလည်း သက်သာ ဆိုးကျိုးလည်း မဖြစ်မယ့် ဆေးနည်းတွေ ရှာပေးပါတယ် ။
ရုံးပတေသီး ရေစိမ်သောက်နည်း ၊ သင်္ဘောသီးအစိမ်းကို ရေနွေးဖြင့် သောက်နည်းတွေကို လမ်းညွန်ပေးပါတယ် ။ သင်္ဘောသီးကို ရေနွေးစိမ် သောက်တာ တစ်ပတ် နှစ်ပတ်လောက် ကြာပါတယ် ။ မသက်သာပါဘူး ။
ဆီးချို တစ်ခါတက်ရင် ၅၀၀ထိ တက်ပါတယ် ။ ဒီလောက် ဆီးချိုတက်ရင် ခေါင်းမထူ နိုင်တော့ပါဘူး။ သာမန် လူတစ်ယောက် ဆိုရင် လေဖြတ်ရုံ တင်မက အသက်ပါသွားနိုင်တဲ့ အခြေနေပါပဲ ။
သူကတော့ ကုသိုလ်ကောင်းမှုတွေ များနေလို့လား …. ဒါမှမဟုတ် ဒီရောဂါကို ခံနိုင်ရှိသွားလို့လား ….. မပြောတတ်ပါဘူး ။ အင်္ဂလိပ် ဆရာဝန် နှင့် ပြလိုက်လျှင် သက်သာ သွားပါတယ်… ၃၀၀ထိ ပြန်ကျသွား ပါတယ် ။
လွန်ခဲ့တဲ့ ၂၀၁၄ , ၁၂ ပိုင်းက ရဟန်းအစ်မ နှင့်အတူ ပဲခူး ကျောက်တန်း မဟာဗောဓိတောရကျောင်း ဆယ်ရက်တရားစခန်းပွဲမှာ တစ်ညအိပ် အချိုပွဲ သွားလှူကြပါတယ် ။
တောရကျောင်းမှာ ဦးဇင်းကို ပထမဦးဆုံး ရဟန်းခံပေးတဲ့ ရဟန်းအစ်မနဲ့ တွေလို့ ရဟန်းအစ်မနှစ်ယောက် စကားကောင်း နေကြပါတယ် ။ စကားပြောရင်း စပ်မိလို့ ဆီးချိုရောဂါဘက် ရောက်သွားပါတယ် ။
ပဲခူးက ရဟန်းအစ်မက သူဆီမှာ ဆီးချိုရောဂါရှိနေကြောင့် အချိုမှန်သမျှ ဘာမှ မစားရကြောင့် စားချင်သော်လည်း မစားရတာ ရှေးဘဝက သူများစားတာကို မနာလိုခဲ့လို့ ဖြစ်မည်ထင်ကြောင်း ဆီးချိုတစ်ခါ တက်ရင် အနည်းဆုံး ၃၅၀ထိ ရှိကြောင့် အသက်ကို ငွေနဲ့ဝယ်ထားရကြောင့်း စသည်ဖြင့် ပြောပြပါတယ် ။
ကျောက်တန်းက ရဟန်းအစ်မလည်း သူ့ရဲအဖြစ်ပျက် လက်တွေ့တစ်ခုကို ပြောပြပါတယ် ။
သူပြောပြပုံက သူမောင်လေး ဂျပန်မှာ နေစဉ် ဦးဏှောက်ပိုးဝင်ကြောင့် ခွဲစိတ်ဖို့ဆရာဝန်အား ပြကြည့်ရာ ဆီးချိုရှိနေသဖြင့် ခွဲမရဖြစ်နေကြောင့် ဂျပန်ဆရာဝန်က ခရေရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်ရန် တပတ်ပြည့်လျှင် ပြန်လာရန် မှာလိုက်ပါတယ် ။
သူ့မောင်လည်း ဂျပန်နိုင်ငံမှာ ခရေပင် လိုက်ရှာကာ ဆရာဝန်မှာထားသည့်အတိုင်း ပြုလုပ်လိုက်ရာ အံ့သြဖွယ်ရာ ဆီးချိုရောဂါ မရှိတော့သဖြင့် ဦးဏှောက်ခွဲစိတ်မှု အောင်မြင်သွားကြောင်း ပြောပြပါသည် ။
ပဲခူးက ရဟန်းအစ်မလည်း ခရေရွက်ကို သုံးခွက်တစ်ခွက် ကျိုသောက်လိုက်ရာ အခုဆိုရင် အတော်သက်သာသွားသည် ။ ဆီးချိုပြန်တိုင်းလိုက်ရင် ၁၅၀ ထိပဲ ကျန်တော့သည် ။
ပိုက်ဆံ အကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးလည်းမဖြစ် ဘယ်လောက်ကောင်းလိုက်သနည်း ။ ခရေပင်က မြို့တိုင်း ရွာတိုင်း အပိုင်းတိုင်းမှာ ရှိပါတယ်။ လိုက်ရှာစရာ လိုမယ်မထင်ပါဘူး ။
ဒါပေမယ့် ဆီးချိုရောပျောက်တယ်လို့တော့ လူတိုင်းသိမယ် မထင်ပါဘူး။ ဦးဇင်းတို့ကျောင်းမှာလည်း တန်စီပြီး စိုက်ထားပါတယ် အရိပ်ရအောင်ရယ် ပန်းမွှေးတာကြောင့်ရယ် ဆိုပြီး စိုက်ထားတာပါ ဦးဇင်းလည်း ဆေးဖက်ဝင်တယ်ဆိုတာကို လက်တွေ့မှဘဲ သိတော့တယ်ဗျာ ။
တန်ဖိုးမရှိပေါများတယ် ဆိုရင် လူတွေက အထင်မကြီးတာ မဆန်းပါဘူး ။ ဈေးကြီးပြီး တန်ဖိုးမရှိတာကို အထင်ကြီးတတ်တာလည်းမဆန်းပါဘူး ။ အထင်မကြီးလို့ မလိုက်နာလည်း မလိုက်နာသူရဲ့ တာဝန်ပါပဲနော် ။
ဆေးသမားတော်ကြီး ဆရာဇီဝက.က သူ့ဆရာရဲ့အမေးကို ပြန်ဖြေသလိုပဲ သစ်ပင်တိုင်းက ဆေးဖက်ဝင်ပါတယ် ။ သိသူဖော်စား မသိသူကျော်သွားပေါ့နော် ….. ။ ။
ကဲမိတ်ဆွေတို့လည်း သိသွားပြီ ပြန်လည်းမျှှဝေ လိုက်ကြအုံးနော် ကုသိုလ်ရပါတယ် ။
credit to original writer
Leave a Reply