အေကာင္းဆုံးေသာ ဘဝကို ပိုင္ဆိုင္ခ်င္လွ်င္ “မိမိတန္ဖိုးကို ျမႇင့္တင္ပါ”

အေကာင္းဆုံးေသာ ဘဝကို ပိုင္ဆိုင္ခ်င္လွ်င္ “မိမိတန္ဖိုးကို ျမႇင့္တင္ပါ”

အရမ္းေကာင္းတဲ့စာေလးမို႔ ဖတ္ေစခ်င္ပါတယ္..

နံပါတ္ ( ၁ )

ဘဝမွာ အေကာင္းဆုံးေတြကို လိုခ်င္ရင္ မိတ္ေဆြကိုယ္တိုင္က ေကာင္းတာေတြကိုပဲ ေ႐ြးခ်ယ္ၿပီး လုပ္ေနဖို႔ အေရးႀကီးတယ္ .. ။

အဆင္မေျပဘူးလို႔ ညည္းတြားေနမယ့္အစား အေကာင္းဆုံး နည္းလမ္းကို ရွာေဖြလုပ္ေဆာင္ပါ .. ။

ပိုင္ဆိုင္ဖို႔ ႀကိဳးစားေနတဲ့ အရာေတြဟာ မိမိေပးဆပ္ခဲ့ရတာေတြနဲ႔ တကယ္ေရာ ထိုက္တန္ရဲ႕လားဆိုတာ မိတ္ေဆြကိုယ္တိုင္ ျပန္ၿပီးသုံးသပ္ဖို႔ လိုအပ္ပါတယ္ .. ။

နံပါတ္ ( ၂ )

ဘယ္ေနရာ ေရာက္ေရာက္ ေအာင္ျမင္ခ်င္တဲ့သူက ႀကိဳးစားတယ္ .. ။ မတိုးတက္ဘူး တိုးတက္တယ္ဆိုတာ ေရာက္ေနတဲ့ ေနရာနဲ႔ မဆိုင္ဘူး .. ။ မိတ္ေဆြရဲ႕ ရည္႐ြယ္ခ်က္နဲ႔ပဲ သက္ဆိုင္တယ္ .. ။

ဘာမွ မလုပ္လို႔ ဆင္းရဲေနမွာ ထက္စာရင္ ႀကိဳးစားၿပီး ဆင္းရဲေနတာက မိတ္ေဆြရဲ႕ အနာဂတ္အတြက္ ရလဒ္ေကာင္းေတြ ေတြ႕ေစမွာပါ … ။

နံပါတ္ ( ၃ )

စစ္မွန္တဲ့ ခ်မ္းသာမႈ႕ကို လိုခ်င္ရင္ ေငြလြယ္လြယ္ ရခ်င္တဲ့စိတ္ကို ေဖ်ာက္ပါ .. ။ မွန္ကန္တဲ့ ေနရာတစ္ခု ပိုင္ဆိုင္ဖို႔အတြက္ ထိုက္တန္တဲ့ ေပးဆပ္မႈ႕ဆိုတာ ရွိတယ္..။

အနည္းဆုံးေတာ့ မိတ္ေဆြဟာ အခ်ိန္ဆိုတဲ့ သမားေတာ္နဲ႔ ရင္းႏွီးဖို႔ လိုတယ္ .. ။ ေလာကမွာ ဘယ္အရာမွ လြယ္လြယ္မရဘူး .. ။ အလြယ္ရတာဆိုလို႔ မိဘဆီက ေမတၱာပဲရွိတယ္ .. ။

နံပါတ္ ( ၄ )

မိမိကိုယ္မိမိ တန္ဖိုးထား ျမႇင့္တင္ပါ ။ လူငယ္ေတြနဲ႔ ေပါင္းတဲ့အခါ မိတ္ေဆြဟာ လူႀကီးျဖစ္ရဲ႕လား စဥ္းစားပါ .. ။ လူႀကီးေတြနဲ႔ ဆက္ဆံတဲ့အခါ မိတ္ေဆြဟာ ရင့္က်က္သူတစ္ေယာက္ ျဖစ္ရဲ႕လားဆိုတာ ဆန္းစစ္ပါ .. ။

ဒါဆို မိတ္ေဆြရဲ႕ အေရးပါမႈ႕ကို လူေတြက အသိမွတ္ျပဳ ႀကိဳဆိုၾကလိမ့္မယ္ .. ။ ဒါဟာ မိတ္ေဆြရဲ႕ တန္ဖိုးပါ …. ။

နံပါတ္ ( ၅ )

အေရးႀကီးတာက မိမိရဲ႕ အနာဂတ္ဟာ မိမိရဲ႕လက္ထဲမွာပဲ ရွိေနဖို႔ အေရးႀကီးတယ္ … ။ လူေတြေျပာတဲ့ ေမွ်ာ္လင့္ျခင္း အိပ္မက္ဆိုတာ ႀကိဳးစားေနရင္းနဲ႔ မက္ရတာမ်ိဳးပါ .. ။

ထိုင္ေနရင္း မက္လို႔ေတာ့ ဘာမွ ျဖစ္လာမွာမဟုတ္ဘူး … ။ ဒီေန႔ေခတ္ႀကီးမွာ အခ်ိန္ကုန္ေစတဲ့ အရာေတြ အမ်ားႀကီးပဲ … ။ ေခတ္ႀကီးကေတာ့ တိုးတက္ေနတာပဲ .. ။

တကယ္တမ္း မေျပာင္းလဲတာကလူေတြရဲ႕ စိတ္ဓာတ္ဆိုတာပါ .. ။
Credit

Unicode

အကောင်းဆုံးသော ဘဝကို ပိုင်ဆိုင်ချင်လျှင် “မိမိတန်ဖိုးကို မြှင့်တင်ပါ”

အရမ်းကောင်းတဲ့စာလေးမို့ ဖတ်စေချင်ပါတယ်..

နံပါတ် ( ၁ )

ဘဝမှာ အကောင်းဆုံးတွေကို လိုချင်ရင် မိတ်ဆွေကိုယ်တိုင်က ကောင်းတာတွေကိုပဲ ရွေးချယ်ပြီး လုပ်နေဖို့ အရေးကြီးတယ် .. ။

အဆင်မပြေဘူးလို့ ညည်းတွားနေမယ့်အစား အကောင်းဆုံး နည်းလမ်းကို ရှာဖွေလုပ်ဆောင်ပါ .. ။

ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ အရာတွေဟာ မိမိပေးဆပ်ခဲ့ရတာတွေနဲ့ တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ မိတ်ဆွေကိုယ်တိုင် ပြန်ပြီးသုံးသပ်ဖို့ လိုအပ်ပါတယ် .. ။

နံပါတ် ( ၂ )

ဘယ်နေရာ ရောက်ရောက် အောင်မြင်ချင်တဲ့သူက ကြိုးစားတယ် .. ။ မတိုးတက်ဘူး တိုးတက်တယ်ဆိုတာ ရောက်နေတဲ့ နေရာနဲ့ မဆိုင်ဘူး .. ။ မိတ်ဆွေရဲ့ ရည်ရွယ်ချက်နဲ့ပဲ သက်ဆိုင်တယ် .. ။

ဘာမှ မလုပ်လို့ ဆင်းရဲနေမှာ ထက်စာရင် ကြိုးစားပြီး ဆင်းရဲနေတာက မိတ်ဆွေရဲ့ အနာဂတ်အတွက် ရလဒ်ကောင်းတွေ တွေ့စေမှာပါ … ။

နံပါတ် ( ၃ )

စစ်မှန်တဲ့ ချမ်းသာမှု့ကို လိုချင်ရင် ငွေလွယ်လွယ် ရချင်တဲ့စိတ်ကို ဖျောက်ပါ .. ။ မှန်ကန်တဲ့ နေရာတစ်ခု ပိုင်ဆိုင်ဖို့အတွက် ထိုက်တန်တဲ့ ပေးဆပ်မှု့ဆိုတာ ရှိတယ်..။

အနည်းဆုံးတော့ မိတ်ဆွေဟာ အချိန်ဆိုတဲ့ သမားတော်နဲ့ ရင်းနှီးဖို့ လိုတယ် .. ။ လောကမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး .. ။ အလွယ်ရတာဆိုလို့ မိဘဆီက မေတ္တာပဲရှိတယ် .. ။

နံပါတ် ( ၄ )

မိမိကိုယ်မိမိ တန်ဖိုးထား မြှင့်တင်ပါ ။ လူငယ်တွေနဲ့ ပေါင်းတဲ့အခါ မိတ်ဆွေဟာ လူကြီးဖြစ်ရဲ့လား စဉ်းစားပါ .. ။ လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မိတ်ဆွေဟာ ရင့်ကျက်သူတစ်ယောက် ဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ပါ .. ။

ဒါဆို မိတ်ဆွေရဲ့ အရေးပါမှု့ကို လူတွေက အသိမှတ်ပြု ကြိုဆိုကြလိမ့်မယ် .. ။ ဒါဟာ မိတ်ဆွေရဲ့ တန်ဖိုးပါ …. ။

နံပါတ် ( ၅ )

အရေးကြီးတာက မိမိရဲ့ အနာဂတ်ဟာ မိမိရဲ့လက်ထဲမှာပဲ ရှိနေဖို့ အရေးကြီးတယ် … ။ လူတွေပြောတဲ့ မျှော်လင့်ခြင်း အိပ်မက်ဆိုတာ ကြိုးစားနေရင်းနဲ့ မက်ရတာမျိုးပါ .. ။

ထိုင်နေရင်း မက်လို့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး … ။ ဒီနေ့ခေတ်ကြီးမှာ အချိန်ကုန်စေတဲ့ အရာတွေ အများကြီးပဲ … ။ ခေတ်ကြီးကတော့ တိုးတက်နေတာပဲ .. ။

တကယ်တမ်း မပြောင်းလဲတာကလူတွေရဲ့ စိတ်ဓာတ်ဆိုတာပါ .. ။
Credit

Be the first to comment

Leave a Reply

Your email address will not be published.


*