
ပိုင္ဆိုင္သမွ်ေျမေတြကို ဗုဒၶဘာသာျပန႔္ပြားဖို႔ ေက်ာင္းေဆာက္ဖို႔ လႉဒါန္းလိုက္တဲ့ အာဖရိကဘုရင္မႀကီး
ဗုဒၶဘာသာဟာ အာရွေဒသမွာ အထြန္းကားဆုံး ဘာသာတစ္ခု ျဖစ္ပါတယ္ ျမန္မာ၊ ထိုင္း၊ ကေမာၻဒီးယား၊ လာအို၊ နီေပါစတဲ့ ႏိုင္ငံေတြဟာ အာရွမွာ ဗုဒၶဘာသာ အထြန္းကားဆုံး ႏိုင္ငံေတြလို႔ ဆိုရမွာပါ
ဥေရာပ၊ အေမရိက၊ အာဖရိကစတဲ့ ေနရာေတြမွာေတာ့ ဗုဒၶဘာသာဟာ က်ယ္က်ယ္ျပန႔္ျပန႔္ ထြန္းကားျခင္း မရွိေသးပါဘူး။
ဒါေပမဲ့ ခုေနာက္ပိုင္းမွာေတာ့ ဗုဒၶရဲ႕ တရားေတာ္ေတြကို ယုံၾကည္လက္ခံ လိုက္နာက်င့္သုံးသူေတြ မ်ားလာတာေၾကာင့္ အဆိုပါေဒသေတြမွာလည္း ဗုဒၶဘာသာဟာ ထြန္းကားစ ျပဳလာၿပီျဖစ္ပါတယ္။
ခုလည္းပဲ အာဖရိကလို ေဒသမွာ ဗုဒၶဘာသာကို ဘုရင္မႀကီး ကိုယ္တိုင္ လႉဒါန္းတည္ေထာင္တဲ့ ဝမ္းသာစရာ ျဖစ္စဥ္ေလးတစ္ခု ျဖစ္ခဲ့ပါၿပီ ဒီသတင္းေလးဟာ ဗုဒၶဘာသာဝင္ေတြ အတြက္ေတာ့ ဝမ္းသာစရာ သတင္းေလးပဲ ျဖစ္ပါတယ္။
ယုဂႏၶာဘုရင္မႀကီးျဖစ္တဲ့ “ဘက္စ္ ေခမီကီဆာ” HRH Queen “Best Kemigisa” ဟာ ယုဂႏၶာမွာရွိတဲ့ သာသနာ့ဝန္ထမ္း ရဟန္း သံဃာ သီလရွင္မ်ား ပရိယတၱိ ပရိပတၱိ ပရိေဝဓ သာသနာလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ဗုဒၶသာသနာ့ တကၠသိုလ္ႀကီး ေဆာက္လုပ္ဖို႔ စီစဥ္ခဲ့ပါတယ္။
ဒီဗုဒၶတကၠသိုလ္ႀကီး ေဆာက္ဖို႔အတြက္ကိုလည္း ဘုရင္မႀကီးကိုယ္တိုင္ ပိုင္ဆိုင္ထားတဲ့ ေျမေနရာေတြကို သာသနာအတြက္ လႉဒါန္းလိုက္ပါတယ္။
ႏိုင္ငံတစ္ခုရဲ႕ ဘုရင္မႀကီးကိုယ္တိုင္ ဒီလို ဗုဒၶဘာသာျပန႔္ပြားထြန္းကားေရးအတြက္ ေဆာင္႐ြက္လာတာဟာ ဗုဒၶဘာသာ ထြန္းကားျခင္း မရွိေသးတဲ့ ေဒသမွာ ဗုဒၶဘာသာ ထြန္းကားလာဖို႔အတြက္ အားတစ္ခုျဖစ္ပါတယ္။
ဒါေၾကာင့္ ဗုဒၶဘာသာဟာ အာဖရိကထိ ထြန္းကားလာၿပီျဖစ္တဲ့ ဒီသတင္းေလးကို သိၿပီး ဗုဒၶဘာသာဝင္အေပါင္းတို႔လည္း ဝမ္းသာ သာဓုေခၚဆိုႏိုင္ေအာင္ ျပန္လည္မွ်ေဝ ေပးလိုက္ပါတယ္ေနာ္။
Unicode
ပိုင်ဆိုင်သမျှမြေတွေကို ဗုဒ္ဓဘာသာပြန့်ပွားဖို့ ကျောင်းဆောက်ဖို့ လှူဒါန်းလိုက်တဲ့ အာဖရိကဘုရင်မကြီး
ဗုဒ္ဓဘာသာဟာ အာရှဒေသမှာ အထွန်းကားဆုံး ဘာသာတစ်ခု ဖြစ်ပါတယ် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါစတဲ့ နိုင်ငံတွေဟာ အာရှမှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံတွေလို့ ဆိုရမှာပါ
ဥရောပ၊ အမေရိက၊ အာဖရိကစတဲ့ နေရာတွေမှာတော့ ဗုဒ္ဓဘာသာဟာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ဗုဒ္ဓရဲ့ တရားတော်တွေကို ယုံကြည်လက်ခံ လိုက်နာကျင့်သုံးသူတွေ များလာတာကြောင့် အဆိုပါဒေသတွေမှာလည်း ဗုဒ္ဓဘာသာဟာ ထွန်းကားစ ပြုလာပြီဖြစ်ပါတယ်။
ခုလည်းပဲ အာဖရိကလို ဒေသမှာ ဗုဒ္ဓဘာသာကို ဘုရင်မကြီး ကိုယ်တိုင် လှူဒါန်းတည်ထောင်တဲ့ ဝမ်းသာစရာ ဖြစ်စဉ်လေးတစ်ခု ဖြစ်ခဲ့ပါပြီ ဒီသတင်းလေးဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဝမ်းသာစရာ သတင်းလေးပဲ ဖြစ်ပါတယ်။
ယုဂန္ဓာဘုရင်မကြီးဖြစ်တဲ့ “ဘက်စ် ခေမီကီဆာ” HRH Queen “Best Kemigisa” ဟာ ယုဂန္ဓာမှာရှိတဲ့ သာသနာ့ဝန်ထမ်း ရဟန်း သံဃာ သီလရှင်များ ပရိယတ္တိ ပရိပတ္တိ ပရိဝေဓ သာသနာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓသာသနာ့ တက္ကသိုလ်ကြီး ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။
ဒီဗုဒ္ဓတက္ကသိုလ်ကြီး ဆောက်ဖို့အတွက်ကိုလည်း ဘုရင်မကြီးကိုယ်တိုင် ပိုင်ဆိုင်ထားတဲ့ မြေနေရာတွေကို သာသနာအတွက် လှူဒါန်းလိုက်ပါတယ်။
နိုင်ငံတစ်ခုရဲ့ ဘုရင်မကြီးကိုယ်တိုင် ဒီလို ဗုဒ္ဓဘာသာပြန့်ပွားထွန်းကားရေးအတွက် ဆောင်ရွက်လာတာဟာ ဗုဒ္ဓဘာသာ ထွန်းကားခြင်း မရှိသေးတဲ့ ဒေသမှာ ဗုဒ္ဓဘာသာ ထွန်းကားလာဖို့အတွက် အားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ အာဖရိကထိ ထွန်းကားလာပြီဖြစ်တဲ့ ဒီသတင်းလေးကို သိပြီး ဗုဒ္ဓဘာသာဝင်အပေါင်းတို့လည်း ဝမ်းသာ သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်။
Leave a Reply