မိမိေနအိမ္၊ ၿခံဝင္းအတြင္း ေတာင္ပို႔ေပါက္ခဲ့လွ်င္ ေကာင္းတာလား မေကာင္းတာလား သိခ်င္သူမ်ားအတြက္..

မိမိေနအိမ္၊ ၿခံဝင္းအတြင္း ေတာင္ပို႔ေပါက္ခဲ့လွ်င္ ေကာင္းတာလား မေကာင္းတာလား သိခ်င္သူမ်ားအတြက္..

ေနအိမ္ေအာက္တြင္ ေတာင္ပို႔ေပါက္သည့္အခါ တခ်ိဳ႕လူမ်ားက အိမ္ကိုဖ်က္ဆီးမည္ဟု သေဘာထားကာ ေတာင္ပို႔ကို တူးဆြဖယ္ထုတ္ပစ္လိုက္ၾကသည္… တခ်ိဳ႕လူမ်ားကေတာ့ ေကာင္းက်ိဳးေပးမည့္အရာဟု သေဘာထားၿပီး ရာဇမတ္ေလးဖက္ေလးတန္ကာ၍ တံခြန္၊ ကုကၠား၊ မုေလးပြားမ်ားစိုက္၊ အေမႊးနံ႔သာမ်ားပက္ဖ်န္းၾကသည္…

ဖေယာင္းတိုင္၊ အေမႊးတိုင္မ်ားကို အဆက္မျပတ္ ထြန္းညႇိ ပူေဇာ္ထားၾကသည္… ေတာင္ပို႔က တစ္စထက္တစ္စ ျမင့္တက္လာရာ အိမ္ကဆင့္တန္းျဖဳတ္၊ ခင္းထားေသာ ပ်ဥ္ခ်ပ္မ်ားကို ခြာပစ္ရသည္အထိ ယုံၾကည္ကိုးစားစြာျဖင့္ ႐ိုေသစြာထားၾကသည္ကိုလည္း ေတြ႕ဖူးသည္။

ညီငယ္ေလးပမာခင္မင္ရေသာ သက္ကိုက သူ၏အိမ္ေအာက္တြင္ ေတာင္ပို႔ေပါက္လာသည့္အခါ အဆိုပါေတာင္ပို႔ကို သည္အတိုင္းပဲ ထားရမည္လား၊ ေတာင္ပို႔ကို ၿဖိဳခ်ပစ္ရမည္လားဟု ေမးခဲ့ဖူးပါသည္… မ်ားစြာေသာလူတို႔သည္ အိမ္ထဲ သို႔မဟုတ္ ၿခံဝင္းထဲ၌ ေတာင္ပို႔ေပါက္လာလွ်င္ ေကာင္းသည္ဟုသာ ထင္မွတ္ၾကေလသည္…

ေရွးလူႀကီးသူမတို႔ကမူ ေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာ ေတာင္ပို႔ေပါက္မႈႏွင့္ မေကာင္းက်ိဳး၏ ေရွ႕ေျပးျဖစ္ေသာ ေတာင္ပို႔ေပါက္မႈဟူ၍ ႏွစ္မ်ိဳးရွိေၾကာင္း ဆိုခဲ့ၾကေပသည္…

ေရွးလူႀကီးသူမတို႔သည္ အၾကားအျမင္၊ ဗဟုသုတ ရင့္က်က္ၾကသူမ်ားပီပီ ေနာင္လာေနာက္သားတို႔ ေတာင္ပို႔ေပါက္ျခင္းႏွင့္ ပတ္သက္၍ ေကာင္းျခင္းဆိုးျခင္းကို သိျမင္မွတ္သား လိုက္နာ ေဆာင္႐ြက္ႏိုင္ေစရန္ ကဗ်ာလကၤာမ်ား စပ္ဆို ထားခဲ့ေပသည္ …

၎လကၤာမွာ ၁. အေရွ႕ေတာင္ခြင္၊ ေတာင္ပို႔ထင္၊ မီးလွ်င္ေလာင္တတ္စြ၂. အေနာက္ေပါက္ျငား၊ ေအာက္လူမ်ား နာဖ်ားေဘးဒဏ္ရ၊ ၃. အေနာက္ေတာင္တြင္၊ ေတာင္ပို႔ျမင္၊ သူလွ်င္ ခိုးတတ္လွ၊ ၄. ၾကင္းငါးရပ္မွာ၊ ေပါက္ေရာက္လာ၊ မွန္စြာခ်မ္းၾကည္ျမ၊ ၅. မေကာင္းရပ္ေန၊ ေပါက္လာေပ၊ ေ႐ႊရည္ေလာင္း ေလၾက၊ ၆. ဤသို႔ယၾတာ၊ ျပဳေသာခါ၊ ေရာဂါရန္ကြယ္ ဟူ၍ျဖစ္သည္။

အ႒လဂ္ခြင္အရ အရပ္ရွစ္ပါးရွိရာ ၁. အေရွ႕ေျမာက္အရပ္၊၂. အေရွ႕အရပ္၊၃.အေရွ႕ေတာင္အရပ္၊ ၄. ေတာင္အရပ္၊ ၅. အေနာက္ေတာင္အရပ္၊ ၆. အေနာက္အရပ္၊ ၇. အေနာက္ ေျမာက္အရပ္၊ ၈. ေျမာက္အရပ္ဟူ၍ ျဖစ္ေလသည္။

အိမ္အတြင္း၊ ၿခံဝင္းအတြင္း ေတာင္ပို႔ေပါက္ေသာ အရပ္သည္ မည္သည့္အရပ္၌ ျဖစ္သည္ကို တိက်စြာ သတ္မွတ္ရပါမည္။ ေရွးလူႀကီးသူမတို႔ မိန႔္ဆိုခဲ့ေသာ ကဗ်ာလကၤာအရ ေတာင္ပို႔ေပါက္ေသာ အရပ္သည္ အေရွ႕ေတာင္ေထာင့္အရပ္ ျဖစ္ပါက အိမ္ကို မီးေလာင္တတ္သည္။

အေနာက္အရပ္တြင္ ျဖစ္ပါက လူငယ္လူ႐ြယ္မ်ား နာဖ်ားတတ္သည္။ ေဘးရန္သင့္တတ္သည္။ အေနာက္ေတာင္အရပ္တြင္ ျဖစ္ပါက ေနအိမ္တြင္ သူခိုးခိုး ခံရတတ္သည္။ က်န္သည့္ အရပ္ငါးမ်ိဳးတြင္ ေတာင္ပို႔ေပါက္ပါက စည္းစိမ္ဥစၥာ ႀကီးပြားတိုးတက္ ခ်မ္းသာမည္ဟု ဆိုလိုေပသည္။

မေကာင္းေသာအရပ္တြင္ ေတာင္ပို႔ေပါက္လွ်င္ မည္သို႔ ျပဳလုပ္ရမည္ကို ေရွးေဗဒကဝိတို႔က ယၾတာထားခဲ့ၾကသည္။ ၎ယၾတာမွာ မိမိအိမ္ေသာက္ေရအိုးထဲမွ ေရကို ခပ္၍ မေကာင္းေသာ ေဘးအႏၲရာယ္မ်ား ပေပ်ာက္ပါေစဟု ဆုေတာင္းကာ ေပါက္လာသည့္ေတာင္ပို႔ေပၚသို႔ ေနာက္ျပန္ေလာင္းရေပမည္။

ေနအိမ္ (သို႔မဟုတ္) ၿခံဝင္းထဲ၌ ေတာင္ပို႔ေပါက္ပါက အမႈမဲ့အမွတ္မဲ့မေနဘဲ ေကာင္းက်ိဳးလား၊ မေကာင္းက်ိဳးလား ဆိုသည္ကို အထက္ပါလကၤာအရ ဆန္းစစ္ကာ မေကာင္းက်ိဳးျဖစ္ပါက ယၾတာေခ်႐ုံသာ ရွိပါေတာ့သတည္း။

ဝင္းေဇာ္(သုံးဆယ္) ေ႐ႊေပါက္ဆိန္ဂ်ာနယ္ အတြဲ(၃)၊ အမွတ္ ၆၀တြင္ ေဖၚျပၿပီး ျဖစ္ပါသည္) credit

Unicode

မိမိနေအိမ်၊ ခြံဝင်းအတွင်း တောင်ပို့ပေါက်ခဲ့လျှင် ကောင်းတာလား မကောင်းတာလား သိချင်သူများအတွက်..

နေအိမ်အောက်တွင် တောင်ပို့ပေါက်သည့်အခါ တချို့လူများက အိမ်ကိုဖျက်ဆီးမည်ဟု သဘောထားကာ တောင်ပို့ကို တူးဆွဖယ်ထုတ်ပစ်လိုက်ကြသည်… တချို့လူများကတော့ ကောင်းကျိုးပေးမည့်အရာဟု သဘောထားပြီး ရာဇမတ်လေးဖက်လေးတန်ကာ၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများစိုက်၊ အမွှေးနံ့သာများပက်ဖျန်းကြသည်…

ဖယောင်းတိုင်၊ အမွှေးတိုင်များကို အဆက်မပြတ် ထွန်းညှိ ပူဇော်ထားကြသည်… တောင်ပို့က တစ်စထက်တစ်စ မြင့်တက်လာရာ အိမ်ကဆင့်တန်းဖြုတ်၊ ခင်းထားသော ပျဉ်ချပ်များကို ခွာပစ်ရသည်အထိ ယုံကြည်ကိုးစားစွာဖြင့် ရိုသေစွာထားကြသည်ကိုလည်း တွေ့ဖူးသည်။

ညီငယ်လေးပမာခင်မင်ရသော သက်ကိုက သူ၏အိမ်အောက်တွင် တောင်ပို့ပေါက်လာသည့်အခါ အဆိုပါတောင်ပို့ကို သည်အတိုင်းပဲ ထားရမည်လား၊ တောင်ပို့ကို ဖြိုချပစ်ရမည်လားဟု မေးခဲ့ဖူးပါသည်… များစွာသောလူတို့သည် အိမ်ထဲ သို့မဟုတ် ခြံဝင်းထဲ၌ တောင်ပို့ပေါက်လာလျှင် ကောင်းသည်ဟုသာ ထင်မှတ်ကြလေသည်…

ရှေးလူကြီးသူမတို့ကမူ ကောင်းကျိုး၏ ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုနှင့် မကောင်းကျိုး၏ ရှေ့ပြေးဖြစ်သော တောင်ပို့ပေါက်မှုဟူ၍ နှစ်မျိုးရှိကြောင်း ဆိုခဲ့ကြပေသည်…

ရှေးလူကြီးသူမတို့သည် အကြားအမြင်၊ ဗဟုသုတ ရင့်ကျက်ကြသူများပီပီ နောင်လာနောက်သားတို့ တောင်ပို့ပေါက်ခြင်းနှင့် ပတ်သက်၍ ကောင်းခြင်းဆိုးခြင်းကို သိမြင်မှတ်သား လိုက်နာ ဆောင်ရွက်နိုင်စေရန် ကဗျာလင်္ကာများ စပ်ဆို ထားခဲ့ပေသည် …

၎င်းလင်္ကာမှာ ၁. အရှေ့တောင်ခွင်၊ တောင်ပို့ထင်၊ မီးလျှင်လောင်တတ်စွ၂. အနောက်ပေါက်ငြား၊ အောက်လူများ နာဖျားဘေးဒဏ်ရ၊ ၃. အနောက်တောင်တွင်၊ တောင်ပို့မြင်၊ သူလျှင် ခိုးတတ်လှ၊ ၄. ကြင်းငါးရပ်မှာ၊ ပေါက်ရောက်လာ၊ မှန်စွာချမ်းကြည်မြ၊ ၅. မကောင်းရပ်နေ၊ ပေါက်လာပေ၊ ရွှေရည်လောင်း လေကြ၊ ၆. ဤသို့ယတြာ၊ ပြုသောခါ၊ ရောဂါရန်ကွယ် ဟူ၍ဖြစ်သည်။

အဋ္ဌလဂ်ခွင်အရ အရပ်ရှစ်ပါးရှိရာ ၁. အရှေ့မြောက်အရပ်၊၂. အရှေ့အရပ်၊၃.အရှေ့တောင်အရပ်၊ ၄. တောင်အရပ်၊ ၅. အနောက်တောင်အရပ်၊ ၆. အနောက်အရပ်၊ ၇. အနောက် မြောက်အရပ်၊ ၈. မြောက်အရပ်ဟူ၍ ဖြစ်လေသည်။

အိမ်အတွင်း၊ ခြံဝင်းအတွင်း တောင်ပို့ပေါက်သော အရပ်သည် မည်သည့်အရပ်၌ ဖြစ်သည်ကို တိကျစွာ သတ်မှတ်ရပါမည်။ ရှေးလူကြီးသူမတို့ မိန့်ဆိုခဲ့သော ကဗျာလင်္ကာအရ တောင်ပို့ပေါက်သော အရပ်သည် အရှေ့တောင်ထောင့်အရပ် ဖြစ်ပါက အိမ်ကို မီးလောင်တတ်သည်။

အနောက်အရပ်တွင် ဖြစ်ပါက လူငယ်လူရွယ်များ နာဖျားတတ်သည်။ ဘေးရန်သင့်တတ်သည်။ အနောက်တောင်အရပ်တွင် ဖြစ်ပါက နေအိမ်တွင် သူခိုးခိုး ခံရတတ်သည်။ ကျန်သည့် အရပ်ငါးမျိုးတွင် တောင်ပို့ပေါက်ပါက စည်းစိမ်ဥစ္စာ ကြီးပွားတိုးတက် ချမ်းသာမည်ဟု ဆိုလိုပေသည်။

မကောင်းသောအရပ်တွင် တောင်ပို့ပေါက်လျှင် မည်သို့ ပြုလုပ်ရမည်ကို ရှေးဗေဒကဝိတို့က ယတြာထားခဲ့ကြသည်။ ၎င်းယတြာမှာ မိမိအိမ်သောက်ရေအိုးထဲမှ ရေကို ခပ်၍ မကောင်းသော ဘေးအန္တရာယ်များ ပပျောက်ပါစေဟု ဆုတောင်းကာ ပေါက်လာသည့်တောင်ပို့ပေါ်သို့ နောက်ပြန်လောင်းရပေမည်။

နေအိမ် (သို့မဟုတ်) ခြံဝင်းထဲ၌ တောင်ပို့ပေါက်ပါက အမှုမဲ့အမှတ်မဲ့မနေဘဲ ကောင်းကျိုးလား၊ မကောင်းကျိုးလား ဆိုသည်ကို အထက်ပါလင်္ကာအရ ဆန်းစစ်ကာ မကောင်းကျိုးဖြစ်ပါက ယတြာချေရုံသာ ရှိပါတော့သတည်း။

ဝင်းဇော်(သုံးဆယ်) ရွှေပေါက်ဆိန်ဂျာနယ် အတွဲ(၃)၊ အမှတ် ၆၀တွင် ဖေါ်ပြပြီး ဖြစ်ပါသည်) credit

Be the first to comment

Leave a Reply

Your email address will not be published.


*