
Zawgyiျဖင့္ဖတ္ရန္
Memes ေတြဟာ အြန္လိုင္းေပၚမွာ တစ္ေန႔တစ္မ်ိဳးမရိုးရေအာင္ ေပၚေနတာပါပဲ။ တျခား meme ေတြဆိုရင္ ရယ္ရလြန္းလို႔ ဒီ meme ပိုင္ရွင္က ဘယ္သူဘယ္၀ါလဲလို႔ေတာင္ လိုက္ရွာရတဲ့ အထိပါပဲ။ အခ်ိဳ႕ meme ေတြကေတာ့ ေက်ာ္ၾကားေပမယ့္ သူ႔ရဲ႕ေနာက္ကြယ္က အေၾကာင္း၊ သူဘယ္ကလာတယ္ဆိုတာ မသိရပါဘူး။
အခုတစ္ေခါက္ေတာ့ စာဖတ္သူတို႔ အြန္လိုင္းမွာ မၾကာခဏေတြ႔ျမင္ေနရမွာျဖစ္တဲ့ ေၾကာင္ေလးတစ္ေကာင္အေၾကာင္းကို boredpanda ကတဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။
ေတြ႔ရတဲ့ ေၾကာင္ေလးကိုေတာ့ အင္တာနက္ memes ေတြမွာ ေတြ႔ဖူးၾကမယ္္ထင္ပါတယ္။ သူ႔နာမည္က Smudge ျဖစ္ပါတယ္။ ပံုထဲမွာေတာ့ Smudge က ဟင္းသီးဟင္းရြက္ကို မုန္းတဲ့ ပံုစံနဲ႔ ေအာ့အန္ေတာ့မလို ရုပ္မ်ိဳးျဖစ္ေနတာပါ။
Smudge ရဲ႕ ပံုနဲ႔အတူ တြဲေတြ႔ရေလ့ရွိတာကက်ေတာ့ ေအာ္ဟစ္ၿပီးရန္ေတြ႔ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ပံုပါပဲ။ ဒီ meme နဲ႔အတူ Smudge က ေက်ာ္ၾကားလာတာ ျဖစ္ပါတယ္။
ဒီ meme ေလးစတင္ျဖစ္ေပၚလာပံုက တြစ္တာအသံုးျပဳသူတစ္ဦးျဖစ္တဲ့ MESSINGEGIRL က စတင္ပါတယ္။ သူမဟာ Smudge ရဲ႕ ဓာတ္ပံုနဲ႔အတူ “The Real Housewives of Beverly Hills” က Taylor Armstrong ရဲ႕ ပံုကိုတြဲၿပီး ဒီဓာတ္ပံုႏွစ္ပံုကို ေပါင္းလိုက္ရင္ ဘယ္လိုရယ္ရမယ္မွန္း မသိဘူးလို႔ ဆိုခဲ့ရာကေန ႏွစ္လအတြင္းမွာပဲ လူၾကိဳက္မ်ားသြားခဲ့ရတာပါ။
Smudge ရဲ႕ ပိုင္ရွင္ကေတာ့ အသက္(၂၄) ႏွစ္အရြယ္ ပန္းပုပညာရွင္ မီရန္ဒါပဲ ျဖစ္ပါတယ္။ မီရန္ဒါက Smudge နဲ႔ ပတ္သက္ၿပီး လူေတြသိခ်င္မယ္လို႔ ထင္ရတဲ့အေၾကာင္းအရာေလးေတြကို တင္ေပးေလ့ရွိပါတယ္။ Smudge က (၆) လသားေလာက္ ရွိေနပါၿပီ။
ေၾကာင္ေလးက အရမ္းရွက္တတ္ေပမယ့္ တကယ္တမ္းသူနဲ႔ ခင္သြားရင္ေတာ့ အရမ္းခ်စ္ဖို႔ေကာင္းတယ္လို႔ မီရန္ဒါက ဆိုပါတယ္။ မီရန္ဒါက အင္စတာဂရမ္ေပၚမွာလည္း Smudge ရဲ႕ ဓာတ္ပံုေလးေတြကို တင္ထားပါေသးတယ္။
Smudge ရဲ႕ meme ျဖစ္လာတဲ့ဓာတ္ပံုနဲ႔ ပတ္သက္ၿပီးေတာ့လည္း မီရန္ဒါက “Smudge က ထမင္းစားပြဲမွာ အျမဲတမ္း ထိုင္္ခံုတစ္ေနရာယူတတ္တယ္။ တကယ္လို႔ သူ႔မွာ ထိုင္ခံုမရွိဘူးဆိုရင္ တစ္ေယာက္ေယာက္ရဲ႕ ေပါင္ေပၚကို တက္ထိုင္ေတာ့တာပဲ။ ဒီဓာတ္ပံုရိုက္တဲ့ေန႔တုန္းကေတာ့ ထမင္းစားပြဲမွာ သူ႔ထိုင္ခံုမရွိဘူး။ ဒီေတာ့ သူက တျခားသူထိုင္မယ့္ ထိုင္ခံုမွာ သြားထိုင္ေနတာ။ ကြ်န္မအထင္ေတာ့ ထမင္းစားပြဲမွာ ကြ်န္မတို႔မွာထားတဲ့ဟာေတြကို သူမၾကိဳက္ဘူးထင္ပါရဲ႕..” လို႔လည္း ရွင္းျပခဲ့ပါတယ္။
Credit: Shwemom
Unicodeဖြင့်ဖတ်ရန်
အွန်လိုင်းပေါ်က ထင်ရှားတဲ့ meme တစ်ခုရဲ့ နောက်ကွယ်က ကြောင်လေးအကြောင်း
Memes တွေဟာ အွန်လိုင်းပေါ်မှာ တစ်နေ့တစ်မျိုးမရိုးရအောင် ပေါ်နေတာပါပဲ။ တခြား meme တွေဆိုရင် ရယ်ရလွန်းလို့ ဒီ meme ပိုင်ရှင်က ဘယ်သူဘယ်ဝါလဲလို့တောင် လိုက်ရှာရတဲ့ အထိပါပဲ။
အချို့ meme တွေကတော့ ကျော်ကြားပေမယ့် သူ့ရဲ့နောက်ကွယ်က အကြောင်း၊ သူဘယ်ကလာတယ်ဆိုတာ မသိရပါဘူး။ အခုတစ်ခေါက်တော့ စာဖတ်သူတို့ အွန်လိုင်းမှာ မကြာခဏတွေ့မြင်နေရမှာဖြစ်တဲ့ ကြောင်လေးတစ်ကောင်အကြောင်းကို boredpanda ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။
တွေ့ရတဲ့ ကြောင်လေးကိုတော့ အင်တာနက် memes တွေမှာ တွေ့ဖူးကြမယ်ထင်ပါတယ်။ သူ့နာမည်က Smudge ဖြစ်ပါတယ်။
ပုံထဲမှာတော့ Smudge က ဟင်းသီးဟင်းရွက်ကို မုန်းတဲ့ ပုံစံနဲ့ အော့အန်တော့မလို ရုပ်မျိုးဖြစ်နေတာပါ။ Smudge ရဲ့ ပုံနဲ့အတူ တွဲတွေ့ရလေ့ရှိတာကကျတော့ အော်ဟစ်ပြီးရန်တွေ့နေတဲ့ အမျိုးသမီးတစ်ယောက် ပုံပါပဲ။ ဒီ meme နဲ့အတူ Smudge က ကျော်ကြားလာတာ ဖြစ်ပါတယ်။
ဒီ meme လေးစတင်ဖြစ်ပေါ်လာပုံက တွစ်တာအသုံးပြုသူတစ်ဦးဖြစ်တဲ့ MESSINGEGIRL က စတင်ပါတယ်။ သူမဟာ Smudge ရဲ့ ဓာတ်ပုံနဲ့အတူ “The Real Housewives of Beverly Hills” က Taylor Armstrong ရဲ့ ပုံကိုတွဲပြီး ဒီဓာတ်ပုံနှစ်ပုံကို ပေါင်းလိုက်ရင် ဘယ်လိုရယ်ရမယ်မှန်း မသိဘူးလို့ ဆိုခဲ့ရာကနေ နှစ်လအတွင်းမှာပဲ လူကြိုက်များသွားခဲ့ရတာပါ။
Smudge ရဲ့ ပိုင်ရှင်ကတော့ အသက်(၂၄) နှစ်အရွယ် ပန်းပုပညာရှင် မီရန်ဒါပဲ ဖြစ်ပါတယ်။ မီရန်ဒါက Smudge နဲ့ ပတ်သက်ပြီး လူတွေသိချင်မယ်လို့ ထင်ရတဲ့အကြောင်းအရာလေးတွေကို တင်ပေးလေ့ရှိပါတယ်။ Smudge က (၆) လသားလောက် ရှိနေပါပြီ။
ကြောင်လေးက အရမ်းရှက်တတ်ပေမယ့် တကယ်တမ်းသူနဲ့ ခင်သွားရင်တော့ အရမ်းချစ်ဖို့ကောင်းတယ်လို့ မီရန်ဒါက ဆိုပါတယ်။ မီရန်ဒါက အင်စတာဂရမ်ပေါ်မှာလည်း Smudge ရဲ့ ဓာတ်ပုံလေးတွေကို တင်ထားပါသေးတယ်။
Smudge ရဲ့ meme ဖြစ်လာတဲ့ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း မီရန်ဒါက “Smudge က ထမင်းစားပွဲမှာ အမြဲတမ်း ထိုင်ခုံတစ်နေရာယူတတ်တယ်။ တကယ်လို့ သူ့မှာ ထိုင်ခုံမရှိဘူးဆိုရင် တစ်ယောက်ယောက်ရဲ့ ပေါင်ပေါ်ကို တက်ထိုင်တော့တာပဲ။
ဒီဓာတ်ပုံရိုက်တဲ့နေ့တုန်းကတော့ ထမင်းစားပွဲမှာ သူ့ထိုင်ခုံမရှိဘူး။ ဒီတော့ သူက တခြားသူထိုင်မယ့် ထိုင်ခုံမှာ သွားထိုင်နေတာ။ ကျွန်မအထင်တော့ ထမင်းစားပွဲမှာ ကျွန်မတို့မှာထားတဲ့ဟာတွေကို သူမကြိုက်ဘူးထင်ပါရဲ့..” လို့လည်း ရှင်းပြခဲ့ပါတယ်။
Credit: Shwemom
Leave a Reply