နောက်တစ်ခါ ကမ်းခြေရောက်ရင် ခရုမကောက်တော့ပါ

နောက်တစ်ခါ ကမ်းခြေရောက်ရင် ခရုမကောက်တော့ပါ

ပင်လယ်ကမ်းခြေ သဲသောင်တွေပေါ် ခြေတံလက်တံနဲ့ ဟိုသည်သွားလာနေတဲ့ ခရုတွေကိုမြင်ရင် ဝင်ကစွပ် (hermit crab)လို့သာ မှတ်ပါ။ ခရုမှာ မြန်မြန်ဆန်ဆန် သွားလာနိုင်တဲ့ ခြေထောက်တွေမှ မရှိပဲ။

ဝင်ကစွပ်ဟာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပါလျက် ဘာကြောင့် တပါးသူရဲ့ အခွံဟောင်းထဲ မှီခိုရှင်သန်ချင်ရသလဲ။ ဝင်ကစွပ်ရဲ့ ဝမ်းဗိုက်ပိုင်းနဲ့ အမြီးပိုင်းဟာ အခြားသော ဆွေမျိုးနီးစပ် ကဏန်း၊ ပုဇွန်တွေလို အခွံမာနဲ့ ဖုံးအုပ်ထားခြင်း မရှိဘူး။

ဒါကြောင့် ခန္ဓာကိုယ် အောက်ပိုင်းဟာ အခွံနွှာထားတဲ့ ပုဇွန်ကဲ့သို့ နူးညံ့ပျော့ပြောင်းပြီး အကာအကွယ်မဲ့နေတယ်။ ဒီလို အားနည်းချက်ရှိတဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့ရာ တပါးသူရဲ့ အခွံဟောင်းထဲ အငှားခန္ဓာ နေရပါတယ်။

ဘိုးဘေး ဝင်ကစွပ်တွေဟာ နူးညံ့ပျော့ပြောင်းတဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ခရုခွံတွေကို အသုံးချခဲ့သလား။ ဒါမှမဟုတ် ခရုခွံထဲ အကာအကွယ်ယူရင်း အပေါ်ခွံ အမာတွေ မလိုအပ်တော့လို့ ပျောက်ကွယ်ကုန်သလား။ ဆင့်ကဲဖြစ်စဉ်မှာ ဘယ်ဟာ အရင်လာခဲ့သလဲ ကျနော် မသိဘူး။

တိရစ္ဆာန် အများစုရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ညာ ခေါက်ချိုးညီကြတယ်။ ခန္ဓာကိုယ်ကို စာရေးစက္ကူပေါ်တင်၊ အလယ်တည့်တည့်မှ မျဉ်းတကြောင်းဆွဲ။ မျဉ်းကြောင်းအတိုင်း စက္ကူကို ခေါက်လိုက်ရင် ဦးနှောက်နှစ်ခြမ်း၊ မျက်လုံးနှစ်လုံး၊ နားရွက်နှစ်ဖက်၊ ခြေလက်နှစ်ဖက်တို့ဟာ တထပ်တည်း ကျနေလိမ့်မယ်။

နှာခေါင်း၊ နှာခမ်းတို့လို တစုံမရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အလယ်တည့်တည့် ရှိနေတယ်။ ဒါကို ဘယ်ညာ ခေါက်ချိုးညီတယ် ခေါ်တာပေါ့။

ဝင်ကစွပ်ရဲ့ ထူးခြားချက်က အခြားသော တိရစ္ဆာန်တွေလို ဘယ်ညာ ခေါက်ချိုးညီခြင်း မရှိဘူး။ ခန္ဓာကိုယ် အောက်ပိုင်းဟာ တဖက်စောင်းနင်း ရစ်ခွေနေတယ်။ ဒါဟာ သူ့ရဲ့နေထိုင်မှုပုံစံအရ လိုက်လျောညီထွေ ပြောင်းလဲလာတယ်လို့ ယူဆရတယ်။ ဝဲကတော့လို ခရုအိမ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခေါက်ချိုးမညီ ရစ်ခွေနေတဲ့ ခန္ဓာကိုယ်ဟာ အကောင်းဆုံး မဟုတ်လား။

ဒါ့အပြင် ဝင်ကစွပ်တွေမှာ ထူးခြားချက်တစ်ခုလဲ ရှိသေးတယ်။ အဲဒါက ခရုခွံချင်း ဖလှယ်တဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပေါ့။ သေဆုံးပြီးသား ခရုခွံဟာ ကြီးထွားမလာပေမယ့် ဝင်ကစွပ်တွေဟာ ကြီးထွားလာတယ်။

ဒါကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် အရွယ်အစားအလိုက် သင့်လျော်မယ့် ခရုခွံကို ရှာဖွေလဲလှယ်ပေးရတယ်။

ဝင်ကစွပ်တစ်ကောင်ဟာ လစ်လပ်နေတဲ့ ခရုခွံတစ်ခုကို တွေ့တဲ့အခါ တော်မတော် စွပ်ကြည့်တယ်။

ခရုခွံဟာ သူ့ထက်အရွယ်အစား ကြီးမားနေသေးရင် ခရုခွံနားက မခွာပဲ စောင့်ဆိုင်းနေတယ်။ မကြာမီ သူ့လိုဝင်ကစွပ်တွေ ထပ်ရောက်လာကြတယ်။ သို့သော် လစ်လပ်နေတဲ့ ခရုခွံနဲ့ ကိုက်ညီမယ့် ဝင်ကစွပ် ပေါ်မလာသေးဘူး။ ဒါကြောင့် အခွံလွတ်အနီးမှာ ဝင်ကစွပ်တွေ ကြီးစဉ်ငယ်လိုက် စီတန်းစောင့်ဆိုင်းကြတယ်။

နောက်ဆုံးမှာ ခရုခွံအလွတ်နဲ့ သင့်လျော်တဲ့ ဝင်ကစွပ်ကြီးတစ်ကောင် ရောက်ချလာတယ်။ ဝင်ကစွပ်ကြီးက ခရုခွံအလွတ်ကို ဝင်ရောက်သိမ်းပိုက်တယ်။ ဝင်ကစွပ်ကြီးရဲ့ လစ်လပ်သွားတဲ့ ခရုခွံဟောင်းကို ဒုတိယ အရွယ်အစားကြီးတဲ့ ဝင်ကစွပ်က ဝင်ယူတယ်။

ဒုတိယ အရွယ်အစားကြီးတဲ့ ဝင်ကစွပ်ရဲ့ ခရုခွံဟောင်းကို တတိယကြီးတဲ့ အကောင်က ဝင်ယူတယ်။ ကြီးစဉ်ငယ်လိုက် စီတန်းထားတဲ့အတိုင်း သူ့အခွံကိုယ်ယူ၊ ကိုယ့်အခွံ နောက်လူပေးရင်း အခွံချင်း ဖလှယ်ကြတာပေါ့။ ဘာနဲ့တူသလဲဆိုရင် မောင်နှမများတဲ့ အိမ်မှာ အကိုကြီးရဲ့ အဝတ်အစားကို အကိုလတ်က ဝတ်။ အကိုလတ် အကျကို ညီအငယ်တွေက ဆက်ဝတ်ကြသလိုပါပဲ။

ဝင်ကစွပ်လေးကို ခရုခွံမှ ဆွဲထုတ်ဖို့ ကြိုးစားတော့ ကျနော့်ကို သူ့လက်မနဲ့ လှမ်းညှပ်တယ်။ ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်ပြန်ရင်လဲ လက်တံတွေ ကျိုးပဲ့ကုန်မှာစိုးတာကြောင့် ကိုယ်လဲ မနာ၊ သူလဲ မနာစေဖို့ စိတ်ရှည်လက်ရှည် ဆွဲထုတ်ရတယ်။

သို့သော် တကိုယ်လုံးနီးပါး အပြင်ရောက်ကာမှ ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုသလို အမြီးပိုင်းဟာ ဘယ်လိုမှ ဆွဲထုတ်မရတော့ဘူး။ ခန္ဓာကိုယ်ရဲ့ အပျော့ဆုံး၊ အသိမ်ဆုံးနေရာက ဘာကြောင့်တင်းခံနေသလဲ ကျနော် စဉ်းစားမရဘူး။ နောက်ဆုံး ကျနော့်ဘက်က အလျှော့ပေးပြီး သူ့ကို မြေပြင်ပေါ် ပြန်ချပေးလိုက်တယ်။

သို့သော် ဝင်ကစွပ်လေးဟာ ခရုခွံထဲ ပြန်မဝင်တော့ပဲ အခွံကို သူ့ဘာသူ ဖြုတ်ချလိုက်တယ်။ အခွံဟာ သူ့အတွက် မလုံခြုံတော့ဘူး ခံစားရပုံရတယ်။ ဒီတော့မှ ခုနက အပြင်မရောက်ပဲ တင်းခံနေတဲ့ ဝင်ကစွပ်လေးရဲ့ အမြီးပိုင်းကို သေချာကြည့်ခွင့်ရတယ်။ အမြီးထိပ်မှာ ငါးမျှားချိတ်လို ချွန်ထက်တဲ့ လက်တံလေးပါလား။

ဝင်ကစွပ်တွေမှာ ပျော့ပြောင်းပြီး ခေါက်ချိုးမညီတဲ့ ခန္ဓာကိုယ်အပြင် ခရုအိမ်နဲ့ တွယ်ချိတ်ထားနိုင်တဲ့ ချိတ်ကလေးပါ ပိုင်ဆိုင်ထားတာပဲ။ ဒါကြောင့် အလွယ်တကူ ဆွဲထုတ်မရပဲ တင်းခံနေတာကိုး။ ဒါဟာ ခရုအိမ်နဲ့ အလွန်ကိုက်ညီတဲ့ adaptation တမျိုးပဲ။ ဆင့်ကဲဖြစ်စဉ်ဟာ ခရုအိမ်ထဲက ဝင်ကစွပ်လေးလို အပိုအလိုမရှိ သေသပ်လှပနေရော။

ဝင်ကစွပ် မြင်ဆွတ်က ကြည်ဖို့ရာ ဟိုသို့လာ သည်သို့သွားနှင့် အငှားခန္ဓာ မြှောင်ရတယ် ဆန်းခေါင်ထိမျိုး။

credit to khant soe naing

Zawgyi

ေနာက္တစ္ခါ ကမ္းေျခေရာက္ရင္ ခ႐ုမေကာက္ေတာ့ပါ

ပင္လယ္ကမ္းေျခ သဲေသာင္ေတြေပၚ ေျခတံလက္တံနဲ႔ ဟိုသည္သြားလာေနတဲ့ ခ႐ုေတြကိုျမင္ရင္ ဝင္ကစြပ္ (hermit crab)လို႔သာ မွတ္ပါ။ ခ႐ုမွာ ျမန္ျမန္ဆန္ဆန္ သြားလာႏိုင္တဲ့ ေျခေထာက္ေတြမွ မရွိပဲ။

ဝင္ကစြပ္ဟာ လြတ္လြတ္လပ္လပ္ သြားလာလႈပ္ရွားႏိုင္ပါလ်က္ ဘာေၾကာင့္ တပါးသူရဲ႕ အခြံေဟာင္းထဲ မွီခိုရွင္သန္ခ်င္ရသလဲ။ ဝင္ကစြပ္ရဲ႕ ဝမ္းဗိုက္ပိုင္းနဲ႔ အၿမီးပိုင္းဟာ အျခားေသာ ေဆြမ်ိဳးနီးစပ္ ကဏန္း၊ ပုဇြန္ေတြလို အခြံမာနဲ႔ ဖုံးအုပ္ထားျခင္း မရွိဘူး။

ဒါေၾကာင့္ ခႏၶာကိုယ္ ေအာက္ပိုင္းဟာ အခြံႏႊာထားတဲ့ ပုဇြန္ကဲ့သို႔ ႏူးညံ့ေပ်ာ့ေျပာင္းၿပီး အကာအကြယ္မဲ့ေနတယ္။ ဒီလို အားနည္းခ်က္ရွိတဲ့ ခႏၶာကိုယ္ကို ကာကြယ္ဖို႔ရာ တပါးသူရဲ႕ အခြံေဟာင္းထဲ အငွားခႏၶာ ေနရပါတယ္။

ဘိုးေဘး ဝင္ကစြပ္ေတြဟာ ႏူးညံ့ေပ်ာ့ေျပာင္းတဲ့ ခႏၶာကိုယ္ကို ကာကြယ္ဖို႔ ခ႐ုခြံေတြကို အသုံးခ်ခဲ့သလား။ ဒါမွမဟုတ္ ခ႐ုခြံထဲ အကာအကြယ္ယူရင္း အေပၚခြံ အမာေတြ မလိုအပ္ေတာ့လို႔ ေပ်ာက္ကြယ္ကုန္သလား။ ဆင့္ကဲျဖစ္စဥ္မွာ ဘယ္ဟာ အရင္လာခဲ့သလဲ က်ေနာ္ မသိဘူး။

တိရစာၦန္ အမ်ားစုရဲ႕ ခႏၶာကိုယ္ဟာ ဘယ္ညာ ေခါက္ခ်ိဳးညီၾကတယ္။ ခႏၶာကိုယ္ကို စာေရးစကၠဴေပၚတင္၊ အလယ္တည့္တည့္မွ မ်ဥ္းတေၾကာင္းဆြဲ။ မ်ဥ္းေၾကာင္းအတိုင္း စကၠဴကို ေခါက္လိုက္ရင္ ဦးေႏွာက္ႏွစ္ျခမ္း၊ မ်က္လုံးႏွစ္လုံး၊ နား႐ြက္ႏွစ္ဖက္၊ ေျခလက္ႏွစ္ဖက္တို႔ဟာ တထပ္တည္း က်ေနလိမ့္မယ္။

ႏွာေခါင္း၊ ႏွာခမ္းတို႔လို တစုံမရွိတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းေတြဟာ ခႏၶာကိုယ္ရဲ႕ အလယ္တည့္တည့္ ရွိေနတယ္။ ဒါကို ဘယ္ညာ ေခါက္ခ်ိဳးညီတယ္ ေခၚတာေပါ့။

ဝင္ကစြပ္ရဲ႕ ထူးျခားခ်က္က အျခားေသာ တိရစာၦန္ေတြလို ဘယ္ညာ ေခါက္ခ်ိဳးညီျခင္း မရွိဘူး။ ခႏၶာကိုယ္ ေအာက္ပိုင္းဟာ တဖက္ေစာင္းနင္း ရစ္ေခြေနတယ္။

ဒါဟာ သူ႔ရဲ႕ေနထိုင္မႈပုံစံအရ လိုက္ေလ်ာညီေထြ ေျပာင္းလဲလာတယ္လို႔ ယူဆရတယ္။ ဝဲကေတာ့လို ခ႐ုအိမ္နဲ႔ အံဝင္ခြင္က်ျဖစ္ဖို႔ ေခါက္ခ်ိဳးမညီ ရစ္ေခြေနတဲ့ ခႏၶာကိုယ္ဟာ အေကာင္းဆုံး မဟုတ္လား။

ဒါ့အျပင္ ဝင္ကစြပ္ေတြမွာ ထူးျခားခ်က္တစ္ခုလဲ ရွိေသးတယ္။ အဲဒါက ခ႐ုခြံခ်င္း ဖလွယ္တဲ့ ခ်စ္စရာေကာင္းတဲ့ ဓေလ့ေပါ့။ ေသဆုံးၿပီးသား ခ႐ုခြံဟာ ႀကီးထြားမလာေပမယ့္ ဝင္ကစြပ္ေတြဟာ ႀကီးထြားလာတယ္။ ဒါေၾကာင့္ ေျပာင္းလဲလာတဲ့ ခႏၶာကိုယ္ အ႐ြယ္အစားအလိုက္ သင့္ေလ်ာ္မယ့္ ခ႐ုခြံကို ရွာေဖြလဲလွယ္ေပးရတယ္။

ဝင္ကစြပ္တစ္ေကာင္ဟာ လစ္လပ္ေနတဲ့ ခ႐ုခြံတစ္ခုကို ေတြ႕တဲ့အခါ ေတာ္မေတာ္ စြပ္ၾကည့္တယ္။

ခ႐ုခြံဟာ သူ႔ထက္အ႐ြယ္အစား ႀကီးမားေနေသးရင္ ခ႐ုခြံနားက မခြာပဲ ေစာင့္ဆိုင္းေနတယ္။ မၾကာမီ သူ႔လိုဝင္ကစြပ္ေတြ ထပ္ေရာက္လာၾကတယ္။ သို႔ေသာ္ လစ္လပ္ေနတဲ့ ခ႐ုခြံနဲ႔ ကိုက္ညီမယ့္ ဝင္ကစြပ္ ေပၚမလာေသးဘူး။ ဒါေၾကာင့္ အခြံလြတ္အနီးမွာ ဝင္ကစြပ္ေတြ ႀကီးစဥ္ငယ္လိုက္ စီတန္းေစာင့္ဆိုင္းၾကတယ္။

ေနာက္ဆုံးမွာ ခ႐ုခြံအလြတ္နဲ႔ သင့္ေလ်ာ္တဲ့ ဝင္ကစြပ္ႀကီးတစ္ေကာင္ ေရာက္ခ်လာတယ္။ ဝင္ကစြပ္ႀကီးက ခ႐ုခြံအလြတ္ကို ဝင္ေရာက္သိမ္းပိုက္တယ္။ ဝင္ကစြပ္ႀကီးရဲ႕ လစ္လပ္သြားတဲ့ ခ႐ုခြံေဟာင္းကို ဒုတိယ အ႐ြယ္အစားႀကီးတဲ့ ဝင္ကစြပ္က ဝင္ယူတယ္။

ဒုတိယ အ႐ြယ္အစားႀကီးတဲ့ ဝင္ကစြပ္ရဲ႕ ခ႐ုခြံေဟာင္းကို တတိယႀကီးတဲ့ အေကာင္က ဝင္ယူတယ္။ ႀကီးစဥ္ငယ္လိုက္ စီတန္းထားတဲ့အတိုင္း သူ႔အခြံကိုယ္ယူ၊ ကိုယ့္အခြံ ေနာက္လူေပးရင္း အခြံခ်င္း ဖလွယ္ၾကတာေပါ့။ ဘာနဲ႔တူသလဲဆိုရင္ ေမာင္ႏွမမ်ားတဲ့ အိမ္မွာ အကိုႀကီးရဲ႕ အဝတ္အစားကို အကိုလတ္က ဝတ္။ အကိုလတ္ အက်ကို ညီအငယ္ေတြက ဆက္ဝတ္ၾကသလိုပါပဲ။

ဝင္ကစြပ္ေလးကို ခ႐ုခြံမွ ဆြဲထုတ္ဖို႔ ႀကိဳးစားေတာ့ က်ေနာ့္ကို သူ႔လက္မနဲ႔ လွမ္းညႇပ္တယ္။ ၾကမ္းၾကမ္းတမ္းတမ္း ဆြဲထုတ္ျပန္ရင္လဲ လက္တံေတြ က်ိဳးပဲ့ကုန္မွာစိုးတာေၾကာင့္ ကိုယ္လဲ မနာ၊ သူလဲ မနာေစဖို႔ စိတ္ရွည္လက္ရွည္ ဆြဲထုတ္ရတယ္။

သို႔ေသာ္ တကိုယ္လုံးနီးပါး အျပင္ေရာက္ကာမွ ဆင္ေျပာင္ႀကီး အၿမီးက်မွတစ္ ဆိုသလို အၿမီးပိုင္းဟာ ဘယ္လိုမွ ဆြဲထုတ္မရေတာ့ဘူး။ ခႏၶာကိုယ္ရဲ႕ အေပ်ာ့ဆုံး၊ အသိမ္ဆုံးေနရာက ဘာေၾကာင့္တင္းခံေနသလဲ က်ေနာ္ စဥ္းစားမရဘူး။ ေနာက္ဆုံး က်ေနာ့္ဘက္က အေလွ်ာ့ေပးၿပီး သူ႔ကို ေျမျပင္ေပၚ ျပန္ခ်ေပးလိုက္တယ္။

သို႔ေသာ္ ဝင္ကစြပ္ေလးဟာ ခ႐ုခြံထဲ ျပန္မဝင္ေတာ့ပဲ အခြံကို သူ႔ဘာသူ ျဖဳတ္ခ်လိုက္တယ္။ အခြံဟာ သူ႔အတြက္ မလုံၿခဳံေတာ့ဘူး ခံစားရပုံရတယ္။ ဒီေတာ့မွ ခုနက အျပင္မေရာက္ပဲ တင္းခံေနတဲ့ ဝင္ကစြပ္ေလးရဲ႕ အၿမီးပိုင္းကို ေသခ်ာၾကည့္ခြင့္ရတယ္။ အၿမီးထိပ္မွာ ငါးမွ်ားခ်ိတ္လို ခြၽန္ထက္တဲ့ လက္တံေလးပါလား။

ဝင္ကစြပ္ေတြမွာ ေပ်ာ့ေျပာင္းၿပီး ေခါက္ခ်ိဳးမညီတဲ့ ခႏၶာကိုယ္အျပင္ ခ႐ုအိမ္နဲ႔ တြယ္ခ်ိတ္ထားႏိုင္တဲ့ ခ်ိတ္ကေလးပါ ပိုင္ဆိုင္ထားတာပဲ။ ဒါေၾကာင့္ အလြယ္တကူ ဆြဲထုတ္မရပဲ တင္းခံေနတာကိုး။ ဒါဟာ ခ႐ုအိမ္နဲ႔ အလြန္ကိုက္ညီတဲ့ adaptation တမ်ိဳးပဲ။ ဆင့္ကဲျဖစ္စဥ္ဟာ ခ႐ုအိမ္ထဲက ဝင္ကစြပ္ေလးလို အပိုအလိုမရွိ ေသသပ္လွပေနေရာ။

ဝင္ကစြပ္ ျမင္ဆြတ္က ၾကည္ဖို႔ရာ ဟိုသို႔လာ သည္သို႔သြားႏွင့္ အငွားခႏၶာ ေျမႇာင္ရတယ္ ဆန္းေခါင္ထိမ်ိဳး။

credit to khant soe naing

Be the first to comment

Leave a Reply

Your email address will not be published.


*