ငါးႀကီးဆီ သံုံးတတ္သူမ်ားအတြက္ သတိထားမိေစလိုေသာအခ်က္

Zawgyi ျဖင့္ဖတ္ရန္

အမွန္အတိုင္း ေျပာရရင္ေတာ့ လူတိုင္း လန႔္ကုန္လိမ့္မယ္။ ကမာၻမွာ အႏၲရာယ္အႀကီးဆုံး ဆီက ငါးႀကီးဆီ (Omega3)ပါပဲ။ ငါးႀကီးဆီ (Omega3)ဆိုတာ (Oxidize)ျဖစ္ဖို႔ ျပည့္ဝဆီထက္ အဆ(၃၀) ပိုၿပီး လြယ္ကူပါတယ္။

(Omega3)က (Oxidize)မျဖစ္ရင္ သိပ္ေကာင္းတဲ့ အဆီပါ။ (Oxidize)မျဖစ္ရင္ ေအာ္တိုအင္ျမဴးနဲ႔ ကင္ဆာကိုေတာင္ သက္သာႏိုင္ပါတယ္။ ေအာက္ဆီတိုက္ ျဖစ္ေနရင္ေတာ့ ေရာဂါအမ်ိဳးမ်ိဳးေပးမဲ့ မ်ိဳးေစ့ အစုအေဝးႀကီးပါပဲ။ အသဲအဆီဖုံးမယ္၊ ႏွလုံးေရာဂါရမယ္၊ ေအာ္တိုအင္ျမဴးရမယ္၊ ကင္ဆာျဖစ္မယ္။

USAမွာေရာင္းေနတဲ့ ငါးႀကီးဆီအားလုံံးရဲ႕ (85%)ဟာ အဖုံးဖြင့္ၿပီးတာနဲ႔ တစ္လေလာက္မွာ (Oxidize)ျဖစ္သြားတယ္လို႔ သိရပါတယ္။ အထူးသျဖင့္ အရင္းရွင္နာမယ္ႀကီးကုမၼဏီႀကီးေတြက ေရာင္းတဲ့ ငါးႀကီးဆီအားလုံးဟာ အဖုံးဖြင့္ၿပီးတာနဲ႔ မၾကာခင္မွာ (Oxidize)ျဖစ္သြားေအာင္ တမင္မ်ားလုပ္ထားသလားမသိပါဘူး။

ငါးႀကီးဆီေသာက္မယ္ဆိုရင္ မိမိကိုယ္တိုင္ (Lab Result)သိတဲ့ ငါးႀကီးဆီ၊ (COA= Certificate of Analysis)သိတဲ့ ငါးႀကီးဆီေတြပဲ ေသာက္သင့္ပါတယ္။ အဲဒါေတြက သိဖို႔ နားလည္ဖို႔ ခက္ပါတယ္။ လြယ္လြယ္ေလးပဲ သင္ေပးလိုက္ပါမယ္။

အဖုံးကို လက္သန္းနဲ႔ ကလစ္ၿပီး ဖြင့္လို႔ရတယ္။ ျပန္ပိတ္လို႔ ေလမလုံတဲ့ အဖုံးဆိုရင္ေတာ့ ေသခ်ာပါတယ္။ ခင္ဗ်ားတို႔က်န္းမာခ်င္လို႔ စားေနတဲ့ ငါးႀကီးဆီဟာ ခင္ဗ်ားတို႔ကို အႀကီးအက်ယ္ ေရာဂါအသစ္ေတြ ေပးေတာ့မယ္ဆိုတာ။ ကြၽန္ေတာ္ကေတာ့ ငါးႀကီးဆီဆိုရင္ အဖုံးလုံေအာင္ျပန္ဖုံးလို႔ရမွ ေသာက္တယ္။ တကယ္လို႔ လက္နဲ႔ကလစ္ၿပီး ဖြင့္လို႔ရတဲ့အဖုံးဆိုရင္ေတာ့ ဘယ္လိုပိတ္ပိတ္ မလုံပါဘူး။

ျပန္ပိတ္လို႔မလုံရင္ မၾကာခင္မွာ ေအာက္ဆီဂ်င္နဲ႔ထိၿပီး ပ်က္စီးႏိုင္တယ္ဆိုတာ သတိေပးလိုပါတယ္။ ျပန္ပိတ္၍အဖုံးေလလုံသည္ျဖစ္ေစ၊ မလုံသည္ျဖစ္ေစ အဖုံးဖြင့္ၿပီးရင္ ေရခဲေသတၱာထဲမွာ ထားေစခ်င္ပါတယ္။ ေအာက္ဆီဂ်င္နဲ႔ အၾကာႀကီး ဓါတ္ျပဳထားၿပီးသားဆိုရင္ေတာ့ ဘာမွေကာင္းက်ိဳး မရပါဘူး၊ ဆိုးက်ိဳးပဲ ရပါမယ္။

ေျပာရတာ စိတ္မေကာင္းပါဘူး၊ ဒါအမွန္တရားပါ။။ ဘယ္သူဘယ္ဝါ၊ ဘယ္ကုမၼဏီကိုမွ စီးပြားေရးထိခိုက္ေအာင္ မရည္႐ြယ္ပါဘူး။ လူေတြဒုကၡမေရာက္ေစခ်င္တဲ့ သေဘာ႐ိုးတစ္ခုတည္းနဲ႔ ေျပာတာပါ။

ေအာက္ပုံေတြမွာျပထားတဲ့ဗူးက လက္နဲ႔ကလစ္ဖြင့္လို႔ရတဲ့ ဗူးဆိုေတာ့ ဘယ္လိုျပန္ပိတ္ပိတ္ ေလမလုံတဲ့ဗူးပါ။ အရစ္နဲ႔လွည့္ၿပီး ျပန္ပိတ္ရတဲ့ အဖုံးအမ်ိဳးအစားမွ ေလလုံပါတယ္။ အဖုံးေအာက္မွာလဲ ေလလုံတဲ့(F217 Foam)ပါမွ လုံပါတယ္။

ငါးႀကီးဆီနဲ႔ (Vitamin C)ႏွစ္ခုက ေအာက္ဆီတိုက္ျဖစ္ဖို႔ လြယ္လို႔သူတို႔ကိုသာ အဓိကထားေျပာျခင္းျဖစ္ပါတယ္။ ေအာက္ဆီတိုက္ျဖစ္ဖို႔ခက္တဲ့ တျခားေဆးေတြကေတာ့ ဘယ္လိုအဖုံးးမ်ိဳးျဖစ္ျဖစ္ သိပ္အေရးမႀကီးပါဘူး။
share from : xyznews

Unicode ဖြင့်ဖတ်ရန်

အမှန်အတိုင်း ပြောရရင်တော့ လူတိုင်း လန့်ကုန်လိမ့်မယ်။ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး ဆီက ငါးကြီးဆီ (Omega3)ပါပဲ။ ငါးကြီးဆီ (Omega3)ဆိုတာ (Oxidize)ဖြစ်ဖို့ ပြည့်ဝဆီထက် အဆ(၃၀) ပိုပြီး လွယ်ကူပါတယ်။

(Omega3)က (Oxidize)မဖြစ်ရင် သိပ်ကောင်းတဲ့ အဆီပါ။ (Oxidize)မဖြစ်ရင် အော်တိုအင်မြူးနဲ့ ကင်ဆာကိုတောင် သက်သာနိုင်ပါတယ်။ အောက်ဆီတိုက် ဖြစ်နေရင်တော့ ရောဂါအမျိုးမျိုးပေးမဲ့ မျိုးစေ့ အစုအဝေးကြီးပါပဲ။ အသဲအဆီဖုံးမယ်၊ နှလုံးရောဂါရမယ်၊ အော်တိုအင်မြူးရမယ်၊ ကင်ဆာဖြစ်မယ်။

USAမှာရောင်းနေတဲ့ ငါးကြီးဆီအားလုံံးရဲ့ (85%)ဟာ အဖုံးဖွင့်ပြီးတာနဲ့ တစ်လလောက်မှာ (Oxidize)ဖြစ်သွားတယ်လို့ သိရပါတယ်။ အထူးသဖြင့် အရင်းရှင်နာမယ်ကြီးကုမ္မဏီကြီးတွေက ရောင်းတဲ့ ငါးကြီးဆီအားလုံးဟာ အဖုံးဖွင့်ပြီးတာနဲ့ မကြာခင်မှာ (Oxidize)ဖြစ်သွားအောင် တမင်များလုပ်ထားသလားမသိပါဘူး။

ငါးကြီးဆီသောက်မယ်ဆိုရင် မိမိကိုယ်တိုင် (Lab Result)သိတဲ့ ငါးကြီးဆီ၊ (COA= Certificate of Analysis)သိတဲ့ ငါးကြီးဆီတွေပဲ သောက်သင့်ပါတယ်။ အဲဒါတွေက သိဖို့ နားလည်ဖို့ ခက်ပါတယ်။ လွယ်လွယ်လေးပဲ သင်ပေးလိုက်ပါမယ်။

အဖုံးကို လက်သန်းနဲ့ ကလစ်ပြီး ဖွင့်လို့ရတယ်။ ပြန်ပိတ်လို့ လေမလုံတဲ့ အဖုံးဆိုရင်တော့ သေချာပါတယ်။ ခင်ဗျားတို့ကျန်းမာချင်လို့ စားနေတဲ့ ငါးကြီးဆီဟာ ခင်ဗျားတို့ကို အကြီးအကျယ် ရောဂါအသစ်တွေ ပေးတော့မယ်ဆိုတာ။ ကျွန်တော်ကတော့ ငါးကြီးဆီဆိုရင် အဖုံးလုံအောင်ပြန်ဖုံးလို့ရမှ သောက်တယ်။ တကယ်လို့ လက်နဲ့ကလစ်ပြီး ဖွင့်လို့ရတဲ့အဖုံးဆိုရင်တော့ ဘယ်လိုပိတ်ပိတ် မလုံပါဘူး။

ပြန်ပိတ်လို့မလုံရင် မကြာခင်မှာ အောက်ဆီဂျင်နဲ့ထိပြီး ပျက်စီးနိုင်တယ်ဆိုတာ သတိပေးလိုပါတယ်။ ပြန်ပိတ်၍အဖုံးလေလုံသည်ဖြစ်စေ၊ မလုံသည်ဖြစ်စေ အဖုံးဖွင့်ပြီးရင် ရေခဲသေတ္တာထဲမှာ ထားစေချင်ပါတယ်။ အောက်ဆီဂျင်နဲ့ အကြာကြီး ဓါတ်ပြုထားပြီးသားဆိုရင်တော့ ဘာမှကောင်းကျိုး မရပါဘူး၊ ဆိုးကျိုးပဲ ရပါမယ်။

ပြောရတာ စိတ်မကောင်းပါဘူး၊ ဒါအမှန်တရားပါ။။ ဘယ်သူဘယ်ဝါ၊ ဘယ်ကုမ္မဏီကိုမှ စီးပွားရေးထိခိုက်အောင် မရည်ရွယ်ပါဘူး။ လူတွေဒုက္ခမရောက်စေချင်တဲ့ သဘောရိုးတစ်ခုတည်းနဲ့ ပြောတာပါ။

အောက်ပုံတွေမှာပြထားတဲ့ဗူးက လက်နဲ့ကလစ်ဖွင့်လို့ရတဲ့ ဗူးဆိုတော့ ဘယ်လိုပြန်ပိတ်ပိတ် လေမလုံတဲ့ဗူးပါ။ အရစ်နဲ့လှည့်ပြီး ပြန်ပိတ်ရတဲ့ အဖုံးအမျိုးအစားမှ လေလုံပါတယ်။ အဖုံးအောက်မှာလဲ လေလုံတဲ့(F217 Foam)ပါမှ လုံပါတယ်။

ငါးကြီးဆီနဲ့ (Vitamin C)နှစ်ခုက အောက်ဆီတိုက်ဖြစ်ဖို့ လွယ်လို့သူတို့ကိုသာ အဓိကထားပြောခြင်းဖြစ်ပါတယ်။ အောက်ဆီတိုက်ဖြစ်ဖို့ခက်တဲ့ တခြားဆေးတွေကတော့ ဘယ်လိုအဖုံးးမျိုးဖြစ်ဖြစ် သိပ်အရေးမကြီးပါဘူး။
share from : xyznews

Be the first to comment

Leave a Reply

Your email address will not be published.


*