မေန႔က ေန႔လည္ ၃နာရီေလာက္က ယုဇနပလာဇာေရွ႕ ကားမွတ္တိုင္နားမွာ ျဖစ္သြားတာပါ။

မေန႔က ေန႔လည္ ၃နာရီေလာက္က ယုဇနပလာဇာေရွ႕ ကားမွတ္တိုင္နားမွာ ျဖစ္သြားတာပါ။

ကားမွတ္တိုင္နားမွာ ေလာင္းကစားဝိုင္း တစ္ခုလုပ္ၿပီး မွတ္တိုင္မွာ ရွိတဲ့ သူေတြကို ပစ္မွတ္ထားတယ္။ သူတို႔ လူခ်ည္းဘဲ ၈ေယာက္ေလာက္ရွိမယ္ ထင္တယ္။ အဲဒီမွတ္တိုင္မွာ သူတို႔ကစားေနတဲ့ ဝိုင္းကို ၾကည့္တဲ့ လူငယ္ ေကာင္ေလးကို ပထမ ဦးဆုံး ပိုက္ဆံ ငါးေသာင္း ထိုးေပးၿပီး ေလာင္းကစားဝိုင္းထဲ မွာ သြားေပးခိုင္းတယ္။

အဲဒီေကာင္ေလးက မယူဘူး အတင္းျငင္းတာကို အမ်ိဳးမ်ိဳးေျပာၿပီး သြားေပးခိုင္းတယ္။ အဲဒီေကာင္ေလး သြားေပးေတာ့ အနီအစိမ္းအကြက္မွာ ခ်ေပးလိုက္တာနဲ႔ မင္း ေပါက္ၿပီ ဆိုၿပီး ေနာက္ထပ္ ၅ေသာင္း ထပ္ထုတ္ေပးတယ္။

ေဘးနားက သူ႔လူေတြကလည္း လုံးဝ ရႈပ္ယွက္ခက္သြားေအာင္ ျဗာမ်ားၿပီး အာ႐ုံေနာက္သြားေအာင္ကို လုပ္တာ ခနခ်င္းဘဲ မင္းဖုန္းေပး ဘာညာဆိုၿပီး အတင္းေတာင္းယူ Lock ေတြဘာေတြေတာင္ ဖြင့္ခိုင္းတာ အဲ့ဒီအခါမွ ေကာင္ေလးက က်ေနာ့္ ဖုန္း က်ေနာ့္ဖုန္း ျပန္ေပးဆိုၿပီး ေတာင္းတာ ဖုန္းမေပးတဲ့အျပင္ မ်က္ႏွာကို ျဖတ္႐ိုက္ၿပီး ကန္ေက်ာက္တာေတြေတာင္ လုပ္တာ။

လူျမင္ကြင္းႀကီးမွာေနာ္။ Video ထဲမွာၾကည့္ပါ။ ၿပီးေတာ့ သူတို႔ Taxi ေပၚတက္ၿပီး ေမာင္းေျပးဖို႔ ကားတံခါးပိတ္တဲ့အခ်ိန္ အဲဒီေကာင္ေလးက တံခါးပိတ္မရေအာင္ လက္ထဲ့ၿပီး သူ႔ဖုန္း အတင္းျပန္ေတာင္းတာ အုပ္စုဖြဲ႕ၿပီး လူျမင္ကြင္းမွာ ေပၚတင္လုၿပီး လူကိုပါ ႐ိုက္တာေနာ္။ အလုခံရတဲ့ဖုန္းက iphone ထင္တယ္။ ဖုန္းတင္မကဘူး၊ လြယ္ထားတဲ့ အိတ္လည္း ႀကိဳးပ်က္ ပိုက္ဆံေတြပါ လုသြားတာ။

ေအာ္ၿပီး အကူအညီ ေတာင္းေပမယ့္ ကူညီမယ့္သူ တစ္ေယာက္မွ မရွိပါဘူး။ ကိုယ္ျဖစ္ကိုယ္ခံဆိုတဲ့ ပုံစံႀကီး အေျခအေနႀကီး ကို ေရာက္ေနၿပီ။ Video က ကိုယ္တိုင္႐ိုက္တာ မဟုတ္လို႔ မင္းေကာ အဲဒီအခ်ိန္ ဘာလုပ္ေနသလဲ လာမေမးပါနဲ႔။

Video ႐ိုက္တဲ့ မိတ္ေဆြကလည္း အမ်ားနဲ႔ တစ္ေယာက္ ဆိုေတာ့ တျခားသူေတြ ဝင္ပါရင္ သူလည္း ျပန္ကူခ်ေပးလို႔ရေပမယ့္ ဘယ္သူမွ ဝင္ပါတာ ဝင္ကူတာ မရွိတာေၾကာင့္ေနာက္လူေတြ သတိထားလို႔ရေအာင္ Video ေလးဘဲ ႐ိုက္ယူထားလိုက္ရတာပါ။

လူအစည္အကားဆုံးအခ်ိန္ လူအစည္အကားဆုံး ေနရာတစ္ခုမွာ အဲ့လို လုပ္တာဆိုေတာ့ ဘယ္ေလာက္ေတာင္ အေျခအေန ဆိုးေနၿပီလဲ မေျပာတတ္ေတာ့ေအာင္ပါဘဲ။ Media မ်ား ကူးယူေဖာ္ျပႏိုင္ပါသည္။

Video ထဲမွာၾကည့္ပါ။

edit: (Video ၾကည့္ၿပီး ႐ိုက္တဲ့ေကာင္ ဘာလုပ္ေနလဲ ဘာညာ စဆရက အထာေတြ ဝင္မန႔္တဲ့သူေတြကို ေျပာခ်င္တာ လူဆိုးလူမိုက္ ၈ေယာက္ ေလာက္ကို ဝင္ခ်ရေအာင္လည္း Bollywood ႐ုပ္ရွင္ ႐ိုက္ေနတာ မဟုတ္ဘူးဗ်။ ကိုယ္စလို႔ ဘယ္သူမွ ဝင္မပါရင္ အသက္အပိုမပါဘူး။ ျဖစ္သြားရင္လည္း အခုေျပာတဲ့ စဆရကေတြက ေနာက္တမ်ိဳး ထပ္ ေျပာဦးမွာ။

ဒီေလာက္လူစည္ကားၿပီးလူအမ်ားႀကီးရွိတဲ့ေနရာမွာ ျဖစ္တာေတာင္ အဲဒီ Bro Video ႐ိုက္ေပးလို႔ ဒီသတင္း ဒီအေျခအေနသိရတာ။ မဟုတ္ရင္ ဒီအျဖစ္အပ်က္ ဘယ္သူမွ သိမွာေတာင္ မဟုတ္ဘူး။ အဲဒီနားက ဝင္မပါၾကတဲ့အျပင္ ပုံေတာင္ ႐ိုက္ေပးမယ့္သူ မရွိဘူးဗ်။)
credit

Unicode

မနေ့က နေ့လည် ၃နာရီလောက်က ယုဇနပလာဇာရှေ့ ကားမှတ်တိုင်နားမှာ ဖြစ်သွားတာပါ။

ကားမှတ်တိုင်နားမှာ လောင်းကစားဝိုင်း တစ်ခုလုပ်ပြီး မှတ်တိုင်မှာ ရှိတဲ့ သူတွေကို ပစ်မှတ်ထားတယ်။ သူတို့ လူချည်းဘဲ ၈ယောက်လောက်ရှိမယ် ထင်တယ်။ အဲဒီမှတ်တိုင်မှာ သူတို့ကစားနေတဲ့ ဝိုင်းကို ကြည့်တဲ့ လူငယ် ကောင်လေးကို ပထမ ဦးဆုံး ပိုက်ဆံ ငါးသောင်း ထိုးပေးပြီး လောင်းကစားဝိုင်းထဲ မှာ သွားပေးခိုင်းတယ်။

အဲဒီကောင်လေးက မယူဘူး အတင်းငြင်းတာကို အမျိုးမျိုးပြောပြီး သွားပေးခိုင်းတယ်။ အဲဒီကောင်လေး သွားပေးတော့ အနီအစိမ်းအကွက်မှာ ချပေးလိုက်တာနဲ့ မင်း ပေါက်ပြီ ဆိုပြီး နောက်ထပ် ၅သောင်း ထပ်ထုတ်ပေးတယ်။

ဘေးနားက သူ့လူတွေကလည်း လုံးဝ ရှုပ်ယှက်ခက်သွားအောင် ဗြာများပြီး အာရုံနောက်သွားအောင်ကို လုပ်တာ ခနချင်းဘဲ မင်းဖုန်းပေး ဘာညာဆိုပြီး အတင်းတောင်းယူ Lock တွေဘာတွေတောင် ဖွင့်ခိုင်းတာ အဲ့ဒီအခါမှ ကောင်လေးက ကျနော့် ဖုန်း ကျနော့်ဖုန်း ပြန်ပေးဆိုပြီး တောင်းတာ ဖုန်းမပေးတဲ့အပြင် မျက်နှာကို ဖြတ်ရိုက်ပြီး ကန်ကျောက်တာတွေတောင် လုပ်တာ။

လူမြင်ကွင်းကြီးမှာနော်။ Video ထဲမှာကြည့်ပါ။ ပြီးတော့ သူတို့ Taxi ပေါ်တက်ပြီး မောင်းပြေးဖို့ ကားတံခါးပိတ်တဲ့အချိန် အဲဒီကောင်လေးက တံခါးပိတ်မရအောင် လက်ထဲ့ပြီး သူ့ဖုန်း အတင်းပြန်တောင်းတာ အုပ်စုဖွဲ့ပြီး လူမြင်ကွင်းမှာ ပေါ်တင်လုပြီး လူကိုပါ ရိုက်တာနော်။ အလုခံရတဲ့ဖုန်းက iphone ထင်တယ်။ ဖုန်းတင်မကဘူး၊ လွယ်ထားတဲ့ အိတ်လည်း ကြိုးပျက် ပိုက်ဆံတွေပါ လုသွားတာ။

အော်ပြီး အကူအညီ တောင်းပေမယ့် ကူညီမယ့်သူ တစ်ယောက်မှ မရှိပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံဆိုတဲ့ ပုံစံကြီး အခြေအနေကြီး ကို ရောက်နေပြီ။ Video က ကိုယ်တိုင်ရိုက်တာ မဟုတ်လို့ မင်းကော အဲဒီအချိန် ဘာလုပ်နေသလဲ လာမမေးပါနဲ့။

Video ရိုက်တဲ့ မိတ်ဆွေကလည်း အများနဲ့ တစ်ယောက် ဆိုတော့ တခြားသူတွေ ဝင်ပါရင် သူလည်း ပြန်ကူချပေးလို့ရပေမယ့် ဘယ်သူမှ ဝင်ပါတာ ဝင်ကူတာ မရှိတာကြောင့်နောက်လူတွေ သတိထားလို့ရအောင် Video လေးဘဲ ရိုက်ယူထားလိုက်ရတာပါ။

လူအစည်အကားဆုံးအချိန် လူအစည်အကားဆုံး နေရာတစ်ခုမှာ အဲ့လို လုပ်တာဆိုတော့ ဘယ်လောက်တောင် အခြေအနေ ဆိုးနေပြီလဲ မပြောတတ်တော့အောင်ပါဘဲ။ Media များ ကူးယူဖော်ပြနိုင်ပါသည်။

Video ထဲမှာကြည့်ပါ။

edit: (Video ကြည့်ပြီး ရိုက်တဲ့ကောင် ဘာလုပ်နေလဲ ဘာညာ စဆရက အထာတွေ ဝင်မန့်တဲ့သူတွေကို ပြောချင်တာ လူဆိုးလူမိုက် ၈ယောက် လောက်ကို ဝင်ချရအောင်လည်း Bollywood ရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူးဗျ။ ကိုယ်စလို့ ဘယ်သူမှ ဝင်မပါရင် အသက်အပိုမပါဘူး။ ဖြစ်သွားရင်လည်း အခုပြောတဲ့ စဆရကတွေက နောက်တမျိုး ထပ် ပြောဦးမှာ။

ဒီလောက်လူစည်ကားပြီးလူအများကြီးရှိတဲ့နေရာမှာ ဖြစ်တာတောင် အဲဒီ Bro Video ရိုက်ပေးလို့ ဒီသတင်း ဒီအခြေအနေသိရတာ။ မဟုတ်ရင် ဒီအဖြစ်အပျက် ဘယ်သူမှ သိမှာတောင် မဟုတ်ဘူး။ အဲဒီနားက ဝင်မပါကြတဲ့အပြင် ပုံတောင် ရိုက်ပေးမယ့်သူ မရှိဘူးဗျ။)
credit

Be the first to comment

Leave a Reply

Your email address will not be published.


*