ဆံပင္ကို ႏွစ္ေပါင္း ၄၀ တိုင္ေအာင္သူ႔မညႇပ္မေလွ်ာ္ပဲထားခဲ့တဲ့ အိႏၵိယလူမ်ိဳးတစ္ဦး

Zawgyi ျဖင့္ဖတ္ရန္

အိႏၵိယႏိုင္ငံမွအမ်ိဳးသားတစ္ဦးဟာ ႏွစ္ ၄၀ ေက်ာ္ၾကာေအာင္ ဆံပင္မညႇပ္ မေလွ်ာ္ပဲ ထားခဲ့တာ အခုဆိုရင္ ဆံပင္အရွည္ဟာ ၆ ေပရွိေနပီ ျဖစ္ပါတယ္။ ၿပီးေတာ့ အဆိုပါဆံပင္ဟာ သူ႔အတြက္ေတာ့ ဘုရားေပးထားတဲ့ ေကာင္းခ်ီးျဖစ္တယ္လို႔ ဆိုပါတယ္။

စာကယ္ဒစ္တူဒူ(၆၃ ႏွစ္)ဘီဟာ ျပည္နယ္အေရွ႕ပိုင္း မြန္ဂါေဒသမွာ ေနထိုင္တာျဖစ္ပီး သူ႔ရွည္လ်ားလွတဲ့ ဆံပင္ေတြကို ေခါင္းေပၚမွာဦးထုပ္လို ေဆာင္းထားတာပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ၄၀ တစ္ညမွာေတာ့ သူ႔ေခါင္းကဆံပင္ေတြဟာ အခုလိုအက်စ္လိုက္ေတြ စတင္ျဖစ္လာတာ ျဖစ္ပါတယ္လို႔ သူကဆိုပါတယ္။ အဲ့အခ်ိန္ကစလို႔ ဒီဆံပင္ကို ဘုရားသခင္ေပးတဲ့ ေကာင္းခ်ီးတစ္ခုအျဖစ္ မွတ္ယူလာခဲ့တာ ျဖစ္ပါတယ္။

အဲ့အျပင္ ဘုရားသခင္က သူ႔အိမ္မက္ထဲထိလာပီး ဆံပင္ကို မညႇပ္ဖို႔ေျပာခဲ့တယ္လို႔ ဆိုပါတယ္။ အဲ့ကတည္းက သူကအဲ့ဒီ့ၫႊန္ၾကားခ်က္ကို လိုက္နာလာခဲ့တာ ျဖစ္ပါတယ္။

အဲ့အတြက္ေၾကာင့္ သူအရက္နဲ႔ေဆးလိပ္ကိုလဲ ျဖတ္ခဲ့ပါေသးတယ္။ ဟိႏၵဴဘာသာနတ္ဘုရားတစ္ပါးျဖစ္တဲ့ Sadhus ဟာဆိုရင္လည္း သူ႔ဆံပင္ကို မၿဖီးမလိမ္းပဲ အရွည္ႀကီးထားခဲ့ပါတယ္။

Sadhus နဲ႔မတူပဲ စာကယ္ရဲ႕ဆံပင္ဟာ အက်စ္အႀကီးႀကီးျဖစ္ေနပီး သူအျပင္ထြက္တဲ့ အခါမွာဆိုရင္ ဆံပင္ကိုသန႔္ရွင္းေနေအာင္လို႔ အဝတ္ျဖဴနဲ႔ ဆံပင္ကိုပတ္ထားပီး ထြက္ေလ့ရွိပါတယ္။

တကယ္လို႔ သူသာသူ႔ဆံပင္ကို ေခါင္းေပၚမွာ ပုံမထားဘူးဆိုရင္ သူ႔ဆံပင္ဟာ ေျမျပင္ေပၚမွာ လွ်ပ္တိုက္ေနမွာပဲျဖစ္ပါတယ္။ သူ႔အိမ္နီးခ်င္းေတြကလဲ သူေတာ္စင္ပုံေပါက္ပီး ေလးစားတဲ့အေနနဲ႔ သူ႔ကို Mahatma Ji ဆိုပီး ေခၚဆိုသမုတ္ၾကပါတယ္။

သူဟာ႐ိုးရာေဆးကုသမားအျဖစ္ နာမည္ႀကီးပီး ကေလးမရွိစုံတြဲေတြအတြက္ အိမ္လုပ္ေဆးဝါးေတြကို ျပင္ဆင္ေပးပါတယ္။

လူေတြဟာ ေဝးလံတဲ့ေနရာေတြကေန လာပီး စာကယ္ကိုလာေတြ႕ကာ အတူဓာတ္ပုံ႐ိုက္ယူၾကပါတယ္။ သူကေတာ့ လာသမွ်လူအကုန္လုံးကို အၿပဳံးနဲ႔ပဲႏႈတ္ဆက္ၾကပါတယ္။

သူဟာ ၃၁ ႏွစ္တာသစ္ေတာဌာနမွာ အလုပ္လုပ္ခဲ့တာျဖစ္ပီး သူ႔ဇနီး႐ူပီယာဒီဗီ၊ သား ၃ ေယာက္၊ သမီး ၃ ေယာက္ နဲ႔ ေျမး ရ ေယာက္နဲ႔အတူ ေနထိုင္ေနတာျဖစ္ပါတယ္။ သူ႔ရဲ႕ထိန္းမရ သိမ္းမရတဲ့ ဆံပင္ရွည္နဲ႔ပတ္သတ္လို႔ ဘာျပႆနာမွ မရွိဘူးလို႔လဲ ဆိုပါတယ္။

အရွည္ဆုံးဆံပင္က်စ္ကို ပိုင္ဆိုင္ထားတဲ့သူအျဖစ္ ကမာၻ႔စံခ်ိန္တင္ထားတဲ့ သူကေတာ့ ဖေလာ္ရီဒါျပည္နယ္မွာေနထိုင္တဲ့ အက္ရွာမန္ဒယ္လာဆိုတဲ့ အမ်ိဳးသမီးပဲ ျဖစ္ပါတယ္။ သူမဆံပင္ဟာဆိုရင္ ၂၀၁၈ ခုႏွစ္ သူမအသက္ ၅၅ ႏွစ္အ႐ြယ္မွာ တိုင္းတာခ်က္အရဆိုရင္ ေပ ၁၁၀ ရွိပါတယ္။

၉ ရာစုႏွစ္ဗိုက္ကင္းဘုရင္ဟာရယ္ ၁ ဟာဆိုရင္ ေနာ္ေဝးတစ္ျပည္လုံးကို သူမသိမ္းပိုက္ႏိုင္မခ်င္း သူ႔ဆံပင္ကိုမျဖတ္ဘူးလို႔ က်ိန္ဆိုခဲ့ပါတယ္။ ဒါေၾကာင့္ Shaggy ဟာရယ္ဆိုပီးေတာ့လဲ နာမည္တြင္ခဲ့ပါေသးတယ္။

ေနာက္ေတာ့ ဟာရယ္ဟာတျဖည္းျဖည္းနဲ႔ တိုင္းျပည္တစ္ခုလုံးကို သိမ္းယူႏိုင္ခဲ့ပီး ဟာရယ္ Finehair ဆိုပီးနာမည္တြင္ခဲ့ပါေတာ့တယ္။

Writer -Min Thu (Daily Hot News )

Unicode ဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံမှအမျိုးသားတစ်ဦးဟာ နှစ် ၄၀ ကျော်ကြာအောင် ဆံပင်မညှပ် မလျှော်ပဲ ထားခဲ့တာ အခုဆိုရင် ဆံပင်အရှည်ဟာ ၆ ပေရှိနေပီ ဖြစ်ပါတယ်။ ပြီးတော့ အဆိုပါဆံပင်ဟာ သူ့အတွက်တော့ ဘုရားပေးထားတဲ့ ကောင်းချီးဖြစ်တယ်လို့ ဆိုပါတယ်။

စာကယ်ဒစ်တူဒူ(၆၃ နှစ်)ဘီဟာ ပြည်နယ်အရှေ့ပိုင်း မွန်ဂါဒေသမှာ နေထိုင်တာဖြစ်ပီး သူ့ရှည်လျားလှတဲ့ ဆံပင်တွေကို ခေါင်းပေါ်မှာဦးထုပ်လို ဆောင်းထားတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၄၀ တစ်ညမှာတော့ သူ့ခေါင်းကဆံပင်တွေဟာ အခုလိုအကျစ်လိုက်တွေ စတင်ဖြစ်လာတာ ဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အဲ့အချိန်ကစလို့ ဒီဆံပင်ကို ဘုရားသခင်ပေးတဲ့ ကောင်းချီးတစ်ခုအဖြစ် မှတ်ယူလာခဲ့တာ ဖြစ်ပါတယ်။

အဲ့အပြင် ဘုရားသခင်က သူ့အိမ်မက်ထဲထိလာပီး ဆံပင်ကို မညှပ်ဖို့ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ကတည်းက သူကအဲ့ဒီ့ညွှန်ကြားချက်ကို လိုက်နာလာခဲ့တာ ဖြစ်ပါတယ်။

အဲ့အတွက်ကြောင့် သူအရက်နဲ့ဆေးလိပ်ကိုလဲ ဖြတ်ခဲ့ပါသေးတယ်။ ဟိန္ဒူဘာသာနတ်ဘုရားတစ်ပါးဖြစ်တဲ့ Sadhus ဟာဆိုရင်လည်း သူ့ဆံပင်ကို မဖြီးမလိမ်းပဲ အရှည်ကြီးထားခဲ့ပါတယ်။

Sadhus နဲ့မတူပဲ စာကယ်ရဲ့ဆံပင်ဟာ အကျစ်အကြီးကြီးဖြစ်နေပီး သူအပြင်ထွက်တဲ့ အခါမှာဆိုရင် ဆံပင်ကိုသန့်ရှင်းနေအောင်လို့ အဝတ်ဖြူနဲ့ ဆံပင်ကိုပတ်ထားပီး ထွက်လေ့ရှိပါတယ်။

တကယ်လို့ သူသာသူ့ဆံပင်ကို ခေါင်းပေါ်မှာ ပုံမထားဘူးဆိုရင် သူ့ဆံပင်ဟာ မြေပြင်ပေါ်မှာ လျှပ်တိုက်နေမှာပဲဖြစ်ပါတယ်။ သူ့အိမ်နီးချင်းတွေကလဲ သူတော်စင်ပုံပေါက်ပီး လေးစားတဲ့အနေနဲ့ သူ့ကို Mahatma Ji ဆိုပီး ခေါ်ဆိုသမုတ်ကြပါတယ်။

သူဟာရိုးရာဆေးကုသမားအဖြစ် နာမည်ကြီးပီး ကလေးမရှိစုံတွဲတွေအတွက် အိမ်လုပ်ဆေးဝါးတွေကို ပြင်ဆင်ပေးပါတယ်။

လူတွေဟာ ဝေးလံတဲ့နေရာတွေကနေ လာပီး စာကယ်ကိုလာတွေ့ကာ အတူဓာတ်ပုံရိုက်ယူကြပါတယ်။ သူကတော့ လာသမျှလူအကုန်လုံးကို အပြုံးနဲ့ပဲနှုတ်ဆက်ကြပါတယ်။

သူဟာ ၃၁ နှစ်တာသစ်တောဌာနမှာ အလုပ်လုပ်ခဲ့တာဖြစ်ပီး သူ့ဇနီးရူပီယာဒီဗီ၊ သား ၃ ယောက်၊ သမီး ၃ ယောက် နဲ့ မြေး ရ ယောက်နဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ထိန်းမရ သိမ်းမရတဲ့ ဆံပင်ရှည်နဲ့ပတ်သတ်လို့ ဘာပြဿနာမှ မရှိဘူးလို့လဲ ဆိုပါတယ်။

အရှည်ဆုံးဆံပင်ကျစ်ကို ပိုင်ဆိုင်ထားတဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်ထားတဲ့ သူကတော့ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ အက်ရှာမန်ဒယ်လာဆိုတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ သူမဆံပင်ဟာဆိုရင် ၂၀၁၈ ခုနှစ် သူမအသက် ၅၅ နှစ်အရွယ်မှာ တိုင်းတာချက်အရဆိုရင် ပေ ၁၁၀ ရှိပါတယ်။

၉ ရာစုနှစ်ဗိုက်ကင်းဘုရင်ဟာရယ် ၁ ဟာဆိုရင် နော်ဝေးတစ်ပြည်လုံးကို သူမသိမ်းပိုက်နိုင်မချင်း သူ့ဆံပင်ကိုမဖြတ်ဘူးလို့ ကျိန်ဆိုခဲ့ပါတယ်။ ဒါကြောင့် Shaggy ဟာရယ်ဆိုပီးတော့လဲ နာမည်တွင်ခဲ့ပါသေးတယ်။

နောက်တော့ ဟာရယ်ဟာတဖြည်းဖြည်းနဲ့ တိုင်းပြည်တစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပီး ဟာရယ် Finehair ဆိုပီးနာမည်တွင်ခဲ့ပါတော့တယ်။

Writer -Min Thu (Daily Hot News )

Be the first to comment

Leave a Reply

Your email address will not be published.


*