ဟုတ်…အဖေ ..
Credit
Unicode
နာရီဟောင်း တစ်လုံးက ပေးတဲ့ ဘဝသင်ခန်းစာ
အဖိုးအိုတစ်ယောက်ဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်လာတဲ့အခါမှာ သူ့သားအတွက် တန်ဖိုးရှိမယ့် အမွေတစ်ခုကို ပေးချင်ခဲ့တယ်။
ဒါကြောင့် သူ့သားကို ခေါ်ပြီး သူ့အဖေလက်ထက်ကပေးခဲ့တဲ့ နာရီဟောင်းတစ်လုံးကို ပေးဖို့ ပြင်ဆင်ပါလေရော။
ဒီလိုနဲ့ သူ့သားရောက်လာတော့ အကျိုးအကြောင်းပြောပြီး နာရီကို ချက်ချင်းမပေးသေးဘဲ ‘ သားရေ ဒါကတော့ မင်းအဖိုးငါ့ကို ပေးသွားတဲ့ တစ်ခုတည်းသော အမွေပဲ ဘယ်လိုလဲ ကြည့်ပါဦး …
ဟာ.. အဖေကလဲ နာရီကအဟောင်းကြီးလေ ဒီမှာ သံချေးတွေတောင် တက်နေပြီ မကြိုက်ပါဘူး..
ဟုတ်ပါပြီ ဒါဆိုရင် မင်းနာရီရောင်းတဲ့ ဆိုင်ကို သွားပြကြည့်ကွာ သူတို့ ဒီနာရီကို ဘယ်လောက် ပေးမလဲလို့ …
ဟုတ်…အဖေ ..
ဒီနာရီက အဟောင်းကြီးတဲ့ သူတို့အနေနဲ့ ဝယ်မယ် ဆိုရင်တော့ ၅ ဒေါ်လာပဲ ပေးနိုင်မယ်တဲ့ . အေ.. ဟုတ်လား ထားပါတော့ ဒီတစ်ခေါက် ပစ္စည်းအဟောင်းဆိုင်ကို သွားမေးကြည့်ပါဦးကွာ သူတို့က အဟောင်းတွေ ရောင်းတာဆိုတော့ ဒါမျိုးဆို ကြိုက်လောက်မှာပေါ့။….
သူတို့က အဟောင်းပဲရောင်းတာ ဒီလိုအစုတ်တွေတော့ မရောင်းဘူးတဲ့ သူတို့လည်း ပြန်ဝယ်မယ်ဆိုရင် ၅ ဒေါ်လာပဲ ပေးနိုင်မယ်တဲ့…
အိုး… စိတ်မကောင်းစရာပဲ နောက်ဆုံးအနေနဲ့ ပြတိုက်ကိုတော့ သွားမေးကြည့်လိုက်ဦးပေါ့။ ဟုတ်..အဖေ..
တစ်ခုခုတော့ မှားနေပြီ အဖေ ဘာဖြစ်လို့လဲဟ.. ဒီနာရီကို ပြန်ရောင်းမယ်ဆိုရင် သူတို့အနေနဲ့ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီး ဝယ်ပါမယ်တဲ့…
အေး..ဒီလိုပဲ မင်းရဲ့ဘဝမှာလည်း မင်းကိုဘယ်သူတွေကပဲ တန်ဖိုးမရှိဘူး၊ သုံးစားလို့မရဘူးလို့ ပြောပြော မင်းမှာ မင်းရဲ့ကိုယ်ပိုင်တန်ဖိုးဆိုတာ ရှိနေသေးတယ်။
ဒါကိုကြည့်ပြီး မင်းအနေနဲ့ ဘဝမှာ ဘာတွေပဲ ကြုံလာကြုံလာ မင်းဟာ တန်ဖိုးရှိနေတယ် ဆိုတာကို သတိရပါ။
မိတ်ဆွေရော ကိုယ်ဟာ တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်တယ်ဆိုတာကို လက္ခံပါသလား❓
မိတ်ဆွေတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို Comment မှာ ပါဝင်ဆွေးနွေးခဲ့ပါဦး။
Credit
Be the first to comment
Leave a Reply
Your email address will not be published.
*