ပထမသမီးေတာ္ (သို႔) အခ်စ္အတြက္ တစ္သက္တာ ဘဝတစ္ခုလုံးကို ရတနာဂီရိမွာ အက်ဥ္းခ်ထားသူ..

ပထမသမီးေတာ္ (သို႔) အခ်စ္အတြက္ တစ္သက္တာ ဘဝတစ္ခုလုံးကို ရတနာဂီရိမွာ အက်ဥ္းခ်ထားသူ..

ကြၽန္မစာအုပ္တစ္အုပ္ ရလာလို႔ ဖတ္လိုက္ရပါတယ္။ SUDHA SHAH ေရးသားထား တဲ့ The King in Exile The Fall of Royal Family of Burma စာအုပ္ကို ဆရာဝင္းၿငိမ္းက ဘာသာျပန္ထားပါတယ္။ ဒီစာအုပ္မွာ သီေပါမင္း၊ စုဖုရားလတ္၊ စုဖုရားေလးတို႔ ရတနာဂီရိ ေရာက္ရွိသြားၿပီးေနာက္ပိုင္းအေျခအေနနဲ႔ ကြၽန္မတို႔ မသိမျမင္ မဖတ္ဖူးေသးေသာ သမီးေတာ္မ်ားအေၾကာင္း၊ ေျမးေတာ္မ်ားျမစ္ေတာ္မ်ား အေၾကာင္းပါ သိလာပါတယ္။

ဆရာဝင္းၿငိမ္းဘာသာျပန္တာကို ဆရာေမာင္သန္းေဆြ (ထားဝယ္) ႏွင့္ ကေနာင္မင္းသားႀကီးျမစ္ေတာ္ သူ၏ခင္ပြန္းဦးစိန္ေမာင္ဦး (ေရွးေဟာင္းသုေတသန (ၿငိမ္း) တို႔က ကူညီႀကီးၾကပ္ေပးပါတယ္။ မူရင္းစာေရးသူ (၇) ႏွစ္ၾကာ သုေတသနလုပ္ၿပီး ေရးဖြဲ႕ထားျခင္းျဖစ္တယ္။ သူ႔သေဘာႏွင့္သူ ေရးသားထားျခင္းမဟုတ္ပဲ သူ႔စာေၾကာင္းတစ္ေၾကာင္းတိုင္း အကိုးအကားအျပည့္အစုံရွိပါတယ္။

ပထမသမီးေတာ္အေၾကာင္းဖတ္ရတာ ဝမ္းနည္းေၾကကြဲစရာ ေကာင္းပါတယ္။ သမိုင္းဆိုတာ လုပ္ယူလို႔ မရသလို ေျပာင္းလဲလို႔လဲ မရဘူး။ သမိုင္းကို ကြၽန္မတို႔ မသိမႀကဳံဘူးတဲ့ အေၾကာင္းအရာေတြ ဗဟုသုတအေနနဲ႔ ဖတ္ရပါမယ္။ ေဒါက္တာသန္းထြန္းေျပာသလို မအေအာင္လည္း ဖတ္ရပါတယ္။ သင္ခန္းစာယူဖို႔ ဖတ္ရပါမယ္။ ထိုမွတပါး ကံနည္း၊ ဉာဏ္နည္းရွာသူ ပထမသမီးေတာ္အေၾကာင္းကိုလည္း စာနာစိတ္ေလးနဲ႔ ဖတ္ေစခ်င္ပါတယ္။

ပထမသမီးေတာ္ဟာ ၁၈၈၆ ခုႏွစ္မွာ ရတနာဂီရိကို ေရာက္လာခဲ့ၿပီး ၁၉၄၇ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔ အသက္ ၆၇ ႏွစ္မွာ ကံေတာ္ကုန္ခဲ့တယ္။ ၁၉၂၀ ခုႏွစ္မွာ မယ္ေတာ္စုဖုရားလတ္၊ တတိယသမီးေတာ္၊ စတုတၳသမီးေတာ္တို႔ႏွင့္အတူ ျမန္မာျပည္ကို တစ္ႏွစ္ျပန္ခဲ့တာကလြဲလို႔ သူ႔ဘဝတစ္ေလွ်ာက္လုံး ရတနာဂီရိမွာပဲ ကုန္ဆုံးခဲ့တယ္။

ပထမသမီးေတာ္ဟာ ခမည္းေတာ္၊ မယ္ေတာ္တို႔နဲ႔ ရတနာဂီရိစံအိမ္ေတာ္မွာ စံေနစဥ္ကတည္းက အိမ္ေတာ္တံခါးေစာင့္ ဂိုပါးလ္ႏွင့္ရေနၿပီး သမီးေလးတုတုရေနၿပီျဖစ္တယ္။ ျမန္မာျပည္ကိုျပန္ေတာ့ တုတုက ၁၂ ႏွစ္သမီးရွိေနၿပီး ဘိုးေတာ္သီေပါမင္းကို ေကာင္းစြာမီလ်က္ အဖိုးရဲ႕အခ်စ္ေတာ္ ေျမးလည္းျဖစ္တယ္။

ပထမသမီးေတာ္ျမန္မာျပည္ကို ေခတၱသာျပန္လာၿပီး ရတနာဂီရိကို ျပန္သြားလိုတဲ့ ဆႏၵကေတာ့ ဂိုပါလ္းက ျပန္လာဖို႔ေခၚတာကတစ္ေၾကာင္း ျမန္မာျပည္မွာသူဟာ အမ်ိဳးဘာသာမတူတဲ့သူနဲ႔ လက္ဆက္ထားလို႔ အသိုင္းအဝိုင္းမွာ မ်က္ႏွာမလွေတာ့ မေနလိုပဲ သူႀကီးျပင္းက်ဥ္လည္ရာ ရတနာဂီရိမွာပဲေနမယ္လို႔ ဆုံးျဖတ္ထားတယ္။

ၿဗိတိသွ်အစိုးရက ရတနာဂီရိကိုျပန္ရင္ ေတာ္ဝင္မင္းသမီးဘဝကို စြန႔္လႊတ္ရမယ္။ သာမန္အရပ္သူလိုပဲ ေနထိုင္ရမယ္ေျပာတာ သိရက္နဲ႔ ရန္ကုန္ၿမိဳ႕မွာ မင္းသမီးအျဖစ္မွ စြန႔္လႊတ္ေၾကာင္း လက္မွတ္ေရး ထိုးလိုက္တယ္။ သူကဂိုပါလ္းရဲ႕အခ်စ္ကိုယုံၾကည္သလို သူငယ္ငယ္ေလးထဲက ေနထိုင္ခဲ့ရတဲ့ ရတနာဂီရိမွာေနမွ စိတ္ေရာကိုယ္ပါ လုံၿခဳံလိမ့္မယ္လို႔ ယုံၾကည္တယ္။

ဒါေပမယ့္ သူထင္သလို မျဖစ္ပါဘူး။ ဂိုပါလ္းက သမီးေတာ္ျပန္လာရင္ အိမ္တစ္လုံးသီးသန႔္ ငွားေပးမယ္ဆိုလို႔ ျပန္လာတာ အိမ္ကသူငယ္ငယ္က ေနထိုင္ခဲ့တဲ့ စံအိမ္ေတာ္လိုမ်ိဳး ေမွ်ာ္လင့္ခဲ့ေပမယ့္ အိမ္ေသးေသးေလး တစ္လုံးသာျဖစ္တယ္။ ခမည္းေတာ္သီေပါဘုရင္ ျမဳပ္ႏွံထားတဲ့ ဂူသခ်ႋဳင္းႏွင့္ မေဝးလွတဲ့ေနရာမွာ ရွိတယ္။

အဂၤလိပ္အစိုးရက ပထမသမီးေတာ္ကို ႐ူးပီး ၂၀၀ ေထာက္ပံ့ေၾကးေပးတယ္။ ရတနာဂီရိေနရာမ်ိဳးမွာ ႐ူးပီး ၂၀၀ က သင့္တင့္ေအာင္ သုံးစြဲႏိုင္ေပမယ့္ ေငြေၾကးကို စနစ္တက် မသုံးစြဲတတ္ေတာ့ မေလာက္မငွ ျဖစ္ရတယ္။ ဂိုပါးလ္က ပထမသမီးေတာ္ဆီက ပင္စင္ေငြကို လာေရာက္ယူတတ္တာလည္း ပါတာေပါ့။

အိမ္ငွားခကိုလည္း ပင္စင္ေငြမွ ေပးရတယ္။

ဂိုပါလ္းဟာ ဟိႏၵဴတို႔၏ ယဥ္ေက်းမႈဓေလ့ထုံးစံအတိုင္း ပထမသမီးေတာ္ကို တရားဝင္ယူထားျခင္း မရွိဘူး။ ဒါေၾကာင့္ ရတနာဂီရိအသိုင္းအဝိုင္းမွာ ဝင္ဆန႔္ျခင္း မရွိပါဘူး။

အဂၤလိပ္အစိုးရကလည္း ေတာ္ဝင္မင္းသမီးအျဖစ္ စြန႔္လႊတ္ထားတဲ့ ပထမသမီးေတာ္ရဲ႕ တရားဝင္အခ်က္အလက္မ်ားကို မွတ္တမ္းတင္ထားတာ မရွိဘူး။ သူဟာ ရတနာဂီရိမွာ သမီးေလးတုတုကို အေဖာ္ျပဳၿပီး ေနရတယ္။ တုတုအိမ္ေထာင္ျပဳသြားေတာ့ တစ္ကိုယ္တည္း ေနထိုင္တယ္။

ပထမသမီးေတာ္ဟာ ဗုဒၶဘာသာဝင္ပီပီ ကံႏွင့္ကံ၏အက်ိဳးတရားကို ယုံၾကည္လက္ခံတယ္။ ယခုဘဝမွာ ႀကဳံေတြ႕ေနရေသာ ဒုကၡမ်ားသည္ ယခင္ဘဝက ဆိုးက်ိဳးမ်ားကို ျပန္လည္ခံစားေနရျဖစ္တယ္။ ေနာင္ဘဝ ေကာင္းက်ိဳးခ်မ္းသာရဖို႔ ဒီဘဝမွာေပးဆပ္ၿပီး ဘာသာေရးကို ဦးစားေပး လုပ္ေဆာင္ေနတယ္။

ေန႔စဥ္ တရားရႈမွတ္ျခင္း၊ ပုတီးစိတ္ျခင္းတို႔ ျပဳလုပ္ၿပီး ေကာင္းမႈကုသိုလ္အတြက္ စားေသာက္ဖြယ္ရာမ်ားကို ႏွေျမာတြန႔္တိုစိတ္မရွိပဲ အၿမဲေပးကမ္း လႉဒါန္းခဲ့တယ္။ တရားဓမၼမွာ ေမြ႕ေလွ်ာ္ၿပီး အလႉအတန္းရက္ေရာေသာ ပထမသမီးေတာ္ကို ရတနာဂီရိၿမိဳ႕သူၿမိဳ႕သားမ်ားက ခ်စ္ခင္ႏွစ္သက္ က႐ုဏာထားၾကတယ္။

သို႔ေသာ္ သမီးေတာ္ကို မည္သူမွ ေမးျမန္းေျပာဆိုျခင္းေတာ့ မျပဳၾကေပ။ ပထမသမီးေတာ္က လူမႈေရးနယ္ပယ္မွာ မည္သူနဲ႔မွ် ေထြးေရာယွက္တင္ ေနထိုင္တတ္တာ မရွိျခင္း။ ရတနာဂီရိျပည္သူမ်ားရဲ႕ ယဥ္ေက်းမႈဓေလ့ ထုံးစံမ်ားႏွင့္ အကြၽမ္းတဝင္ မရွိတာေတြေၾကာင့္ ပတ္ဝန္းက်င္မွာ အဆက္အစပ္မရွိတာဟာ မထူးဆန္းပါဘူး။

ဒီလိုနဲ႔ ပထမသမီးေတာ္ဟာ သူ႔ရဲ႕လက္က်န္သက္တမ္းမ်ားကို အထီးက်န္စြာ ျဖတ္သန္းၿပီး ဘဝရဲ႕နိဂုံး အဆုံးသတ္ခ်ိန္ ေရာက္ရွိလာပါတယ္… ၁၉၄၇ ခုႏွစ္ ဇြန္လ ၃ ရက္ေန႔မွာ ကံေတာ္ကုန္သြားေသာ ပထမသမီးေတာ္ရဲ႕ ဈာပနကို ဇြန္လ ၅ ရက္ေန႔ မွာျပဳလုပ္ပါတယ္။ ဈာပနအခန္းအနားကို ရတနာဂီရိ၏ အဓိကလမ္းမႀကီးမွ မီးသၿဂႋဳလ္မည့္ ေနရာသို႔ သယ္ေဆာင္လာတယ္။

ပထမသမီးေတာ္ရဲ႕ တစ္ဦးတည္းေသာသမီး တုတုက ပူေဆြးေသာက ေရာက္ေနရွာတယ္။ မူဆလင္အဖြဲ႕အစည္း၏ ဥကၠဌက ႐ုပ္အေလာင္းကို ပန္းမ်ားျဖင့္ ဖုံးလႊမ္းေပးတယ္။ ရတနာဂီရိရွိ ကုန္သည္မ်ား၊ အဖြဲ႕အစည္းမ်ားက လိုက္ပါပို႔ေဆာင္ၾကတယ္။ ဒိစႀကိတ္ပုလိပ္အဖြဲ႕က ဂုဏ္ျပဳတပ္ဖြဲ႕ႏွင့္ ဂုဏ္ျပဳေပးတယ္။

တရားသူႀကီးႏွင့္ ၿမိဳ႕မ်က္ႏွာဖုံးတို႔က ဝမ္းနည္းစကား ေျပာၾကတယ္။ ပုလိပ္တပ္ဖြဲ႕က ဘင္ခရာႏွင့္တီးခတ္ေပးၿပီး ဂုဏ္ျပဳသည့္အေနနဲ႔ ေသနတ္ပစ္ေဖာက္ေပးခဲ့တယ္။ အိႏၵယအစိုးရက ႐ူပီး ၅၀၀၀ ကုန္က်ခံကာ ပထမသမီးေတာ္အတြက္ အုတ္ျပသာဒ္ကို ခမည္းေတာ္သီေပါဘုရင္၏ ဂူျပသာဒ္နံေဘးမွာ တည္ေဆာက္ေပးခဲ့တယ္။

ဂူျပသာဒ္မွာ အ႐ိုးျပာထည့္ရန္ အေပါက္ငယ္ေလးေဖာက္ထားေပမယ့္ အထဲမွာအ႐ိုးျပာအိုးက ရွိမေနခဲ့ပါဘူး။ ပထမသမီးေတာ္ရဲ႕အ႐ိုးျပာအိုးကို ျမန္မာျပည္ကို ျပန္ပို႔ေပးရမလား။ ဂူအတြင္းမွာပဲ ျမဳပ္ႏွံရမလား အၿပီးသတ္ မဆုံးျဖတ္ရေသးခင္ သစ္သားေသတၱာထဲ ထည့္ထားေသာ အ႐ိုးျပာအိုးကို ရတနာဂီရိေငြတိုက္မွာ ထိမ္းသိမ္းထားခဲ့တယ္။

ေနာက္ေတာ့ ပထမသမီးေတာ္ရဲ႕ အ႐ိုးျပာအိုးဟာ ေပ်ာက္ဆုံးသြားတယ္။ အဲဒီအခ်ိန္က အိႏၵိယႏိုင္ငံမွာေရာ ျမန္မာႏိုင္ငံပါ လြတ္လပ္ေရးအတြက္ တိုက္ပြဲဝင္ေနခ်ိန္ျဖစ္လို႔ အ႐ိုးျပာအိုးေပ်ာက္ဆုံးသြားတာ ေမွးမွိန္သြားတယ္။ ဝမ္းနည္းစရာေကာင္းတာက ပထမသမီးေတာ္ဟာ ကြယ္လြန္ၿပီးခ်ိန္အထိ ကံဆိုးလ်က္ရွိေနတာပါပဲ။

credit to writer

Unicode

ပထမသမီးတော် (သို့) အချစ်အတွက် တစ်သက်တာ ဘဝတစ်ခုလုံးကို ရတနာဂီရိမှာ အကျဉ်းချထားသူ..

ကျွန်မစာအုပ်တစ်အုပ် ရလာလို့ ဖတ်လိုက်ရပါတယ်။ SUDHA SHAH ရေးသားထား တဲ့ The King in Exile The Fall of Royal Family of Burma စာအုပ်ကို ဆရာဝင်းငြိမ်းက ဘာသာပြန်ထားပါတယ်။ ဒီစာအုပ်မှာ သီပေါမင်း၊ စုဖုရားလတ်၊ စုဖုရားလေးတို့ ရတနာဂီရိ ရောက်ရှိသွားပြီးနောက်ပိုင်းအခြေအနေနဲ့ ကျွန်မတို့ မသိမမြင် မဖတ်ဖူးသေးသော သမီးတော်များအကြောင်း၊ မြေးတော်များမြစ်တော်များ အကြောင်းပါ သိလာပါတယ်။

ဆရာဝင်းငြိမ်းဘာသာပြန်တာကို ဆရာမောင်သန်းဆွေ (ထားဝယ်) နှင့် ကနောင်မင်းသားကြီးမြစ်တော် သူ၏ခင်ပွန်းဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန (ငြိမ်း) တို့က ကူညီကြီးကြပ်ပေးပါတယ်။ မူရင်းစာရေးသူ (၇) နှစ်ကြာ သုတေသနလုပ်ပြီး ရေးဖွဲ့ထားခြင်းဖြစ်တယ်။ သူ့သဘောနှင့်သူ ရေးသားထားခြင်းမဟုတ်ပဲ သူ့စာကြောင်းတစ်ကြောင်းတိုင်း အကိုးအကားအပြည့်အစုံရှိပါတယ်။

ပထမသမီးတော်အကြောင်းဖတ်ရတာ ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ သမိုင်းဆိုတာ လုပ်ယူလို့ မရသလို ပြောင်းလဲလို့လဲ မရဘူး။ သမိုင်းကို ကျွန်မတို့ မသိမကြုံဘူးတဲ့ အကြောင်းအရာတွေ ဗဟုသုတအနေနဲ့ ဖတ်ရပါမယ်။ ဒေါက်တာသန်းထွန်းပြောသလို မအအောင်လည်း ဖတ်ရပါတယ်။ သင်ခန်းစာယူဖို့ ဖတ်ရပါမယ်။ ထိုမှတပါး ကံနည်း၊ ဉာဏ်နည်းရှာသူ ပထမသမီးတော်အကြောင်းကိုလည်း စာနာစိတ်လေးနဲ့ ဖတ်စေချင်ပါတယ်။

ပထမသမီးတော်ဟာ ၁၈၈၆ ခုနှစ်မှာ ရတနာဂီရိကို ရောက်လာခဲ့ပြီး ၁၉၄၇ ခုနှစ် ဇွန်လ ၃ ရက်နေ့ အသက် ၆၇ နှစ်မှာ ကံတော်ကုန်ခဲ့တယ်။ ၁၉၂၀ ခုနှစ်မှာ မယ်တော်စုဖုရားလတ်၊ တတိယသမီးတော်၊ စတုတ္ထသမီးတော်တို့နှင့်အတူ မြန်မာပြည်ကို တစ်နှစ်ပြန်ခဲ့တာကလွဲလို့ သူ့ဘဝတစ်လျှောက်လုံး ရတနာဂီရိမှာပဲ ကုန်ဆုံးခဲ့တယ်။

ပထမသမီးတော်ဟာ ခမည်းတော်၊ မယ်တော်တို့နဲ့ ရတနာဂီရိစံအိမ်တော်မှာ စံနေစဉ်ကတည်းက အိမ်တော်တံခါးစောင့် ဂိုပါးလ်နှင့်ရနေပြီး သမီးလေးတုတုရနေပြီဖြစ်တယ်။ မြန်မာပြည်ကိုပြန်တော့ တုတုက ၁၂ နှစ်သမီးရှိနေပြီး ဘိုးတော်သီပေါမင်းကို ကောင်းစွာမီလျက် အဖိုးရဲ့အချစ်တော် မြေးလည်းဖြစ်တယ်။

ပထမသမီးတော်မြန်မာပြည်ကို ခေတ္တသာပြန်လာပြီး ရတနာဂီရိကို ပြန်သွားလိုတဲ့ ဆန္ဒကတော့ ဂိုပါလ်းက ပြန်လာဖို့ခေါ်တာကတစ်ကြောင်း မြန်မာပြည်မှာသူဟာ အမျိုးဘာသာမတူတဲ့သူနဲ့ လက်ဆက်ထားလို့ အသိုင်းအဝိုင်းမှာ မျက်နှာမလှတော့ မနေလိုပဲ သူကြီးပြင်းကျဉ်လည်ရာ ရတနာဂီရိမှာပဲနေမယ်လို့ ဆုံးဖြတ်ထားတယ်။

ဗြိတိသျှအစိုးရက ရတနာဂီရိကိုပြန်ရင် တော်ဝင်မင်းသမီးဘဝကို စွန့်လွှတ်ရမယ်။ သာမန်အရပ်သူလိုပဲ နေထိုင်ရမယ်ပြောတာ သိရက်နဲ့ ရန်ကုန်မြို့မှာ မင်းသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း လက်မှတ်ရေး ထိုးလိုက်တယ်။ သူကဂိုပါလ်းရဲ့အချစ်ကိုယုံကြည်သလို သူငယ်ငယ်လေးထဲက နေထိုင်ခဲ့ရတဲ့ ရတနာဂီရိမှာနေမှ စိတ်ရောကိုယ်ပါ လုံခြုံလိမ့်မယ်လို့ ယုံကြည်တယ်။

ဒါပေမယ့် သူထင်သလို မဖြစ်ပါဘူး။ ဂိုပါလ်းက သမီးတော်ပြန်လာရင် အိမ်တစ်လုံးသီးသန့် ငှားပေးမယ်ဆိုလို့ ပြန်လာတာ အိမ်ကသူငယ်ငယ်က နေထိုင်ခဲ့တဲ့ စံအိမ်တော်လိုမျိုး မျှော်လင့်ခဲ့ပေမယ့် အိမ်သေးသေးလေး တစ်လုံးသာဖြစ်တယ်။ ခမည်းတော်သီပေါဘုရင် မြုပ်နှံထားတဲ့ ဂူသင်္ချိုင်းနှင့် မဝေးလှတဲ့နေရာမှာ ရှိတယ်။

အင်္ဂလိပ်အစိုးရက ပထမသမီးတော်ကို ရူးပီး ၂၀၀ ထောက်ပံ့ကြေးပေးတယ်။ ရတနာဂီရိနေရာမျိုးမှာ ရူးပီး ၂၀၀ က သင့်တင့်အောင် သုံးစွဲနိုင်ပေမယ့် ငွေကြေးကို စနစ်တကျ မသုံးစွဲတတ်တော့ မလောက်မငှ ဖြစ်ရတယ်။ ဂိုပါးလ်က ပထမသမီးတော်ဆီက ပင်စင်ငွေကို လာရောက်ယူတတ်တာလည်း ပါတာပေါ့။

အိမ်ငှားခကိုလည်း ပင်စင်ငွေမှ ပေးရတယ်။

ဂိုပါလ်းဟာ ဟိန္ဒူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံအတိုင်း ပထမသမီးတော်ကို တရားဝင်ယူထားခြင်း မရှိဘူး။ ဒါကြောင့် ရတနာဂီရိအသိုင်းအဝိုင်းမှာ ဝင်ဆန့်ခြင်း မရှိပါဘူး။

အင်္ဂလိပ်အစိုးရကလည်း တော်ဝင်မင်းသမီးအဖြစ် စွန့်လွှတ်ထားတဲ့ ပထမသမီးတော်ရဲ့ တရားဝင်အချက်အလက်များကို မှတ်တမ်းတင်ထားတာ မရှိဘူး။ သူဟာ ရတနာဂီရိမှာ သမီးလေးတုတုကို အဖော်ပြုပြီး နေရတယ်။ တုတုအိမ်ထောင်ပြုသွားတော့ တစ်ကိုယ်တည်း နေထိုင်တယ်။

ပထမသမီးတော်ဟာ ဗုဒ္ဓဘာသာဝင်ပီပီ ကံနှင့်ကံ၏အကျိုးတရားကို ယုံကြည်လက်ခံတယ်။ ယခုဘဝမှာ ကြုံတွေ့နေရသော ဒုက္ခများသည် ယခင်ဘဝက ဆိုးကျိုးများကို ပြန်လည်ခံစားနေရဖြစ်တယ်။ နောင်ဘဝ ကောင်းကျိုးချမ်းသာရဖို့ ဒီဘဝမှာပေးဆပ်ပြီး ဘာသာရေးကို ဦးစားပေး လုပ်ဆောင်နေတယ်။

နေ့စဉ် တရားရှုမှတ်ခြင်း၊ ပုတီးစိတ်ခြင်းတို့ ပြုလုပ်ပြီး ကောင်းမှုကုသိုလ်အတွက် စားသောက်ဖွယ်ရာများကို နှမြောတွန့်တိုစိတ်မရှိပဲ အမြဲပေးကမ်း လှူဒါန်းခဲ့တယ်။ တရားဓမ္မမှာ မွေ့လျှော်ပြီး အလှူအတန်းရက်ရောသော ပထမသမီးတော်ကို ရတနာဂီရိမြို့သူမြို့သားများက ချစ်ခင်နှစ်သက် ကရုဏာထားကြတယ်။

သို့သော် သမီးတော်ကို မည်သူမှ မေးမြန်းပြောဆိုခြင်းတော့ မပြုကြပေ။ ပထမသမီးတော်က လူမှုရေးနယ်ပယ်မှာ မည်သူနဲ့မျှ ထွေးရောယှက်တင် နေထိုင်တတ်တာ မရှိခြင်း။ ရတနာဂီရိပြည်သူများရဲ့ ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့် အကျွမ်းတဝင် မရှိတာတွေကြောင့် ပတ်ဝန်းကျင်မှာ အဆက်အစပ်မရှိတာဟာ မထူးဆန်းပါဘူး။

ဒီလိုနဲ့ ပထမသမီးတော်ဟာ သူ့ရဲ့လက်ကျန်သက်တမ်းများကို အထီးကျန်စွာ ဖြတ်သန်းပြီး ဘဝရဲ့နိဂုံး အဆုံးသတ်ချိန် ရောက်ရှိလာပါတယ်… ၁၉၄၇ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ကံတော်ကုန်သွားသော ပထမသမီးတော်ရဲ့ ဈာပနကို ဇွန်လ ၅ ရက်နေ့ မှာပြုလုပ်ပါတယ်။ ဈာပနအခန်းအနားကို ရတနာဂီရိ၏ အဓိကလမ်းမကြီးမှ မီးသင်္ဂြိုလ်မည့် နေရာသို့ သယ်ဆောင်လာတယ်။

ပထမသမီးတော်ရဲ့ တစ်ဦးတည်းသောသမီး တုတုက ပူဆွေးသောက ရောက်နေရှာတယ်။ မူဆလင်အဖွဲ့အစည်း၏ ဥက္ကဌက ရုပ်အလောင်းကို ပန်းများဖြင့် ဖုံးလွှမ်းပေးတယ်။ ရတနာဂီရိရှိ ကုန်သည်များ၊ အဖွဲ့အစည်းများက လိုက်ပါပို့ဆောင်ကြတယ်။ ဒိစကြိတ်ပုလိပ်အဖွဲ့က ဂုဏ်ပြုတပ်ဖွဲ့နှင့် ဂုဏ်ပြုပေးတယ်။

တရားသူကြီးနှင့် မြို့မျက်နှာဖုံးတို့က ဝမ်းနည်းစကား ပြောကြတယ်။ ပုလိပ်တပ်ဖွဲ့က ဘင်ခရာနှင့်တီးခတ်ပေးပြီး ဂုဏ်ပြုသည့်အနေနဲ့ သေနတ်ပစ်ဖောက်ပေးခဲ့တယ်။ အိန္ဒယအစိုးရက ရူပီး ၅၀၀၀ ကုန်ကျခံကာ ပထမသမီးတော်အတွက် အုတ်ပြသာဒ်ကို ခမည်းတော်သီပေါဘုရင်၏ ဂူပြသာဒ်နံဘေးမှာ တည်ဆောက်ပေးခဲ့တယ်။

ဂူပြသာဒ်မှာ အရိုးပြာထည့်ရန် အပေါက်ငယ်လေးဖောက်ထားပေမယ့် အထဲမှာအရိုးပြာအိုးက ရှိမနေခဲ့ပါဘူး။ ပထမသမီးတော်ရဲ့အရိုးပြာအိုးကို မြန်မာပြည်ကို ပြန်ပို့ပေးရမလား။ ဂူအတွင်းမှာပဲ မြုပ်နှံရမလား အပြီးသတ် မဆုံးဖြတ်ရသေးခင် သစ်သားသေတ္တာထဲ ထည့်ထားသော အရိုးပြာအိုးကို ရတနာဂီရိငွေတိုက်မှာ ထိမ်းသိမ်းထားခဲ့တယ်။

နောက်တော့ ပထမသမီးတော်ရဲ့ အရိုးပြာအိုးဟာ ပျောက်ဆုံးသွားတယ်။ အဲဒီအချိန်က အိန္ဒိယနိုင်ငံမှာရော မြန်မာနိုင်ငံပါ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေချိန်ဖြစ်လို့ အရိုးပြာအိုးပျောက်ဆုံးသွားတာ မှေးမှိန်သွားတယ်။ ဝမ်းနည်းစရာကောင်းတာက ပထမသမီးတော်ဟာ ကွယ်လွန်ပြီးချိန်အထိ ကံဆိုးလျက်ရှိနေတာပါပဲ။

credit to writer

Be the first to comment

Leave a Reply

Your email address will not be published.


*