“မသာစ ေဆာင္၊ ေက်ာင္းစ ေရွာင္” ဆို႐ိုးစကား အဓိပၸါယ္

“မသာစ ေဆာင္…ေက်ာင္းစ ေရွာင္”ဟူ ေသာ ေရွးဆို႐ိုး ဆုံးမစကား ရွိ၏ ။

” မသာစ ေဆာင္ ” ဆိုသည္မွာ နာေရး အသုဘတို႔၌ ေဝငွသည့္ သံေဝဂ လကၤာမ်ား ပါေသာ ယပ္ေတာင္တို႔ကို ေဆာင္ထားျခင္းျဖင့္ ထိုယပ္ေတာင္ကို ျမင္တိုင္း… ထိုသံေဝဂ လကၤာတို႔ကို ဖတ္မိတိုင္း…”

ငါလည္း… တစ္ေန႔ .. ေသရအုံးမွာ ပါလား”ဟု မၿမဲျခင္း / ဆင္းရဲျခင္း / အစိုးမရျခင္း သေဘာတို႔ကို ဆင္ျခင္၍ သံေဝဂဉာဏ္ ျဖစ္ႏိုင္ေသာေၾကာင့္တည္း ။

“ ေက်ာင္းစ ေရွာင္ ” ဆိုသည္မွာ လူတို႔သည္ သံဃာေတာ္မ်ား ထံမွ သြားတိုက္ေဆး /တံ ၊ ဆပ္ျပာခဲ/မႈန႔္ ၊ မ်က္ႏွာသုတ္ ပဝါ စသည္တို႔ကို ရတတ္၏။ ထို ပစၥည္းမ်ားသည္ စြန႔္ႀကဲေသာ ရဟန္းတစ္ပါးတည္းသာ ပိုင္ဆိုင္သည့္ ပုဂၢလိက ပစၥည္းမ်ားျဖစ္ပါက အေၾကာင္း မဟုတ္ေသာ္လည္း…

သံဃိကဂ႐ုဘဏ္ ပစၥည္းျဖစ္ပါက ကိုယ္က်ိဳး နည္းကာ ဆိုးက်ိဳးမ်ားစြာ ျဖစ္ႏိုင္၏ ။

ထိုသံဃိကဂ႐ုဘဏ္ ပစၥည္းမ်ားကို အသုံးျပဳမိတိုင္း….. သံေတြခဲ , မီးက်ီးခဲ , အဆိပ္သီးမ်ားကို စားေသာက္ ရသကဲ့သို႔ ျဖစ္ရ၏။”

ဟ… ငါတို႔ဘုန္းႀကီးက ေက်ာင္းထိုင္ ဆရာေတာ္ေလ သူကိုယ္တိုင္ စြန႔္လို႔ ယူတာ ဘာအျပစ္ ျဖစ္ရမွာတုန္း ” ဟုေျပာဆိုၾကသူမ်ား ရွိၾက၏ ။

“ေက်ာင္းထိုင္ ဘုန္းႀကီး ျဖစ္ေနပါေစ” သာသနာပိုင္ ဆရာေတာ္ႀကီးျဖစ္ေနပါေစ သံဃနာယကဥကၠ႒ ဆရာေတာ္ႀကီး ျဖစ္ေနပါေစ..။

“သံဃိကဂ႐ုဘ႑ာ” ပစၥည္းမ်ားကို .. မိမိ သေဘာထား ဆႏၵအတိုင္း ေပးလို႔မရ ။ စြန႔္လို႔မရ ။ ေဝဘန္ ခြဲျခမ္းလို႔မရ ။

အဘယ့္ေၾကာင့္နည္း…? “မစြန႔္အပ္ / မေဝဘန္အပ္ေသာ သံဃိကဂ႐ုဘဏ္ ပစၥည္းတို႔သည္ ဝိနယပိဋကတ္၌ ပါရွိျခင္းေၾကာင့္တည္း……။

“ထိုပစၥည္းတို႔မွာ – ၁။ အာရာမ – အရံ။ ၂။ အာရာမဝတၳဳ – အရံေနရာ။ ၃။ ဝိဟာရ – ေက်ာင္းတိုက္။ ၄။ ဝိဟာရဝတၳဳ – ေက်ာင္းတိုက္ေနရာ။

၅။ မၪၥ – ေညာင္ေစာင္း။ ၆။ ပီဌ – အင္းပ်ဥ္။ ၇။ ဘိသိ – ဘုံလ်ိဳ။ ၈။ ဗိေဗၺာဟန – ေခါင္းအုံး။ ၉။ ေလာဟကုမၻီ – ေၾကးအိုး။ ၁၀။ ေလာဟဘာဏက – ေၾကးအိုးစရည္း။

၁၁။ ေလာဟဝါတက။ ၁၂။ ေလာဟကဋာဟ – ေၾကးဖ်ဥ္းအိုး။ ၁၃။ ဝါသိ – ပဲခြပ္ (တံစဥ္း)။ ၁၄။ ဖရသု – ပုဆိန္။ ၁၅။ ကုဓာရီ – ဓားမ။ ၁၆။ ကုဒါလ – ေပါက္တူး။

၁၇။နိဒါဒနံ – ေဆာက္။ ၁၈။ဝလႅိ – ႏြယ္ပင္။ ၁၉။ေဝဠဳ – ဝါးပင္။ ၂၀။ မုၪၨ – ျဖဴဆံျမက္ပင္။ ၂၁။ပဗၺဇ – ၿပိတ္ျမက္ပင္။ ၂၂။တိဏ – ႂကြင္းေသာျမက္။

၂၃။မတၱိကာ – ေျမညက္။ ၂၄။ဒါ႐ုဘ႑ာ – သစ္ဘ႑ာ။ ၂၅။မတၱိကာဘ႑ – ေျမဘ႑ာ။“ ဤသို႔ (၂၅ )ခု သ႐ုပ္ျပဳ ေသာ္လည္း ဆိုင္ရာတစ္ခုခ်င္းကို ထပ္စိပ္ေသာ္ အေျမာက္အမ်ားရ၏။

ထို႔ေၾကာင့္… သံဃိကဂ႐ုဘ႑ာ(၂၅) မ်ိဳး၌ အက်ဳံးဝင္ သည့္ ဘုန္းႀကီးေက်ာင္းဝန္း အတြင္း၌ ခေရပန္း ေကာက္ျခင္း ၊ ေခြးေတာက္႐ြက္ခူးျခင္း ၊ သရက္သီးခူးျခင္း ၊ ပန္းကန္ခြက္ ေယာက္မ်ားကို ယူျခင္း ၊ ေပါက္တူး ပုဆိန္ စသည္တို႔ကို ယူျခင္းစေသာ သံဃိက ပစၥည္းဟူသမွ် တို႔ကို အထူးသတိထား၍ ေရွာင္ၾကဥ္ထိုက္၏။

“အဘယ္ေၾကာင့္ ဆိုေသာ္… သံဃိက ပစၥည္း မွန္ပါက သူခိုးတစ္ေယာက္က ခိုးယူသြားၿပီး ထိုသူခိုးက တျခားသူ ထံျပန္ေရာင္း စသည္ျဖင့္ ပိုင္ရွင္ အဆက္ဆက္ ေျပာင္းသြားေသာ္လည္း သံဃိက ပစၥည္းမွန္သမွ် သံဃိကပစၥည္း အျဖစ္၌သာ တည္ေနေသာေၾကာင့္ျဖစ္၏ ။

“သံဃိကပစၥည္း အျဖစ္၌ တည္ေနပါက အသုံးျပဳမိၾကေသာ သူတို႔သည္ သံေတြခဲ… မီးက်ီးခဲ … အဆိပ္သီး တို႔ကို မ်ိဳခ်ကာ စားရသကဲ့သို႔ ျဖစ္ေတာ့၏။

ထိုထို အေၾကာင္းျဖစ္ရပ္တို႔ေၾကာင့္ -” ေက်ာင္းစ ေရွာင္ ” ဟူေသာ ေရွးသူေတာ္ေကာင္းတို႔၏ ဆုံးမစကားကို လိုက္နာ ေဆာင္႐ြက္သင့္ေပ၏ ။

“အထူး အားျဖင့္ သာသနာ့ေျမ သံဃိကေျမမ်ားကို ငါပိုင္တယ္ ငါတို႔ ဘုန္း ႀကီးပိုင္တယ္ ငါတို႔ေဆြမ်ိဳး ဘုန္းႀကီး ပိုင္တယ္ဟု ေျပာဆို အလြဲသုံးစားျပဳကာ ေရာင္းခ်/ ငွားရမ္း ေနၾကသူမ်ား အထူး သတိျပဳေစလိုပါသည္ ။

(သံဃိကပစၥည္း အလြဲသုံးစားမႈမ်ားသည္ ဗုဒၶဘာသာျမန္မာတို႔အတြက္ ကပ္သဖြယ္ ဆင္းရဲရျခင္း အေၾကာင္းတစ္ခုျဖစ္ႏိုင္၏) သစၥာဓမၼ ျမင္ႏိုင္ၾကပါေစ..။

Credit

Unicode

“မသာစ ဆောင်၊ ကျောင်းစ ရှောင်” ဆိုရိုးစကား အဓိပ္ပါယ်

“မသာစ ဆောင်…ကျောင်းစ ရှောင်”ဟူ သော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။

” မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂ လင်္ကာများ ပါသော ယပ်တောင်တို့ကို ဆောင်ထားခြင်းဖြင့် ထိုယပ်တောင်ကို မြင်တိုင်း… ထိုသံဝေဂ လင်္ကာတို့ကို ဖတ်မိတိုင်း…”

ငါလည်း… တစ်နေ့ .. သေရအုံးမှာ ပါလား”ဟု မမြဲခြင်း / ဆင်းရဲခြင်း / အစိုးမရခြင်း သဘောတို့ကို ဆင်ခြင်၍ သံဝေဂဉာဏ် ဖြစ်နိုင်သောကြောင့်တည်း ။

“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး /တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ် ပဝါ စသည်တို့ကို ရတတ်၏။ ထို ပစ္စည်းများသည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်းသာ ပိုင်ဆိုင်သည့် ပုဂ္ဂလိက ပစ္စည်းများဖြစ်ပါက အကြောင်း မဟုတ်သော်လည်း…

သံဃိကဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုး နည်းကာ ဆိုးကျိုးများစွာ ဖြစ်နိုင်၏ ။

ထိုသံဃိကဂရုဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း….. သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့သို့ ဖြစ်ရ၏။”

ဟ… ငါတို့ဘုန်းကြီးက ကျောင်းထိုင် ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ ယူတာ ဘာအပြစ် ဖြစ်ရမှာတုန်း ” ဟုပြောဆိုကြသူများ ရှိကြ၏ ။

“ကျောင်းထိုင် ဘုန်းကြီး ဖြစ်နေပါစေ” သာသနာပိုင် ဆရာတော်ကြီးဖြစ်နေပါစေ သံဃနာယကဥက္ကဋ္ဌ ဆရာတော်ကြီး ဖြစ်နေပါစေ..။

“သံဃိကဂရုဘဏ္ဍာ” ပစ္စည်းများကို .. မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။ ဝေဘန် ခွဲခြမ်းလို့မရ ။

အဘယ့်ကြောင့်နည်း…? “မစွန့်အပ် / မဝေဘန်အပ်သော သံဃိကဂရုဘဏ် ပစ္စည်းတို့သည် ဝိနယပိဋကတ်၌ ပါရှိခြင်းကြောင့်တည်း……။

“ထိုပစ္စည်းတို့မှာ – ၁။ အာရာမ – အရံ။ ၂။ အာရာမဝတ္ထု – အရံနေရာ။ ၃။ ဝိဟာရ – ကျောင်းတိုက်။ ၄။ ဝိဟာရဝတ္ထု – ကျောင်းတိုက်နေရာ။

၅။ မဉ္စ – ညောင်စောင်း။ ၆။ ပီဌ – အင်းပျဉ်။ ၇။ ဘိသိ – ဘုံလျို။ ၈။ ဗိဗ္ဗောဟန – ခေါင်းအုံး။ ၉။ လောဟကုမ္ဘီ – ကြေးအိုး။ ၁၀။ လောဟဘာဏက – ကြေးအိုးစရည်း။

၁၁။ လောဟဝါတက။ ၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး။ ၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)။ ၁၄။ ဖရသု – ပုဆိန်။ ၁၅။ ကုဓာရီ – ဓားမ။ ၁၆။ ကုဒါလ – ပေါက်တူး။

၁၇။နိဒါဒနံ – ဆောက်။ ၁၈။ဝလ္လိ – နွယ်ပင်။ ၁၉။ဝေဠု – ဝါးပင်။ ၂၀။ မုဉ္ဇ – ဖြူဆံမြက်ပင်။ ၂၁။ပဗ္ဗဇ – ပြိတ်မြက်ပင်။ ၂၂။တိဏ – ကြွင်းသောမြက်။

၂၃။မတ္တိကာ – မြေညက်။ ၂၄။ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ။ ၂၅။မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။“ ဤသို့ (၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာတစ်ခုချင်းကို ထပ်စိပ်သော် အမြောက်အများရ၏။

ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊ သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန် စသည်တို့ကို ယူခြင်းစသော သံဃိက ပစ္စည်းဟူသမျှ တို့ကို အထူးသတိထား၍ ရှောင်ကြဉ်ထိုက်၏။

“အဘယ်ကြောင့် ဆိုသော်… သံဃိက ပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံပြန်ရောင်း စသည်ဖြင့် ပိုင်ရှင် အဆက်ဆက် ပြောင်းသွားသော်လည်း သံဃိက ပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။

“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့သို့ ဖြစ်တော့၏။

ထိုထို အကြောင်းဖြစ်ရပ်တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော်ကောင်းတို့၏ ဆုံးမစကားကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။

“အထူး အားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ်ဟု ပြောဆို အလွဲသုံးစားပြုကာ ရောင်းချ/ ငှားရမ်း နေကြသူများ အထူး သတိပြုစေလိုပါသည် ။

(သံဃိကပစ္စည်း အလွဲသုံးစားမှုများသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏) သစ္စာဓမ္မ မြင်နိုင်ကြပါစေ..။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*