အရာရာတိုင္းဟာ ေကာင္းဖို႔ ျဖစ္လာရတာပါ

တခါတုန္းက ဘုရင္ႀကီးတပါးရဲ႕ အတိုင္ပင္ခံ အမတ္ႀကီး တပါးဟာ အင္မတန္မွ အေကာင္းျမင္ တတ္သတဲ့ ။ ဘုရင္ႀကီး တခုခု တိုင္ပင္လိုက္တိုင္း အေကာင္းျမင္တဲ့ ဘက္ကေနပဲ ေဆြးေႏြးပါ သတဲ့ ။

အေကာင္းျမင္ အျပဳသေဘာ ေဆြးေႏြးေတာ့ ေတာ္႐ုံ အျပစ္ေတြေတာင္ အျပဳသေဘာ ေဆာင္ၿပီး တဦးနဲ႔တဦး ခ်စ္ခ်စ္ခင္ခင္ စည္းစည္းလုံးလုံးနဲ႔ ျပႆနာေတြကို ေပ်ာ္႐ႊင္စြာ ေျဖရွင္းႏိုင္ခဲ့တာ ခ်ည္းပါပဲတဲ့ ။ တေန႔ေတာ့ ဘုရင္ႀကီးရဲ႕ လက္မမွာ ျပည္တည္နာႀကီး ေပါက္လာသတဲ့ ။ အတိုင္ပင္ခံႀကီးကို ေခၚတိုင္ပင္ေတာ့..

” အရွင္ဘုရား စိတ္မပူပါနဲ႔ ေဆးလိမ္း ေဆးေသာက္ရင္ ေပ်ာက္သြားမွာပါ ။ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ေလွ်ာက္တင္သတဲ့ ။ အဲ့ဒီလိုနဲ႔ ဘုရင္ႀကီးရဲ႕ လက္ဟာ မသက္သာပဲ ျဖတ္လိုက္ရ ပါေတာ့တယ္ ။ ဒီလိုနဲ႔ အဂၤါ မစုံတဲ့ ဘုရင္ႀကီး ျဖစ္သြားေတာ့ တာေပါ့ ။

အဲဒီေတာ့ ဘုရင္ႀကီးလည္း စိတ္မသက္မသာ ျဖစ္ၿပီး အတိုင္ပင္ခံႀကီးနဲ႔ စိတ္ေျပလက္ေပ်ာက္ စကားေျပာဖို႔ ေခၚလိုက္ေတာ့ တာေပါ့ ။

အဲ့ဒီမွာ အတိုင္ပင္ခံႀကီးက ” ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ထပ္ၿပီး ေျဖသိမ့္ျပန္ေတာ့ ဘုရင္ႀကီးက စိတ္ဆိုးၿပီး အတိုင္ပင္ခံႀကီး ” ဒီေလာက္ေတာင္ ေကာင္းဖို႔ ျဖစ္လာရင္ ဆရာႀကီး ခဏေလာက္ အက်ဥ္းတိုက္ထဲ သြားေနခ်ည္ ” လို႔ ဆိုၿပီး အက်ဥ္း ခ်ထားလိုက္တယ္ ။

တစ္ရက္မွာေတာ့ ဘုရင္ႀကီးဟာ စိတ္အပန္းေျပေစဖို႔ အတြက္ ေတာကစား ထြက္ခဲ့တယ္ ။

စိတ္နဲ႔ လူနဲ႔ သိပ္မကပ္တဲ့ ဘုရင္ႀကီးကိုယ္ရံေတာ္ေတြနဲ႔ ကြဲသြားၿပီး ယစ္ပူေဇာ္တဲ့ ဓေလ့ရွိတဲ့ လူမ်ိဳးစုေတြရဲ႕ ဖမ္းဆီးျခင္းကိုခံရၿပီး သူတို႔က ဘုရင္ႀကီးကို ယစ္ပူေဇာ္ဖို႔ လုပ္ၾကသတဲ့ ။

ဘုရင္ႀကီးလည္း ျပည္တည္နာ ေပါက္ကတည္းက ၿဂိဳလ္ဆိုး ဝင္ခဲ့တာ ခုဆို ေသရမယ့္ အဆင့္ထိေတာင္ ေရာက္လာပါလား လို႔ ေတြးရင္း စိတ္ဆင္းရဲေန တာေပါ့ ။

ယစ္ပူေဇာ္ဖို႔ ဘုရင္ႀကီးကို ေရခ်ိဳး အေမႊးနံသာ လိမ္းေပးခ်ိန္မွာ ဘုရင္ႀကီးရဲ႕ လက္မ ျပတ္ေနတာကို ေတြ႕သြားၾကသတဲ့ ။ ဒီေတာ့ အဂၤါ မစုံတဲ့သူနဲ႔ ယစ္ပူေဇာ္လို႔ မရတာေၾကာင့္ ဘုရင္ႀကီးကို ျပန္လႊတ္ေပးလိုက္ ၾကတယ္ ။

ဒီေတာ့မွ ဘုရင္ႀကီးဟာ ” ဝိုး.. ေကာင္းဖို႔ ျဖစ္လာတာ.. ေကာင္းဖို႔ျဖစ္လာတာ ” ဆိုၿပီး.. ေပ်ာ္႐ႊင္စြာနဲ႔ နန္းေတာ္ကို ျပန္လာခဲ့တယ္ ။ နန္းေတာ္ကို ေရာက္ေရာက္ခ်င္းပဲ ဆရာႀကီးကို အက်ဥ္း တိုက္က လႊတ္ေစၿပီး ခစားခိုင္းသတဲ့ ။

” ဆရာႀကီး ခင္ဗ်ား ေျပာတာ မွန္တယ္ဗ်ာ ။ က်ေနာ့္အတြက္ ေကာင္းဖို႔ ျဖစ္လာတာဗ် ။

ဒါေပမဲ့ ခင္ဗ်ား အတြက္ေတာ့ အက်ဥ္းက်ၿပီး အေနဆင္းရဲ အစားဆင္းရဲ ျဖစ္သြားတယ္ဗ်ာ အဲဒီအတြက္ စိတ္မေကာင္းပါဘူး ” ဆရာႀကီးလို႔ ေျပာလိုက္တယ္ ။

ဆရာႀကီးက ၿပဳံးၿပဳံးႀကီးနဲ႔ ” က်ေနာ္မ်ိဳး အတြက္လည္း ေကာင္းဖို႔ ျဖစ္ခဲ့တာပါ ဘုရားတဲ့ ။

တကယ္လို႔ က်ေနာ္မ်ိဳးသာ အက်ဥ္းမက်ရင္ မင္းႀကီးနဲ႔ တူတူ လိုက္ရမွာမို႔ အဖမ္းခံ ရတဲ့အခါ ဘုရင္နဲ႔ က်ေနာ္ ႏွစ္ဦး ဖမ္းခံရမွာပါ ။ ”

” ဒီအခ်ိန္မွာ အဂၤါစုံသူ က်ေနာ္ဟာ ကိုယ္စား ယစ္ပူေဇာ္ ခံရၿပီး အသက္နဲ႔ ကိုယ္ အိုးစားကြဲမွာပါ ဘုရား.. ။ အခုေတာ့ အက်ဥ္းတိုက္ထဲမွာ အနားရလို႔ ေကာင္းဖို႔ ျဖစ္လာတာပါ ဘုရား ” လို႔ ေလ်ာက္ေလတယ္ ။

ဘုရင္ႀကီးကလည္း ေကာင္းပါေလ့ ဆရာႀကီးရယ္ လို႔ ေျပာၿပီး တဟားဟားနဲ႔ အားရပါးရ ရီၾကပါသတဲ့ ။

က်ေနာ္တို႔ရဲ႕ ဘဝမွာလည္း တခါတရံ အခက္အခဲေလးေတြ အတိုက္အခိုက္ေလးေတြ ႀကဳံေတြ႕လာရတဲ့အခါ လူေတာ္ေတာ္ မ်ားမ်ားက စိတ္ပ်က္ ညီးညဴတတ္ ၾကတယ္ ။

အမွန္ေတာ့ အဲဒီ အခက္အခဲေတြ အတိုက္အခိုက္ေတြ ဆိုတာ ေနာင္တခ်ိန္ အရာရာအတြက္ ေကာင္းဖို႔ျဖစ္လာတာပါပဲ ။

ဒါ့ေၾကာင့္ မိတ္ေဆြတို႔ ဘဝမွာ ဘယ္လို အခက္အခဲနဲ႔ပဲ ႀကဳံႀကဳံ ၊ ဘယ္လို အတိုက္အခိုက္ပဲ ႀကဳံႀကဳံ ေကာင္းဖို႔ ျဖစ္လာတာလို႔ စိတ္ထဲမွာ မွတ္ပါ ။ ခုလည္းပဲ ဒီစာကို ဖတ္ျဖစ္သြားတာဟာ မိတ္ေဆြ အတြက္ ေကာင္းဖို႔ ျဖစ္လာတာပါခင္ဗ် ။
credit

Unicode

အရာရာတိုင်းဟာ ကောင်းဖို့ ဖြစ်လာရတာပါ

တခါတုန်းက ဘုရင်ကြီးတပါးရဲ့ အတိုင်ပင်ခံ အမတ်ကြီး တပါးဟာ အင်မတန်မှ အကောင်းမြင် တတ်သတဲ့ ။ ဘုရင်ကြီး တခုခု တိုင်ပင်လိုက်တိုင်း အကောင်းမြင်တဲ့ ဘက်ကနေပဲ ဆွေးနွေးပါ သတဲ့ ။

အကောင်းမြင် အပြုသဘော ဆွေးနွေးတော့ တော်ရုံ အပြစ်တွေတောင် အပြုသဘော ဆောင်ပြီး တဦးနဲ့တဦး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ပြဿနာတွေကို ပျော်ရွှင်စွာ ဖြေရှင်းနိုင်ခဲ့တာ ချည်းပါပဲတဲ့ ။ တနေ့တော့ ဘုရင်ကြီးရဲ့ လက်မမှာ ပြည်တည်နာကြီး ပေါက်လာသတဲ့ ။ အတိုင်ပင်ခံကြီးကို ခေါ်တိုင်ပင်တော့..

” အရှင်ဘုရား စိတ်မပူပါနဲ့ ဆေးလိမ်း ဆေးသောက်ရင် ပျောက်သွားမှာပါ ။ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ လျှောက်တင်သတဲ့ ။ အဲ့ဒီလိုနဲ့ ဘုရင်ကြီးရဲ့ လက်ဟာ မသက်သာပဲ ဖြတ်လိုက်ရ ပါတော့တယ် ။ ဒီလိုနဲ့ အင်္ဂါ မစုံတဲ့ ဘုရင်ကြီး ဖြစ်သွားတော့ တာပေါ့ ။

အဲဒီတော့ ဘုရင်ကြီးလည်း စိတ်မသက်မသာ ဖြစ်ပြီး အတိုင်ပင်ခံကြီးနဲ့ စိတ်ပြေလက်ပျောက် စကားပြောဖို့ ခေါ်လိုက်တော့ တာပေါ့ ။

အဲ့ဒီမှာ အတိုင်ပင်ခံကြီးက ” ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ ထပ်ပြီး ဖြေသိမ့်ပြန်တော့ ဘုရင်ကြီးက စိတ်ဆိုးပြီး အတိုင်ပင်ခံကြီး ” ဒီလောက်တောင် ကောင်းဖို့ ဖြစ်လာရင် ဆရာကြီး ခဏလောက် အကျဉ်းတိုက်ထဲ သွားနေချည် ” လို့ ဆိုပြီး အကျဉ်း ချထားလိုက်တယ် ။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ စိတ်အပန်းပြေစေဖို့ အတွက် တောကစား ထွက်ခဲ့တယ် ။

စိတ်နဲ့ လူနဲ့ သိပ်မကပ်တဲ့ ဘုရင်ကြီးကိုယ်ရံတော်တွေနဲ့ ကွဲသွားပြီး ယစ်ပူဇော်တဲ့ ဓလေ့ရှိတဲ့ လူမျိုးစုတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး သူတို့က ဘုရင်ကြီးကို ယစ်ပူဇော်ဖို့ လုပ်ကြသတဲ့ ။

ဘုရင်ကြီးလည်း ပြည်တည်နာ ပေါက်ကတည်းက ဂြိုလ်ဆိုး ဝင်ခဲ့တာ ခုဆို သေရမယ့် အဆင့်ထိတောင် ရောက်လာပါလား လို့ တွေးရင်း စိတ်ဆင်းရဲနေ တာပေါ့ ။

ယစ်ပူဇော်ဖို့ ဘုရင်ကြီးကို ရေချိုး အမွှေးနံသာ လိမ်းပေးချိန်မှာ ဘုရင်ကြီးရဲ့ လက်မ ပြတ်နေတာကို တွေ့သွားကြသတဲ့ ။ ဒီတော့ အင်္ဂါ မစုံတဲ့သူနဲ့ ယစ်ပူဇော်လို့ မရတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက် ကြတယ် ။

ဒီတော့မှ ဘုရင်ကြီးဟာ ” ဝိုး.. ကောင်းဖို့ ဖြစ်လာတာ.. ကောင်းဖို့ဖြစ်လာတာ ” ဆိုပြီး.. ပျော်ရွှင်စွာနဲ့ နန်းတော်ကို ပြန်လာခဲ့တယ် ။ နန်းတော်ကို ရောက်ရောက်ချင်းပဲ ဆရာကြီးကို အကျဉ်း တိုက်က လွှတ်စေပြီး ခစားခိုင်းသတဲ့ ။

” ဆရာကြီး ခင်ဗျား ပြောတာ မှန်တယ်ဗျာ ။ ကျနော့်အတွက် ကောင်းဖို့ ဖြစ်လာတာဗျ ။

ဒါပေမဲ့ ခင်ဗျား အတွက်တော့ အကျဉ်းကျပြီး အနေဆင်းရဲ အစားဆင်းရဲ ဖြစ်သွားတယ်ဗျာ အဲဒီအတွက် စိတ်မကောင်းပါဘူး ” ဆရာကြီးလို့ ပြောလိုက်တယ် ။

ဆရာကြီးက ပြုံးပြုံးကြီးနဲ့ ” ကျနော်မျိုး အတွက်လည်း ကောင်းဖို့ ဖြစ်ခဲ့တာပါ ဘုရားတဲ့ ။

တကယ်လို့ ကျနော်မျိုးသာ အကျဉ်းမကျရင် မင်းကြီးနဲ့ တူတူ လိုက်ရမှာမို့ အဖမ်းခံ ရတဲ့အခါ ဘုရင်နဲ့ ကျနော် နှစ်ဦး ဖမ်းခံရမှာပါ ။ ”

” ဒီအချိန်မှာ အင်္ဂါစုံသူ ကျနော်ဟာ ကိုယ်စား ယစ်ပူဇော် ခံရပြီး အသက်နဲ့ ကိုယ် အိုးစားကွဲမှာပါ ဘုရား.. ။ အခုတော့ အကျဉ်းတိုက်ထဲမှာ အနားရလို့ ကောင်းဖို့ ဖြစ်လာတာပါ ဘုရား ” လို့ လျောက်လေတယ် ။

ဘုရင်ကြီးကလည်း ကောင်းပါလေ့ ဆရာကြီးရယ် လို့ ပြောပြီး တဟားဟားနဲ့ အားရပါးရ ရီကြပါသတဲ့ ။

ကျနော်တို့ရဲ့ ဘဝမှာလည်း တခါတရံ အခက်အခဲလေးတွေ အတိုက်အခိုက်လေးတွေ ကြုံတွေ့လာရတဲ့အခါ လူတော်တော် များများက စိတ်ပျက် ညီးညူတတ် ကြတယ် ။

အမှန်တော့ အဲဒီ အခက်အခဲတွေ အတိုက်အခိုက်တွေ ဆိုတာ နောင်တချိန် အရာရာအတွက် ကောင်းဖို့ဖြစ်လာတာပါပဲ ။

ဒါ့ကြောင့် မိတ်ဆွေတို့ ဘဝမှာ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ ၊ ဘယ်လို အတိုက်အခိုက်ပဲ ကြုံကြုံ ကောင်းဖို့ ဖြစ်လာတာလို့ စိတ်ထဲမှာ မှတ်ပါ ။ ခုလည်းပဲ ဒီစာကို ဖတ်ဖြစ်သွားတာဟာ မိတ်ဆွေ အတွက် ကောင်းဖို့ ဖြစ်လာတာပါခင်ဗျ ။
credit

Be the first to comment

Leave a Reply

Your email address will not be published.


*