

25.4.2022




တနင်္သာရီတိုင်း။ မွန်ပြည်နယ်။ ကရင်ပြည်နယ်။ ကချင်ပြည်နယ်။ ရှမ်းပြည်နယ်။ ချင်းပြည်နယ်။ စစ်ကိုင်းတိုင်း။ ကယားပြည်နယ်။ ရခိုင်ပြည်နယ်




ကျေးဇူးပါ HtayAung

Credit

Unicode

အန္တရာယ်ကြီးနိုင်တဲ့ မိုးတိမ်တောင်ဖြစ်စဉ်တွေ 72နာရီ ‌အကျော်မှာ ဖြစ်လာနိုင်

25.4.2022
ကုန်းတွင်းဖိအားမြင့်ဧရိယာ ကျယ်ပြန့်လာခြင်း မြန်မာနိုင်ငံ အလယ်ပိုင်း အောက်ပိုင်းတွေ အပူချိန် မြင့်လာသောကြောင့် လေထုဖိအား ပိုမိုကျဆင်းလာခြင်း‌ နွေရာသီရဲ့ပူပြင်းတဲ့ နေရောင်ခြည်တွေက ပူနွေသောရေငွေ့ပါတဲ့ လေထုများအထက်သို့တတ်ခြင်း ဒီအကြောင်းအချက်တွေက မိုးတိမ်တောင်ဖြစ်လာဖို့ တအားများတယ်…

ကုန်းတွင်းဖိအားမြင့်တွေရဲ့ ခြောက်သွေ့အေးမြ သောလေ မြောက်ပြန်လေ တွေက စီးဝင်လာမယ်… ပူနွေသော လေထုက ပွပြီးအထက်သို့ တတ်ရင်း တိမ်ထုများစုဖွဲ့မိကာ မိုးတိမ်တောင်များ ဖြစ်လာမယ်…

ဒီအခြေအနေက 28.4.2022 နောက်ပိုင်းကနေ မေလအထိ ဒီဖြစ်စဉ်တွေ အဖြစ်များမယ်… လေတိုက်နှုန်းက အများဆုံး 40ကနေ 45mph ထိရှိနိုင်တယ် … တစ်ခါတစ်ရံ မိုးကြိုးပစ်ခြင်း လျှပ်စီးလက်ခြင်း မိုးထစ်ချုန်းရွာခြင်း စိုက်ဆင်းလေပြင်းများ တိုက်ခတ်လာနိုင်ပါတယ်။

တစ်ခါတစ်ရံ လေဆင်နှမောင်း ကဲ့သို့သော လေပြင်းများ တိုက်ခတ်တတ်သဖြစ် အလွန်အန္တရာယ်ရှိတဲ့
မိုးတိမ်တောင်ဖြစ်စဉ်များက ပူပြင်းသော ဒေသများတွင် ပြင်းထန်စွာ ဖြစ်ပေါ်တတ်ပါတယ်။

တနင်္သာရီတိုင်း။ မွန်ပြည်နယ်။ ကရင်ပြည်နယ်။ ကချင်ပြည်နယ်။ ရှမ်းပြည်နယ်။ ချင်းပြည်နယ်။ စစ်ကိုင်းတိုင်း။ ကယားပြည်နယ်။ ရခိုင်ပြည်နယ်

ပိုမို ပြင်းထန်နိုင်သော ဒေသများ

ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း မကွေးတိုင်း နေပြည်တော် မန္တလေးတိုင်း ဘက်တွင် ပြင်းထန်နိုင်သဖြစ် ကြိုတင် သိရှိစေရန် ကြိုတင် အသိပေးလိုက်ပါတယ်…

မေလပထမအပတ်အတွင်းမှာ တနိုင်ငံလုံး မိုးရရှိလာတော့မှာပါ…

ကျေးဇူးပါ HtayAung

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*