ကားတာယာကို ဆြဲႀကိဳးလို႔ ထင္ေနတဲ့ သမင္ ကို အရဖမ္းၿပီး ခြၽတ္ေပးခဲ့ရ

ကားတာယာကို ဆြဲႀကိဳးလို႔ ထင္ေနတဲ့ သမင္ ကို အရဖမ္းၿပီး ခြၽတ္ေပးခဲ့ရ

ေကာ္လိုရာဒိုက ေဘးမဲ့သစ္ေတာ ႀကိဳးဝိုင္းထဲမွာ ျဖစ္တဲ့ အျဖစ္အပ်က္ တစ္ခုပါ ။ ထူးေပ ဆန္းေပ ဆိုတာထက္ကို ပိုတယ္လို႔ ေျပာရမွာပါပဲ။ သစ္ေတာ္ႀကိဳးဝိုင္း အရာရွိေတြက သစ္ေတာထဲမွာ ေတာေကာင္ေတြကို ေစာင့္ေရွာက္ဖို႔အတြက္ စီစီတီဗီေတြ တပ္ထား ပါတယ္။

ဇူလိုင္လ အစပိုင္းေလာက္က သူတို႔ရဲ႕ စီစီတီဗီထဲမွာ ေပၚလာတဲ့ ပုံ တစ္ပုံေၾကာင့္ အားလုံး အံ့အား သင့္ခဲ့ရပါတယ္။ အဲ့ဒိပုံကေတာ့ သမင္တစ္ေကာင္က ကားတာယာ တစ္ခုကို စြတ္ထားၿပီး အစာစားကာ လမ္းေလွ်ာက္ သြားေနတဲ့ ပုံပါပဲ။

သစ္ေတာအရာရွိေတြက အဲ့ဒိသမင္မွာ ကားတာယာႀကီး လည္ပင္မွာ စြတ္ေနေတာ့ ေနရ ထိုင္ရ စားရ ေသာက္ရတာ အခက္အခဲ ျဖစ္မွာပဲ ဆိုၿပီး သနားသြားၾကပါတယ္။ အဲ့တာနဲ႔ ကင္မရာေတြမွာ ေပၚတဲ့ ပုံရပ္ကို လိုက္ၿပီး သမင္ကို ဖမ္းဖို႔ ႀကိဳးစားၾကပါတယ္။

အေျခအေန အခက္အခဲေၾကာင့္ တစ္လနီးပါးေလာက္ ၾကာသြားပါတယ္။ ေနာက္ဆုံးေတာ့ သူတို႔ေတြ ဇူလိုင္လကုန္ရက္ မတိုင္မီမွာပဲ အဲ့သမင္ကို သူတို႔ ဖမ္းမိသြား ၾကပါတယ္။ အဲ့ဒါနဲ႔ သူတို႔က သမင္ရဲ႕ လည္ပင္းမွာ ရွိတဲ့ ေမာ္ေတာ္ကား တာယာကို ခြၽတ္ေပး ႏိုင္ခဲ့ၾကပါတယ္။

အဲ့ဒိသူတို႔ရဲ႕ ႀကိဳးပမ္းမႈအတြက္ အားလုံး ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဒါေပမဲ့ သူတို႔ အေပ်ာ္က သိပ္ၾကာၾကာ မခံလိုက္ပါဘူး။ ေနာက္ ၂ရက္ေလာက္ အၾကာမွာ သူတို႔ရဲ႕ စီစီတီဗီမွာ သမင္တစ္ေကာင္က ေမာ္ေတာ္ကား တာယာ ကြင္းႀကီး လည္ပင္း စြတ္ထားတဲ့ပုံ ေပၚလာ ျပန္ပါတယ္။

ေတာေခါင္း ႐ုံးခန္းထဲမွာ တာဝန္က်ေနတဲ့ သစ္ေတာ အရာရွိေတြ ဘာေျပာလို႔ ေျပာရမွန္းေတာင္ မသိဘူး ျဖစ္သြားၾကပါတယ္။

ေမာ္ေတာ္ကား တာယာ စြတ္ထားတဲ့ သမင္က သူတို႔ လႊတ္ေပးလိုက္တဲ့ သမင္ဆိုတာကို သူတို႔ သိရတဲ့ အခ်ိန္မွာ သူတို႔အေနနဲ႔ အံ့အားသင့္႐ုံမွ တစ္ပါး ဘာမွ မတတ္ႏိုင္ေတာ့ပါဘူး။ သူတို႔မွာ ေတာ႐ိုင္းေတြနဲ႔ ပတ္သက္ၿပီး အေတြ႕အႀကဳံ ရွိပါတယ္။

အခ်ိဳ႕ အကာင္ေတြဆိုရင္ လည္းပင္မွာ ျဖစ္ျဖစ္ ဦးခ်ိဳမွာ ျဖစ္ျဖစ္ ခရစၥမတ္မွာ အလွဆင္တဲ့ မီးႀကိဳးေတြ ညႇိေနတာေတြကို ျဖဳတ္ေပးခဲ့ရပါတယ္။ အခ်ိဳ႕ ဆိုရင္ ဦးေခါင္းမွာ ေရအိုးစြတ္ ေနတာေတြ ေျခလက္ေတြမွာ ႀကိဳးေတြ ညႇိေနတာေတြကို ရွင္းေပးခဲ့ ရပါတယ္။

အမ်ားစုကေတာ့ သမင္ေတြနဲ႔ ေတာဝက္ေတြလို အေကာင္အလတ္စား အ႐ြယ္ရွိတဲ့ အေကာင္ေတြပါပဲ။ ဒါေပမဲ့ ဒီလို ၂ ခါျပန္ ကားတာယာ စြတ္တဲ့ အေကာင္မ်ိဳးကိုေတာ့ သူတို႔ မျမင္ဖူးခဲ့ၾကပါဘူး။ ဘာပဲျဖစ္ျဖစ္ ရေအာင္ ခြၽတ္ေပးရမယ္ ဆိုၿပီး အဲ့ဒိအေကာင္ကို ေနာက္တစ္ႀကိမ္ ဖမ္းက ခြၽတ္ေပးခဲ့ရပါတယ္။

video ၾကည့္ရန္

ေမာင္ယႆ, REF: UPI, photo : UPI

Unicode

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက်ဖို့အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။

ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။

သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ ကားတာယာကြီး လည်ပင်မှာ စွတ်နေတော့ နေရ ထိုင်ရ စားရ သောက်ရတာ အခက်အခဲ ဖြစ်မှာပဲ ဆိုပြီး သနားသွားကြပါတယ်။

အဲ့တာနဲ့ ကင်မရာတွေမှာ ပေါ်တဲ့ ပုံရပ်ကို လိုက်ပြီး သမင်ကို ဖမ်းဖို့ ကြိုးစားကြပါတယ်။

အခြေအနေ အခက်အခဲကြောင့် တစ်လနီးပါးလောက် ကြာသွားပါတယ်။ နောက်ဆုံးတော့ သူတို့တွေ ဇူလိုင်လကုန်ရက် မတိုင်မီမှာပဲ အဲ့သမင်ကို သူတို့ ဖမ်းမိသွား ကြပါတယ်။

အဲ့ဒါနဲ့ သူတို့က သမင်ရဲ့ လည်ပင်းမှာ ရှိတဲ့ မော်တော်ကား တာယာကို ချွတ်ပေး နိုင်ခဲ့ကြပါတယ်။

အဲ့ဒိသူတို့ရဲ့ ကြိုးပမ်းမှုအတွက် အားလုံး အောင်ပွဲခံခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ အပျော်က သိပ်ကြာကြာ မခံလိုက်ပါဘူး။

နောက် ၂ရက်လောက် အကြာမှာ သူတို့ရဲ့ စီစီတီဗီမှာ သမင်တစ်ကောင်က မော်တော်ကား တာယာ ကွင်းကြီး လည်ပင်း စွတ်ထားတဲ့ပုံ ပေါ်လာ ပြန်ပါတယ်။

တောခေါင်း ရုံးခန်းထဲမှာ တာဝန်ကျနေတဲ့ သစ်တော အရာရှိတွေ ဘာပြောလို့ ပြောရမှန်းတောင် မသိဘူး ဖြစ်သွားကြပါတယ်။

မော်တော်ကား တာယာ စွတ်ထားတဲ့ သမင်က သူတို့ လွှတ်ပေးလိုက်တဲ့ သမင်ဆိုတာကို သူတို့ သိရတဲ့ အချိန်မှာ သူတို့အနေနဲ့ အံ့အားသင့်ရုံမှ တစ်ပါး ဘာမှ မတတ်နိုင်တော့ပါဘူး။ သူတို့မှာ တောရိုင်းတွေနဲ့ ပတ်သက်ပြီး အတွေ့အကြုံ ရှိပါတယ်။

အချို့ အကာင်တွေဆိုရင် လည်းပင်မှာ ဖြစ်ဖြစ် ဦးချိုမှာ ဖြစ်ဖြစ် ခရစ္စမတ်မှာ အလှဆင်တဲ့ မီးကြိုးတွေ ညှိနေတာတွေကို ဖြုတ်ပေးခဲ့ရပါတယ်။

အချို့ ဆိုရင် ဦးခေါင်းမှာ ရေအိုးစွတ် နေတာတွေ ခြေလက်တွေမှာ ကြိုးတွေ ညှိနေတာတွေကို ရှင်းပေးခဲ့ ရပါတယ်။

အများစုကတော့ သမင်တွေနဲ့ တောဝက်တွေလို အကောင်အလတ်စား အရွယ်ရှိတဲ့ အကောင်တွေပါပဲ။ ဒါပေမဲ့ ဒီလို ၂ ခါပြန် ကားတာယာ စွတ်တဲ့ အကောင်မျိုးကိုတော့ သူတို့ မမြင်ဖူးခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ရအောင် ချွတ်ပေးရမယ် ဆိုပြီး အဲ့ဒိအကောင်ကို နောက်တစ်ကြိမ် ဖမ်းက ချွတ်ပေးခဲ့ရပါတယ်။

မောင်ယဿ, REF: UPI, photo : UPI

Be the first to comment

Leave a Reply

Your email address will not be published.


*