တခ်ိဳ႕က ေအာင္ျမင္ၾကၿပီး တခ်ိဳ႕က ဘာလို႔ မေအာင္ျမင္ၾကတာလဲ…….

တခ်ိဳ႕က ေအာင္ျမင္ၾကၿပီး တခ်ိဳ႕က ဘာလို႔ မေအာင္ျမင္ၾကတာလဲ…….

ေလာကမွာ လူနည္းစု တစ္ခ်ိဳ႕ကပဲ ေအာင္ျမင္ၾကၿပီး အမ်ားစုက မေအာင္ျမင္ၾကဘူး …. ။ ဘာေၾကာင့္လဲ? —–

ေအာင္ျမင္သူသည္ မိမိ ဘာကို အလိုရွိေၾကာင္း ေကာင္းစြာသိသည္။ အလိုရွိရာကို ရယူရန္ နည္းလမ္း အႀကံအစည္လည္း ရွိသည္။ မိမိ၌ ရယူႏိုင္စြမ္း ရွိသည္ဟုလည္း ယုံၾကည္သည္။ ၿပီးေတာ့ မိမိ ေန႔စဥ္ ဘဝ၏ အခ်ိန္ကာလ အမ်ားစုကို မိမိလိုရာ ရရွိေရး ကိစၥထဲမွာပဲ ႏွစ္ျမဳတ္ သုံးစြဲသည္ ။

မေအာင္ျမင္သူ၌ ဘဝ ရည္မွန္းခ်က္ တိတိက်က် မရွိ။ ေအာင္ျမင္မႈ မေအာင္ျမင္မႈ ဟူသည္ ကံအေၾကာင္း တရားသာ ျဖစ္သည္ဟု သူ ယုံၾကည္သည္။ ထို႔ေၾကာင့္ မလႊဲမေရွာင္သာသည့္ အခါမ်ိဳး မွတစ္ပါး ကိုယ္စြမ္းကိုယ္စ ထုတ္ေလ့မရွိ ။

တခ်ိဳ႕က ေအာင္ျမင္ၾကၿပီး တခ်ိဳ႕က ဘာလို႔ မေအာင္ျမင္ၾကတာလဲ…….

ေအာင္ျမင္သူသည္ စည္း႐ုံးေရးသမားေကာင္း ျဖစ္သည္။ မိမိ ပစၥည္း မိမိအလုပ္ကို အစြံထုတ္ ေရာင္းခ်တတ္သူ ျဖစ္သည္။ မိမိလုပ္ငန္း အစီအစဥ္တြင္ သူတစ္ပါးတို႔ အားတက္သေရာ ဝိုင္းဝန္း ပါဝင္လာေအာင္ စည္း႐ုံး သိမ္းသြင္း တတ္သူ ျဖစ္သည္။

မေအာင္ျမင္သူက အျပစ္ရွာသမား ျဖစ္သည္ ။ တစ္ဖက္သား ေစတနာပ်က္ေအာင္ လုပ္သူမ်ိဳး ျဖစ္သည္။ မိမိႏွင့္ဆက္ဆံရသူ မွန္သမွ်ထံ အဆိုးျမင္စိတ္ေတြ ကူးစက္ ပ်ံ႕ႏွံ႔ေအာင္ သူအားထုတ္ ေနတတ္သည္။

ေအာင္ျမင္သူသည္ စဥ္းစားၿပီးမွ စကားေျပာသူ ျဖစ္သည္။ သူ႔စကားလုံးေတြကို အလြန္ ခ်င့္ခ်ိန္သည္။ တစ္ဖက္လူမ်ားႏွင့္ ပတ္သက္၍ ႏွစ္သက္စရာ ခ်ီးက်ဴးစရာမ်ားကို အထူးဂ႐ုျပဳ ေဖာ္ထုတ္သည္။ မိမိ မႏွစ္သက္သည္ကို တတ္ႏိုင္သမွ် သိမ္းဆည္း သိုသိပ္သည္။ ေဝဖန္ ျပစ္တင္စကား မဆိုမိေအာင္ သတိထားသည္။

တခ်ိဳ႕က ေအာင္ျမင္ၾကၿပီး တခ်ိဳ႕က ဘာလို႔ မေအာင္ျမင္ၾကတာလဲ…….1

မေအာင္ျမင္သူက ၎ႏွင့္ ဆန႔္က်င္ဘက္။ မစဥ္းစား စကားေတြ ေျပာမည္။ သူ႔စကားေၾကာင့္ တစ္ဖက္လူ စိတ္ ထိခိုက္ရမည္။ မိမိကို မုန္းတီးေစမည္။ အဲ့သည္က ဆင့္ပြားလာသည့္ ဆိုးက်ိဳးေတြကို မိမိပင္ တစ္ေန႔ ခံစားရမည္။

ေအာင္ျမင္သူသည္ အေၾကာင္းကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ျပည့္စုံ လုံေလာက္စြာ သိရွိၿပီးသည့္ အခါမွသာ ယင္းတို႔ႏွင့္ စပ္လ်ဥ္းသည့္ မိမိအျမင္ကို သူတစ္ပါး ေရွ႕၌ က်ိဳးေၾကာင္း သင့္ျမတ္စြာ တင္ျပေျပာဆိုသည္။

မေအာင္ျမင္သူက ေသခ်ာစြာ စူးစမ္း ေလ့လာမႈ မျပဳဘဲ ေဝဖန္မည္။ မွတ္ခ်က္ ခ်မည္။ မိမိ လုံးဝ နားမလည္သည့္ ကိစၥကိုလည္း ဝင္ေရာက္ စြက္ဖက္ ေျပာဆိုမည္။

ေအာင္ျမင္သူသည္ အခ်ိန္ကိုလည္းေကာင္း ၊ ေငြကိုလည္းေကာင္း စနစ္တက် စီမံခန႔္ခြဲ သုံးစြဲသည္ ။

မေအာင္ျမင္သူကား အခ်ိန္ကို တန္ဖိုးမထား ။ ေငြကိုလည္း မေလးစား ။ ပစ္စလက္ခတ္ ပရမ္းပတာ ျဖဳန္းတီးပစ္ တတ္သည္ ။
credit to orginal writer

Unicode

တချို့က အောင်မြင်ကြပြီး တချို့က ဘာလို့ မအောင်မြင်ကြတာလဲ…….

လောကမှာ လူနည်းစု တစ်ချို့ကပဲ အောင်မြင်ကြပြီး အများစုက မအောင်မြင်ကြဘူး …. ။ ဘာကြောင့်လဲ? —–

အောင်မြင်သူသည် မိမိ ဘာကို အလိုရှိကြောင်း ကောင်းစွာသိသည်။ အလိုရှိရာကို ရယူရန် နည်းလမ်း အကြံအစည်လည်း ရှိသည်။ မိမိ၌ ရယူနိုင်စွမ်း ရှိသည်ဟုလည်း ယုံကြည်သည်။ ပြီးတော့ မိမိ နေ့စဉ် ဘဝ၏ အချိန်ကာလ အများစုကို မိမိလိုရာ ရရှိရေး ကိစ္စထဲမှာပဲ နှစ်မြုတ် သုံးစွဲသည် ။

မအောင်မြင်သူ၌ ဘဝ ရည်မှန်းချက် တိတိကျကျ မရှိ။ အောင်မြင်မှု မအောင်မြင်မှု ဟူသည် ကံအကြောင်း တရားသာ ဖြစ်သည်ဟု သူ ယုံကြည်သည်။ ထို့ကြောင့် မလွှဲမရှောင်သာသည့် အခါမျိုး မှတစ်ပါး ကိုယ်စွမ်းကိုယ်စ ထုတ်လေ့မရှိ ။

အောင်မြင်သူသည် စည်းရုံးရေးသမားကောင်း ဖြစ်သည်။ မိမိ ပစ္စည်း မိမိအလုပ်ကို အစွံထုတ် ရောင်းချတတ်သူ ဖြစ်သည်။ မိမိလုပ်ငန်း အစီအစဉ်တွင် သူတစ်ပါးတို့ အားတက်သရော ဝိုင်းဝန်း ပါဝင်လာအောင် စည်းရုံး သိမ်းသွင်း တတ်သူ ဖြစ်သည်။

မအောင်မြင်သူက အပြစ်ရှာသမား ဖြစ်သည် ။ တစ်ဖက်သား စေတနာပျက်အောင် လုပ်သူမျိုး ဖြစ်သည်။ မိမိနှင့်ဆက်ဆံရသူ မှန်သမျှထံ အဆိုးမြင်စိတ်တွေ ကူးစက် ပျံ့နှံ့အောင် သူအားထုတ် နေတတ်သည်။

အောင်မြင်သူသည် စဉ်းစားပြီးမှ စကားပြောသူ ဖြစ်သည်။ သူ့စကားလုံးတွေကို အလွန် ချင့်ချိန်သည်။ တစ်ဖက်လူများနှင့် ပတ်သက်၍ နှစ်သက်စရာ ချီးကျူးစရာများကို အထူးဂရုပြု ဖော်ထုတ်သည်။ မိမိ မနှစ်သက်သည်ကို တတ်နိုင်သမျှ သိမ်းဆည်း သိုသိပ်သည်။ ဝေဖန် ပြစ်တင်စကား မဆိုမိအောင် သတိထားသည်။

မအောင်မြင်သူက ၎င်းနှင့် ဆန့်ကျင်ဘက်။ မစဉ်းစား စကားတွေ ပြောမည်။ သူ့စကားကြောင့် တစ်ဖက်လူ စိတ် ထိခိုက်ရမည်။ မိမိကို မုန်းတီးစေမည်။ အဲ့သည်က ဆင့်ပွားလာသည့် ဆိုးကျိုးတွေကို မိမိပင် တစ်နေ့ ခံစားရမည်။

အောင်မြင်သူသည် အကြောင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည့်စုံ လုံလောက်စွာ သိရှိပြီးသည့် အခါမှသာ ယင်းတို့နှင့် စပ်လျဉ်းသည့် မိမိအမြင်ကို သူတစ်ပါး ရှေ့၌ ကျိုးကြောင်း သင့်မြတ်စွာ တင်ပြပြောဆိုသည်။

မအောင်မြင်သူက သေချာစွာ စူးစမ်း လေ့လာမှု မပြုဘဲ ဝေဖန်မည်။ မှတ်ချက် ချမည်။ မိမိ လုံးဝ နားမလည်သည့် ကိစ္စကိုလည်း ဝင်ရောက် စွက်ဖက် ပြောဆိုမည်။

အောင်မြင်သူသည် အချိန်ကိုလည်းကောင်း ၊ ငွေကိုလည်းကောင်း စနစ်တကျ စီမံခန့်ခွဲ သုံးစွဲသည် ။

မအောင်မြင်သူကား အချိန်ကို တန်ဖိုးမထား ။ ငွေကိုလည်း မလေးစား ။ ပစ်စလက်ခတ် ပရမ်းပတာ ဖြုန်းတီးပစ် တတ်သည် ။
credit to orginal writer

Be the first to comment

Leave a Reply

Your email address will not be published.


*