မုန္တိုင္းသံ ေပးၿပီ အပူေလ်ာ့မိုးေတြ လာေတာ့မည္လုိ႕ ေျပာလာတဲ႕ ျပည္သူ႔အခ်စ္ေတာ္ေလး စုစုစံ

မုန္တိုင္းသံ ေပးၿပီ အပူေလ်ာ့မိုးေတြ လာေတာ့မည္လုိ႕ ေျပာလာတဲ႕ ျပည္သူ႔အခ်စ္ေတာ္ေလး စုစုစံ

” မုန္တိုင္းသံ ေပးၿပီ ”

MJO Phase 4 &5 &6 ႏွင့္ဆက္စပ္ေနေသာ အေနာက္ဘက္တြင္ 850hpa ေလထု အေျခအေနမ်ား သိသာထင္ရွားေသာ ေလဝဲမ်ား အေရွ႕ဘက္ပင္လယ္ေအာ္ကို ေ႐ြ႕လ်ားလာၿပီး အန္ဒမန္ကြၽန္းမ်ားႏွင့္ ဆူမၾတားေရလက္ၾကားအနီး စတင္ျဖစ္ေပၚလာပါက ဆိုင္ကလုန္းျဖစ္ေပၚျခင္းကို အားေပးကူညီပါလိမ့္မယ္ …

ဆိုင္ကလုန္းမုန္တိုင္း ျဖစ္ေပၚလာပါက ျမန္မာႏိုင္ငံကို ဝင္ေရာက္ႏိုင္သျဖင့္ အထူးသတိထား ေစာင့္ၾကည့္ ေထာက္လွမ္း ေပးေနပါတယ္…

#MJO

ခန႔္မွန္းခ်ိန္ 26/ 04/ 2022 at 2:45PM (MMT)

အပူေလ်ာ့မိုးေတြ လာေတာ့မည္

03/ 05/ 2022 ရက္ေန႔တြင္ ဧရာဝတီတိုင္း ပဲခူးတိုင္းအေနာက္ပိုင္း မေကြးတိုင္းအေနာက္ပိုင္း မႏၲေလးတိုင္းအေနာက္ပိုင္း စစ္ကိုင္းတိုင္းေတြမွာ မိုးအသင့္အတင့္ ႐ြာေစႏိုင္ၿပီး မႏၲေလးတိုင္းအေရွ႕ပိုင္း ရွမ္းျပည္နယ္ ကယားျပည္နယ္ ေနျပည္ေတာ္ ပဲခူးတိုင္းအေရွ႕ပိုင္း

ရန္ကုန္တိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ တနသၤာရီတိုင္းေဒသေတြမွာ မိုးအသင့္အတင့္မွ ပိုမို႐ြာသြန္းႏိုင္ၿပီး အပူေလ်ာ့က်သြားေစမည့္ ေန႔တစ္ေန႔ ျဖစ္လာပါလိမ့္မယ္ ရက္ႀကိဳခန႔္မွန္းေပးေနတာျဖစ္ၿပီး weather data အခ်က္အလက္မ်ားစြာ ဝယ္ယူေနပါတယ္…

စိစစ္ တြက္ခ်က္ၿပီးတာနဲ႔ ရက္ေဝး ရက္နီး မိုးေလဝသခန႔္မွန္းခ်က္မ်ားကို အခ်ိန္ႏွင့္တေျပးညီ မင္းဂြတ္သီးေလးရဲ႕ယခု account မွ တင္ေပးသြားမွာ ျဖစ္ပါတယ္ Share ေပးၾကပါ …

ခန႔္မွန္းခ်ိန္ 26/ 04/ 2022 at 3:43PM (MMT)

” မိုးဦးေလဦး သတိျပဳ မဟာရန္ကုန္မိုး ”

၂၀၂၂ ေမလ ပထမပတ္အတြင္း ရန္ကုန္တိုင္းႀကီးမွာ မိုးေတြ႐ြာႏိုင္ၿပီး အပူေလ်ာ့က်သဃာကာ ရန္ကုန္ေျမရဲ႕မိုးရာသီကို ေရာက္ရွိသြားမွာ ျဖစ္ပါတယ္…
ဘာမုန႔္မွ မေႂကြးလည္း ခန႔္မွန္းေပးသြားမွာ ျဖစ္ပါတယ္…

ခန႔္မွန္းခ်ိန္ 26/ 04/ 2022 at 4:50PM (MMT)

ျပည္သူ႔အခ်စ္ေတာ္ေလး Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩, 𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 & 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

Unicode

မုန်တိုင်းသံ ပေးပြီ အပူလျော့မိုးတွေ လာတော့မည်လို့ ပြောလာတဲ့ ပြည်သူ့အချစ်တော်လေး စုစုစံ

” မုန်တိုင်းသံ ပေးပြီ ”

MJO Phase 4 &5 &6 နှင့်ဆက်စပ်နေသော အနောက်ဘက်တွင် 850hpa လေထု အခြေအနေများ သိသာထင်ရှားသော လေဝဲများ အရှေ့ဘက်ပင်လယ်အော်ကို ရွေ့လျားလာပြီး အန်ဒမန်ကျွန်းများနှင့် ဆူမတြားရေလက်ကြားအနီး စတင်ဖြစ်ပေါ်လာပါက ဆိုင်ကလုန်းဖြစ်ပေါ်ခြင်းကို အားပေးကူညီပါလိမ့်မယ် …

ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံကို ဝင်ရောက်နိုင်သဖြင့် အထူးသတိထား စောင့်ကြည့် ထောက်လှမ်း ပေးနေပါတယ်…

#MJO

ခန့်မှန်းချိန် 26/ 04/ 2022 at 2:45PM (MMT)

အပူလျော့မိုးတွေ လာတော့မည်

03/ 05/ 2022 ရက်နေ့တွင် ဧရာဝတီတိုင်း ပဲခူးတိုင်းအနောက်ပိုင်း မကွေးတိုင်းအနောက်ပိုင်း မန္တလေးတိုင်းအနောက်ပိုင်း စစ်ကိုင်းတိုင်းတွေမှာ မိုးအသင့်အတင့် ရွာစေနိုင်ပြီး မန္တလေးတိုင်းအရှေ့ပိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် ပဲခူးတိုင်းအရှေ့ပိုင်း

ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသတွေမှာ မိုးအသင့်အတင့်မှ ပိုမိုရွာသွန်းနိုင်ပြီး အပူလျော့ကျသွားစေမည့် နေ့တစ်နေ့ ဖြစ်လာပါလိမ့်မယ် ရက်ကြိုခန့်မှန်းပေးနေတာဖြစ်ပြီး weather data အချက်အလက်များစွာ ဝယ်ယူနေပါတယ်…

စိစစ် တွက်ချက်ပြီးတာနဲ့ ရက်ဝေး ရက်နီး မိုးလေဝသခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ မင်းဂွတ်သီးလေးရဲ့ယခု account မှ တင်ပေးသွားမှာ ဖြစ်ပါတယ် Share ပေးကြပါ …

ခန့်မှန်းချိန် 26/ 04/ 2022 at 3:43PM (MMT)

” မိုးဦးလေဦး သတိပြု မဟာရန်ကုန်မိုး ”

၂၀၂၂ မေလ ပထမပတ်အတွင်း ရန်ကုန်တိုင်းကြီးမှာ မိုးတွေရွာနိုင်ပြီး အပူလျော့ကျသဃာကာ ရန်ကုန်မြေရဲ့မိုးရာသီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်…
ဘာမုန့်မှ မကြွေးလည်း ခန့်မှန်းပေးသွားမှာ ဖြစ်ပါတယ်…

ခန့်မှန်းချိန် 26/ 04/ 2022 at 4:50PM (MMT)

ပြည်သူ့အချစ်တော်လေး Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩, 𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 & 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

Be the first to comment

Leave a Reply

Your email address will not be published.


*