အမ်ားသုံးအိမ္သာေတြမွာ ေဖာက္ထြင္းျမင္ရတဲ့ မွန္ေတြကို အသုံးျပဳထားတဲ့ ဂ်ပန္ႏိုင္ငံကပန္းၿခံ

 

အမ်ားသုံးအိမ္သာေတြမွာ ေဖာက္ထြင္းျမင္ရတဲ့ မွန္ေတြကို အသုံးျပဳထားတဲ့ ဂ်ပန္ႏိုင္ငံကပန္းၿခံ

အိမ္သာဆိုတာ လုံလုံၿခဳံၿခဳံ ရွိမွ ကိုယ့္ အထဲက အညစ္အေၾကးေတြ အျပင္ကို အလြယ္တကူ ထြက္တာေလ။ အိမ္သာတက္လို႔ အိမ္သာက မလုံမၿခဳံျဖစ္ေနရင္ အညစ္အေၾကး ထြက္ဖို႔က မလြယ္ဘူးေလ ။

ဒါက လူ႔သဘာဝပါ ။ ဘယ္ေလာက္ပဲ ေခတ္မီလို႔ တစ္ကိုယ္လုံး အမ်ားျပည္သူေရွ႕ ကိုယ္ရဲ႕ ကြယ္ဝွက္ထားရမဲ့ အဂၤါ အသားဆိုင္ေတြကို ေဖာ္ျပရဲတဲ့သူ ျဖစ္ပါေစ ။ အိမ္သာတက္ရင္ေတာ့ လုံလုံၿခဳံၿခဳံ ျဖစ္မွ အညစ္အေၾကး ထြက္ပါတယ္။ ဟိုၾကည့္ ဒီၾကည့္နဲ႔ အိမ္သာတက္လို႔ကေတာ့ ေတာ္ေတာ္ဗိုက္နာေနရင္ေတာင္ မထြက္ႏိုင္ပါဘူး ။

ဒါေပမဲ့ ဂ်ပန္က ပန္ၿခံတစ္ခုမွာေတာ့ ေဖာက္ထြင္းျမင္ရတဲ့ မွန္ေတြနဲ႔ ကာထားတဲ့ အိမ္သာေတြကို တည္ေဆာက္ ေပးထားပါတယ္။ ပန္းၿခံ အုပ္ခ်ဳပ္ေရးမႉးကေတာ့ အဲဒိလို ေဖာက္ထြင္းျမင္ရတဲ့ မွန္ေတြနဲ႔ အိမ္သာေတြကို တည္ေဆာက္ထားတာ အေၾကာင္းအခ်က္ ၂ခုအရ တည္ေဆာက္ထားတာပါလို႔ ဆိုပါတယ္ ။

ပထမတစ္ခ်က္က အိမ္သာ မတက္ခင္မွာ အိမ္သာထဲကို လွမ္းၾကည့္လိုက္တာနဲ႔ အိမ္သာက သန႔္ရွင္း မရွင္း သိေစခ်င္လို႔ ပါတဲ့ ။

ဟုတ္ပါတယ္ ။ ဘယ္ႏိုင္ငံမဆို အမ်ားသုံးအိမ္သာအမ်ားစုက ညစ္ပတ္ေနတတ္ ၾကပါတယ္ ။ ပိုက္ဆံေပးၿပီးေတာ့ အိမ္သာထဲ ဝင္သြားကာမွ အိမ္သာက ညစ္ပတ္ေနလို႔ အေပါ့ အေလး မသြားဘဲ ထြက္ခဲ့ရတဲ့ သူေတြ အမ်ားႀကီးပါ ။

အမ်ားသုံး အိမ္သာကိုသုံးတဲ့ လူအမ်ားစုက လည္း စည္းကမ္းမရွိ ၾကပါဘူး ။ ဒါေၾကာင့္ ေဖာက္ထြင္းျမင္ရတဲ့ မွန္ေတြ တပ္ထားမယ္ဆိုရင္ ေတာ္႐ုံ တန္႐ုံ စည္းကမ္းမရွိရင္ေတာင္ ကိုယ့္ကိုယ္ကို ထိန္းသိမ္း သြားေစခ်င္တဲ့ သေဘာနဲ႔ အဲ့လို တည္ေဆာက္ ထားတာပါလို႔ ဆိုတယ္ ။

ဒုတိယအခ်က္ကေတာ့ ထူးျခားတဲ့ ခံစားခ်က္တစ္ခုကို ရေစခ်င္လို႔ပါတဲ့ ။ လုံလုံၿခဳံၿခဳံ လုပ္ရမယ့္ ကိစၥတစ္ခုကို လူျမင္ကြင္းမွာ လုပ္ရတာ ဘယ္လိုမ်ိဳးခံစားရသလဲ ဆိုတဲ့ ခံစားခ်က္မ်ိဳးကိုပါပဲ ။ ကိုယ့္ကို ဘယ္သူေတြ ၾကည့္ေနသလဲဆိုတဲ့ မလုံမၿခဳံ ခံစားခ်က္မ်ိဳးကို ရေစခ်င္လို႔ပါတဲ့ ။

လူ႔စိတ္က လုံၿခဳံရင္တစ္မ်ိဳး မလုံၿခဳံရင္တစ္မ်ိဳးျဖစ္တဲ့ ခံစားခ်က္ကို ရေစခ်င္တာပါလို႔ အုပ္ခ်ဳပ္ေရမႉးက ဆိုပါတယ္ ။

အဆင့္ျမင့္ နည္းပညာသုံး မွန္ေတြနဲ႔ အမ်ားသုံး အိမ္သာေတြက ေရာင္စုံ လုပ္ထားလို႔ အလြန္လွပပါတယ္ ။ အိမ္သာတက္ေနတဲ့ အခ်ိန္မွာ အျခားသူတစ္ဦး တံခါးလာေခါက္ရင္ အလြန္စိတ္ဆိုးရပါတယ္ ။

အခုလို ၾကည္လင္နဲ႔ မွန္လုပ္ထားလိုက္ေတာ့ အထဲမွာ လူရွိတာကို ျမင္ရတဲ့အတြက္ ဘယ္သူမွ တံခါး လာမေခါက္ေတာ့ပါဘူး ။ အခုေတာ့ ေမွာင္မဲ ၊ ညစ္ပတ္ ၊အနံ႔ တေထာင္းေထာင္း ထၿပီး ေၾကာက္စရာေကာင္းတဲ့ အိမ္သာေတြကို တက္စရာ မလိုေတာ့ဘူးေပါ့ လို႔ အိမ္သာဒီဇိုင္းထြင္းတဲ့ သူကဆိုပါတယ္ ။

ေမာင္ယႆ, REF: skynews , photo; guardian

Unicode

အများသုံးအိမ်သာတွေမှာ ဖောက်ထွင်းမြင်ရတဲ့ မှန်တွေကို အသုံးပြုထားတဲ့ ဂျပန်နိုင်ငံကပန်းခြံ

အိမ်သာဆိုတာ လုံလုံခြုံခြုံ ရှိမှ ကိုယ့် အထဲက အညစ်အကြေးတွေ အပြင်ကို အလွယ်တကူ ထွက်တာလေ။ အိမ်သာတက်လို့ အိမ်သာက မလုံမခြုံဖြစ်နေရင် အညစ်အကြေး ထွက်ဖို့က မလွယ်ဘူးလေ ။

ဒါက လူ့သဘာဝပါ ။ ဘယ်လောက်ပဲ ခေတ်မီလို့ တစ်ကိုယ်လုံး အများပြည်သူရှေ့ ကိုယ်ရဲ့ ကွယ်ဝှက်ထားရမဲ့ အင်္ဂါ အသားဆိုင်တွေကို ဖော်ပြရဲတဲ့သူ ဖြစ်ပါစေ ။ အိမ်သာတက်ရင်တော့ လုံလုံခြုံခြုံ ဖြစ်မှ အညစ်အကြေး ထွက်ပါတယ်။

ဟိုကြည့် ဒီကြည့်နဲ့ အိမ်သာတက်လို့ကတော့ တော်တော်ဗိုက်နာနေရင်တောင် မထွက်နိုင်ပါဘူး ။

ဒါပေမဲ့ ဂျပန်က ပန်ခြံတစ်ခုမှာတော့ ဖောက်ထွင်းမြင်ရတဲ့ မှန်တွေနဲ့ ကာထားတဲ့ အိမ်သာတွေကို တည်ဆောက် ပေးထားပါတယ်။ ပန်းခြံ အုပ်ချုပ်ရေးမှူးကတော့ အဲဒိလို ဖောက်ထွင်းမြင်ရတဲ့ မှန်တွေနဲ့ အိမ်သာတွေကို တည်ဆောက်ထားတာ အကြောင်းအချက် ၂ခုအရ တည်ဆောက်ထားတာပါလို့ ဆိုပါတယ် ။

ပထမတစ်ချက်က အိမ်သာ မတက်ခင်မှာ အိမ်သာထဲကို လှမ်းကြည့်လိုက်တာနဲ့ အိမ်သာက သန့်ရှင်း မရှင်း သိစေချင်လို့ ပါတဲ့ ။

ဟုတ်ပါတယ် ။ ဘယ်နိုင်ငံမဆို အများသုံးအိမ်သာအများစုက ညစ်ပတ်နေတတ် ကြပါတယ် ။ ပိုက်ဆံပေးပြီးတော့ အိမ်သာထဲ ဝင်သွားကာမှ အိမ်သာက ညစ်ပတ်နေလို့ အပေါ့ အလေး မသွားဘဲ ထွက်ခဲ့ရတဲ့ သူတွေ အများကြီးပါ ။

အများသုံး အိမ်သာကိုသုံးတဲ့ လူအများစုက လည်း စည်းကမ်းမရှိ ကြပါဘူး ။ ဒါကြောင့် ဖောက်ထွင်းမြင်ရတဲ့ မှန်တွေ တပ်ထားမယ်ဆိုရင် တော်ရုံ တန်ရုံ စည်းကမ်းမရှိရင်တောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်း သွားစေချင်တဲ့ သဘောနဲ့ အဲ့လို တည်ဆောက် ထားတာပါလို့ ဆိုတယ် ။

ဒုတိယအချက်ကတော့ ထူးခြားတဲ့ ခံစားချက်တစ်ခုကို ရစေချင်လို့ပါတဲ့ ။ လုံလုံခြုံခြုံ လုပ်ရမယ့် ကိစ္စတစ်ခုကို လူမြင်ကွင်းမှာ လုပ်ရတာ ဘယ်လိုမျိုးခံစားရသလဲ ဆိုတဲ့ ခံစားချက်မျိုးကိုပါပဲ ။

ကိုယ့်ကို ဘယ်သူတွေ ကြည့်နေသလဲဆိုတဲ့ မလုံမခြုံ ခံစားချက်မျိုးကို ရစေချင်လို့ပါတဲ့ ။

လူ့စိတ်က လုံခြုံရင်တစ်မျိုး မလုံခြုံရင်တစ်မျိုးဖြစ်တဲ့ ခံစားချက်ကို ရစေချင်တာပါလို့ အုပ်ချုပ်ရေမှူးက ဆိုပါတယ် ။

အဆင့်မြင့် နည်းပညာသုံး မှန်တွေနဲ့ အများသုံး အိမ်သာတွေက ရောင်စုံ လုပ်ထားလို့ အလွန်လှပပါတယ် ။ အိမ်သာတက်နေတဲ့ အချိန်မှာ အခြားသူတစ်ဦး တံခါးလာခေါက်ရင် အလွန်စိတ်ဆိုးရပါတယ် ။

အခုလို ကြည်လင်နဲ့ မှန်လုပ်ထားလိုက်တော့ အထဲမှာ လူရှိတာကို မြင်ရတဲ့အတွက် ဘယ်သူမှ တံခါး လာမခေါက်တော့ပါဘူး ။

အခုတော့ မှောင်မဲ ၊ ညစ်ပတ် ၊အနံ့ တထောင်းထောင်း ထပြီး ကြောက်စရာကောင်းတဲ့ အိမ်သာတွေကို တက်စရာ မလိုတော့ဘူးပေါ့ လို့ အိမ်သာဒီဇိုင်းထွင်းတဲ့ သူကဆိုပါတယ် ။

မောင်ယဿ, REF: skynews , photo; guardian

Be the first to comment

Leave a Reply

Your email address will not be published.


*